အခန်း(၁၄) အခန္း(၁၄)

163 16 0
                                    

Unicode Version

                      အခန်း(၁၄)

   အနည်းငယ် ပူသလို ခံစားရ၍ ဝေဒ တယောက်
ခြုံထားသော စောင်ကို တွန်းဖယ်လိုက်ရာ၊ မိမိ တကိုယ်လုံး
စောင်နှင့်ပတ်နေကြောင်း သိလိုက်ရသည်။
   "အဂ္ဂ ဖယ်စမ်း---ပူလာပြီ---။"
   အနည်းငယ် ပြေလျော့သွားသည်မို့ ဝေဒ စောင်ကို
လုံးထွေးကာ ခြေရင်းဖက်ပို့ပစ်လိုက်သည်။ ထိုစဉ်
တယောက်ယောက် က လာဖက်လိုက်လေရာ
   "အဂ္ဂ ပူတယ်လို့----။"
   ဝေဒ စိတ်ဆိုးဆိုးနှင့် ထထိုင်ပြီး အဂ္ဂ လက်မောင်းကို
တွန်းလွှတ်လိုက်သည်။ အဂ္ဂ ကတော့အလျော့မပေးဘဲ
ထိုင်နေသော ဝေဒကို ခါးမှ ဖက်ရင်း ထပ်အိပ်နေသည်။
   ဝေဒ အနည်းငယ် အိပ်ချင်ပြေတော့မှ သတိရသွားသည်။
သမားတော်ကြီး အိမ်သို့ လွန်ခဲ့သော ပြောင်းခဲ့ပြီးပြီပဲ။
အဂ္ဂ ဘယ်ကနေ ရောက်လာ သနည်း။
   "အဂ္ဂ ထစမ်း---မင်း ဘယ်လို ခိုးဝင်လာတာလဲ---။"
   ဝေဒ တယောက် အဂ္ဂ ကျောပြင်ကို တဗြန်းဗြန်း ရိုက်ရင်း
နှိုးတော့သည်။
   "ပြူတင်းပေါက်ကနေ ဝင်လာတာ----။"
   အဂ္ဂ ပြောပြီးနောက် ဝေဒကို ပြန်ဖက်တွယ်ရင်း အိပ်ဖို့ပြင်
တော့သည်။ ဝေဒ ခပ်ကြမ်းကြမ်း တွန်းပစ်ရင်း။
   "မင်း ဘယ်တော့မှ ငါ့ကိုလွှတ်ပေးမှာတုန်း အဂ္ဂ---။"
ဝေဒ စိတ်တိုလာပြီမို့ ကောက် အော်ပစ်လိုက်တော့သည်။
အဂ္ဂ အိပ်နေရာမှ ထထိုင်လိုက်သည်။ ထို့နောက် ဝေဒ ပခုံး
၂ဖက် ကိုင်ရင်း ဝေဒကို တည့်တည့်ကြည့်ကာ။
   "ဝေဒ မင်းငါ့နဲ့ နေမလား---မင်းငါနဲ့နေရင်
မင်းလုပ်ချင်ရာလုပ် ငါတာဝန်ယူတယ်---မင်းဘာမှ
မလုပ်ချင်လည်းရတယ်---နောက်ဆုံး မင်းအကိုတော်
မင်းကြီး သတိုးရာဇာ တောင် ဘာမှ ဝင်မစွက်ဖက်
စေရဘူး-----။"
   ဝေဒ ကြောင်အသွားသည်။ အဂ္ဂ ပြောစကားတွေက
မိန်းကလေးတယောက်ကို ယောက်ျားလေးတယောက်က
လက်မထက်ခင် ပြောသော စကားများနှင့် တူလွန်းနေသည်။
   ဝေဒ ပခုံးပေါ်မှ အဂ္ဂ လက်ကို ဖယ်ချရင်း
   "ဘာတွေ ပြောနေတာလဲ---ငါမေးတာက မင်း
ကျောင်းဆောင်တုန်းကလည်း ငါ့သည်းခံနေပေးပြီးပြီ--အခု
ငါ လွတ်လွတ်လပ်လပ် နေပါရစေလား---။"
   အဂ္ဂ ဘယ်လို လှည့်ပတ် ပြောရမည်နည်း စဉ်စား
လိုက်သည်။ သဘောကျပါသည် တည့်ကြီး ပြောလိုက်လျှင်
အဂ္ဂလည်း တည့်ကြီး အဆော်ခံရနိုင်သည်။ အဂ္ဂ နောက်ဆုံး
အကွက်ကို ထုတ်သုံးမှရတော့မည်မို့ ၊ မျက်နှာငယ်လေးနှင့်
ငိုတော့မည့် ပုံပေါက်အောင် မျက်နှာကိုလုပ်ရင်း
   "ငါ မင်းမရှိရင် မနေတတ်လို့ပါ----။"
   မျက်လုံးအောက်တွင် ခပ်ညိုညိုအရောင် သန်းနေပြီမို့
အဂ္ဂ ရက်အတော်ကြာ ကောင်းကောင်းမအိပ်ထား
ရသေးမှန်း သိသာနေသည်။ အဂ္ဂ ပြောသည့် သူ မရှိရင်
အိပ်မပျော် ဆိုသည့်အချက်သည် အမှန်ပင် ဖြစ်ပုံပေါ်သည်။
   "တော်စမ်းအဂ္ဂ မင်းဆောင်ကြာမြိုင်ကဟာတွေကို ချုပ်တဲ့
အပြောမျိုးတွေနဲ့ လာမပြောနဲ့---။"
   "ကိုယ့် မျက်လုံးကို သေချာကြည့် ဝေဒ--ငါ မိန်းကလေး
တော်တော်များများနဲ့ အိ်ပ်ခဲ့ပေမဲ့---မရှိမဖြစ် ဆိုတာမျိုး
မဖြစ်ခဲ့ဘူး---ကျောင်းဆောင်ကပြောင်းပြီး ၁ပတ်အတွင်း
ငါနည်းမျိုးစုံနဲ့ စမ်းကြည့်ခဲ့ပြီးပြီ မင်းမရှိရင် ငါမနေတတ်
တော့ဘူး ဝေဒ---။"
   ဝေဒ ၃လအကြာ အဂ္ဂ နှင့် တခန်းထဲနေပြီးပြီမို့
သံယောဇဉ် အနည်းငယ်တော့ ရှိပါသည်။ သို့ပေမဲ့ အဂ္ဂ
သူ့ကို ဘာ့ကြောင့် လိုက်တွယ်ကပ်နေမှန်းတော့ စဉ်းစားမရ။
   " အဂ္ဂ ငါမေးမယ် မင်း နဉ်သူရ ကို သဘောကျနေတာ
မဟုတ်လား--ငါ့ကို ဘာလို့ တွယ်ကပ်နေတာလဲ----။"
   အဂ္ဂ ခေါင်းကိုသာ ကုတ်မိတော့သည်။ နဉ်သူရ ကို
သဘောကျရုံသာ ဖြစ်ပြီး ဝေဒကိုတော့ ချစ်မိသွားကြောင်း
ဘယ်လို လှည့်ပတ် ဖြေရမည်နည်း။
   ဝေဒတယောက် နဉ်သူရ အကြောင်းပြောမှ ဒီနေ့
၃ယောက် တောထဲသွားကာ ဆေးပင်ရှာမည့် ကိစ္စကို
သတိရသွားသည်မို့ အဂ္ဂ ကိုထားခဲ့ကာ အခန်းပြင်ထွက်
ထွက်သွားလိုက်တော့သည်။
   ဝေဒ ထထွက်သွားပြီးနောက် အဂ္ဂ ပြန်လှဲအိပ်လိုက်သည်။
ဝေဒ ကိုတော့ နောက်မှ ထပ်ပြောရန် စဉ်းစားလိုက်သည်။
အနည်းဆုံး ဝေဒ သူ့အပေါ်သံယောဇဉ် တစုံတရာတော့
ရှိသေးသည် မဟုတ်လား။နောက်မှ ဖြည်းဖြည်းခြင်း
ခံစားချက်တွေ နက်ရှိုင်းလာဖို့ ကြိုးစားရမည်ပင်။
~~~~~~~~~~~~~~~~~~~~~~~~~
   ညီတော်သတိုးတေဇ အခန်းနှင့် နဉ်သူရ အခန်းကို
ဖွင့်ကြည့်လိုက်သည်။ ၂ခန်းလုံးတွင်လူမရှိတော့။
နေအတော်မြင့်သည်အထိ သူ မထသောကြောင့်
ထားခဲ့ခြင်းဖြစ်နိုင်သည်။ အခန်းကိုများ ဖွင့်ကြည့်ခဲ့လျှင်တော့
သူနှင့် အဂ္ဂ ဖက်အိပ်နေသည့်မြင်ကွင်းက ကြိုနေမည်ပင်။
ဝေဒ အဂ္ဂကို မေတ္တာပို့ နည်းပေါင်းစုံနှင့် မေတ္တာပို့သလိုက်
လေတော့သည်။အဂ္ဂရေ မင်းတော့ ပြဿနာရှာပြန်ပြီပဲ။
~~~~~~~~~~~~~~~~~~~~~~~~~
   နဉ်သူရ၏ မြင်းသည်  မြင်းနက်ကြီးဖြစ်ပြီး၊ သတိုးတေဇ
မြင်းမှာမူ အုန်းခွံရောင်ဖြစ်သည်။ လမ်းတွင် မာလာကာပင်
တပင်တွေ့ရာ သတိုးတေဇ နောက်ကျောမှ လေးနက်ကြီးကို
ယူကာ မြှားတင်ပြီး ပစ်ချလိုက်သည်။ မြှားတံသည်
အသီးအညှာကိုသာ ချွေယူသွားရာ မာလာကာသီးသည်
ပြုတ်ကျလာသည်။နဉ်သူရမြင်သည်နှင့် မြင်းကို ဒုန်းစိုင်းစီးကာ
ထို မာလကာသီးကို မိအောင်ဖမ်းယူတော့သည်။ ဖမ်းမိသည်နှင့်
သတိုးတေဇ ဖက်ကို လှည့်ကြည့်လိုက်သည်။ နဉ်သူရ၏
ဂုဏ်ဆာဟန် အကြည့်တို့ကြောင့် သတိုးတေဇ ရယ်လိုက်သည်။
   "ဘာရယ်တာတုန်း----။"
   "တော်လို့ပါ-----ငါတို့ ၂ယောက် အတွဲညီသားပဲ
ငါက မြှားပစ် မင်းကဖမ်း----။"
   "နောက်တခါ ငါပစ်ချကြည့်မယ် မင်းဖမ်း---။"
   သတိုးတေဇသည် နဉ်သူရ နှင့် ရင်းနှီးပြီးနောက်
သိလာသည်မှာ နဉ်သူရသည် ဇွဲရှိရှိဖြင့်သူလုပ်ချင်သည့်
အရာကို ဖြစ်အောင်လုပ်တတ်သည်။ လေးမြှား အတတ်
သင်ပေးစဉ်ကလည်း အစွမ်းကုန် နေည မလပ်
လေ့ကျင့်သည့် အပြင်သတိုးတေဇ ကိုကတိပေးထားသည်
ဆေးကုပေးမည့် ကတိအရလည်း  စာဖတ်ခြင်းကို
မလစ်ဟင်းစေရ ။
   "တေဇ----။"
   နဉ်သူရ သတိပေးရင်း လက်ထဲမှ ၅ထောင့်ကြယ်နှင့်
မာလကာ ပင်မှ အသီးတလုံးကို ပစ်ချလိုက်သည်။
သတိုးတေဇလည်း မြင်းကိုခပ်မြန်မြန်နှင်ရင်း သွားဖမ်း
လိုက်သည်။ လက်ထဲ မာလကာသီး ရောက်လာပြီးနောက်
သတိုးတေဇ မြင်းကုန်းနှီးမှ အိတ်ထဲထည့်လိုက်သည်။
   "မစားဘူးလား----။"
   "ဘယ်လိုပဲ အပင်ပေါ်မှာဖြစ်ဖြစ် ဖုန်တွေကပ်နေမှာပဲလေ
ရေဆေးပြီးမှ စားမလို့-----။"
   တေဇ စကားကြောင့် နဉ်သူရ စားလက်စပင်
ပစ်ထုတ်ရတော့မလို ဖြစ်သွားသည်။
   သတိုးတေဇ  တယောက် နဉ်သူရကို လှည့်ကြည့်ပြီး
စားလက်စအသီးကို မြင်သွားရာ မြင်းကုန်းနှီးထဲမှ အသီးကို
ချက်ချင်း ထုတ်စားလိုက်သည်။
   "လတ်လတ်ဆတ်ဆတ် စားတော့ ကောင်းတာပေါ့--။"
   တေဇ အပြုအမူကို ကြည့်ရင်း နဉ်သူရ သဘောကျ
သွားသည်တော့ အမှန်ပင်။
   တောအတွင်းဖက်သို့ အရောက် ၂ယောက်လုံး မြင်းပေါ်မှ
ဆင်းလိုက်ကြသည်။ သစ်ပင် ထူသည့်အပြင် ဆေးပင်ရှာရန်
လာသည်မို့ မြင်းနှင့် သွား၍ အဆင်မပြေတော့။ သခင်မှလွဲ
လူစိမ်းအကပ်မခံသော မြင်းတွေမို့ ဇက်ကြိုးချွတ်ကာ
လွှတ်ထားလိုက်တော့သည်။ ဆေးပင်တူးလိုက်
စကားပြောလိုက်နှင့် ၂ယောက်သား တောနက်ဖက်
တစတစဝင်သွားသည်။ အနောက်ဖက်မှ လူအယောက်
၂ဝမှာမူ သူတို့၂ယောက်နောက်  တိတ်တိတ်လေး
လိုက်လာသည်။
   "နေမွန်းတည့်တော့မယ်----ငါတော့ ဆက်သွားချင်
သေးတယ် မင်းသဘောရော----။"
   နဉ်သူရ တေဇဖက်လှည်ကာ မေးလိုက်သည်။ အစက
၂ယောက်တည်းမို့ ခဏနှင့် ပြန်ရန်ပြောထားသော်လည်း
ရောက်ပြီးနောက် နဉ်သူရ လိုချင်သည့်ဆေးပင်ကို ရအောင်
ရှာယူချင်သေးသည်။
   "မင်း ဆက်သွားချင်ရင် သွားလေ တခြားလုပ်စရာ
ထွေထူးမှ မရှိတာပဲ---။"
   "ငါ တောင်စောင်းတွေမှာ ပေါက်တတ်တဲ့ မှို
လိုချင်သေးတယ်----။"
   တေဇလည်း သဘောတူသည်မို့  ၂ယောက်သား
ဆက်သွားနေခဲ့သည်။ ကုန်းမြင့် အတက်လိုနေရာဖြစ်၍
ပင်ပန်းနေသည်။ နဉ်သူရ နောက်ပြန်လှည့်ဖို့ စဉ်းစားမိ
သော်လည်း ထိုမှိုသည် ကိုယ်တွင်း အပူဓာတ်ကို
တခြားဆေးပင် များထက် ပိုမြှင့်ပေးနိုင်သည်မို့ တေဇ
အဆိပ်ကုပေးရာတွင် အသုံးဝင်လေရာ လွယ်လွယ်နှင့်
လက်မလျော့နိုင် ဖြစ်နေသည်။ သွားရင်းဖြင့် ချောက်ကမ်းပါး
တခုထိပ် ရောက်သွားသည်။ အောက်တွင်
ရေကန်ကျယ်ကြီးနှင့် ဘေးမှ စိမ်းညို့ညို့ရွာလေးများ၏
မြင်ကွင်းကြောင့် အမောပြေသွားသည်။  နဉ်သူရ
အမှတ်မမှားလျှင် ထိုမှိုသည် ချောက်ကမ်းပါး အောက်တွင်
သေချာပေါက်ရှိသည်။ နဉ်သူရ သွားငုံ့ကြည့်လိုက်ရာ
အောက်ဖက် ၈ပေ လောက်အကွာတွင် အမှန်ပင်
ရှိလေသည်။ သတိုးတေဇ တယောက် ဘေးနားရှိ
ကျောက်တုံး တခုပေါ် ထိုင်ရင်း အမောဖြေနေရင်းမှ
   "မင်းရှာနေတာ တွေ့လား----။"
   "အင်း အောက်မှာ တွေ့တယ်---မင်း ခဏ ထိုင်နေလိုက်
ငါ အောက်ဆင်းလိုက်မယ်----။"
   နဉ်သူရ စျေးမှ ဝင်ဝယ်လာသော ကျစ်ကြိုးရှည်ကို
ကျောက်တုံး ခပ်ကြီးကြီးတွင် ချည်ပြီးနောက် တလှမ်းချင်း
လျှော ဆင်းလိုက်သည်။ မှိုကို သေချာ ခူးပြီး အကျီ
ရင်ဘတ်ကြားထဲ ထိုးထည့်လိုက်သည်။ ထိုမှိုသည် တခြား
ဆေးပင်များထက် အဖိုးတန်သည်မို့ တခုခုဖြစ်မှာ
စိုးရိမ်မိသည်။ အပေါ် ပြန်အတက် ရောက်ခါနီးတွင် တေဇ
လက်ကမ်းပေးသည်မို့ ဆွဲတက်လိုက်သည်။
   "အာ့မှိုက ဘယ်လောက်ထိ အဖိုးတန်လို့ မင်း
ဒီလောက် ခက်ခက်ခဲခဲ ယူနေတာလည်း----။"
   နဉ်သူရ ပြန်မပြောရသေးမီ လူအယောက်၂ဝ ခန့်လူတစု
သူတို့ ရှိရာသို့ ဓါးရှည်များ ကိုင်ရင်း ဝိုင်းလာသည်မို့
၂ယောက်လုံး သတိ အနေအထားနေလိုက်သည်။
တဖက်တွင် ချောက်ကမ်းပါး တဖက်တွင် လူတစုနှင့်
ပိတ်မိသွားသည်။ အမဲရောင်အဝတ်စများဖြင့် မျက်နှာကို
စည်းထား၍ ဘယ်သူဘယ်ဝါမှန်း မသဲကွဲ။ ဘာမပြော
ညာမပြော ၂ယောက်လုံးကို ဓားရှည်များနှင့် ဝင်ပိုင်းရာ
၂ယောက်လုံး အသဲအသန် ခုခံရတော့သည်။ တေဇက
ဓားရှည်ပါသည်မို့ ဓားရှည် နှင့် တိုက်ရသော်လည်း၊ နဉ်သူရ
ဘာမှယူမလာသည်မို့ လက်နက်ပုန်းများ အဆိပ်များနှင့်ပင်
ပြန်ခုခံရတော့သည်။ ခဏအကြာမှ ခေါင်းဆောင် ဖြစ်သူဟု
ထင်ရသော တယောက်သည် နဉ်သူရ ကိုဝင်ခုတ်သော
လူတိုင်းသည်မြေပြင်သို့ လဲကျကာ ပြန်ထမလာတော့မှန်း
သတိထားမိတော့သည်။ နဉ်သူရ လှည်ပတ်ရှောင်ရင်းက
ပေါ့ပေါ့ ပါးပါးပင် သူ့လူ ၈ယောက်ခန့်ကို သတ်ပြီးပြီ
ဖြစ်သည်။ မိုခ ပြောသည့်ထက်ပင် နဉ်သူရ ဆိုသူက
ပို အစွမ်းထက်နေသည်မို့ အခက်တွေ့သွားသည်။
   "ဟေ့ကောင်တွေ နဉ်သူရ ဆိုတဲ့ကောင်ကို
အသေသာ သတ်တော့ကွာ-----။"
   နဉ်သူရ နာမည်ပါလာသည်မို့ ၂ယောက်လုံး အနည်းငယ်
လန့်သွားတော့သည်။ ထိုစဉ် ၉တောင် ကျားတကောင်သည်
နဉ်သူရတို့နှင့် အဝေးတွင်ရပ်နေသော ခေါင်းဆောင်ဖြစ်သူ
ထံ ခုန်အုပ် လိုက်သည်။ လည်ပင်းမှ သွေးများပန်းထွက်လာ
ပြီး ထိုလုပ်ကြံသူခေါင်းဆောင်သည် ရုပ်ပျက်ဆင်းပျက်
သေဆုံး သွားလေသည်။ တိုက်ခိုက်နေမှုများ အားလုံး
ရပ်သွားကာ ထိုကျားဆီကိုသာ အားလုံး အာရုံစိုက်သွား
ကြလေသည်။ နဉ်သူရ လူကို မကြောက်သော်လည်း
ဒေါသကြီးနေသော ကျားတကောင်ကိုတော့ ဖြုံမိသည်။
ကျားပေါက်သည့်ရာသီ ဖြစ်၍ ထိုကျားမသည်
ကလေးဇောနှင့် ဒေါသကြီးနေပုံ ရသည်။ အနီးနားတွင်
အသိုက်ရှိလောက်သည်။ နဉ်သူရတို့ ၂ယောက်တည်း
ရှိစဉ်က အသံသိပ်မကျယ်သော်လည်း လုပ်ကြံသူများနှင့်
တိုက်ခိုက်သည့်အခါတွင်တော့ ဓားချင်းထိသံပင်
ကျယ်လောင်နေသည်မို့ ကျားမသည် အသိုက်ကို
ရန်ရှာသည်အထင်နှင့် ခုခံတိုက်ခိုက်နေကာ ဒေါသထွက်နေ
ပုံပေါ်သည်။သူတို့၂ယောက်ရပ်နေသည့် နေရာနှင့်စာလျှင်
လုပ်ကြံ တိုက်ခိုက်သူတစုသည် ကျားလာရာနေရာနှင့်
ပိုနီးလေရာ ကျားသည် လုပ်ကြံသူများကို တယောက်ပြီး
တယောက်  ခုန်အုပ်ကာ လည်ပင်းကိုချည်း ကိုက်သတ်
နေရာ သွေးပျက်ဖွယ်မြင်ကွင်းပင်။ လွတ်လမ်း
မမြင်တော့သည်မို့ တေဇကို ခါးမှ ဖက်ရင်း ချောက်ကမ်းပါးမှ
ခုန်ချလိုက် တော့သည်။ကျားကိုက်ပြီး သေရတာထက်တော့
ရေနစ်တာက လွတ်လမ်းမြင်သေးသည်။ ဘာကြောင့် တေဇ
ကို ဖက်ရင်းခုန်ချမိ သလဲတော့ မစဉ်းစားမိ။ လက်တွဲလည်း
ရတာပဲကိုး။ တေဇ ကို လက် ၂ဖက်ဖြင့် ဖက်တွယ်ကာ
မျက်လုံးသာ မှိတ်ထားလိုက်တော့သည်။သူတို့ ၂ယောက်
ရေထဲအရောက် ကျားဟိန်းသံ အကျယ်ကြီး
ကြားလိုက်ရသည်။ အပေါ်တွင် ရှိနေသူထဲမှ တယောက်မှ
အသက်ရှင်ပုံ မပေါ်။
~~~~~~~~~~~~~~~~~~~~~~~~~
   ယောဇ အခန်းဝမှ ဝင်လာကတည်းက မင်းကြီး
သတိုးရာဇာ မျက်နှာ မကောင်းသည်ကို မြင်နေရသည်။
အနားရောက်သည်နှင့် ယောဇ ဒူးထောက် အရိုသေပြု
လိုက်သည်။
   "ကျတော်မျိုး ယောဇ မင်းကြီးနဲ့ မိဖုရားခေါင်ကြီးကို
ဂါရဝပြုပါတယ်----။"
   ဒူးထောက်မှ ထရန် ပြောမလာသည်မို့ ယောဇ မော့ကြည့်
လိုက်ရာ မင်းကြီးသတိုးရာဇာ အတွေးလွန်နေပုံပင်။
ရေနွေးကြမ်း ပန်းကန်ကို ကိုင်ရင်း ငေးနေသည်။ ဘေးမှ
မိဖုရားခေါင်ကြီး မဒီ မှ ယောဇကို ခြေဟန်လက်ဟန်ဖြင့်
ထရန် ပြောလိုက်သည်။
   "ယောဇ မင်း တက္ကသိုလ်ပြည်ကို သွားဖို့ လိုမယ်
ထင်တယ်---။"
   ရုတ်တရက်ကြီး ပြောလာသောကြောင့် ယောဇ
ထူးဆန်းသွားသည်။ မနေ့ကပင် ဝေဒ ဆီမှ စာပို့လာ
သေးသည် မဟုတ်လား။
   "အကြောင်းတစုံတရာ ရှိလို့လား ဘုရား---။"
   "ငါကိုယ်တော် စိတ်ထဲလေးနေတယ် ယောဇ--
အိမ်မက်တွေလည်း မကောင်းဘူး---တချက် သွားကြည့်ပြီး
တခုခု မဟုတ်တာ လုပ်နေရင် ၃ ယောက်လုံးကို
ပြန်သာ ခေါ်ခဲ့----။"
   "အမိန်တော်မြတ် အတိုင်းပါ-----။"
   ယောဇ အမိန်အတိုင်းထွက်လာခဲ့ သော်လည်း
သတိုးတေဇ၏ စရိုက်အရ အလွယ်တကူ ပြန်မလိုက်
သည်ကိုသိ၍ ခေါင်းခဲ မိသည်။
   "မောင်တော်ရာဇာ--စိတ်ထင်နေတာလဲ ဖြစ်နိုင်တာပဲ
တေဇက ထင်တာထက်ပိုပြီး ကံကောင်းတဲ့ ကလေးပဲဟာ-။"
မိဖုရားကြီး၏ ချော့မော့မှု့ကြောင့် မင်းကြီးသတိုးရာဇာ
အနည်းငယ် စိတ်အေးသွားသော်လည်း ၊စိတ်ထဲတွင်
လေးနေသေး သည်တော့ အမှန်ပင်။ ညီတော် သတိုးတေဇ
ဘေးကင်းဖို့ ဆုတောင်းမိသည်။
~~~~~~~~~~~~~~~~~~~~~~~~~
   ရေကန်ထဲ ပြုတ်ကျသည့် နေရာနှင့် ကမ်းစပ် အတော်ဝေး
သည်မို့ တေဇရော နဉ်သူရပါ ကမ်းစပ်ရောက်တော့
အတော်လေး မောဟိုက်နေပြီ ဖြစ်သည်။ ကမ်းစပ်က
ရွံ့ထူထူပေါ်မှာပင် ၂ယောက်လုံး လှဲကာ အနားယူ
နေသည်။ မွန်းလွဲချိန် ဖြစ်၍ ရွံ့များ အပေါ်ယံခြောက်နေခြင်း
ကြောင့်သာ မဟုတ်လျှင် ၂ယောက်လုံး ဗွက်လူးသလို
ဖြစ်နေမှာ အမှန်ပင်။
   "အသက်ရှင်တာပဲ----။"
   နဉ်သူရ ထထိုင်ရင်း ပြောလိုက်သည်။
   "အင်း---ရေကန်ထဲမှာ မိချောင်း ဘာညာ မရှိလို့သာပေါ့--
မဟုတ်ရင် မရှင်ဘူး---။"
   "ကျားကိုက်ခံရလည်း မရှင်ဘူးလေ---။"
   ၂ယောက်သား အနည်းငယ် ငြင်းခုန်မှု အပြီး
ရယ်မောမိကြသည်။ နဉ်သူရ၏ ဆေးပင်ထည့်သည့်
ခြင်းတောင်းလည်း ဘယ်ရောက်မှန်းမသိတော့ မှိုကတော့
အကျီ ထဲထည့်ထားသည်မို့ ရှိနေသေးသည်။ တေဇ ၏
လေးကတော့ အကောင်းတိုင်းကျောတွင် ရှိနေသေး
သော်လည်း မြှားကျည်တောက်တွင် မြှားမရှိတော့။
ဓားရှည်သည်လည်း ရေထဲမြုတ်သွားလေပြီ။
   "ထတော့ ဒီနေရာက ငါ အလာနည်းတယ်
လမ်းပျောက်နေရင် မမှောင်ခင် အိမ်ကို မရောက်ဘဲ
နေလိမ့်မယ်---။"
   နဉ်သူရ တေဇကို ဆွဲထူရင်းပြောလိုက်သည်။ထို့နောက်
၂ယောက်သား ဒယီးဒယိုင် ခြေလှမ်းများနှင့် ကန်ဘောင်ပေါ်
ကုပ်တက်လိုက်ကြသည်။  
~~~~~~~~~~~~~~~~~~~~~~~~~
   အဂ္ဂ အခန်းထဲမှ ထွက်ထွက်ချင်း ခပ်လှမ်းလှမ်းရှိ
ပျဉ်းမပင် အောက်တွင် စာထိုင်ဖတ်နေသော ဝေဒကို
တွေ့လိုက်ရသည်။ ဘေးနားတွင် ဆေးပင်များ
တစစီပြန့်ကျဲနေသည်။ ဆေးကျိုထားသည့် အိုးသည်လည်း
ဘေးတွင် အငွေ့ ထောင်းထောင်ထနေလျက်။ အဂ္ဂသည်
ဝေဒ ရှိရာဆီသို့ လျှောက်သွားလိုက်သည်။
   "နိုးရင်လည်း ပြန်တော့ နေမွန်းလွဲနေပြီ----။"
   အနားရောက်ရောက်ချင်း စာအုပ်မှ မျက်လုံးမခွာဘဲ
ပြောလိုက်သော ဝေဒ စကားကြောင့် အဂ္ဂ နင်သွားသည်။
   "နဉ်သူရတို့ရော----။"
   "တောထဲ ဆေးပင်ရှာ သွားတယ်---။"
   ဝေဒ မနက်က အဖြစ်ကို စဉ်းစားမိလျှင် စိတ်တို
လာသည်မို့ဘေးနား နေရာလွတ်တွင်လာထိုင်သော အဂ္ဂ
လက်မောင်းကို စာအုပ်ဖြင့် ဖျတ်ရိုက်ပစ်လိုက်သည်။
အဂ္ဂလည်း ဘာမပြောညာမပြော အရိုက်ခံရ၍
ကြောင်သွားသည်။
   "ဘာဖြစ်လို့တုန်း---။"
   "ငါ့အခန်းထဲ မင်းခိုးဝင်ပြီး ဖက်အိပ်နေတဲ့ကိစ္စ ညီတော်
သတိုးတေဇ သိသွားပြီလား မသိဘူး---မင်းတော်တော်
ပြဿနာရှာပါလား အဂ္ဂ---။"
   အဂ္ဂ အခုမှသဘောပေါက်သွားသည်မို့ ပါးချိုင့်လေး
ထင်းအောင် ပြုံးရင်း
"သိတော့ရော ဘာဖြစ်လို့လဲ---မင်း အပြောပြရ
သက်သာတာပေါ့---။"
   "ဘာကိုပြောပြရမှာလဲ----။"
   ဝေဒတယောက် စကားလွှဲသွားပြီမို့ အဂ္ဂ သက်ပြင်းချရင်း
   "ငါနဲ့အတူ ထမင်းလိုက်စားမလား---ဒီကို ပြောင်းလာတဲ့
အထိမ်းအမှတ်အနေနဲ့---။"
   "မင်းကို ဘယ်သူက ပြောင်းလာခွင့်ပြုလို့လဲ---ကုတင်က
ကျဉ်းကကျဉ်းနဲ့ကို---။"
   "ဝေဒ မင်း----။"
   ဝေဒ တယောက် အဂ္ဂဖြစ်သွားသော အီလည်လည်
မျက်နှာကိုကြည့်ရင်း တချက်ရယ်လိုက်သည်။ ထို့နောက်
   "အကိုတော် ဒေဝကိုပါ ပါအောင်ခေါ်---အာ့ဆို
ပြောင်းလာခဲ့လို့ရတယ် သမားတော်ကြီးကို ပြောပေးမယ်-။"
   အဂ္ဂ ချက်ချင်း ခေါင်းညိမ့်ပြလိုက်သည်။ ခဏအကြာ
ဝေဒ စာဖတ်အပြီး ၂ယောက်သား ထမင်းစားဖို့ရာ
စားသောက်ဆိုင်တွေဆီသို့ ထွက်ခဲ့တော့သည်။ ဝေဒ
ဖက်က အနည်းငယ် လိုက်လျောလာပြီမို့ ကျန်ကိစ္စ တွေ
ကိုတော့ တဖြည်းဖြည်းချင်းသွားဖို့ အဂ္ဂ ဆုံးဖြတ်လိုက်သည်။
ကိုယ့်ဖက်က မြတ်နိုးရသူမို့ စောင့်ဆိုင်းရသည်မှာ မဆန်း။
မျက်စိရှေ့တွင် အဂ္ဂကို တခါတခါ ရိုက်လိုက်ပုတ်လိုက်
နှင့် စကားတွေ အများကြီး ပြောနေသော ဝေဒကို ကြည့်ရင်း
အဂ္ဂ အနည်းငယ်တော့ ကျေနပ်မိသည်။ ဝေဒ လည်း
သူ့ကိုလွမ်းနေသည်ပဲ။
~~~~~~~~~~~~~~~~~~~~~~~~~
   အရောက်နည်းသည့် နေရာမို့ နဉ်သူရ မျက်စိလည်နေပြီ
ဖြစ်သည်။ တေဇသည်လည်း လူစိမ်းမို့ ၂ယောက်သား
ညနေရောက်သည်အထိ လည်နေတုန်းပင်။ သစ်ပင်တွေ
ယှက်နွယ်လျက် ဘယ်နေရာကို ကြည့်ကြည့်အတူတူလိုပဲ
ထင်ရသည်။ မြင်းတွေ ရှိလောက်မည့် နေရာ နှင့်လည်း
ဝေးနေသေးသည်မို့ တောစပ်ရောက်အောင် ပြန်ဖို့
တလမ်းသာ ရှိသည်။ တေဇ ကိုလှည့် ကြည့်လိုက်ရာ
သစ်ပင်တပင်ကို လက်ထောက်ရင်း အမော ဖြေနေသည်။
မျက်နှာ တခုလုံး ဖြူဖပ်ကာ ချွေးစေးများ ပြန်နေပြီမို့ တေဇ
အခြေနေမကောင်းတော့မှန်း နဉ်သူရ သိလိုက်သည်။
ရေကန်ထဲတွင် နာရီဝက်ကျော် ရေစိမ် ခဲ့ရသည်အပြင်
တောထဲတောင်ထဲ ၅နာရီလောက် အအေးခံခဲ့ရသည်မို့
အအေးမိသွားသည်လည်း ပါမည်ထင်သည်။ နဉ်သူရ
တေဇ ပခုံးကိုပုတ်ရင်း
   "အဆင်ပြေသေးလား----ခဏတောင့်ထားဦး
လမ်းရှာတွေ့မှာပါ ငါအရင်က ဒီကိုရောက်ဖူးတယ်-ကြာတော့
မေ့သွားလို့သာ----။"
   တေဇ ခေါင်းညိမ့်ပြသည်မို့ နဉ်သူရ ဘေးမှ တွဲပေးရင်း
ဆက်လျှောက်လာခဲ့သည်။ ဘယ်လောက်မှ မလျှောက်
ရသေးမီ၊ နွယ်တွေဖုံးနေသော မြေပြင်ပေါ် ခြေလှမ်းလိုက်ချိန်
ခြေထောက်အောက်တွင် လေဟာနယ်ဖြစ်သွားသည့်
ခံစားချက်နှင့်အတူ ၂ယောက်လုံး အောက်ဖက်ပြုတ်ကျ
သွားသည်။ ကံကောင်းလွန်းသော ကိုယ့်ကံကိုသာ နဉ်သူရ
အပြစ်တင်မိတော့သည်။'ကံဆိုးမ သွားရာ၊ မိုးလိုက်လို့ရွာ'
စကားပုံအတိုင်းပင်ဖြစ်နေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~
   ညဖက် မိုးချုပ်သည်အထိ နဉ်သူရနှင့် ညီတော်
သတိုးတေဇ ၂ယောက်လုံး ပြန််မလာသည်မို့ ဝေဒ
စိုးရိမ်စပြုလာသည်။ သွားမည်ဟု ၃ယောက်တိုင်ပင်တုန်းက
တောထဲတွင် ညမအိပ်ဟု ပြောထားခဲ့သည်မို့ တခုခုများ
ဖြစ်နေမလား စိုးရိမ်မိသည်။ ထိုစဉ် အဂ္ဂ အခန်းတံခါးကို
ဖွင့်ဝင်လာလေသည်။ အဂ္ဂ တယောက် စားသောက်ဆိုင်မှ
အပြန် ဒေဝ နှင့် ယံနီကို အကျိုးကြောင်း ပြောရန်
ဝေဒ နှင့်အတူလိုက်မပြန်ဘဲ သူငှားထားသော စံအိမ်ဆီ
ပြန်သွားခြင်းဖြစ်သည်။
   "မင်းအကိုတော်က ပြောလိုက်တယ်---မင်း ယံနီကို
ပြန်တောင်းပန်ရင် ဒီကို ပြောင်းလာဖို့ သဘောတူတယ်တဲ့ ။"
   "မတောင်းပန်နိုင်ဘူး---ငါမမှားဘူး တောင်းပန်မှ
ပြောင်းလာမယ် ဆိုရင်တော့---မင်းလည်းမလာနဲ့တော့--။"
   အဂ္ဂ လည်း ညီအကို၂ယောက် ကိစ္စ ကိုမရှင်းတတ်တော့
နဉ်သူရ နှင့် သတိုးတေဇ ၂ယောက်လာမှ ကူစဉ်းစား ခိုင်းဖို့
ဆုံးဖြတ်လိုက်သည်။
   "နဉ်သူရတို့ရော ပြန်မရောက် သေးတာလား---။"
   အဆောင်ထဲအဝင်တွင် ဝေဒ အခန်းမှလွဲ၍ တခြားအခန်း
အားလုံး မီးမထွန်းထားသည်မို့ အဂ္ဂ မေးလိုက်ခြင်းဖြစ်သည်။
  "မရောက်သေးဘူး---တခုခုများ ဖြစ်နေတာလား မသိဘူး--
မင်း လိုက်ခဲ့ပေးမလား---ငါ အခု သွားရှာမလားလို့----။"
   ဝေဒ တယောက် ဓားရှည်ကို ကောက်ကိုင်ကာ သွားရန်
ပြင်နေပြီမို့ ၊ အဂ္ဂ ဝေဒ ပခုံးကို လှမ်းဆွဲထားရင်း
   "အခုကျ မှောင်နေပြီ လိုက်ရှာလည်း မတွေ့မှာ စိုးရတယ်
ဒီလိုလုပ်လေ---မနက်စောစောကျမှ အတူတူရှာကြတာပေါ့-
နဉ်သူရက တောကျွမ်းတာပဲ အခု ညတော့ သူ
လုံခြုံတဲ့နေရာ ရှာနေနိုင်လောက်ပါတယ်---။"
   အဂ္ဂ စကားကြောင့် ဝေဒ အနည်းငယ်တော့ စိတ်အေး
သွားသည်။ နဉ်သူရသည် တက္ကသိုလ် ပြည်တွင် ၃နှစ် ကျော်
နေပြီးပြီ ဖြစ်၍ ဒေသခံနီးပါး နယ်မြေ ကျွမ်းကျင်လေရာ
အန္တရာယ်ကို သေချာပေါက် ကြည့်ရှောင်နိုင်မည်ပင်။
မနက်စောစော သွားရှာရမည် ဆိုသောအကြောင်းပြချက်ဖြင့်
အဂ္ဂ တယောက်ကတော့ ဝေဒ ကုတင်ပေါ် မှာပင် အတင်း
ဝင်အိပ်တော့သည်။ ဉာဏ်များလှသော အဂ္ဂ ကို
မနိုင်တော့တာမို့ ဝေဒ လွှတ်ထားလိုက်တော့သည်။ ၃လခန့်
အဂ္ဂနှင့် တအိပ်ယာထဲမျှသုံးပြီးပြီမို့ တွက်ကပ်နေလဲ
သိပ်ထူးတော့သည့် အရာတော့မဟုတ်တော့။ ဆောင်းရာသီ
ဝင်စပြုနေသည်မို့ ဝေဒ သည်လည်း အဂ္ဂ ကိုယ်ငွေ့နွေးနွေးနှင့်
အိပ်ရသည်ကို သဘောကျပါသည်။
~~~~~~~~~~~~~~~~~~~~~~~~
Zawgyi Version

                  အခန္း(၁၄)

   အနည္းငယ္ ပူသလို ခံစားရ၍ ေဝဒ တေယာက္
ၿခံဳထားေသာ ေစာင္ကို တြန္းဖယ္လိုက္ရာ၊ မိမိ တကိုယ္လံုး
ေစာင္နွင့္ပတ္ေနေၾကာင္း သိလိုက္ရသည္။
   "အဂၢ ဖယ္စမ္း---ပူလာၿပီ---။"
   အနည္းငယ္ ေျပေလ်ာ့သြားသည္မို႔ ေဝဒ ေစာင္ကို
လံုးေထြးကာ ေျခရင္းဖက္ပို႔ပစ္လိုက္သည္။ ထိုစဥ္
တေယာက္ေယာက္ က လာဖက္လိုက္ေလရာ
   "အဂၢ ပူတယ္လို႔----။"
   ေဝဒ စိတ္ဆိုးဆိုးနွင့္ ထထိုင္ၿပီး အဂၢ လက္ေမာင္းကို
တြန္းလႊတ္လိုက္သည္။ အဂၢ ကေတာ့အေလ်ာ့မေပးဘဲ
ထိုင္ေနေသာ ေဝဒကို ခါးမွ ဖက္ရင္း ထပ္အိပ္ေနသည္။
   ေဝဒ အနည္းငယ္ အိပ္ခ်င္ေျပေတာ့မွ သတိရသြားသည္။
သမားေတာ္ႀကီး အိမ္သို႔ လြန္ခဲ့ေသာ ေျပာင္းခဲ့ၿပီးၿပီပဲ။
အဂၢ ဘယ္ကေန ေရာက္လာ သနည္း။
   "အဂၢ ထစမ္း---မင္း ဘယ္လို ခိုးဝင္လာတာလဲ---။"
   ေဝဒ တေယာက္ အဂၢ ေက်ာျပင္ကို တျဗန္းျဗန္း ရိုက္ရင္း
ႏွိဳးေတာ့သည္။
   "ျပဴတင္းေပါက္ကေန ဝင္လာတာ----။"
   အဂၢ ေျပာၿပီးေနာက္ ေဝဒကို ျပန္ဖက္တြယ္ရင္း အိပ္ဖို႔ျပင္
ေတာ့သည္။ ေဝဒ ခပ္ၾကမ္းၾကမ္း တြန္းပစ္ရင္း။
   "မင္း ဘယ္ေတာ့မွ ငါ့ကိုလႊတ္ေပးမွာတုန္း အဂၢ---။"
ေဝဒ စိတ္တိုလာၿပီမို႔ ေကာက္ ေအာ္ပစ္လိုက္ေတာ့သည္။
အဂၢ အိပ္ေနရာမွ ထထိုင္လိုက္သည္။ ထို႔ေနာက္ ေဝဒ ပခံုး
၂ဖက္ ကိုင္ရင္း ေဝဒကို တည့္တည့္ၾကည့္ကာ။
   "ေဝဒ မင္းငါ့နဲ႔ ေနမလား---မင္းငါနဲ႔ေနရင္
မင္းလုပ္ခ်င္ရာလုပ္ ငါတာဝန္ယူတယ္---မင္းဘာမွ
မလုပ္ခ်င္လည္းရတယ္---ေနာက္ဆံုး မင္းအကိုေတာ္
မင္းႀကီး သတိုးရာဇာ ေတာင္ ဘာမွ ဝင္မစြက္ဖက္
ေစရဘူး-----။"
   ေဝဒ ေၾကာင္အသြားသည္။ အဂၢ ေျပာစကားေတြက
မိန္းကေလးတေယာက္ကို ေယာက္်ားေလးတေယာက္က
လက္မထက္ခင္ ေျပာေသာ စကားမ်ားႏွင့္ တူလြန္းေနသည္။
   ေဝဒ ပခံုးေပၚမွ အဂၢ လက္ကို ဖယ္ခ်ရင္း
   "ဘာေတြ ေျပာေနတာလဲ---ငါေမးတာက မင္း
ေက်ာင္းေဆာင္တုန္းကလည္း ငါ့သည္းခံေနေပးၿပီးၿပီ--အခု
ငါ လြတ္လြတ္လပ္လပ္ ေနပါရေစလား---။"
   အဂၢ ဘယ္လို လွည့္ပတ္ ေျပာရမည္နည္း စဥ္စား
လိုက္သည္။ သေဘာက်ပါသည္ တည့္ႀကီး ေျပာလိုက္လွ်င္
အဂၢလည္း တည့္ႀကီး အေဆာ္ခံရနိုင္သည္။ အဂၢ ေနာက္ဆံုး
အကြက္ကို ထုတ္သံုးမွရေတာ့မည္မို႔ ၊ မ်က္ႏွာငယ္ေလးႏွင့္
ငိုေတာ့မည့္ ပံုေပါက္ေအာင္ မ်က္ႏွာကိုလုပ္ရင္း
   "ငါ မင္းမရွိရင္ မေနတတ္လို႔ပါ----။"
   မ်က္လံုးေအာက္တြင္ ခပ္ညိဳညဳိအေရာင္ သန္းေနၿပီမို႔
အဂၢ ရက္အေတာ္ၾကာ ေကာင္းေကာင္းမအိပ္ထား
ရေသးမွန္း သိသာေနသည္။ အဂၢ ေျပာသည့္ သူ မရွိရင္
အိပ္မေပ်ာ္ ဆိုသည့္အခ်က္သည္ အမွန္ပင္ ျဖစ္ပံုေပၚသည္။
   "ေတာ္စမ္းအဂၢ မင္းေဆာင္ၾကာၿမိဳင္ကဟာေတြကို ခ်ဳပ္တဲ့
အေျပာမ်ိဳးေတြနဲ႔ လာမေျပာနဲ႔---။"
   "ကိုယ့္ မ်က္လံုးကို ေသခ်ာၾကည့္ ေဝဒ--ငါ မိန္းကေလး
ေတာ္ေတာ္မ်ားမ်ားနဲ႔ အိ္ပ္ခဲ့ေပမဲ့---မရွိမျဖစ္ ဆိုတာမ်ိဳး
မျဖစ္ခဲ့ဘူး---ေက်ာင္းေဆာင္ကေျပာင္းၿပီး ၁ပတ္အတြင္း
ငါနည္းမ်ိဳးစံုနဲ႔ စမ္းၾကည့္ခဲ့ၿပီးၿပီ မင္းမရွိရင္ ငါမေနတတ္
ေတာ့ဘူး ေဝဒ---။"
   ေဝဒ ၃လအၾကာ အဂၢ နွင့္ တခန္းထဲေနၿပီးၿပီမို႔
သံေယာဇဥ္ အနည္းငယ္ေတာ့ ရွိပါသည္။ သို႔ေပမဲ့ အဂၢ
သူ႔ကို ဘာ့ေၾကာင့္ လိုက္တြယ္ကပ္ေနမွန္းေတာ့ စဥ္းစားမရ။
   " အဂၢ ငါေမးမယ္ မင္း နဥ္သူရ ကို သေဘာက်ေနတာ
မဟုတ္လား--ငါ့ကို ဘာလို႔ တြယ္ကပ္ေနတာလဲ----။"
   အဂၢ ေခါင္းကိုသာ ကုတ္မိေတာ့သည္။ နဥ္သူရ ကို
သေဘာက်ရံုသာ ျဖစ္ၿပီး ေဝဒကိုေတာ့ ခ်စ္မိသြားေၾကာင္း
ဘယ္လို လွည့္ပတ္ ေျဖရမည္နည္း။
   ေဝဒတေယာက္ နဥ္သူရ အေၾကာင္းေျပာမွ ဒီေန႔
၃ေယာက္ ေတာထဲသြားကာ ေဆးပင္ရွာမည့္ ကိစၥကို
သတိရသြားသည္မို႔ အဂၢ ကိုထားခဲ့ကာ အခန္းျပင္ထြက္
ထြက္သြားလိုက္ေတာ့သည္။
   ေဝဒ ထထြက္သြားၿပီးေနာက္ အဂၢ ျပန္လွဲအိပ္လိုက္သည္။
ေဝဒ ကိုေတာ့ ေနာက္မွ ထပ္ေျပာရန္ စဥ္းစားလိုက္သည္။
အနည္းဆံုး ေဝဒ သူ႔အေပၚသံေယာဇဥ္ တစံုတရာေတာ့
ရွိေသးသည္ မဟုတ္လား။ေနာက္မွ ျဖည္းျဖည္းျခင္း
ခံစားခ်က္ေတြ နက္ရွိဳင္းလာဖို႔ ႀကိဳးစားရမည္ပင္။
~~~~~~~~~~~~~~~~~~~~~~~~~
   ညီေတာ္သတိုးေတဇ အခန္းႏွင့္ နဥ္သူရ အခန္းကို
ဖြင့္ၾကည့္လိုက္သည္။ ၂ခန္းလံုးတြင္လူမရွိေတာ့။
ေနအေတာ္ျမင့္သည္အထိ သူ မထေသာေၾကာင့္
ထားခဲ့ျခင္းျဖစ္နိုင္သည္။ အခန္းကိုမ်ား ဖြင့္ၾကည့္ခဲ့လွ်င္ေတာ့
သူႏွင့္ အဂၢ ဖက္အိပ္ေနသည့္ျမင္ကြင္းက ႀကိဳေနမည္ပင္။
ေဝဒ အဂၢကို ေမတၱာပို႔ နည္းေပါင္းစံုနွင့္ ေမတၱာပို႔သလိုက္
ေလေတာ့သည္။အဂၢေရ မင္းေတာ့ ျပႆနာရွာျပန္ၿပီပဲ။
~~~~~~~~~~~~~~~~~~~~~~~~~
   နဥ္သူရ၏ ျမင္းသည္  ျမင္းနက္ႀကီးျဖစ္ၿပီး၊ သတိုးေတဇ
ျမင္းမွာမူ အုန္းခြံေရာင္ျဖစ္သည္။ လမ္းတြင္ မာလာကာပင္
တပင္ေတြ႕ရာ သတိုးေတဇ ေနာက္ေက်ာမွ ေလးနက္ႀကီးကို
ယူကာ ျမွားတင္ၿပီး ပစ္ခ်လိုက္သည္။ ျမွားတံသည္
အသီးအညွာကိုသာ ေခၽြယူသြားရာ မာလာကာသီးသည္
ျပဳတ္က်လာသည္။နဥ္သူရျမင္သည္နွင့္ ျမင္းကို ဒုန္းစိုင္းစီးကာထို မာလကာသီးကိုမိေအာင္ဖမ္းယူေတာ့သည္။ ဖမ္းမိသည္နွင့္ သတိုးေတဇ ဖက္ကို လွည့္ၾကည့္လိုက္သည္။ နဥ္သူရ၏ ဂုဏ္ဆာဟန္ အၾကည့္တို႔ေၾကာင့္ သတိုးေတဇ ရယ္လိုက္သည္။
   "ဘာရယ္တာတုန္း----။"
   "ေတာ္လို႔ပါ-----ငါတို႔ ၂ေယာက္ အတြဲညီသားပဲ
ငါက ျမွားပစ္ မင္းကဖမ္း----။"
   "ေနာက္တခါ ငါပစ္ခ်ၾကည့္မယ္ မင္းဖမ္း---။"
   သတိုးေတဇသည္ နဥ္သူရ နွင့္ ရင္းႏွီးၿပီးေနာက္
သိလာသည္မွာ နဥ္သူရသည္ ဇြဲရွိရွိျဖင့္သူလုပ္ခ်င္သည့္
အရာကို ျဖစ္ေအာင္လုပ္တတ္သည္။ ေလးျမွား အတတ္
သင္ေပးစဥ္ကလည္း အစြမ္းကုန္ ေနည မလပ္
ေလ့က်င့္သည့္ အျပင္သတိုးေတဇ ကိုကတိေပးထားသည္
ေဆးကုေပးမည့္ ကတိအရလည္း  စာဖတ္ျခင္းကို
မလစ္ဟင္းေစရ ။
   "ေတဇ----။"
   နဥ္သူရ သတိေပးရင္း လက္ထဲမွ ၅ေထာင့္ၾကယ္ႏွင့္
မာလကာ ပင္မွ အသီးတလံုးကို ပစ္ခ်လိုက္သည္။
သတိုးေတဇလည္း ျမင္းကိုခပ္ျမန္ျမန္ႏွင္ရင္း သြားဖမ္း
လိုက္သည္။ လက္ထဲ မာလကာသီး ေရာက္လာၿပီးေနာက္
သတိုးေတဇ ျမင္းကုန္းႏွီးမွ အိတ္ထဲထည့္လိုက္သည္။
   "မစားဘူးလား----။"
   "ဘယ္လိုပဲ အပင္ေပၚမွာျဖစ္ျဖစ္ ဖုန္ေတြကပ္ေနမွာပဲေလ
ေရေဆးၿပီးမွ စားမလို႔-----။"
   ေတဇ စကားေၾကာင့္ နဥ္သူရ စားလက္စပင္
ပစ္ထုတ္ရေတာ့မလို ျဖစ္သြားသည္။
   သတိုးေတဇ  တေယာက္ နဥ္သူရကို လွည့္ၾကည့္ၿပီး
စားလက္စအသီးကို ျမင္သြားရာ ျမင္းကုန္းႏွီးထဲမွ အသီးကို
ခ်က္ခ်င္း ထုတ္စားလိုက္သည္။
   "လတ္လတ္ဆတ္ဆတ္ စားေတာ့ ေကာင္းတာေပါ့--။"
   ေတဇ အျပဳအမူကို ၾကည့္ရင္း နဥ္သူရ သေဘာက်
သြားသည္ေတာ့ အမွန္ပင္။
   ေတာအတြင္းဖက္သို႔ အေရာက္ ၂ေယာက္လံုး ျမင္းေပၚမွ
ဆင္းလိုက္ၾကသည္။ သစ္ပင္ ထူသည့္အျပင္ ေဆးပင္ရွာရန္
လာသည္မို႔ ျမင္းႏွင့္ သြား၍ အဆင္မေျပေတာ့။ သခင္မွလြဲ
လူစိမ္းအကပ္မခံေသာ ျမင္းေတြမို႔ ဇက္ႀကိဳးခၽြတ္ကာ
လႊတ္ထားလိုက္ေတာ့သည္။ ေဆးပင္တူးလိုက္
စကားေျပာလိုက္ႏွင့္ ၂ေယာက္သား ေတာနက္ဖက္
တစတစဝင္သြားသည္။ အေနာက္ဖက္မွ လူအေယာက္
၂ဝမွာမူ သူတို႔၂ေယာက္ေနာက္  တိတ္တိတ္ေလး
လိုက္လာသည္။
   "ေနမြန္းတည့္ေတာ့မယ္----ငါေတာ့ ဆက္သြားခ်င္
ေသးတယ္ မင္းသေဘာေရာ----။"
   နဥ္သူရ ေတဇဖက္လွည္ကာ ေမးလိုက္သည္။ အစက
၂ေယာက္တည္းမို႔ ခဏႏွင့္ ျပန္ရန္ေျပာထားေသာ္လည္း
ေရာက္ၿပီးေနာက္ နဥ္သူရ လိုခ်င္သည့္ေဆးပင္ကို ရေအာင္
ရွာယူခ်င္ေသးသည္။
   "မင္း ဆက္သြားခ်င္ရင္ သြားေလ တျခားလုပ္စရာ
ေထြထူးမွ မရွိတာပဲ---။"
   "ငါ ေတာင္ေစာင္းေတြမွာ ေပါက္တတ္တဲ့ မွိဳ
လိုခ်င္ေသးတယ္----။"
   ေတဇလည္း သေဘာတူသည္မို႔  ၂ေယာက္သား
ဆက္သြားေနခဲ့သည္။ ကုန္းျမင့္ အတက္လိုေနရာျဖစ္၍
ပင္ပန္းေနသည္။ နဥ္သူရ ေနာက္ျပန္လွည့္ဖို႔ စဥ္းစားမိ
ေသာ္လည္း ထိုမွိဳသည္ ကိုယ္တြင္း အပူဓာတ္ကို
တျခားေဆးပင္ မ်ားထက္ ပိုျမွင့္ေပးနိုင္သည္မို႔ ေတဇ
အဆိပ္ကုေပးရာတြင္ အသံုးဝင္ေလရာ လြယ္လြယ္ႏွင့္
လက္မေလ်ာ့နိုင္ ျဖစ္ေနသည္။ သြားရင္းျဖင့္ ေခ်ာက္ကမ္းပါး တခုထိပ္ ေရာက္သြားသည္။ ေအာက္တြင္
ေရကန္က်ယ္ႀကီးနွင့္ ေဘးမွ စိမ္းညိဳ႕ညိဳ႕ရြာေလးမ်ား၏
ျမင္ကြင္းေၾကာင့္ အေမာေျပသြားသည္။  နဥ္သူရ
အမွတ္မမွားလွ်င္ ထိုမွိဳသည္ ေခ်ာက္ကမ္းပါး ေအာက္တြင္
ေသခ်ာေပါက္ရွိသည္။ နဥ္သူရ သြားငံု႔ၾကည့္လိုက္ရာ
ေအာက္ဖက္ ၈ေပ ေလာက္အကြာတြင္ အမွန္ပင္
ရွိေလသည္။ သတိုးေတဇ တေယာက္ ေဘးနားရွိ
ေက်ာက္တံုး တခုေပၚ ထိုင္ရင္း အေမာေျဖေနရင္းမွ
   "မင္းရွာေနတာ ေတြ႔လား----။"
   "အင္း ေအာက္မွာ ေတြ႔တယ္---မင္း ခဏ ထိုင္ေနလိုက္
ငါ ေအာက္ဆင္းလိုက္မယ္----။"
   နဥ္သူရ ေစ်းမွ ဝင္ဝယ္လာေသာ က်စ္ႀကိဳးရွည္ကို
ေက်ာက္တံုး ခပ္ႀကီးႀကီးတြင္ ခ်ည္ၿပီးေနာက္ တလွမ္းခ်င္း
ေလွ်ာ ဆင္းလိုက္သည္။ မွိဳကို ေသခ်ာ ခူးၿပီး အက်ီ
ရင္ဘတ္ၾကားထဲ ထိုးထည့္လိုက္သည္။ ထိုမွိဳသည္ တျခား
ေဆးပင္မ်ားထက္ အဖိုးတန္သည္မို႔ တခုခုျဖစ္မွာ
စိုးရိမ္မိသည္။ အေပၚ ျပန္အတက္ ေရာက္ခါနီးတြင္ ေတဇ
လက္ကမ္းေပးသည္မို႔ ဆြဲတက္လိုက္သည္။
   "အာ့မွိဳက ဘယ္ေလာက္ထိ အဖိုးတန္လို႔ မင္း
ဒီေလာက္ ခက္ခက္ခဲခဲ ယူေနတာလည္း----။"
   နဥ္သူရ ျပန္မေျပာရေသးမီ လူအေယာက္၂ဝ ခန္႔လူတစု
သူတို႔ ရွိရာသို႔ ဓါးရွည္မ်ား ကိုင္ရင္း ဝိုင္းလာသည္မို႔
၂ေယာက္လံုး သတိ အေနအထားေနလိုက္သည္။
တဖက္တြင္ ေခ်ာက္ကမ္းပါး တဖက္တြင္ လူတစုနွင့္
ပိတ္မိသြားသည္။ အမဲေရာင္အဝတ္စမ်ားျဖင့္ မ်က္ႏွာကို
စည္းထား၍ ဘယ္သူဘယ္ဝါမွန္း မသဲကြဲ။ ဘာမေျပာ
ညာမေျပာ ၂ေယာက္လံုးကို ဓားရွည္မ်ားႏွင့္ ဝင္ပိုင္းရာ
၂ေယာက္လံုး အသဲအသန္ ခုခံရေတာ့သည္။ ေတဇက
ဓားရွည္ပါသည္မို႔ ဓားရွည္ နွင့္ တိုက္ရေသာ္လည္း၊ နဥ္သူရ
ဘာမွယူမလာသည္မို႔ လက္နက္ပုန္းမ်ား အဆိပ္မ်ားနွင့္ပင္
ျပန္ခုခံရေတာ့သည္။ ခဏအၾကာမွ ေခါင္းေဆာင္ ျဖစ္သူဟု
ထင္ရေသာ တေယာက္သည္ နဥ္သူရ ကိုဝင္ခုတ္ေသာ
လူတိုင္းသည္ေျမျပင္သို႔ လဲက်ကာ ျပန္ထမလာေတာ့မွန္း
သတိထားမိေတာ့သည္။ နဥ္သူရ လွည္ပတ္ေရွာင္ရင္းက
ေပါ့ေပါ့ ပါးပါးပင္ သူ႔လူ ၈ေယာက္ခန္႔ကို သတ္ၿပီးၿပီ
ျဖစ္သည္။ မိုခ ေျပာသည့္ထက္ပင္ နဥ္သူရ ဆိုသူက
ပို အစြမ္းထက္ေနသည္မို႔ အခက္ေတြ႔သြားသည္။
   "ေဟ့ေကာင္ေတြ နဥ္သူရ ဆိုတဲ့ေကာင္ကို
အေသသာ သတ္ေတာ့ကြာ-----။"
   နဥ္သူရ နာမည္ပါလာသည္မို႔ ၂ေယာက္လံုး အနည္းငယ္
လန္႔သြားေတာ့သည္။ ထိုစဥ္ ၉ေတာင္ က်ားတေကာင္သည္
နဥ္သူရတို႔နွင့္ အေဝးတြင္ရပ္ေနေသာ ေခါင္းေဆာင္ျဖစ္သူ
ထံ ခုန္အုပ္ လိုက္သည္။ လည္ပင္းမွ ေသြးမ်ားပန္းထြက္လာ
ၿပီး ထိုလုပ္ႀကံသူေခါင္းေဆာင္သည္ ရုပ္ပ်က္ဆင္းပ်က္
ေသဆံုး သြားေလသည္။ တိုက္ခိုက္ေနမွဳမ်ား အားလံုး
ရပ္သြားကာ ထိုက်ားဆီကိုသာ အားလံုး အာရံုစိုက္သြား
ၾကေလသည္။ နဥ္သူရ လူကို မေၾကာက္ေသာ္လည္း
ေဒါသႀကီးေနေသာ က်ားတေကာင္ကိုေတာ့ ၿဖံဳမိသည္။
က်ားေပါက္သည့္ရာသီ ျဖစ္၍ ထိုက်ားမသည္
ကေလးေဇာနွင့္ ေဒါသႀကီးေနပံု ရသည္။ အနီးနားတြင္
အသိုက္ရွိေလာက္သည္။ နဥ္သူရတို႔ ၂ေယာက္တည္း
ရွိစဥ္က အသံသိပ္မက်ယ္ေသာ္လည္း လုပ္ႀကံသူမ်ားႏွင့္
တိုက္ခိုက္သည့္အခါတြင္ေတာ့ ဓားခ်င္းထိသံပင္
က်ယ္ေလာင္ေနသည္မို႔ က်ားမသည္ အသိုက္ကို
ရန္ရွာသည္အထင္နွင့္ ခုခံတိုက္ခိုက္ေနကာ ေဒါသထြက္ေန
ပံုေပၚသည္။သူတို႔၂ေယာက္ရပ္ေနသည့္ ေနရာႏွင့္စာလွ်င္
လုပ္ႀကံ တိုက္ခိုက္သူတစုသည္ က်ားလာရာေနရာနွင့္
ပိုနီးေလရာ က်ားသည္ လုပ္ႀကံသူမ်ားကို တေယာက္ၿပီး
တေယာက္  ခုန္အုပ္ကာ လည္ပင္းကိုခ်ည္း ကိုက္သတ္
ေနရာ ေသြးပ်က္ဖြယ္ျမင္ကြင္းပင္။ လြတ္လမ္း
မျမင္ေတာ့သည္မို႔ ေတဇကို ခါးမွ ဖက္ရင္းေခ်ာက္ကမ္းပါးမွ
ခုန္ခ်လိုက္ ေတာ့သည္။က်ားကိုက္ၿပီး ေသရတာထက္ေတာ့
ေရနစ္တာက လြတ္လမ္းျမင္ေသးသည္။ ဘာေၾကာင့္ ေတဇ
ကို ဖက္ရင္းခုန္ခ်မိ သလဲေတာ့ မစဥ္းစားမိ။ လက္တြဲလည္း
ရတာပဲကိုး။ ေတဇ ကို လက္ ၂ဖက္ျဖင့္ ဖက္တြယ္ကာ
မ်က္လံုးသာ မိွတ္ထားလိုက္ေတာ့သည္။သူတို႔ ၂ေယာက္
ေရထဲအေရာက္ က်ားဟိန္းသံ အက်ယ္ႀကီး
ၾကားလိုက္ရသည္။ အေပၚတြင္ ရွိေနသူထဲမွ တေယာက္မွ
အသက္ရွင္ပံု မေပၚ။
~~~~~~~~~~~~~~~~~~~~~~~~~
   ေယာဇ အခန္းဝမွ ဝင္လာကတည္းက မင္းႀကီး
သတိုးရာဇာ မ်က္နွာ မေကာင္းသည္ကို ျမင္ေနရသည္။
အနားေရာက္သည္ႏွင့္ ေယာဇ ဒူးေထာက္ အရိုေသျပဳ
လိုက္သည္။
   "က်ေတာ္မ်ိဳး ေယာဇ မင္းႀကီးနဲ႔ မိဖုရားေခါင္ႀကီးကို
ဂါရဝျပဳပါတယ္----။"
   ဒူးေထာက္မွ ထရန္ ေျပာမလာသည္မို႔ ေယာဇ ေမာ့ၾကည့္
လိုက္ရာ မင္းႀကီးသတိုးရာဇာ အေတြးလြန္ေနပံုပင္။
ေရေႏြးၾကမ္း ပန္းကန္ကို ကိုင္ရင္း ေငးေနသည္။ ေဘးမွ
မိဖုရားေခါင္ႀကီး မဒီ မွ ေယာဇကို ေျခဟန္လက္ဟန္ျဖင့္
ထရန္ ေျပာလိုက္သည္။
   "ေယာဇ မင္း တကၠသိုလ္ျပည္ကို သြားဖို႔ လိုမယ္
ထင္တယ္---။"
   ရုတ္တရက္ႀကီး ေျပာလာေသာေၾကာင့္ ေယာဇ
ထူးဆန္းသြားသည္။ မေန႔ကပင္ ေဝဒ ဆီမွ စာပို႔လာ
ေသးသည္ မဟုတ္လား။
   "အေၾကာင္းတစံုတရာ ရွိလို႔လား ဘုရား---။"
   "ငါကိုယ္ေတာ္ စိတ္ထဲေလးေနတယ္ ေယာဇ--
အိမ္မက္ေတြလည္း မေကာင္းဘူး---တခ်က္ သြားၾကည့္ၿပီး
တခုခု မဟုတ္တာ လုပ္ေနရင္ ၃ ေယာက္လံုးကို
ျပန္သာ ေခၚခဲ့----။"
   "အမိန္ေတာ္ျမတ္ အတိုင္းပါ-----။"
   ေယာဇ အမိန္အတိုင္းထြက္လာခဲ့ ေသာ္လည္း
သတိုးေတဇ၏ စရိုက္အရ အလြယ္တကူ ျပန္မလိုက္
သည္ကိုသိ၍ ေခါင္းခဲ မိသည္။
   "ေမာင္ေတာ္ရာဇာ--စိတ္ထင္ေနတာလဲ ျဖစ္နိုင္တာပဲ
ေတဇက ထင္တာထက္ပိုၿပီး ကံေကာင္းတဲ့ကေလးပဲဟာ-။"
မိဖုရားႀကီး၏ ေခ်ာ့ေမာ့မွဳ႕ေၾကာင့္ မင္းႀကီးသတိုးရာဇာ
အနည္းငယ္ စိတ္ေအးသြားေသာ္လည္း ၊စိတ္ထဲတြင္
ေလးေနေသး သည္ေတာ့ အမွန္ပင္။ ညီေတာ္ သတိုးေတဇ
ေဘးကင္းဖို႔ ဆုေတာင္းမိသည္။
~~~~~~~~~~~~~~~~~~~~~~~~~
   ေရကန္ထဲ ျပဳတ္က်သည့္ ေနရာနွင့္ ကမ္းစပ္အေတာ္ေဝး
သည္မုိ႔ ေတဇေရာ နဥ္သူရပါ ကမ္းစပ္ေရာက္ေတာ့
အေတာ္ေလး ေမာဟိုက္ေနၿပီ ျဖစ္သည္။ ကမ္းစပ္က
ရြံ႕ထူထူေပၚမွာပင္ ၂ေယာက္လံုး လွဲကာ အနားယူ
ေနသည္။ မြန္းလြဲခ်ိန္ ျဖစ္၍ ရြံ႕မ်ားအေပၚယံေျခာက္ေနျခင္း
ေၾကာင့္သာ မဟုတ္လွ်င္ ၂ေယာက္လံုး ဗြက္လူးသလို
ျဖစ္ေနမွာ အမွန္ပင္။
   "အသက္ရွင္တာပဲ----။"
   နဥ္သူရ ထထိုင္ရင္း ေျပာလိုက္သည္။
   "အင္း---ေရကန္ထဲမွာ မိေခ်ာင္း ဘာညာ မရွိလို႔သာေပါ့-- မဟုတ္ရင္ မရွင္ဘူး---။"
   "က်ားကိုက္ခံရလည္း မရွင္ဘူးေလ---။"
   ၂ေယာက္သား အနည္းငယ္ ျငင္းခုန္မွဳ အၿပီး
ရယ္ေမာမိၾကသည္။ နဥ္သူရ၏ ေဆးပင္ထည့္သည့္
ျခင္းေတာင္းလည္း ဘယ္ေရာက္မွန္းမသိေတာ့ မွိဳကေတာ့
အက်ီ ထဲထည့္ထားသည္မို႔ ရွိေနေသးသည္။ ေတဇ ၏
ေလးကေတာ့ အေကာင္းတိုင္းေက်ာတြင္ ရွိေနေသး
ေသာ္လည္း ျမွားက်ည္ေတာက္တြင္ ျမွားမရွိေတာ့။
ဓားရွည္သည္လည္း ေရထဲျမဳတ္သြားေလၿပီ။
   "ထေတာ့ ဒီေနရာက ငါ အလာနည္းတယ္
လမ္းေပ်ာက္ေနရင္ မေမွာင္ခင္ အိမ္ကို မေရာက္ဘဲ
ေနလိမ့္မယ္---။"
   နဥ္သူရ ေတဇကို ဆြဲထူရင္းေျပာလိုက္သည္။ထို႔ေနာက္
၂ေယာက္သား ဒယီးဒယိုင္ ေျခလွမ္္းမ်ားနွင့္ ကန္ေဘာင္ေပၚ
ကုပ္တက္လိုက္ၾကသည္။  
~~~~~~~~~~~~~~~~~~~~~~~~~
   အဂၢ အခန္းထဲမွ ထြက္ထြက္ခ်င္း ခပ္လွမ္းလွမ္းရွိ
ပ်ဥ္းမပင္ ေအာက္တြင္ စာထိုင္ဖတ္ေနေသာ ေဝဒကို
ေတြ႕လိုက္ရသည္။ ေဘးနားတြင္ ေဆးပင္မ်ား
တစစီျပန္႔က်ဲေနသည္။ ေဆးက်ိဳထားသည့္ အိုးသည္လည္း
ေဘးတြင္ အေငြ႔ ေထာင္းေထာင္ထေနလ်က္။ အဂၢသည္
ေဝဒ ရွိရာဆီသို႔ ေလွ်ာက္သြားလိုက္သည္။
   "နိုးရင္လည္း ျပန္ေတာ့ ေနမြန္းလြဲေနၿပီ----။"
   အနားေရာက္ေရာက္ခ်င္း စာအုပ္မွ မ်က္လံုးမခြာဘဲ
ေျပာလိုက္ေသာ ေဝဒ စကားေၾကာင့္ အဂၢ နင္သြားသည္။
   "နဥ္သူရတို႔ေရာ----။"
   "ေတာထဲ ေဆးပင္ရွာ သြားတယ္---။"
   ေဝဒ မနက္က အျဖစ္ကို စဥ္းစားမိလွ်င္ စိတ္တို
လာသည္မို႕ေဘးနား ေနရာလြတ္တြင္လာထိုင္ေသာ အဂၢ
လက္ေမာင္းကို စာအုပ္ျဖင့္ ဖ်တ္ရိုက္ပစ္လိုက္သည္။
အဂၢလည္း ဘာမေျပာညာမေျပာ အရိုက္ခံရ၍
ေၾကာင္သြားသည္။
   "ဘာျဖစ္လို႔တုန္း---။"
   "ငါ့အခန္းထဲ မင္းခိုးဝင္ၿပီး ဖက္အိပ္ေနတဲ့ကိစၥ ညီေတာ္
သတိုးေတဇ သိသြားၿပီလား မသိဘူး---မင္းေတာ္ေတာ္
ျပႆနာရွာပါလား အဂၢ---။"
   အဂၢ အခုမွသေဘာေပါက္သြားသည္မို႔ ပါးခ်ိဳင့္ေလး
ထင္းေအာင္ ၿပံဳးရင္း
"သိေတာ့ေရာ ဘာျဖစ္လို႔လဲ---မင္း အေျပာျပရ
သက္သာတာေပါ့---။"
   "ဘာကိုေျပာျပရမွာလဲ----။"
   ေဝဒတေယာက္ စကားလႊဲသြားၿပီမို႔ အဂၢ သက္ျပင္းခ်ရင္း
   "ငါနဲ႔အတူ ထမင္းလိုက္စားမလား---ဒီကို ေျပာင္းလာတဲ့
အထိမ္းအမွတ္အေနနဲ႔---။"
   "မင္းကို ဘယ္သူက ေျပာင္းလာခြင့္ျပဳလို႔လဲ---ကုတင္က
က်ဥ္းကက်ဥ္းနဲ႔ကို---။"
   "ေဝဒ မင္း----။"
   ေဝဒ တေယာက္ အဂၢျဖစ္သြားေသာ အီလည္လည္
မ်က္ႏွာကိုၾကည့္ရင္း တခ်က္ရယ္လိုက္သည္။ ထို႔ေနာက္
   "အကိုေတာ္ ေဒဝကိုပါ ပါေအာင္ေခၚ---အာ့ဆို
ေျပာင္းလာခဲ့လို႔ရတယ္ သမားေတာ္ႀကီးကို ေျပာေပးမယ္-။"
   အဂၢ ခ်က္ခ်င္း ေခါင္းညိမ့္ျပလိုက္သည္။ ခဏအၾကာ
ေဝဒ စာဖတ္အၿပီး ၂ေယာက္သား ထမင္းစားဖို႔ရာ
စားေသာက္ဆိုင္ေတြဆီသို႔ ထြက္ခဲ့ေတာ့သည္။ ေဝဒ
ဖက္က အနည္းငယ္ လိုက္ေလ်ာလာၿပီမို႔ က်န္ကိစၥ ေတြ
ကိုေတာ့ တျဖည္းျဖည္းခ်င္းသြားဖို႔ အဂၢ ဆံုးျဖတ္လိုက္သည္။
ကိုယ့္ဖက္က ျမတ္နိုးရသူမို႔ ေစာင့္ဆိုင္းရသည္မွာ မဆန္း။
မ်က္စိေရွ႕တြင္ အဂၢကို တခါတခါ ရိုက္လိုက္ပုတ္လိုက္
နွင့္ စကားေတြ အမ်ားႀကီး ေျပာေနေသာ ေဝဒကိုၾကည့္ရင္း
အဂၢ အနည္းငယ္ေတာ့ ေက်နပ္မိသည္။ ေဝဒ လည္း
သူ႔ကိုလြမ္းေနသည္ပဲ။
~~~~~~~~~~~~~~~~~~~~~~~~~
   အေရာက္နည္းသည့္ ေနရာမို႔ နဥ္သူရ မ်က္စိလည္ေနၿပီ
ျဖစ္သည္။ ေတဇသည္လည္း လူစိမ္းမို႔ ၂ေယာက္သား
ညေနေရာက္သည္အထိ လည္ေနတုန္းပင္။ သစ္ပင္ေတြ
ယွက္ႏြယ္လ်က္ ဘယ္ေနရာကို ၾကည့္ၾကည့္အတူတူလိုပဲ
ထင္ရသည္။ ျမင္းေတြ ရွိေလာက္မည့္ ေနရာ နွင့္လည္း
ေဝးေနေသးသည္မို႔ ေတာစပ္ေရာက္ေအာင္ ျပန္ဖို႔
တလမ္းသာ ရွိသည္။ ေတဇ ကိုလွည့္ ၾကည့္လိုက္ရာ
သစ္ပင္တပင္ကို လက္ေထာက္ရင္း အေမာ ေျဖေနသည္။
မ်က္နွာ တခုလံုး ျဖဴဖပ္ကာ ေခၽြးေစးမ်ား ျပန္ေနၿပီမုိ႔ ေတဇ
အေျခေနမေကာင္းေတာ့မွန္း နဥ္သူရ သိလိုက္သည္။
ေရကန္ထဲတြင္ နာရီဝက္ေက်ာ္ ေရစိမ္ ခဲ့ရသည္အျပင္
ေတာထဲေတာင္ထဲ ၅နာရီေလာက္ အေအးခံခဲ့ရသည္မို႔
အေအးမိသြားသည္လည္း ပါမည္ထင္သည္။ နဥ္သူရ
ေတဇ ပခံုးကိုပုတ္ရင္း
   "အဆင္ေျပေသးလား----ခဏေတာင့္ထားဦး
လမ္းရွာေတြ႔မွာပါ ငါအရင္က ဒီကိုေရာက္ဖူးတယ္-ၾကာေတာ့ ေမ့သြားလို႔သာ----။"
   ေတဇ ေခါင္းညိမ့္ျပသည္မို႔ နဥ္သူရ ေဘးမွ တြဲေပးရင္း
ဆက္ေလွ်ာက္လာခဲ့သည္။ ဘယ္ေလာက္မွ မေလွ်ာက္
ရေသးမီ၊ ႏြယ္ေတြဖံုးေနေသာေျမျပင္ေပၚေျခလွမ္းလိုက္ခ်ိန္ ေျခေထာက္ေအာက္တြင္ေလဟာနယ္ျဖစ္သြားသည့္
ခံစားခ်က္နွင့္အတူ ၂ေယာက္လံုး ေအာက္ဖက္ျပဳတ္က်
သြားသည္။ ကံေကာင္းလြန္းေသာ ကိုယ့္ကံကိုသာ နဥ္သူရ
အျပစ္တင္မိေတာ့သည္။'ကံဆိုးမ သြားရာ၊ မိုးလိုက္လို႔ရြာ'
စကားပံုအတုိင္းပင္ျဖစ္ေနေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~
   ညဖက္ မိုးခ်ဳပ္သည္အထိ နဥ္သူရႏွင့္ ညီေတာ္
သတိုးေတဇ ၂ေယာက္လံုး ျပန္္မလာသည္မို႔ ေဝဒ
စိုးရိမ္စျပဳလာသည္။ သြားမည္ဟု၃ေယာက္တိုင္ပင္တုန္းက
ေတာထဲတြင္ ညမအိပ္ဟု ေျပာထားခဲ့သည္မို႔ တခုခုမ်ား
ျဖစ္ေနမလား စိုးရိမ္မိသည္။ ထိုစဥ္ အဂၢ အခန္းတံခါးကို
ဖြင့္ဝင္လာေလသည္။ အဂၢ တေယာက္ စားေသာက္ဆိုင္မွ
အျပန္ ေဒဝ နွင့္ ယံနီကို အက်ိဳးေၾကာင္း ေျပာရန္
ေဝဒ နွင့္အတူလိုက္မျပန္ဘဲ သူငွားထားေသာ စံအိမ္ဆီ
ျပန္သြားျခင္းျဖစ္သည္။
   "မင္းအကိုေတာ္က ေျပာလိုက္တယ္---မင္း ယံနီကို
ျပန္ေတာင္းပန္ရင္ ဒီကို ေျပာင္းလာဖို႔ သေဘာတူတယ္တဲ့ ။"
   "မေတာင္းပန္နိုင္ဘူး---ငါမမွားဘူး ေတာင္းပန္မွ
ေျပာင္းလာမယ္ ဆိုရင္ေတာ့---မင္းလည္းမလာနဲ႔ေတာ့--။"
   အဂၢ လည္း ညီအကို၂ေယာက္ ကိစၥ ကိုမရွင္းတတ္ေတာ့
နဥ္သူရ နွင့္ သတိုးေတဇ ၂ေယာက္လာမွ ကူစဥ္းစား ခိုင္းဖို႔
ဆံုးျဖတ္လိုက္သည္။
   "နဥ္သူရတို႔ေရာ ျပန္မေရာက္ ေသးတာလား---။"
   အေဆာင္ထဲအဝင္တြင္ ေဝဒ အခန္းမွလြဲ၍ တျခားအခန္း
အားလံုး မီးမထြန္းထားသည္မို႔ အဂၢ ေမးလိုက္ျခင္းျဖစ္သည္။
  "မေရာက္ေသးဘူး---တခုခုမ်ား ျဖစ္ေနတာလား မသိဘူး--မင္း လိုက္ခဲ့ေပးမလား---ငါ အခု သြားရွာမလားလို႔----။"
   ေဝဒ တေယာက္ ဓားရွည္ကို ေကာက္ကိုင္ကာ သြားရန္
ျပင္ေနၿပီမို႔ ၊ အဂၢ ေဝဒ ပခံုးကို လွမ္းဆြဲထားရင္း
   "အခုက် ေမွာင္ေနၿပီ လိုက္ရွာလည္း မေတြ႔မွာ စိုးရတယ္
ဒီလိုလုပ္ေလ---မနက္ေစာေစာက်မွအတူတူရွာၾကတာေပါ့-
နဥ္သူရက ေတာကၽြမ္းတာပဲ အခု ညေတာ့ သူ
လံုၿခံဳတဲ့ေနရာ ရွာေနနိုင္ေလာက္ပါတယ္---။"
   အဂၢ စကားေၾကာင့္ ေဝဒ အနည္းငယ္ေတာ့ စိတ္ေအး
သြားသည္။ နဥ္သူရသည္ တကၠသိုလ္ ျပည္တြင္ ၃နွစ္ ေက်ာ္
ေနၿပီးၿပီ ျဖစ္၍ ေဒသခံနီးပါး နယ္ေျမ ကၽြမ္းက်င္ေလရာ
အႏၱရာယ္ကို ေသခ်ာေပါက္ ၾကည့္ေရွာင္နိုင္မည္ပင္။
မနက္ေစာေစာ သြားရွာရမည္ ဆိုေသာအေၾကာင္းျပခ်က္ျဖင့္
အဂၢ တေယာက္ကေတာ့ ေဝဒ ကုတင္ေပၚ မွာပင္ အတင္း
ဝင္အိပ္ေတာ့သည္။ ဥာဏ္မ်ားလွေသာ အဂၢ ကို
မနိုင္ေတာ့တာမို႔ ေဝဒ လႊတ္ထားလိုက္ေတာ့သည္။ ၃လခန္႔
အဂၢနွင့္ တအိပ္ယာထဲမွ်သံုးၿပီးၿပီမို႔ တြက္ကပ္ေနလဲ
သိပ္ထူးေတာ့သည့္ အရာေတာ့မဟုတ္ေတာ့။
ေဆာင္းရာသီ ဝင္စျပဳေနသည္မို႔ ေဝဒသည္လည္း
အဂၢ ကိုယ္ေငြ႔ေႏြးေႏြးႏွင့္ အိပ္ရသည္ကို
သေဘာက်ပါသည္။
~~~~~~~~~~~~~~~~~~~~~~~~~


သူရိယောဝ သူရိေယာဝ(Ongoing)Kde žijí příběhy. Začni objevovat