Part 12🥀🍫

269 38 16
                                    

အိပ်နေတုန်း ကုတင်ပေါ်က ညည်းညူးသံကြောင့် Jonginn တစ်ယောက်ထ ကြည့်မိသည်။

"Sehunnie အိပ်မက် ဆိုးတွေမက် နေတာပဲ"

တစ်ကိုယ်လုံးလည်း ချွေးတွေနစ်နေရော..
ဘေးနားက Wet-tissueလေးနဲ့ နဖူးလေးကိုသုတ်ပေးတော့ သူ့လက်ကို အမိအရကိုင်စွဲလာတဲ့ လက်ကလေးတွေကို သူပြန်ကိုင်ထားလိုက်ပါသည်။

ကျန်တဲ့ လက်တစ်ဖက်နဲ့ လည်ပင်းတစ်ဝိုက်သုတ်ပေးလိုက်၏။ လည်ပင်းကကြိုးအရာအမာရွတ်လေးကို မြင်တော့စိတ်မကောင်းဖြစ်မိပြန်..

Ohsehunလည်း သူ့လောက်နီးနီး ခက်ခဲတဲ့ဘဝမှာနေခဲ့ရတာပါလား လို့တွေးမိပြန်သည်။

အိပ်ယာနိုးလာတော့ ခြေထောက်အနာကအနည်းငယ် ကိုက်နေပေမယ့် နည်းနည်းတော့နေသာသေးသည်။

ထပြီးမျက်နှာသစ်ဖို့ ရေချိုးခန်းသွားဖို့လုပ်ပေမယ့် သူတကယ်သွားလိုက်တာက ကုတင်ခြေရင်းက ဆိုဖာပေါ်မှာအိပ်နေတဲ့ Kimjonginnဆီ...

Ohsehunရဲ့ အခုတလောအကြိုက်ဆုံးအလုပ်က Kimjonginnအိပ်နေတုန်း ခိုး ကြည့်ရတာပါပဲ..

ကြည့်မိတိုင်း Kimjonginnရဲ့ နှာခေါင်းလုံးလုံးလေးနဲ့ နှုတ်ခမ်းလေးကို အသဲယား ရသည်။

အဲ့ဒီနှာခေါင်းလုံးလုံးလေးကို သူ့လက်ညှိုးလေးနဲ့ သဘောတကျ ဆော့ကစားနေရင်းပြုံးမိသည်။

ပွင့်လာတဲ့ မျက်လုံးလေးတွေကြောင့် သူလန့်သွားရသည်။ဘယ်လိုတောင် သောက်ကျိုးနည်းသူခိုးလူမိမှုကြီးလဲ။

"မင်းအိပ်နေတာကို နှောင့်ယှက်ဖို့စိတ်ကူးမရှိဘူး..ဟို..ငါခြေထောက်ကိုဆေးထည့်တဲ့ဆေးဘူးမတွေ့လို့..."

"ဟမ်...?Ohsehunမင်းခိုင်းမိတာ ခြေထောက်ပါနော် မျက်လုံးတွေဘာတွေ တော့မထိဘူးမလား..ကုတင်ဘေးကမှန်တင်ခုံပေါ်ကဆေးဘူးကို မမြင်ဘူးတဲ့လား...."

ကြည့်လိုက်တော့လည်း ဟုတ်သည်။ကုတင်ဘေးကခုံပေါ်မှာ ဆေးဘူးကြီးကပြူးလို့။

"Ohsehunရာ သေလိုက်ပါတော့ ခိုးကြည့်ပြီးအသဲယားချင်ဉီးဟ"လို့သာ ကိုယ့်ဟာကိုယ်ကျိန်ဆဲမိလိုက်ပါတော့သည်။

"Beyond The Hatred"Where stories live. Discover now