Unicode Version
အခန်း(၁၅)
မျက်လုံးထဲတွင် အရာရာ ဝေဝါးနေမို့ နဉ်သူရ မျက်လုံးကို
သေချာပြူးကြည့်လိုက်ရသည်။ တေဇနှင့် ၂ယောက်သား
မြေတွင်းထဲပြုတ်ကျ ပြီးနောက် နဉ်သူရ ဘာမှ မမှတ်မိ
တော့ချေ။ အခုမှ နိုးလာ၍ တချက် ကြည့်လိုက်ရာ
တွင်းအပေါ်ရှိ နွယ်များအကြားမှ ဖြာကျနေသော
လရောင်ကြောင့် မြေတွင်းထဲမှာပင် ရှိနေသေးကြောင်း
နဉ်သူရ သိလိုက်ရသည်။ ဘေးတွင် တေဇ ရှိနေသည်မို့
ပွေ့ထူပြီး စမ်းသပ်ကြည့်ရသည်။ ပြင်းထန်သည် ဒဏ်ရာ
မရသည်ကို တွေ့မှ စိတ်အေး သွားသည်။ မြေတွင်းသည်
လျောစောက်ပုံစံ တူးထားခြင်း ဖြစ်၍ သူတို့ ၂ယောက်
ပြုတ်ကျသောနေရာသည် ၁ပေနီးပါးမြင့် သော်လည်း
တဖက်တွင်မူ အောက်ခြေမှ တွင်းနှုတ်ခမ််း အရောက် ၃ပေ
နီးပါးသာမြင့်လေသည်။ တွင်းပတ်လည်သည် ၁ဝပေနီးပါး
ကျယ်ဝန်းပြီး နွယ်ပင်များက တွင်းအပေါ်ဖက် တခုလုံးကို
ဖုံးနေလေရာ အပေါ်မှကြည့်လျှင် မြေတွင်းမှန်း မသိသာ။
ထို့ကြောင့်လည်း သူတို့ ၂ယောက် ဒလိမ့်ခေါက်ကွေး
ပြုတ်ကျခြင်းပင်။ တွင်းထဲတွင် ဆူးချွန် ငုတ်တိုင်များသာ
ရှိလျှင် သူတို့ ၂ယောက် မသေရင်တောင် ဒဏ်ရာ
ပြင်းပြင်းထန်ထန် ရနိုင်သည်။ တောကောင် ဘာညာ
မရှိဘဲ၊ တွင်းအောက်ခြေ သည် ခြောက်သွေ့နေသည့်အပြင်
တွင်းအပေါ်ဖက်မှ နွယ်ပင်များကြောင့် ရန်သူ ဘာညာလည်း
အလွယ်တကူမမြင်နိုင်သည်မို့ ဒီညတော့ မြေတွင်းထဲမှာပဲ
အိပ်ဖို့ နဉ်သူရ တွေးလိုက်သည်။ နွယ်များကြားမှ
ထိုးဖောက်ဝင်ရောက် လာသော လရောင်ကြောင့်
မြေတွင်းထဲတွင် ဖြစ်လင့်ကစား မှုန်ဝါးဝါးတော့
YOU ARE READING
သူရိယောဝ သူရိေယာဝ(Ongoing)