ထိုကိစ္စတွေ ဖြစ်ပြီးသွားကတည်းက သူ့ကို Companyမှာ အလုပ်လုပ်ဖို့မပြောနဲ့ အပြင်သွားရင်တောင် သူမပါရင်မလွှတ်။သူမအားရင်ဘေးက အစောင့်၁၅ယောက်လောက်က နောက်ကလိုက်လာသည်။အာ့လိုကြီးကြ သူလည်းအပြင်ထွက်ဖို့မရဲ။မောင်က သူ့ကိုဆိုပိုကိုပိုလွန်းသည်။
ပိုပါစေလေ...ပိုပါစေ ဒီလိုမျိုးအပိုခံရဖို့ဆိုတာလည်း နည်းတဲ့ကုသိုလ်ကံမို့လား။
"ကျွန်တော် နက်ဖြန် Japanသွားရမှာ"
"ဟမ်"
"အလုပ်ကိစ္စနဲ့"
"ဘယ်လောက်ကြာမှာလဲ"
"၂ပတ်၃ပတ် မဟုတ်ရင်လည်း၁လလောက်"
'အကြာကြီးပဲ'အာ့လောက်ကြီးတော့ မခွဲချင်ပါဘူး။သူကတော့ ဘာမှဖြစ်တဲ့ပုံစံကိုမပေါက်အေးအေးဆေးဆေးပဲ။ဘာလဲ သူတစ်ယောက်ထဲတစ်ဖတ်သက်တွေလွမ်း၊ တစ်ယောက်ထဲဆွေး၊တစ်ယောက်ထဲစိတ်ဆိုး၊ တစ်ယောက်ထဲရူးနေရတာလား။ အကျင့်ကိုမကောင်းဘူး။
တွေးရင်း၀မ်းနည်း လာရပြန်သည်။"အဲ့ဒီမျက်နှာက ဘာကိုအလိုမကျ ဖြစ်နေပြန်
တာလဲ""ဟမ်..ဘာမှမဖြစ်ပါဘူး"
"ဘယ်ချိန်သွားမှာလဲ"
"နံနက်5နာရီလောက်"
"ဪ..ငါဘာလုပ်ပေးရဦးမလဲ"
"မလိုဘူး ခိုင်းထားပြီးပြီ"
"အင်း"
ပြောရင်းကျလာတဲ့ မျက်ရည်လေးကိုဟိုဘက်
လှည့်ပြီး မသိမသာသုတ်လိုက်သည်။ ငိုရတာမကြိုက်ပါဘူးဆိုမှ အခုနောက်ပိုင်းဆို သူမျက်ရည်သိပ်လွယ်လာသည်။မျက်ရည်ကျလာတဲ့အကြောင်းအရင်းတွေရဲ့ တရားခံကို မပြောလည်းသိလောက် ကြမှာပါ။သူလည်း ဘာမှမတွေးချင်တော့သည်မို့ တစ်ဖက်ကို လှည့်ကာစောင်ခြုံပြီး အိပ်ဖို့ကြိုးစားလိုက်တော့သည်။
၀မ်းနည်းတယ်၊အရမ်း၀မ်းနည်းတယ်၊သူ့ကိုတစ်ခုခုလောက်တော့ ပြောခဲ့သင့်သည်လေ။
၁လလောက်နီးပါး ကြာမည့်ကိစ္စ၊ပြီးတော့နက်ဖြန်သွားမှာကို ခုညမှလာပြောသည်။မုန်းတယ်၊မုန်းလို့ရရင် မုန်းပစ်ချင်သည် ဒီOhsehunကို။
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"