"မေမေ...""သားး..jonginn..."
"မေမေ နေကောင်းတယ်နော်"
"ကောင်းပရှင်...မေမေ့သားလေး
jonginne လေးရော အဆင်ပြေရဲ့လား""သားက ပြေပါတယ်မေမေရဲ့"
"Sehunnieလေးက အနိုင်ကျင့်သေးလား"
"အနိုင်မကျင့်ပါဘူး မေမေရဲ့သားအကုန်အဆင်ပြေပါတယ်"
"မေမေနေ့လည်စာ စားရအောင်လေ သားပြင်ပြီးပြီ"
"သားရော စားလေတစ်ခါတည်း"
"သားကပြီးမှ ဟိုဦးလေးနဲ့ စားလိုက်ပါ့မယ်"
"မေမေ့ဘာသာ စားနိုင်နေပါပြီ သားတို့လည်းစားလိုက်တော့"
"ဦးလေး ထမင်းစားရအောင်လေ"
"ဟုတ်ကဲ့"
ထမင်းစားနေရင်း စကားစမြည်ပြောနေကြရင်း...."သခင်လေးက ညတိုင်းအိပ်ဆေးမပါဘဲ
မအိပ်နိုင်ပါဖူး""ဗျာ..."
စားနေတဲ့ ထမင်းတောင် လည်ချောင်းနားမှာ ရပ်သွားရသည်။သူမသိတဲ့ ohsehunရဲ့ အကြောင်းတွေကလည်း တကယ်အများကြီး။ကြာလာတော့ သူကိုယ်တိုင်ကိုယ်က Ohsehunစကားတွေကို နားထောင်မိလာတာ။သူက ဒါမလုပ်နဲ့ဆို မလုပ်တော့ဘူး။သူအဖြူဆို အမည်းလုပ်ရအောင်လည်း ကိုယ်ကငယ်တော့တဲ့ အသက်အရွယ်လည်း မဟုတ်တော့ဘူး။Ohsehunကတော့ ဆိုးပါစေလေ သူကငယ်ပါသေးတယ်....ပြီးတော့သူ့မှာ ဗိုလ်ကျစရာဆိုလို့လည်း ကိုယ်ပဲရှိပုံပေါ်ပါတယ်။
နောက်ပိုင်း သူ့အပေါ် အရင်ကလောက် မဆိုးတော့ဘဲ နူးညံ့တယ်လို့ မမည်တဲ့ နူးညံ့မှုလေးတွေကို သူကိုယ်တိုင်လည်း ခံစားမိလာတာပဲလေ။
"မေမေ လမ်းနည်းနည်းလောက်လျှောက်
မလား""ကောင်းတာပေါ့သားရဲ့"
သားအမိနှစ်ယောက် စကားပြောရင်းလမ်းလျှောက်ပြီး အတော်အသင့်ကြာတော့
ဓာတ်လှေကားထဲ ဝင်တော့မယ်အလုပ် သူ့နာမည်ခေါ်သံကို ကြားလိုက်ရသည်။"Jonginn na"
ငယ်ပေါင်းကြီးဖော် Baekhyunရဲ့ အသံ လွဲနိုင်ဖွယ်ရာမရှိ....
ဓာတ်လှေကားရှေ့ကို ရောက်လာတဲ့ Baekhyunကြောင့် သူေရာမေမေရော အံ့အားသင့်သွားကြသည်။
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"