Somg recomended -Perfect (Edsheeran)
"ဖေဖေ...ကျွန်တော်တောင်းပန်ပါတယ်"
"သားဖေဖေ့ကို မောင်နဲ့မိတ်ဆက်ပေးချင်ခဲ့တာ ကြာပါပြီ..ဒါပေမယ့်ကျွန်တော်..ကျွန်တော်.."
အုတ်ဂူရဲ့ရှေ့မှာပြောရင်း မျက်ရည်တွေမကျအောင်ထိန်းနေတဲ့ Jonginnလက်ကလေးကို သူအသာအယာဆုပ်ကိုင်လိုက်ကာ
"တောင်းပန်သင့်တဲ့သူကမောင်မလို့ မောင်ပဲတောင်းပန်ပါ့မယ်"
"Jonginnမှာ ဘာအပြစ်မှမရှိပါဘူး Uncle..ကျွန်တော်က တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ ကျွန်တော့်အနားမှာနေခိုင်းခဲ့တာပါ ကျွန်တော်ကပဲတောင်းပန်ပါတယ်"
"ကျွန်တော့်အဖေက Uncleအပေါ်မှာ ခွင့်မလွှတ်နိုင်တဲ့အမှားကို ကျူးလွန်ခဲ့ပါတယ်..ကျွန်တော်တောင်းပန်ပါတယ်"
မောင့်ကိုမပြတ်နိုင်လို့ တောင်းပန်ပါတယ် ဖေဖေ။သားကြိုးစားကြည့်ခဲ့ပြီးပါပြီ သားလေ..သားလည်းသူမရှိရင် မနေနိုင်ဘူးထင်ပါတယ် ဖေဖေရယ်။
သားဒီဘ၀တော့ တစ်သက်လုံးအပြစ်ရှိတဲ့စိတ်နဲ့ပဲ နေသွားပါ့မယ်လေ....´'´'´'´'
"မဟုတ်ဘူးအမှန်ကလေ ဒါတွေကတကယ် မင်းဆီကနေ ခွင့်တောင်းနေစရာကို မလိုနေတဲ့ဟာတွေ သိရဲ့လား ငါမင်းကိုချစ်လွန်းလို့သာ အလိုလိုက်နေတာနော်မောင်စုတ်"
"မောင်ကချစ်လို့ပါ မောင့်ကိုဆူမနေပါနဲ့"
"ပြောလိုက်ရင် အဲ့ဒါနဲ့ပဲကိုင်ပေါက်နေလိုက်မင်း..အဲ့ဒါမှမ၀တ်ရရင် မသွားဘူး"
ကမ်းခြေကိုသွားမှာမလို့ အိင်္ကျီအဝတ်အစားတွေထည့်ရာကနေစပြီး စကားများကြတာဖြစ်သည်။Jonginnမှာ ကမ်းခြေသွားမှာမလို့ ဘောင်းဘီတိုလေးတစ်ထည်ဝတ်ရဖို့အရေးကို ချော့တစ်လှည့်ခြောက်တစ်လှည့်ဖြင့် ပြောနေရသည်။မောင့်ဘက်က လျှော့ပေးမယ့်ပုံမပေါ်သလို သူလည်းထိုနည်းလည်းကောင်းပင်။
နှစ်ယောက်လုံး ဘယ်လောက်ပင် စကားများရန်ဖြစ်နေပါစေ ညရောက်ရင်စိတ်ဆိုးနေလျက်ပင် ဖက်အိပ်ကြသည်။သူလည်းမောင့်ရင်ခွင်ထဲ တိုးအိပ်ရတာကိုကသဘောအကျဆုံးနဲ့ အသားကျဆုံးဖြစ်နေတာကိုတော့ မငြင်းနိုင်ပေ။
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"