Unicode Version
အခန်း(၁၂)
"အရွတ်ကို ထိမသွားပေမဲ့ ၂ရက်လောက်တော့ အရမ်း
လှုပ်လှုပ် ရှားရှားမလုပ်စေနဲ့ဦး---။"
နဉ်သူရ အဂ္ဂ ခြေထောက်ကို စမ်းကြည့်ရင်း စိုးရိမ်နေပုံ
ပေါက်သော ဝေဒ ဖက်လှည့်ပြောလိုက်သည်။
နဉ်သူရ စကားကြားမှ ဝေဒ စိတ်ချနိုင်တော့သည်။ သူ့ကို
ကူပေးရင်းဖြစ်တာမို့ အဂ္ဂ သာ တခုခု ဖြစ်သွားခဲ့လျှင်
သူ့အပြစ်မကင်းချေ။
"အဂ္ဂ ထက် အကိုက ပိုစိုးရိမ်နေသလိုပဲ---။"
ဝေဒ အကြောင်းစုံ ပြောပြတော့မှ နဉ်သူရရော
သတိုးတေဇပါ 'သြော်'ဟု ဖြစ်သွားသည်။
"မင်းတို့ရဲ့ သြော် ဆိုတာကြီးက ထူးဆန်းလိုက်တာ----။"
"မသိဘူးလေ----ဒေဝ နဲ့ ယံနီကလည်း နမ်းနေတယ်
မင်းတို့ကလည်း ကုန်းပိုးလာလို့----။"
နဉ်သူရ စကားကြောင့် ဝေဒ ကြောင်သွားရင်း
"အကို ဒေဝက ယံနီကို နမ်းနေတယ်---။"
"အင်း-----။"
ဝေဒ ခဏငြိမ်သွားသည်။ အကိုတော် ဒေဝ သည်
ယံနီနှင့် ချစ်ကြိုက်နေသည် တဲ့လား။ ညီအရင်းဖြစ်သူ
သူကိုတောင် မပြောသော အကို ဒေဝကို အနည်းငယ်တော့
စိတ်ခုမိသည်။
"ငါသွားမေးမယ်----။"
ပြောရင်း ညီတော် သတိုးတေဇ လက်ဆွဲကာ အခန်းထဲမှ
ဒရောသောပါး ထွက်သွားလေတော့သည်။ အဂ္ဂ နှင့် နဉ်သူရ
၂ယောက် ကတော့ ကြောင်တောင်လေးကျန်ခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မင်းတို့လည်း တယောက်ယောက်ကို ချစ်ကြည့်လေ
အာ့ဆို ဘယ်လိုမျိုးလဲ သိလိမ့်မယ်----။"
"ကျတော်တို့ ၂ယောက်လုံးက အကိုတော်ရဲ့
ညီတော်တွေလေ တခုခု မလုပ်ခင် အရင် တိုင်ပင်လို့
မရဘူးလား---။"
"ငါ့ အချစ်ရေးကစ မင်းတို့ကို သံတော်ဦး
တင်နေရမှာလား---။"
စကားများရန်ဖြစ်နေသော အကိုတော် ၂ယောက်ကြား
သတိုးတေဇ ဘာလုပ်လို့ လုပ်ရမှန်းမသိတော့။
၂ယောက်လုံးသည်လည်း ဘယ်သူ့ ဖက်ကတွေးတွေး
မှန်နေသည်မို့ သတိုးတေဇ ဖက် ရွေးရခက်နေသည်။
"အကိုတော် အခုက သူရိယောဝ နန်းတွင်းမဟုတ်ဘူးလေ
အကိုတော် ဘယ်သူနဲ့ဘာလုပ်နေလဲသိမှ
အဆင်ပြေမှာပေါ့-----။"
"ဝေဒ မင်း ဘယ်ချိန်ကတည်းက ဒီလောက်ခံပြောတတ်
သွားတာလဲ----။"
ဒေဝ တယောက် ဒေါသနှင့် ဝေဒ အကျီင်္ရင်ဘတ်စ ကို
ဆွဲဆုတ်လိုက်သည်။
"အကိုတော်---စိတ်လျှော့----။"
သတိုးတေဇ ပြောရင်း ၂ယောက်ကြားထဲ ဝင်ဆွဲ
လိုက်သည်။ ဒေဝ တယောက် တော်ရုံနှင့် အကို ဝေဒ
အကျီင်္စကို မလွှတ်ပေးသည်မို့ မနည်းဆွဲ ဖြန်ဖြေရသည်။
"အကိုတော် လုပ်ချင်ရာသာ လုပ်တော့---
မတားတော့ဘူး----။"
ဝေဒ ပြောအပြီး အိပ်ဆောင်ဖက် ထွက်သွားတော့သည်။
အကိုဒေဝ ဖက်က ကြည့်လျှင်လည်း ယံနီနှင့်
တွဲနေသည်ကို ထုတ်မပြောသည်မှာအရမ်းကြီးတော့
လွန်မနေ။ ယောက်ျားလေး တယောက်နှင့် ချစ်နေသည့်
ကိစ္စသည် စဉ်းစား အချိန်ယူပြီး ထုတ်ပြောသင့်မှ ပြောရမည်
မဟုတ်လား။ အကိုဝေဒသည်လည်း သူ့အကို အရင်းသည်
ယောက်ျားတယောက်နှင့် နမ်းနေသည့်ကိစ္စကို တစိမ်း
ဖြစ်သူ နဉ်သူရ ပြောမှ သိရသည်မို့ ပေါက်ကွဲခြင်းပင်။
သတိုးတေဇလည်း အကိုတော် ၂ယောက်ကြား
ဘာဝင်ပြောရမလဲပင် မစဉ်းစားတတ်တော့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝေဒတို့ ညီအကို ၂ယောက်ရန်ဖြစ်စကားများပြီး
နောက်ပိုင်း ၆ယောက်လုံး၏ ဆက်ဆံရေးသည်
အေးတိအေးစက် အနေအထားပင်။ ထမင်း ဝိုင်းတွင်
၆ယောက်အတူ ထိုင်စား နေသော်လည်း တိတ်ဆိတ်
နေသည်။
"တေဇ---အကို သပတ်ခါ အပြင်ကိုပြောင်းရင် အဂ္ဂ တို့နဲ့ပဲ
လိုက်နေဖို့ အဆင်ပြေမလား---။"
သတိုးတေဇ တယောက် ထမင်းစားနေရာမှ ရပ်သွား
သည်။ အကိုဝေဒ ကိုကြည့်တော့ အရှိန်မပျက် ဆက်စား
နေသည်။
"ကျတော်က ကိစ္စ မရှိပါဘူး---ဒါပေမဲ့ အကိုယောဇက
သမားတော်ကြီးနဲ့ အပ်ထားတာဆိုတော့---။"
"အကို စစ်မက်ရေးရာပဲ သင်ယူဖို့ ဆုံးဖြတ်ထားတော့
အဂ္ဂ တို့နဲ့ လည်းတူတယ် ပြီးတော့ လွတ်လွတ်လပ်လပ်
နေချင်လို့---။"
သတိုးတေဇ တယောက် အကိုတော် ဝေဒဖက်
လှည့်ကြည့် သော်လည်း အကူညီမရတာမို့ ဘယ်လို
ဖြေရမှန်းမသိတော့။ ငယ်စဉ်ကတည်းက အကိုတော်
၂ယောက်လုံး သူ့ကိုသာ ဦးစားပေးသည်မို့ သူသာ
အဂ္ဂ တို့နှင့် လိုက်မသွားနှင့်ဟု ပြောလျှင် အကိုဒေဝ
လိုက်လျောမှာမှန်း သိပေမဲ့။ သတိုးတေဇ အတင်းအကျပ်
မလုပ်ချင်။
"အကို သဘောလေ ကျတော် အဆင်ပြေပါတယ်--။"
သတိုးတေဇ ဖြေပြီးနောက် ထမင်းဝိုင်း ပြန်တိတ်ဆိတ်
သွားပြန်သည်။ အေးစက်စက် အခြေနေကြီးကို နေသား
မကျသော်လည်း ထိုသို့ပင် ဖြစ်နေလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၃လပြည့်ပြီး ကျောင်းအပြင် ပြောင်းသည့် အခါတွင်ဒေဝ
တယောက် အဂ္ဂ တို့ညီအကိုနှင့် လိုက်သွားသဖြင့်ဝေဒ ၊
တေဇ နှင့် နဉ်သူရ ၃ယောက်သာ သမားတော်ကြီး အိမ်သို့
ရွှေ့ခဲ့လိုက်ရသည်။ ဝေဒ တယောက် သတိုးတေဇကိုပင်
စကားသိပ်မပြော။ အခုလည်း ပျဉ်းမပင်ကိုမှီရင်း စာအုပ်သာ
မဲဖတ်နေသည်။ သမားတော် ကြီးရော နဉ်သူရပါ အိမ််တွင်
မရှိသည့်အချိန်မို့ မအောင့် နိုင်သည့်အဆုံး သတိုးတေဇ
ထုတ်မေးလိုက် တော့သည်။
"အကိုတော် ညီတော့်ကိုပါ စိတ်ဆိုးနေတာလား--။"
"အင်း အကိုဒေဝကို စိတ်ဆိုးသလို--မင်းကိုလည်း
စိတ်ခုတယ်--။"
ဝေဒ စိတ်ဆိုးမာန်ဆိုးနှင့် သတိုးတေဇကို အော်ပြော
လိုက်သည်။ သတိုးတေဇ ခဏစောင့်ပြီးမှ
"အကိုတော်ကလည်း---အကိုတော်ဒေဝ တွေးတာလည်း
မှန်နေတာပဲ---ကျတော်တို့ ၃ယောက်က ဆေးပညာ သင်မှာ
ဆိုပေမဲ့ သူကစစ်မက်ရေးရာ သင်မှာဆိုတော့ အဂ္ဂ တို့နဲ့ဆို
ပို အဆင်ပြေတာကြီးကို နောက် ကျောင်းမှာလည်း
တွေ့နေရမှာပဲဟာ---ပြီး ဟိုမှာ ပိုလွတ်လပ်တာလဲ
အမှန်ပဲကိုး---။"
"ညီတော် တခုခုဖြစ်ခဲ့ရင်ရော--ငါတို့ ၂ယောက်လုံး
မင်းကိုကာကွယ်ပါ့မယ်လို့ အကိုတော်မင်းကြီးကို ကတိ
ပေးထားခဲ့တာ--အခုတော့ သူက ငါ့ခေါင်းပေါ် ပုံချပြီး
ကိုယ်လွတ်ရုန်းသလိုပဲ----။"
"အကိုတော် တွေးတာလည်းမှန်ပေမဲ့ အကိုဒေဝဖက်
ကလည်း မှန်နေတယ်လေ---အကိုတော်ထ စိတ်ဆိုးတော့
ယံနီလည်း အနေကျုံ့တာပေါ့----။"
ဝေဒ တချက်တော့တွေသွားသည်။
"အာ့တော့ အကိုတော်တို့ ပြန်အဆင်ပြေလိုက်ပါလား--။"
ဝေဒ တယောက် အကြာကြီး စဉ်းစားနေပြီးမှ စဉ်းစား
မည် ဟုသာ ပြောသည်။ နဉ်သူရ အိမ်ဝိုင်းထဲ ဝင်လာသည်မို့
စကားစ ဖြတ်လိုက်ရသည်။ နဉ်သူရ လည်း အနားသို့
ကပ်လာရင်း
"ဝေဒ မင်းတို့ သေရည်သောက်မလား---။"
နဉ်သူရ အမေးကို ညီအကို ၂ယောက်လုံး စိတ်ဝင်စား
သွားသည်။ ယောက်ျားလေးများဖြစ်၍ သေရည်၏ ရီဝေဝေ
အရဿကို ကြိုက်သည် မဟုတ်ပါလား။ ယခုမူ အကိုတော်
ဒေဝ မရှိသည်မှာလည်း ခပ်ကောင်းကောင်းပင်။ အရင်
တခေါက် သတိုးတေဇ သေရည်သောက်ပြီး နောက်နေ့
ဖျားကတည်းက ညီတော် ၂ယောက်လုံးကို သေရည်
သောက်ခွင့် မပြုဟု ပြောထားခဲ့သည်။
"ရှိလို့လား----။"
ဝေဒ သောက်ချင်နေသဖြင့် ခုနက စိတ်ဆိုးနေသောအသံ
မဟုတ်တော့ဘဲ ပုံမှန် အသံ တန်းပြောင်းသွားသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပျဉ်းမပင်ကြီး အောက်မှ ကွက်ပြစ်ငယ်တွင် ထိုင်သောက်
နေသော နဉ်သူရတို့ သေရည်သမား ၃ယောက် ညဖက်
ရောက်လေပို အရှိန်တက်လေ ဖြစ်သည်။ ယခုညမှ
သမားတော်ကြီး မင်ခွန်းသ သည် ကိစ္စရှိ၍ ကျောင်းတွင်
ညလုံးပေါက် နေမည်ဟုပြောသွားရာ ၃ယောက်လုံး
ဘုံ ပေါက်ကျန်ခဲ့လေသည်။ တယောက် ၁ပုလင်းစီ ဖြင့်
မှောက်သွားသော တေဇတို့ ညီအကို ကိုကြည့်ရင်း နဉ်သူရ
လှောင်လိုက်သည်။ နဉ်သူရကိုယ်တိုင်ကတော့ ၂ပုလင်း
ကုန်တာတောင် ရီဝေဝေ ဖြစ်စ အခြေအနေပင်။
"ဒီမှာ ညီတော် အကိုတော် ဒေဝသာ အခုချိန်ရှိရင်
သောက်ရမယ် ထင်နေလား----။"
ရေချိန်ရောက်ပြီမို့ ဝေဒ အသံတို့ လေးကန်လာပြီ
ဖြစ်သည်။ နဉ်သူရ ပဲ ထင်နေသည် သလားတော့
မပြောတတ် တေဇ တို့ ညီအကို ၂ယောက်သုံးသော
အသုံးအနှုန်းများသည် ထီးနန်းဆန်နေသလိုပင်။
'အကိုတော်' ၊'ညီတော်' ဟူသော စကားများသည်
သာမန်လူများ သိပ်မသုံးစွဲကျ။
ဝေဒ တယောက် တေဇ မျက်နှာကို လက်၂ဖက်ဖြင့်
ဆွဲညှစ်နေသည်မှာသေရည် အရှိန်ကြောင့် ပန်းရောင်သန်း
နေသော တေဇ မျက်နှာသည် ရဲတွတ်နေသည်။
တေဇ တယောက်သည်လည်း လက်၂ဖက်ကားကာ
'အကိုတော်' ဟုအော်ရင်း ဝေဒ ရင်ခွင်ထဲ ပြေးဝင်လေသည်။
ဝေဒသည်လည်း သူ့ညီတော်ကို ကလေးပေါက်စလေး
ပွေ့သလို ပွေ့ထားသည်။ ယောက်ျားရင့်မာကြီး၂ယောက်
သမီးရည်းစားလိုမဟုတ်ဘဲ ကလေးတွေလို ပွေ့ဖက်နေသည့်
မြင်ကွင်းသည် သိပ်တော့ ကြည်ရ အဆင်ပြေမနေ။
နဉ်သူရ တယောက် အရှေ့မှ မြင်ကွင်းကို ဘယ်လို
စကားဖြင့် ဖော်ပြရမလဲ မသိတော့။ ပုံမှန် အချိန်တွင်
အနေတည်သော တေဇ တယောက် မူးသည့်အချိန်တွင်
လွန်စွာချွဲ တတ်သောညီငယ်လေးပုံစံ ဖြစ်သွားလေသည်။
နဉ်သူရ အထင် ထိုပုံစံသည် တေဇ၏ အရင်းနှီးဆုံး လူတွေ
သာ တွေ့မြင်ခွင့် ရသည့်အခြမ်း ဖြစ်နိုင်သည်။
"နဉ်သူရ ငါ့ညီတော်လေးက ချစ်ဖို့ကောင်းတယ်
မဟုတ်လား----။"
တေဇ ပါး ၂ဖက်ကိုညှစ်ရင်း နဉ်သူရကို ပြနေလေသည်။
လွန်စွာ ချစ်ဖို့ ကောင်းလှသော တေဇ မျက်နှာ အနေအထား
ကြောင့် ပြုံးလိုက်မိသည်။ ဝေဒ ပုလင်းဝက်ထပ် သောက်ပြီး
သည့် အချိန်တွင် ရေအိမ် သွားမည် ဟုပြောကာ ထသွားပြီး
ပြန်မလာတော့ချေ။ မက်မန်းသီးသေရည်သည် ချက်ချင်း
မသိသာသေးသော်ငြား ခဏအကြာတွင် တရိပ်ရိပ်
တက်လာလေသည်။ စားပွဲပေါ် မှောက်နေပြီ ဖြစ်သော
တေဇကို အခန်းထဲ ပို့ပေးသင့်သော်ငြား နဉ်သူရ
ကိုယ်တိုင်သည်လည်း ယိုင်တိုင်တိုင် အဆင့် ရောက်နေပြီမို့
ပျဉ်းမပင်ကို ခေတ္တ မှီနေလိုက်သည်။ အိပ်ပျော်မသွားအောင်
တော့ သတိထားနေရသည်။အပြင်ဖက် သစ်ပင်အောက်တွင်
အိပ်ပျော်သွားခဲ့လျှင် သူရော တေဇပါ မသေနိုင်သော်လည်း
အအေးပတ်ပြီး အိပ်ယာထဲ လဲနိုင်သည်။ မျက်လုံး
ဖွင့်အကြည့် ဝေဒ ချန်ထားခဲ့သော ပုလင်းဝက်ကို တေဇ
တယောက် ကောက်မော့ရန် ပြင်နေသည်မို့ သွားဆွဲလု
ရသည်။
"ငါသောက်မှာ---ပေး---။"
နဉ်သူရ လက်ထဲ ပါသွားသော သေရည်ပုလင်းကို တေဇ
အတင်းပြန်ဆွဲလုနေသည်။ နဂိုကတည်းက အဆိပ်ဒဏ်
ကြောင့်အားနည်းနေသော တေဇကို ထပ်မသောက်
စေချင်သည်မို့ လက်ထဲရှိပုလင်းမှ လက်ကျန် သေရည်ကို
အကုန် မော့သောက်လိုက်လေတော့သည်။ တေဇ
နှုတ်ခမ်းဆူရင်း မှုန်တေတေဖြင့် ကြည့်ကာ
"မင်းက အာ့လိုလား----။"
ပြောအပြီး တေဇသည် နဉ်သူရမျက်နှာကို လက်၂ဖက်ဖြင့်
ထိန်းကိုင်ကာနှုတ်ခမ်းချင်း ဖိကပ်နမ်းလိုက်လေတော့သည်။
နဉ်သူရ မမျှော်လင့်ထားသည့်ကိစ္စမို့ မျက်လုံးပင်ပြူးသွား
ရသည်။ စိုစွတ်ကာ မက်မန်းသီးသေရည်နံ့သင်းနေသော
တေဇ၏နှုတ်ခမ်းပါး အရသာကိုခံစားနေရသည်။
တခွန်းထဲ ဖော်ပြရလျှင် ချိုမြိန်သည်။ နောက်နူးညံသည်။
နဉ်သူရလည်း တေဇကို လက်၂ဖက်ဖြင့် ပြန်ဖက်တွယ်ရင်း
ချိုမြိန်သော အနမ်းတွင် စီးမျောလိုက်တော့သည််။ အချိန်
အတော်ကြာ ပြီးနောက် တေဇ တယောက် နဉ်သူရ
ရင်ခွင်ထဲ ပြိုကျလာမှ ရပ်လိုက်ရတော့သည်။ တေဇသည်
နဉ်သူရကို ဖက်တွယ်ကာ ရင်ခွင်ထဲတွင် မှီရင်း
ဇိမ်ကျနေသည်။ နဉ်သူရ ခပ်မြူးမြူးလေး ရယ်ပြီးနောက်
သက်ပြင်းချလိုက်သည်။ အရက်မူး နေချိန်မို့ အတည်ယူ
မရသော်ငြား တေဇ ရင်ထဲတွင်လည်း မိမိ အတွက်နေရာ
တခုရှိနေသည်မှာ သေချာသလောက်ပင်။ စိတ်ကြည်နူးဖွယ်
အခိုက်အတန့်ကြောင့် နဉ်သူရတယောက် ရင်ခွင်ထဲမှ
တေဇကို ပွေ့ပိုက်ကာ ပြုံးပြီးရင်းပြုံးနေမိတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မင်းတို့ လွန်လား မလွန်ဘူးလာပြော----။"
သမားတော်ကြီး မင်းခွန်းသ ရှေ့တွင် ၃ယောက်သား
ဒူးထောက် ရင်း စာအုပ်ခပ်ထူထူ ၁အုပ်စီကို ကိုင်မြှောက်
ရင်း အပြစ်ပေးခံနေရသည်။ ညတုန်းက ဝိုင်းဖွဲသောက်
ပြီးနောက် ပြန်ရှင်းဖို့ မေ့သွားခဲ့သည်။ မနက်ခင်း
သမားတော်ကြီး ကျောင်းမှပြန်လာချိန်ထိ ၃ယောက်လုံး
မနိုးသေးသည်မို့ မရှင်းရသေးသည်များကို တွေ့ကာ
အကြီးအကျယ်အဆူခံရတော့သည်။
"နဉ်သူရ မင်းပြောကြည့်စမ်း--ပထမ ကျောင်းမှာ ရန်ဖြစ်
တယ်--လူငယ်တွေဆိုပြီး လွှတ်ပေးခဲ့တာ အခုတော့
သေရည်သေရက် ကိုပါ ဝိုင်းဖွဲ့သောက်တတ်နေပြီပဲ
တေဇနဲ့ ဝေဒ မင်းတို့လည်း မင်းတို့အကိုယောဇက
ဆရာ့ကို အပ်ထားတာနော် မင်းတို့ စိတ်တိုင်းကျ ဆိုးသွမ်း
နေမယ် ဆိုရင် ဆရာ ပြန်အပ်လိုက်မှာ----။"
၃ယောက်လုံး မျက်နှာ ငယ်ကလေးများဖြင့် ဒူးထောက်
နေကြသည်။
"သွားနားကျတော့----။"
တဟွတ်ဟွတ် ချောင်းဆိုုးနေသော သတိုးတေဇနှင့်
ချောင်းဆိုးသံကြားတိုင်း စိတ်ပူနေသော သူ့တပည့်
နဉ်သူရမျက်နှာကြောင့် အပြစ် ဆက်မပေးလိုတော့။
ညအချိန် ထို၂ယောက် ပျဉ်းမပင် အောက်တွင်
ရှိနေစဉ်ကတည်းက မင်းခွန်းသ ပြန်ရောက်နေပြီ
ဖြစ်သော်ငြား မနက်မှ ပြန်ရောက်ဟန် ဆောင်လိုက်သည်။
"သတိုးရာဇာရေ မင်းညီတော် ကလည်း မင်းလျှောက်ခဲ့တဲ့
လမ်းကိုပဲ ထပ်လျှောက် ပြန်တာပါပဲလား၊ ဒီတခါရော မင်း
ဘယ်လိုများ ရွေးချယ်ဦးမလဲ---။"
မင်းခွန်းသ တွေးရင်း စာကြည့်ခန်း ဖက်သာ
ထွက်ခဲ့တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဂ္ဂ တယောက်ပြူတင်းပေါက် ဘောင်ပေါ်တွင် ထိုင်ရင်း
လက်တဖက်မှ သေရည်ပုလင်းကို ပျင်းတွဲတွဲ အနေအထား
ဖြင့်သောက်နေသည်။ တချက်ယိုင် သွားသည်မို့
အနားရောက်လာသည့် ယံနီက ဝင်ထိန်းလိုက်သည်။
ကျောင်း အဆောင်မှ ပြောင်းလာပြီးနောက် ညပိုင်း အဂ္ဂ
သိပ်အိပ်မပျော် သေရည်ညတိုင်းသောက်အိပ်လေ့ရှိသည်။
"အဂ္ဂ မင်းတခုခု ဖြစ်နေတယ် မဟုတ်လား----။"
အဂ္ဂ မဖြေဘဲ သေရည် တကျိုက်မော့သောက်ရင်း
"ဒေဝဆီကနေ ဘာအကြောင်း သိရပြီလဲ---
သူတို့ ဒီကို ဘာလို့လာလဲ သိပြီလား--သတိုးရာဇာက
သူ့ညီကို အကြောင်းမဲ့တော့ မလွှတ်လောက်ဘူး---။"
"ဒေဝက သူ့ညီနဲ့ ပတ်သတ်ပြီးတော့ မပြောပြဘူး---။"
အဂ္ဂ ပြူတင်းပေါက်ဘောင် ပေါ်မှဆင်းလိုက်သည်။
"အဂ္ဂ မင်း သေရည်တွေ လျှော့သောက်ဦး---
အခုရက်ပိုင်း ညတိုင်းသောက်နေသလိုပဲ--။"
အဂ္ဂ သည် ယံနီစကားဆို အရေးလုပ်လေ့မရှိ သည်မို့
ပုံမှန်ဆို မပြောပေမဲ့ အခုတလောမူ အဂ္ဂ ညတိုင်းသေရည်
နှင့်မူးယစ်နေသည်မို့ မပြောမဖြစ်ပြောလိုက်တော့သည်။
"ယံနီ ညီတော်လေး မင်းအကိုငါက ယောက်ျား
တယောက်ကို လွမ်းနေတယ်တဲ့ကွာ---။"
အဂ္ဂ လှောင်ရယ်သံနှင့် 'ဟက်'ခနဲ ရယ်လိုက်သော်လည်း
သူကိုယ်သူလှောင်ရယ်သည့် အသံပေမို့ နာကျင်နေ
သယောင်။
လေ့လာသော ပညာရပ်ကွဲသွားသည်မို့ ဝေဒတို့
၃ယောက်နှင့် အဂ္ဂ တို့ ၃ယောက် သိပ်မတွေ့ဖြစ်။
စားသောက်ခန်းမတွင်မူ တဝိုင်းထဲ ထိုင်စားသော်ငြား
အေးစက်စက် လေထုကြီးသာ ကြီးစိုးနေသည်မို့
အရင်လို ပျော်စရာမကောင်း။ အရင် အဂ္ဂ နဉ်သူရကို
သဘောကျသည်ဟု ထင်ခဲ့သော်လည်း ယခု အနည်းငယ်
ဝေးကွာနေသည့် အချိန်မှာတော့ တကယ်လွမ်းမိသူက
ဝေဒ ပင်။ ထမင်းစားချိန််တိုင်း တွေ့နေရပေမဲ့ သူ့အကို
ကိစ္စ နှင့်ပေါင်းကာ အဂ္ဂ ကိုလည်းစိတ်ဆိုးနေသည်မို့
သေချာ စကားပြောခွင့်မရ။ အခုလိုထက်စာရင် အရင်လို
ဒေါသအိုးလေး အဖြစ်သာ ဝေဒကို ပြန်မြင်ချင်တော့သည်။
သူရိယောဝ နှင့်တောင်ညို အခြေနေသည်
စစ်မဖြစ်ကြသေးရုံ တင်းမာဆဲပင်။ အဂ္ဂ ခမည်းတော်
သည်လည်း နေအိမ် အကျယ်ချုပ်မှ မလွတ်သေး၊
ဒါနဲ့များတောင် သူက ရန်သူ့သွေးသားကို လွမ်းနေသည်
တဲ့လား။ မရီရသော ဟာသကြီးလိုပင်။
အဂ္ဂ ကယောကျ်ားတယောက်ကို လွမ်းနေသည်ဟု
ကြားရသည်ကို ယံနီ မအံသြသော်လည်း၊ အဂ္ဂ ပုံစံက
ဝမ်းနည်းပုံ ပေါက်နေသည်ကိုတော့ ထူးဆန်းနေမိသည်။
အဂ္ဂ မပြောပြသည်မို့ ယံနီ ထပ်မမေးတော့ဘဲ အဂ္ဂကို
အိပ်ယာထဲ ပို့ပေးပြီးနောက် အခန်းထဲမှ ထွက်ခဲ့သည်။