Unicode Vesion
အခန်း(၁၃)
ဝေဒ၊တေဇ နှင့် နဉ်သူရ တို့ စာကြည့်တိုက်တွင်
စာထိုင်ဖတ် နေစဉ် နဉ်သူရတယောက် စာအုပ်ထဲ
စိတ်မပါဘဲသေရည်သောက်သည့်နေ့က ကိစ္စကို
ပြန်တွေးနေသည်။နောက်နေ့တွင် နိုးလာလာချင်း
သမားတော်ကြီး၏ အပြစ်ပေးတာ တန်းခံရသဖြင့်
ညကမူးမူး နှင့် နမ်းမိသည့်ကိစ္စ ပြန်မပြောကြဖြစ်တော့။
အမှန်ပြောရရင် ထိုအချိန်ကတေဇ တယောက် အသိစိတ်ရှိ
နေသေးသလား တော့ သိချင်မိသည်။ မေးဖို့က သိပ်တော့
အဆင်မပြေလှ။ တေဇ သည်လည်း ပုံမှန် အတိုင်းပဲ
ပြောဆိုဆက်ဆံနေပြီးသေရည် သောက်တဲ့နေ့က ကိစ္စ
တခွန်းမှ မဟ။ 'မင်း မူးမူးနဲ့ ငါ့ကို နမ်းတာ မှတ်မိသေးလား'
လို့ တည့်ကြီးသာ မေးပစ်ချင်ပေမဲ့ မမှတ်မိဘူး ဖြေခဲ့ရင်
ဖြေရှင်းရခက်သွားမည်ပင်။ တေဇအကို ဝေဒ သည်လည်း
အနားတွင် အမြဲရှိနေတတ်သည် အပြင်
ကျောင်းအဆောင်တုန်းကလို ၂ယောက် တခန်းမဟုတ်၍
၂ယောက်တည်းရှိနေချိန် ရှားတာမို့ မေးခွင့်မကြုံ။တေဇ
တယောက် စာဖတ်နေရာမှ စာအုပ်စင်တွေဖက် ထထွက်
သွားသည်။ စာအုပ်စင်ဖက်သည် လူရှင်းနေတတ်သည်မို့
နဉ်သူရ အနောက်မှခပ်သုတ်သုတ် လိုက်သွားသည်။ တေဇ
မမှတ်မိ၍ အရှက်ကွဲခဲ့ရင်တောင် တေဇ တယောက်တည်း
သိကာတခြား လူမသိသည်မို့ လူမသိ သူမသိ အရှက်ကွဲ
မည်သာ။
တေဇ တယောက် စာအုပ်စင် ၂ခုကြား ဝင်သွားသည်မို့
နဉ်သူရလည်း နောက်မှ လိုက်ဝင်လိုက်သည်။ ထိုစာအုပ်စင်
ကြားမှ တဆင့် တေဇတယောက် နောက်ထပ် တခုဆီ
ဆက်သွားသည်ကို တွေ့ရ၍ နောက်မှ ထပ်လိုက်ရ
ပြန်သည်။"ပြေးတမ်း လိုက်တမ်း ကစားနေတာများလား---။"
ဟု နဉ်သူရ စိတ်ထဲမှ ရေရွတ်ရင်း တေဇနောက် ဆက်လိုက်
နေသည်။ နောက်ဆုံး တေဇ တယောက် စာအုပ်ရပ်ရွေး စဉ်
နဉ်သူရ လိုက်မီသွားကာ တေဇ အနားကပ်သွားလိုက်သည်။
"တေဇ----။"
ခေါ်သံကြားသည်မို့ သတိုးတေဇ လှည့်ကြည့်လိုက်တော့
နဉ်သူရ ဖြစ်နေသည်။ သူပဲ စိတ်ထင်နေ၍ လားတော့မသိ
နဉ်သူရ မျက်နှာ နီမြန်းမြန်းဖြစ်နေသည်။
"ဟို သေရည်သောက်တဲ့ နေ့ကလေ---မင်းနဲ့ငါ ဟို----။"
စိတ်တင်းကာ မေးမည် ဆုံးဖြတ်ထားသော်လည်း
တေဇ၏ ဇာမဏီ မျက်ဝန်း ခပ်လှလှ ကို စိုက်ကြည့်မိသည့်
အချိန်မှာတော့ ပြောမည့် စကားတို့ ပျောက်သွားသယောင်။
'နဉ်သူရရေ မင်းကနုနုနယ်နုယ် မိန်းကလေးမဟုတ်ဘူးကွ
ယောက်ျားပဲ မေးသာချလိုက်' ဟုစိတ်ထဲမှ အကြိမ်ကြိမ်
အားတင်းယူနေရသည်။
"အာ့နေ့ကလေ မင်းငါ့ကို----။"
"မင်း တို့ ဝေဒကို တွေ့မိသေးလား----။"
နဉ်သူရ စကားသံ ခပ်တိုးတိုး ကို ဆိုင်းမဆင့်ဘုံမဆင့်
ရောက်လာကာ မေးချလိုက်သော အဂ္ဂ အသံက လွှမ်းသည်။
အချိန်ခါကိုက် ရောက်လာတတ်သော အဂ္ဂ ပင်။
"စားပွဲမှာစာထိုင် ဖတ်နေတယ်လေ--မတွေ့ခဲ့ဘူးလား--။"
"တွေ့မှတော့ မင်းလာမေးမနေဘူး----။"
ပြန်ဖြေသူက သတိုးတေဇမို့ အဂ္ဂ ဘုပြန်ပြောပစ်လိုက်
သည်။
"မင်းဖာသာ ရှာနိုင်ရှာ မရှာနိုင် မတွေ့နဲ့-----။"
၂ယောက်သား တယောက်တပြန် ကိုက်နေပြီမို့ နဉ်သူရ
ဝင်ထိန်းရတော့သည်။
"နေဦး စကားမများကြနဲ့ အဂ္ဂ မင်း ဝေဒကိုရှာတာ
မဟုတ်လား---။"
အဂ္ဂ ခေါင်းညိမ့်ပြလိုက်သည်။
"ခုနကတော့ စားပွဲမှာ စာထိုင်ဖတ်နေတာ အမှန်ပဲ အခု
စားပွဲမှာ မရှိတော့ဘူး ဆိုရင်တော့ ကြာကန်ဖက်သွားကြည့်
တခါတလေ အာ့ဖက်သွားထိုင်နေတတ်တယ်---။"
"သြော် အေး----။"
နဉ်သူရ ဝင်ရှင်းမှ အဂ္ဂလည်း ပြေလည်ကာ ထွက်သွား
တော့သည်။
အဂ္ဂ တယောက် မျက်နှာ နီမြန်းနေသော နဉ်သူရ ကို
အနည်းငယ် ထူးဆန်းသလို ထင်နေသော်ငြား၊ ဝေဒ ကို
တွေ့ရဖို့ ပို အလျှင်လိုနေသည်မို့ ကြာကန်ရှိရာကိုသာ
လမ်းလျှောက် သွားလိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မင်း ခုနက ဘာပြောဖို့လဲ----။"
အဂ္ဂ ထွက်သွားတော့ တေဇ ခုန စကားကို ပြန်မေးလာ
ရာ နဉ်သူရ ဖြေရခက်သွားသည်။ ခုနက သတ္တိမွေး၍ မေးရန်
ဖြစ်သော်လည်း ယခုမူ ထိုသတ္တိများ ပျောက်ကာ လူပင်
ကတုန်ကယင် ဖြစ်လာသည်။
"ငါတို့ သေရည်သောက်တဲ့နေ့က မင်း တောထဲကို
ဆေးပင်ရှာ အတူလိုက်ပေးမယ်လို့ ကတိပေးထားတယ်--
အာ့ ဒီတပတ် ကျောင်းပိတ်ရက် ဘယ်လိုလဲ----။"
နဉ်သူရ သတ္တိ မွေးမရသည့်အတူတူ စကားလမ်းကြောင်း
ပြောင်းကာ လိမ်ပစ်လိုက်တော့သည်။
"သြော်----ကတိပေးခဲ့တယ် ဆိုလဲ သွားကြတာပေါ့
အမှန်ပြောရရင် ငါ ဘာမှ မမှတ်မိဘူး---။"
နဉ်သူရ စိတ်ထဲမှာတော့ တေဇကို ခွေးကောင် ချင်း
ထပ်၍ မိုးမွှန်အောင် ဆဲနေလေပြီ။ 'နမ်းတုန်းကနမ်းပြီး
အခုကျ မမှတ်မိတော့ဘူးတဲ့လား ခွေးကောင်ရေ'ဟု နဉ်သူရ
ပစ်ပစ်နှစ်နှစ်ဆဲပြီးနောက်
"သြော် မမှတ်မိဘူးလား လိုက်လို့ရော အဆင်ပြေလား-
တခုခု လုပ်စရာရှိသေးလား---။"
"ပြေပါတယ်----။"
သတိုးတေဇ နဉ်သူရကို မမှတ်မိ ဟု လိမ်လိုက်
သော်လည်း အမှန်တကယ်တော့ သူမှတ်မိနေခဲ့သည်။
တောထဲ အဖော်လိုက်ပေးရန် ကတိပေးသည့် ကိစ္စကတော့
သေချာမသိတော့ သော်လည်း ထိုနေ့က နဉ်သူရကို
နမ်းလိုက်သည်ကိုတော့ အသေချာကြီးကို မှတ်မိသည်။
စနမ်းသည့် အချိန်တုန်းက သတိုးတေဇ သတိလက်လွတ်
ဖြစ်နေခဲ့ သော်ငြား နှုတ်ခမ်းချင်း ထိမိသွားသည့်
အချိန်တွင်တော့ သတိဝင်သွား ခဲ့သည်။ နှုတ်ခမ််းချင်းခွာ
တော့မည့်အချိန် နဉ်သူရ ကိုယ်တိုင် လိုလိုလားလား
ပြန်နမ်းလာသည့်မို့ သတိုးတေဇ ပျော်ခဲ့သော်လည်း
ဘယ်ချိန် သတိလွတ် အိပ်ပျော်သွားလဲ မသိလိုက်။
၂ယောက်လုံး မူးယစ်နေခဲ့သည်မို့ ထိုအနမ်းသည်
အတည်ယူမရဟုသာ ထင်လိုက်သည်။ အကိုတော် ဒေဝ
ကိစ္စ ပြောတုန်းက နဉ်သူရ ထူးဆန်းသည်ဟု
ပြောခဲ့ဖူးသည်မို့ နဉ်သူရသည်ယောက်ျားချင်း ကြိုက်သည့်
ကိစ္စကို လက်မခံနိုင်ဟု သတိုးတေဇ ယူဆလိုက်သည်။
သူသာ မှတ်မိကြောင်းပြောခဲ့ရင် နဉ်သူရ သူ့ကို
စိတ်ဆိုးမည်ကို စိုးရိမ်မိသည်။ နဉ်သူရမေးလာခဲ့လျှင်လည်း
လိမ်ဖို့ တနည်းသာ ရှိသည်။ထိုနေ့က အကြောင်း နဉ်သူရ
စကားစလာ၍ လန့်သွားသော်လည်း တခြား အကြောင်းမို့
စိတ်အေးသွားသည်။ ယောက်ျားလေး တယောက်ကို
ချစ်ကြောင်း ဖွင့်ပြောဖို့ သတိုးတေဇ အတော်လေး သတ္တိမွေး
ရမည်ပင်။ သူငယ်ချင်း ဆက်ဆံရေးတောင် မရှိတော့ရင်
လွမ်းနေရမည့်သူမှာ သတိုးတေဇ သည်ပင်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကာလင်္က၏ အလှဆုံးနေရာထဲတွင် ကြာကန်သည်လည်း
အပါအဝင်ပင်။ ကြာပေါင်းမျိုးစုံက အပြိုင်အဆိုင်ဖူးပွင့်နေပြီး
ကြာပန်းရနံ့ ခပ်သင်းသင်းက ကန်ပတ်လည် လေထုထဲတွင်
ပျံနေလေ့ရှိသည်။ ထောင့်မှန် စတုဂံပုံစံရှိပြီး ၁ဝဧက နီးပါး
ကျယ်ဝန်းသည်။ ကန်ပတ်လည်ကို အုတ်စီကာ ဘောင်လုပ်
ထားသည်မို့ ထိုင်ချင်စဖွယ် ဖြစ်နေသည်။ ကန်အလယ်တွင်
ဇရပ်တဆောင် ဆောက်ထားကာ အနုပညာ ဘာသာရပ်ကို
သင်ယူလိုသော အမျိုးသမီး စာသင်သားသည် ထိုဇရပ်ရှိ
ဆရာမ အမရာ ထံတွင် သွားရောက် သင်ယူရသည်။
အမျိုးသား စာသင်သားများ အတွက်မူ ထိုကန်လယ်
ဇရပ်တွင် မသင်ယူရဘဲ၊ သမားတော်ကြီး မင်းခွန်းသ ထံတွင်
သင်ယူရသည်။ အမျိုးသား စာသင်သားများ ကတော့
ကြာကန်၏ အလှ နှင့် တခါတရံ ပျံ့လွင့်လာတတ်သည့်
သာယာသော တေးဂီတသံ ကိုနားဆင်ဖို့ရာ ကန်ပတ်လည်
အရိပ်ရ အပင်များအောက်တွင် ထိုင်နေလေ့ရှိကြသည်။
အဂ္ဂတယောက် ကန်ပတ်လည် လှည့်ပတ်ကြည့်ပြီးနောက်
သူရှာနေသော ဝေဒကို တွေ့လိုက်ရသည်။ မယ်ဇယ်ပင်
တပင်ကိုမှီကာ စာအုပ်ကိုမျက်နှာပေါ်အုပ်ရင်း အိပ်နေသည်။
ဝေဒရှိရာ အဂ္ဂ ခပ်သုတ်သုတ်လျှောက်လာလိုက်သည်။
အဂ္ဂ ဝေဒ အနားရောက်ပြီး ဝေဒ မျက်နှာပေါ်ရှိ စာအုပ်ကို
အသာယာ ဖယ်လိုက်သည် အထိ ဝေဒ မနိုးသေး။
ဝေဒ၏ မျက်နှာပုံစံသည် ကလေးဆန်သော မျက်နှာပေါက်
ဖြစ်သည်တွင် ယခုမူ နှုတ်ခမ်း အနည်းငယ် ဆူနေသယောင်
ဖြစ်နေသည်မို့ အဂ္ဂ တစိမ့်စိမ့်ကြည့်ရင်း အသဲယား
လာသည်။ဝေဒ မျက်နှာကို အပေါ်စီးမှ ငုံ့အကြည့် ဝေဒ
မျက်လုံးကို ဖြတ်ခနဲ ဖွင့်လိုက်သည်။ အဂ္ဂ လန့်ကာ ဘေးသို့
နောက်ပြန်ကျသွားသည်။
"မင်း ဘာလာလုပ်ပြန်တာလဲ----။"
အဂ္ဂ တယောက် အလွမ်းတွေ တပွေ့တပိုက်နှင့်အလာ
ဝေဒ စကားကြောင့် ပြောမည့်စကားများပင် နင်သွားသည်။
မတွေ့ခင်ကမူ ပြောရန်စကားများပင် စိတ်ထဲတွင် ကြိုတင်
စာစီထားသော်လည်း ဝေဒနှင့် တွေ့သည့်အချိန်တွင်တော့
ပြောမထွက်လာတော့။ အရင်က အဂ္ဂ အပြောတပေါက်တွင်
ကျား၊မ မရွေးမျောပါသွားအောင် အပြောကောင်းခဲ့ခြင်းသည်
ယခု သုံးမရတော့သော အစွမ်းလိုပင်။
"ဟ အဂ္ဂရေ ပင်းနေတာလား အနေတာလားကွာ---။"
ဝေဒ အော်သံကြောင့် အဂ္ဂ သတိပြန်ဝင်လာကာ
"ဖြည်းဖြည်းပြောပါကွ---ဒီအတိုင်း လာတွေ့ရုံပဲ----။"
"သြော် နဉ်သူရကို လာရှာတာ ဆိုရင်တော့ သူနဲ့ တေဇ
စာကြည့်တိုက်မှာ ရှိတယ်---။"
"ငါ မင်းကို လာတွေ့တာ----မင်းအကိုတော် ကိစ္စ
မင်းငါ့ကို စိတ်ဆိုးနေသလားလို့----။"
"အင်း---နည်းနည်းတော့ စိတ်ဆိုးပေမဲ့--မင်းအမှားမှ
မဟုတ်တာ---အကိုတော်လည်း အချိန်လိုမယ်ထင်လို့
ဒီအတိုင်းလွှတ်ပေးထားတာ---။"
"သြော်----။"
၂ယောက်ကြား ပြောစရာစကား ပျောက်သွားပြန်သည်။
ဝေဒ သက်ပြင်းတချက်ချရင်း။
"မင်း ငါ့တို့ရဲ့ နောက်ကြောင်းတွေ သိပြီးသားဆိုတော့
မင်းလည်းခန့်မှန်းမိမှာပါ--ငါတို့ နေချင်သလို နေမရဘူး အဂ္ဂ
အကိုတော်မင်းကြီးသည်သာ နိုင်ငံ့ ဦးသျှောင် ဆိုပေမဲ့---
ညီတော်သတိုးတေဇရော ငါတို့ ညီအကို၂ယောက်လုံး
ပခုံးပေါ်မှာရော တာဝန်ကိုယ်စီ ရှိပြီးသား--သိတတ်စအရွယ်
ကတည်းက အကိုတော် မင်းကြီးက ငါတို့ အုပ်ထိန်းသူ
ညီတော် တေဇက ငါတို့ စောင့်ရှောက်ရမယ့်ကလေး
ငါတို့က နောင် လူမျိုးတွေရဲ့ နောက်ဆုံး တော်ဝင်မျိုးဆက်
ရွေးချယ်ခွင့်မရှိသလို နှုတ်ထွက်ခွင့်ဆိုတာ ဝေးသေးတယ်
အကိုဒေဝလည်း ထွက်ပြေးနိုင်လှ ဒီမှာနေတုန်းခဏပေါ့--။"
"မင်းတို့ဘဝတွေက သာယာမယ်လို့ပဲ----ငါတော့
ထင်ခဲ့တာ---။"
အဂ္ဂ အပြောကြောင့် ဝေဒ ခြောက်ကပ်ကပ်ရယ်ရင်း
"ကာလင်္ကမှာ စည်းမျဉ်းပေါင်း ၅ဝဝရှိတယ်--သူရိယောဝ
နန်းတွင်းမှာ စည်းမျဉ်းနဲ့ ထုံးဓလေ့ ၁ဝဝဝ ကျော်တယ်
မင်းသာယာမယ် ထင်လား အဂ္ဂ---။"
အဂ္ဂ လည်းဘာပြောရမှန်းပင်မသိတော့။ မိမိ ခမည်းတော်
သည်တောင်ညို ဆက်ခံသူဆိုပေမဲ့၊ တောင်ညိုသည် နန်းမြို့
မဟုတ်တာကြောင့် စည်းကမ်း သိပ်မတင်းကျပ်။ အဂ္ဂ မိခင်
ဖက်က အဖိုးနှင့် အနေများသည်ကတကြောင်း၊
ကုန်သည်မျိုးရိုးဖြစ်သည် တကြောင်းကြောင့် လွတ်လပ်စွာ
နေထိုင်ခဲ့ရသည်။ ဝေဒပြောပြမှ အံသြသွားသလို အဂ္ဂ
ကိုယ်ကိုယ်ကို လူဖြစ် ကံကောင်းသည်ဟုလည်း
ယူဆလိုက်သည်။
"မင်း ဘာမှ ပြောစရာမရှိတော့ရင် ငါပြန်တော့မယ်--
နဉ်သူရတို့ ရှာနေလောက်ပြီ---။"
ဝေဒ ပြောပြီးသည်နှင့် ထထွက်သွားတော့သည်။
အဂ္ဂ တယောက် ဝေဒ ကျောပြင်ကိုကြည့်ရင်း
ငေါင်စင်းစင်းကြီး ကျန်ခဲ့တော့သည်။ လွမ်းတယ် ဆိုသည့်
စကားလေးပင် မပြော လိုက်ရချေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခန္ဓာကိုယ် နွဲ့နှောင်းပျော့ပျောင်းသော ကချေသည်လေး
များသည် စည်းချက် သံစဉ်နှင့် အညီ မာလာမြိုင် ဘုရင်၏
ရှေ့တော်မှောက်တွင် ကပြအသုံးတော်ခံနေသည်။
ကကွက်များသည် စည်းချက်ကျနကာ ညင်သာသော
ကဟန်နှင့် ဝတ်ဆင်ထားသော ရောင်စုံ ဝတ်စုံများ ကြောင့်
လိပ်ပြာလေးများ ဝဲပျံနေသလိုပင်။
စစ်သူကြီး နဉ်ယဉ်သည်လည်း မာလာမြိုင်ဘုရင် မိုခမ်း
နောက်တွင်ရပ်ရင်း ကပြဖျော်ဖြေမှုကို ကြည့်နေသည်။
သီချင်းသံ အဆုံးတွင်တော့ ဘုရင်မိုခမ်းသည် ဖျော်ဖြေသူ
အားလုံးကို ထွက်သွားရန် လက်ပြလိုက်သည်။
"သမီးတော် အမရာဆီက စာပို့လာတယ်---သူရိယောဝရဲ့
မင်းသား သတိုးတေဇ ကာလင်္ကကို ရောက်နေတာ ဖြစ်နိုင်
တယ်တဲ့---စောင့်ကြည့်ပြီး သေချာရင် အကြောင်းပြန်
မယ့်အကြောင်းလဲ ပြောထားတယ်---မောင်းမင်း ဖက်က
အခြေနေ ထူးခြားမှု တစုံတရာ ရှိသေးလား---။"
စစ်သူကြီး နဉ်ယဉ်သည် ဘုရင် မိုခမ်း ရှေ့မှောက်
တွင် ဒူးထောက် အရိုသေပြုရင်း
"မင်းသား သတိုးတေဇရဲ့ ပုံတူကို အကြမ်းဆွဲ နိုင်ဖို့
ကြိုးစားနေပေမဲ့ ဖမ်းမိသမျှ သူရိယောဝ နန်းတွင်း
အစေခံတွေက အဝေးကမြင်ဖူးတဲ့ လူတွေချည်းဆိုတော့
ပုံပေါ်ဖို့တော့ အချိန် လိုသေးကြောင်းပါ----။"
"တဖြည်းဖြည်းနဲ့ ဆောင်းဝင်တော့မယ် နဉ်ယဉ်----
ဒီဆောင်းမှာတော့ ငါကိုယ်တော် ၃ပြည်ထောင်ကို
အပေါ်စီးက မြင်ချင်ပါရဲ့---။"
စစ်သူကြီး နဉ်ယဉ်လည်း ဘုရင် ခမ်းမို ကြည့်နေသော
ကောင်းကင်ထက်ကိုပဲ လိုက်မော့ကြည့်လိုက်သည်။
ပုစွန်ဆီရောင် သန်းနေသော ကောင်းကင်ကြီးနောက်ခံတွင်
ဝါဂွမ်းလို ဆွတ်ဆွတ်ဖြူနေသော တိမ်စိုင်တို့ကအထပ်ထပ်။
မျက်စိပဒေသာ ဖြစ်ဖွယ် မြင်ကွင်းပင်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိန်းမပျိုလေး တယောက်သည် အဂ္ဂ ရင်ခွင်တွင် ရှိနေပြီး
နောက်တယောက်မှာမူ အဂ္ဂ လက်မောင်းကို ခပ်နွဲ့နွဲ့
မှီတွယ်ရင်း သစ်သီးစိတ်ကလေးများကိုယူကာ ခွံကျွေး
နေသည်။ ပြောရရင် အဂ္ဂ သေရည် ၂ပုလင်းထက်မနည်း
သောက်ပြီးပြီဖြစ်ပြီး လက်ထဲတွင်လည်း သောက်လက်စ
တပုလင်းရှိနေသည်။ ရီဝေဝေ အနေအထားမှ တိုးတက်
မလာသလို မှောက်ကျဖို့လည်း လမ်းမမြင်။ ရင်ခွင်ထဲမှ
ဖက်ထားသော ကောင်မလေးကိုလည်း လှသည်ဆိုသော
စိတ်ထက် ပိုတွေးကြည့်လို့မရ။ 'မင်းတော့ရူးနေပြီ အဂ္ဂရေ'
ဟုတွေးရင်း သစ်သီးခွံနေသော ကောင်မလေးကို ဆွဲနမ်း
လိုက်သည်။ အချောတကာ့ အချောဆုံးကို ရွေးထားသည်မို့
ထိုကောင်မလေးသည် ပထမတန်းစား အလှလေးဖြစ်သည်။
သို့ပေမဲ့ အနမ်းတခုသာ ပြီးဆုံးသွားသော်လည်း အဂ္ဂ
ကတော့ ဘာစိတ်မှ မဝင်လာ။ နောက်ဆုံး ကောင်မလေး
၂ယောက်လုံး အခန်းပြင် ထွက်ခိုင်းလိုက်ရတော့သည်။
ကုတင်ပေါ်မှ ဆင်းလိုက်ရာ ယိုင်တိ ယိုင်ထိုးနှင့်မို့ လက်ထဲမှ
သေရည် ပုလင်းသည် လွတ်ကျကာအခန်းဝဖက်
လိမ့်သွားသည်။
အဂ္ဂ တယောက် ညနေ တည်းက သူတို့ ငှားထားသော
စံအိမ်မှ ထွက်သွားကာ ညနက်သည်အထိ ပြန်မလာသေး၍
ယံနီ လိုက်ရှာနေခြင်းပင်။ ရွှေခက် ဆောင်ကြာမြိုင်မှ အဂ္ဂ
ယူထားသော အခန်းထဲ ဝင်ဝင်ချင်းပင် လိမ့်လာသော
သေရည်ပုလင်းကိုတွေ့လိုက်ရသည်။ ကောက်ယူကာ
ဘေးနားရှိ စားပွဲပေါ်သို့ ယံနီတင်လိုက်သည်။
အဂ္ဂ တယောက်ကုတင် အစွန်းတွင် ကပဲ့ကရွဲ့ ထိုင်နေရာမှ
ယံနီကိုမြင်တော့ ပြုံးပြရင်း
"ညီတော်လေး ယံနီ အကိုတော်ကို လွမ်းလို့လား---
လာလက်စနဲ့ အဖော်ပြု အိပ်ပေးသွားပါလား---။"
အဂ္ဂ သူ့ဘေးနားနေရာကို ပုတ်ပြရင်းပြောရာ ယံနီ
တယောက် မသတီသလို ကြည့်လိုက်မိတော့သည်။
အဂ္ဂ သည် သူ့အကိုမို့ အဖက်ခံ အိပ်ပေးနိုင် သော်လည်း
ဒီဆောင်ကြာမြိုင်မှ အိပ်ယာကိုတော့ ယံနီသိပ် မသတီချင်။
လူဘယ်နှယောက်တောင် ဒီအပေါ် ကိစ္စပြီးခဲ့မှန်းပင်မသိ။
ပြောင်အောင်လျှော်ရောလျှော်ရဲ့လားပင်။
"အိမ်ပြန်လိုက်ခဲ့ အဂ္ဂ--ငါ ဖက်အအိပ်ခံပေးမယ်---။"
အဂ္ဂ ဖွဖွ ပြုံးရင်း
"ဒီနားလေးကပြောတယ်---မင်းက သူမဟုတ်ဘူးတဲ့--။"
အဂ္ဂ တယောက် ဝမ်းနည်းနေဟန်ဖြင့် ဘယ်ဖက်
ရင်ဘတ်ကို ပုတ်ရင်း ပြောလာသည်။
"သူက နဉ်သူရလား ဒါမှ မဟုတ် ဝေဒလား----။"
ယံနီ ထုတ်မေးလိုက်ရာ အဂ္ဂ စဉ်းစားပြီးမှ
"အိမ်ပြန်ရအောင်----။"
အဂ္ဂ ထရပ်ပြီး ယံနီ ဘေးမှ ဖြတ်အလျှောက် ယံနီ
အဂ္ဂပခုံး ကို ဆွဲထားသည်။
"မင်း သူ့ကို ချစ်နေတယ် ဆိုရင် ထုတ်ပြောလိုက် အဂ္ဂ
အရင်က မင်းရှာတဲ့ မိန်းကလေးပြဿနာ မှန်သမျှ
ငါလိုက်ရှင်းနေကျပဲဟာ---အခုလည်း ငါရှင်းမယ်--မင်းသာ
အရင်လိုပြန်နေပေးပါလား---အရင်လို ပြဿနာပဲ လိုက်ရှာ
နေပေးပါလား---။"
အဂ္ဂသည် ယံနီ လက်ကို ဖယ်ချရင်း ရှေ့ဆက်သွား
လိုက်သည်။
"သူလည်း မင်းအပေါ် စိတ်ရှိနေတယ် ဆိုရင်ရော---
သူစိမ်း ယောက်ျားလေး တယောက် ဖက်တာခံပြီး
အိပ်ပေးတယ် ဆိုတာ သူလည်း ခံစားချက်ရှိနေလို့ပဲ
မင်း ကြိုးစား ကြည့်ပါလား---။"
အဂ္ဂ အခုမှ အသက်ဝင်လာကာ ယံနီ ကိုလှည့်ကြည့်ရင်း
"တကယ်လား----။"
ယံနီ ခေါင်းညိမ့်ပြလိုက်တော့ အဂ္ဂ အပြေးသွားရန်ပြင်
နေသည်မို့ ယံနီ တားလိုက်ရသည်။
"မင်းသာ ဒီအတိုင်းသွားရင် မင်းဆီက ရေမွှေးနံ့တွေ
သေရည်နံ့တွေနဲ့ ဝေဒ ဆောင့်ကန်တာ ခံရလိမ့်မယ်--
အိမ်ပြန်ရေချိုးပြီးမှသွား---။"
"အင်း---မြန်မြန်လာ အာ့ဆို----။"
ခုနက လဒကြီး လည်လိမ်ထားသလို ဖြစ်နေသည့် အဂ္ဂမှာ
ယခုမူ တက်ကြွသော ကြက်ဖကြီး အသွင်ပြောင်းသွား
လေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြူတင်းပေါက်မှ တဆင့်မြင်နေရသော လမင်းကို
ကြည့်ရင်း အကိုတော်ဒေဝ နှင့် ယံနီ ဘယ်လို
ချစ်ကြိုက်နိုင်သလဲ တွေးကာ ဝေဒ စဉ်းစားခန်းဖွင့်နေသည်။
မိန်းကလေးတွေလို ရင်ဖိုဖွယ် အမို့အမောက် ဘာညာလည်း
မရှိ။ သူနဲ့ကိုယ် ရှိတာချင်း အတူတူပဲမဟုတ်လား။
ဘယ်လိုများ ရင်ခုန်ကြပါလိမ့်။
စဉ်းစားရင်း အဂ္ဂ အကြောင်း ခေါင်းထဲ ဝင်လာသည်။
ကျောင်းဆောင်မှ ပြောင်းလာပြီးကတည်းက ဝေဒ တခုခု
လိုနေသလိုပင်။ အဂ္ဂ ကို ပစ်ပစ်နှစ်နှစ် မဆဲရသည်ကြောင့်
ဖြစ်မည် ထင်သည်။ ဆောင်းဝင်စပြု လာပြီမို့စောင်ကိုဆွဲကာ
နွေးအောင် ခြုံ လိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညသန်းခေါင်နား နီးပြီမို့ လူခြေ တိတ်နေလေပြီ။ အဂ္ဂ
သမားတော်ကြီး မင်းခွန်းသ ခြံထဲ ခြေချပြီးမှ ဝေဒဆီ သွားဖို့
မဝံမရဲ ဖြစ်နေမိသည်။ အဂ္ဂ အမြဲလို ဇွတ်လုပ်သည့် အကျင့်
ရှိသော်လည်း ဒီကိစ္စမှာတော့ ဇွတ်လုပ်၍ ဖြစ်ပါ့မလားဟု
တွေးနေမိသည်။ စိတ်ထဲ မာန်သွင်းရင်း ဝေဒ ကိုရှာရန်
၂ထပ်ဆောင်ဖက် လျှောက်ခဲ့လိုက်သည်။ ဘေးအစွန်ဆုံး
အခန်းသည် ပြူတင်းပေါက် ခပ်ဟဟ ဖွင့်ထားသည်မို့
ချောင်းကြည့်လိုက်တော့ ကုတင်ပေါ်တွင်
ခပ်ကွေးကွေးလေး အိပ်နေသော ဝေဒကို
တွေ့လိုက်ရသည်။ အဂ္ဂ ခြေသံဖော့ဖော့ နင်းရင်း
ပြူတင်းပေါက်မှ ကျော်ဝင်လိုက်သည်။ ဝတ်ထားသော
အဆင်တန်ဆာ အချို့ကို ချွတ်ကာ ဝေဒ ဘေး ဝင်လှဲလိုက်
ရာ ဝေဒ သည် အဂ္ဂ လှဲလိုက်ကြောင်း သိနေသယောင်ပင်
အဂ္ဂ ရင်ခွင်ထဲ လှိမ့်ဝင်လာသည်။ အဂ္ဂ ပါးချိုင့်လေးပေါ်
သည်အထိ အားပါးတရ ရယ်ပြီး ရင်ခွင်ထဲမှ ကောင်လေး၏
ဆံပင်ခပ်ပျော့ပျော့ကြားထဲ နှာခေါင်း မြုတ်သည်အထိ
နမ်းလိုက်တော့သည်။ အဂ္ဂ ကျား၊မ မရွေး စားဖူးသော်ငြား
'ချစ်မဝ'ဟူသော ခံစားမှုကိုတော့ ဝေဒနှင့်မှ ခံစားမိခြင်းပင်။
အေးချမ်းစွာ အိပ်စက်နေသော ကောင်လေး၂ယောက်
အပေါ်လပြည့်ရက်နီးပြီ ဖြစ်သော ထိန်လင်းနေသည့်
လဆန်းပိုင်းလရောင် သည်ဖြာကျနေလေ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အာရုံတက်စမို့ကြက်တွန်သံ ကို ဟိုမှသည်မှ ကြားနေရဆဲ။
နဉ်သူရ ဆေးပင်ထည့်ရန် တောင်း အသေးလေးကို
ကျောတွင် ပိုးလိုက်သည်။ ခေါင်းပေါ်တွင်လည်း ခမောက်
ဆောင်းထားသေးမို့ နဉ်သူရ ပုံစံသည် မြင်နေကျပုံစံနှင့်
အနည်းငယ် မတူဖြစ်နေသည်။ ကိုယ်ကျပ်အကျီ အပေါ်တွင်
လက်ရှည် ရင်ကွဲ အကျီ တထည်ကိုလည်း ထပ်ဝတ်ထား
သေးသည်မို့ မသိလျှင် တောရွာဖက်မှ တောင်သူဦးကြီးတို့
လယ်ထဲ ကောက်စိုက်ဆင်းဟန်နှင့် တူနေတော့သည်။
နဉ်သူရ အနောက်ဖက်မှ ခြေသံကြား၍ လှည့်ကြည့်လိုက်
သည်။ အနက်ရောင် ဝတ်စုံနှင့် တေဇ။ ဆံပင်များကို
ခပ်မြင့်မြင့်ထုံးကာ နဖူးစည်း အနက်ရောင်ကို သေသပ်စွာ
စည်းထားသည်။ ခါးတွင် သရေ ခါးပတ်တခု ပတ်ထားပြီး
ဓားရှည်ကို ထိုခါးပတ်တွင် ချိတ်ထားသည်။ ကျောတွင်
အနက်ရောင် လေးကြီးနှင့် မြှားအပြည့် ကျည်တောက်
တခုကို လွယ်ထားသည်။ တေဇ အနက်ရောင် ဝတ်တိုင်း
ငေးကြည့်မိ သည်အထိ နဉ်သူရ သဘောကျမိစမြဲပင်။
"မင်းပုံက စုတ်ပြတ်နေတာပဲ---။"
တေဇ ရယ်ရင်းပြောမှ နဉ်သူရ ကိုယ်ကိုယ်ကို နှင့်
တေဇကို နှိုင်းယှဉ်မိတော့သည်။ တေဇ၏ ဝတ်ပုံစားပုံအရ
တောကစားထွက်သည့် သခင်လေးဟန် ပေါက်နေလေရာ
နဉ်သူရ တယောက် ငယ်ကျွန်ဘဝ တန်းရောက်သွား
ရှာသည်။ တောထဲသွားမည်မို့ ခပ်နွမ်းနွမ်း ရွေးဝတ်မိသော
ကိုယ်ကိုယ်ကိုပင် အပြစ်တင်မိတော့သည်။
"အကျီလဲဦးမလား----။"
"မလဲတော့ဘူး----ဒီနေ့တော့ ဒီက ငယ်ကျွန်ကြီးက
မင်းကို သခင်လေး လုပ်ခွင့်ပေးလိုက်တော့မယ်----။"
၂ယောက်လုံး ပြိုင်တူ ရယ်မိကြတော့သည်။
"အကို ဝေဒရော ထွက်မလာသေးဘူးလား---။"
သတိုးတေဇ ပြောရင်း အကိုတော် ဝေဒ အခန်းဖက်
သွားကြည့်ရန် ပြင်လိုက်သည်။
"ဒီနေ့တော့ ငါတို့ ၂ယောက်ပဲသွားရအောင်----။"
"ဘာလို့လဲ----။"
"ညက အဂ္ဂ မင်းအကို အခန်းထဲ ဝင်သွားတာ
မြင်လိုက်တယ်---အာ့နဲ့ ငါ မနှောက်ယှက် ချင်လို့ ဝေဒ ကို
မနှိုးတော့တာ---။"
"ဘယ်လို ----။"
"မင်းအကို ဝေဒနဲ့ အဂ္ဂ ကြားမှာ တခုခုရှိတယ်---
ဟိုတခေါက်က အဂ္ဂ ခြေထောက်ထိတုန်းက မင်းအကို
မျက်နှာကို မမြင်ဘူးလား သေချာပေါက် တခုခုရှိနေတယ်-။"
နဉ်သူရ စကားပြောကြားမှ ထိုနေ့က အကိုတော်ဝေဒ
မျက်နှာကို ပြန်တွေးမိသွားသည်။ ကူလေ့ကျင့်ပေးရင်းက
အဂ္ဂကို ထိသောကြောင် စိုးရိမ်သည့်ဟု ထင်သော်လည်း
အနည်းငယ်တော့ ထူးဆန်းနေခဲ့သည်။ ထို့နောက်
အကိုတော် ၂ယောက် စကားများ ရန်ဖြစ်သည်မို့ ထိုကိစ္စကို
သတိမထားနိုင်တော့ခြင်းဖြစ်သည်။ အခုမှပြန်တွေးကြည့်ရာ
နဉ်သူရ ပြောသလို တခုခုတော့ ရှိပုံပင်။
"သွားရအောင်---ငါ စျေး ဝင်စရာလည်းရှိသေးတယ်----။"
၂ယောက်သား ဝေလီဝေလင်းအချိန် မြင်းကိုယ်စီဆွဲကာ
စထွက်ခဲ့တော့ သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လယ်ယာသုံး ပစ္စည်း ဆိုင်ထဲတွင် နဉ်သူရ ပစ္စည်းရွေး
နေစဉ် သတိုးတေဇ တယောက် ဆိုင်ရှေ့တွင် မြင်း၂ကောင်
နှင့်ရပ်စောင့် နေခဲ့ရသည်။နဉ်သူရ ပစ္စည်းဝယ်သော ဆိုင်နှင့်
မျက်နှာချင်းဆိုင် စားသောက်ဆိုင်တွင် လူတစုသည်
၂ယောက်လုံးကို လိုက်ကြည့်နေသည်။
"မင်းတို့ မျက်နှာကို တွေ့လိုက်ရတယ်နော်---။"
မိုခ မေးလိုက်ရာ နောက်လိုက် ၂ဝ ခန့်၏ ခေါင်းဆောင်
ဖြစ်သူသည် ခေါင်းငြိမ့်ပြကာအသံတိတ်ဖြေလိုက်သည်။
"သေအောင်တော့ မလုပ်နဲ့ ဒဏ်ရာ ရအောင်ပဲလုပ်---
ကျိုးရုံ ပဲ့ရုံဆိုတော်ပြီ---။"
"ဟုတ်---။"
မိုခ စကားကို ဖြေပြီးနောက် ထိုလူတစုသည် နဉ်သူရတို့
၂ယောက် နောက်ကို ခပ်သုတ်သုတ် လိုက်သွားလေသည်။
မိုခသည် စစ်သူကြီး နဉ်ယဉ်၏ ညီအရင်းမှ မွေးသော
နဉ်ယဉ်နှင့် တူတော်စပ်သူဖြစ်သည်။ စစ်သူကြီးတွင်
သားထောက်သမီးခံ မရှိသည့်အလျှောက် မိုခ တယောက်
ငယ်စဉ်မှ စ၍ ဘကြီးတော် နဉ်ယဉ် ဆီသို့ အမြဲသွားရောက်
သောင်းကျန်းလေ့ရှိသည်။ မိုခ မိခင်သည် မာလာမြိုင်
တော်ဝင်မိသားစု အနွယ်ဝင်မို့ မိုခသည် အမြဲလို
မောက်မောက်မာမာ နေတတ်သည်။ ခေါင်းမာ သော
စရိုက်နှင့် လိုက်လျောညီထွေ မနေတတ်မှုကြောင့် မိုခ
နဉ်သူရ ကို သိပ်ကြည့်မရ။ နဉ်သူရ အဆိပ်ပညာတွင်
ထူးချွန်ပြီးနောက် ဘကြီးတော် နဉ်ယဉ်သည် အရင်လောက်
မိုခ ကို ဦးစား မပေးတော့။ နောက်တွင် စစ်သူကြီး
နဉ်ယဉ်သည် နဉ်သူရကို မွေးစားသား အဖြစ် အသိအမှတ်
ပြုလိုက်လေရာ မိုခ နဉ်သူရ ကို အမြဲမနာလိုဖြစ်
နေတော့သည်။ မာလာမြိုင်တွင် ရှိစဉ်က နဉ်သူရ သည် မိုခ
မည်မျှ အနိုင်ကျင့်ပါစေ သည်းခံလေ့ရှိသည်။ ထို့ကြောင့်
ကျောင်းတွင်လည်း ပြောင်တင်းစွာပင် နဉ်သူရကို
ပြဿနာရှာလေရာ သူကိုယ်တိုင် အများအလည်တွင်
အပြစ်ပေးခံခဲ့ရသည်။ နဉ်သူရ အနည်းငယ် ပြန်ခံရမှ မိုခ
စားဝင် အိပ်ပျော်နိုင်မည် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi Version
အခန္း(၁၃)
ေဝဒ၊ေတဇ နွင့္ နဥ္သူရ တို႔ စာၾကည့္တိုက္တြင္
စာထိုင္ဖတ္ ေနစဥ္ နဥ္သူရတေယာက္ စာအုပ္ထဲ
စိတ္မပါဘဲေသရည္ေသာက္သည့္ေန႔က ကိစၥကို
ျပန္ေတြးေနသည္။ေနာက္ေန႔တြင္ နိုးလာလာခ်င္း
သမားေတာ္ႀကီး၏ အျပစ္ေပးတာ တန္းခံရသျဖင့္
ညကမူးမူး နွင့္ နမ္းမိသည့္ကိစၥ ျပန္မေျပာၾကျဖစ္ေတာ့။
အမွန္ေျပာရရင္ ထိုအခ်ိန္ကေတဇ တေယာက္ အသိစိတ္ရွိ
ေနေသးသလား ေတာ့ သိခ်င္မိသည္။ ေမးဖို႔က သိပ္ေတာ့
အဆင္မေျပလွ။ ေတဇ သည္လည္း ပံုမွန္ အတိုင္းပဲ
ေျပာဆိုဆက္ဆံေနၿပီးေသရည္ ေသာက္တဲ့ေန႔က ကိစၥ
တခြန္းမွ မဟ။ 'မင္း မူးမူးနဲ႔ ငါ့ကို နမ္းတာ မွတ္မိေသးလား'
လို႔ တည့္ႀကီးသာ ေမးပစ္ခ်င္ေပမဲ့ မမွတ္မိဘူး ေျဖခဲ့ရင္
ေျဖရွင္းရခက္သြားမည္ပင္။ ေတဇအကို ေဝဒ သည္လည္း
အနားတြင္ အၿမဲရွိေနတတ္သည္ အျပင္
ေက်ာင္းအေဆာင္တုန္းကလို ၂ေယာက္ တခန္းမဟုတ္၍
၂ေယာက္တည္းရွိေနခ်ိန္ ရွားတာမို႔ ေမးခြင့္မႀကံဳ။ေတဇ
တေယာက္ စာဖတ္ေနရာမွ စာအုပ္စင္ေတြဖက္ ထထြက္
သြားသည္။ စာအုပ္စင္ဖက္သည္လူရွင္းေနတတ္သည္မို႔
နဥ္သူရ အေနာက္မွခပ္သုတ္သုတ္ လိုက္သြားသည္။ ေတဇ
မမွတ္မိ၍ အရွက္ကြဲခဲ့ရင္ေတာင္ ေတဇ တေယာက္တည္း
သိကာတျခား လူမသိသည္မို႔ လူမသိ သူမသိ အရွက္ကြဲ
မည္သာ။
ေတဇ တေယာက္ စာအုပ္စင္ ၂ခုၾကား ဝင္သြားသည္မို႔
နဥ္သူရလည္း ေနာက္မွ လိုက္ဝင္လိုက္သည္။ ထိုစာအုပ္စင္
ၾကားမွ တဆင့္ ေတဇတေယာက္ ေနာက္ထပ္ တခုဆီ
ဆက္သြားသည္ကို ေတြ႕ရ၍ ေနာက္မွ ထပ္လိုက္ရ
ျပန္သည္။"ေျပးတမ္း လိုက္တမ္း ကစားေနတာမ်ားလား---။"
ဟု နဥ္သူရ စိတ္ထဲမွ ေရရြတ္ရင္း ေတဇေနာက္ ဆက္လိုက္
ေနသည္။ ေနာက္ဆံုး ေတဇ တေယာက္ စာအုပ္ရပ္ေရြး စဥ္ နဥ္သူရ လို္က္မီသြားကာ ေတဇအနားကပ္သြားလိုက္သည္။
"ေတဇ----။"
ေခၚသံၾကားသည္မို႔ သတိုးေတဇ လွည့္ၾကည့္လိုက္ေတာ့
နဥ္သူရ ျဖစ္ေနသည္။ သူပဲ စိတ္ထင္ေန၍ လားေတာ့မသိ
နဥ္သူရ မ်က္ႏွာ နီျမန္းျမန္းျဖစ္ေနသည္။
"ဟို ေသရည္ေသာက္တဲ့ ေန႔ကေလ---မင္းနဲ႔ငါ ဟို----။"
စိတ္တင္းကာ ေမးမည္ ဆံုးျဖတ္ထားေသာ္လည္း
ေတဇ၏ ဇာမဏီ မ်က္ဝန္း ခပ္လွလွ ကို စိုက္ၾကည့္မိသည့္
အခ်ိန္မွာေတာ့ ေျပာမည့္ စကားတို႔ ေပ်ာက္သြားသေယာင္။
'နဥ္သူရေရ မင္းကနုနုနယ္နုယ္ မိန္းကေလးမဟုတ္ဘူးကြ
ေယာက္်ားပဲ ေမးသာခ်လိုက္' ဟုစိတ္ထဲမွ အႀကိမ္ႀကိမ္
အားတင္းယူေနရသည္။
"အာ့ေန႔ကေလ မင္းငါ့ကို----။"
"မင္း တို႔ ေဝဒကို ေတြ႔မိေသးလား----။"
နဥ္သူရ စကားသံ ခပ္တိုးတိုး ကို ဆိုင္းမဆင့္ဘံုမဆင့္
ေရာက္လာကာ ေမးခ်လိုက္ေသာ အဂၢ အသံက လႊမ္းသည္။
အခ်ိန္ခါကိုက္ ေရာက္လာတတ္ေသာ အဂၢ ပင္။
"စားပြဲမွာစာထိုင္ ဖတ္ေနတယ္ေလ--မေတြ႔ခဲ့ဘူးလား--။"
"ေတြ႔မွေတာ့ မင္းလာေမးမေနဘူး----။"
ျပန္ေျဖသူက သတိုးေတဇမို႔ အဂၢ ဘုျပန္ေျပာပစ္လိုက္
သည္။
"မင္းဖာသာ ရွာနိုင္ရွာ မရွာနိုင္ မေတြ႔နဲ႔-----။"
၂ေယာက္သား တေယာက္တျပန္ ကိုက္ေနၿပီမို႔ နဥ္သူရ
ဝင္ထိန္းရေတာ့သည္။
"ေနဦး စကားမမ်ားၾကနဲ႔ အဂၢ မင္း ေဝဒကိုရွာတာ
မဟုတ္လား---။"
အဂၢ ေခါင္းညိမ့္ျပလိုက္သည္။
"ခုနကေတာ့ စားပြဲမွာ စာထိုင္ဖတ္ေနတာ အမွန္ပဲ အခု
စားပြဲမွာ မရွိေတာ့ဘူး ဆိုရင္ေတာ့ ၾကာကန္ဖက္သြားၾကည့္
တခါတေလ အာ့ဖက္သြားထိုင္ေနတတ္တယ္---။"
"ေၾသာ္ ေအး----။"
နဥ္သူရ ဝင္ရွင္းမွ အဂၢလည္း ေျပလည္ကာ ထြက္သြား
ေတာ့သည္။
အဂၢ တေယာက္ မ်က္နွာ နီျမန္းေနေသာ နဥ္သူရ ကို
အနည္းငယ္ ထူးဆန္းသလို ထင္ေနေသာ္ျငား၊ ေဝဒ ကို
ေတြ႔ရဖို႔ ပို အလွ်င္လိုေနသည္မို႔ ၾကာကန္ရွိရာကိုသာ
လမ္းေလွ်ာက္ သြားလိုက္ေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မင္း ခုနက ဘာေျပာဖို႔လဲ----။"
အဂၢ ထြက္သြားေတာ့ ေတဇ ခုန စကားကို ျပန္ေမးလာ
ရာ နဥ္သူရ ေျဖရခက္သြားသည္။ ခုနက သတၱိေမြး၍ ေမးရန္ျဖစ္ေသာ္လည္း ယခုမူ ထိုသတၱိမ်ား ေပ်ာက္ကာ လူပင္ ကတုန္ကယင္ ျဖစ္လာသည္။
"ငါတို႔ ေသရည္ေသာက္တဲ့ေန႔က မင္း ေတာထဲကို
ေဆးပင္ရွာ အတူလိုက္ေပးမယ္လို႔ ကတိေပးထားတယ္--
အာ့ ဒီတပတ္ ေက်ာင္းပိတ္ရက္ ဘယ္လိုလဲ----။"
နဥ္သူရ သတၱိ ေမြးမရသည့္အတူတူ စကားလမ္းေၾကာင္း
ေျပာင္းကာ လိမ္ပစ္လိုက္ေတာ့သည္။
"ေၾသာ္----ကတိေပးခဲ့တယ္ ဆိုလဲ သြားၾကတာေပါ့
အမွန္ေျပာရရင္ ငါ ဘာမွ မမွတ္မိဘူး---။"
နဥ္သူရ စိတ္ထဲမွာေတာ့ ေတဇကို ေခြးေကာင္ ခ်င္း
ထပ္၍ မိုးမႊန္ေအာင္ ဆဲေနေလၿပီ။ 'နမ္းတုန္းကနမ္းၿပီး
အခုက် မမွတ္မိေတာ့ဘူးတဲ့လား ေခြးေကာင္ေရ'ဟု နဥ္သူရ ပစ္ပစ္နွစ္နွစ္ဆဲၿပီးေနာက္
"ေၾသာ္ မမွတ္မိဘူးလား လိုက္လို႔ေရာ အဆင္ေျပလား-
တခုခု လုပ္စရာရွိေသးလား---။"
"ေျပပါတယ္----။"
သတိုးေတဇ နဥ္သူရကို မမွတ္မိ ဟု လိမ္လိုက္
ေသာ္လည္း အမွန္တကယ္ေတာ့ သူမွတ္မိေနခဲ့သည္။
ေတာထဲ အေဖာ္လိုက္ေပးရန္ ကတိေပးသည့္ ကိစၥကေတာ့
ေသခ်ာမသိေတာ့ ေသာ္လည္း ထိုေန႔က နဥ္သူရကို
နမ္းလိုက္သည္ကိုေတာ့ အေသခ်ာႀကီးကို မွတ္မိသည္။
စနမ္းသည့္ အခ်ိန္တုန္းက သတိုးေတဇ သတိလက္လြတ္
ျဖစ္ေနခဲ့ ေသာ္ျငား ႏွဳတ္ခမ္းခ်င္း ထိမိသြားသည့္
အခ်ိန္တြင္ေတာ့ သတိဝင္သြား ခဲ့သည္။ ႏွဳတ္ခမ္္းခ်င္းခြာ
ေတာ့မည့္အခ်ိန္ နဥ္သူရ ကိုယ္တိုင္ လိုလိုလားလား
ျပန္နမ္းလာသည့္မို႔ သတိုးေတဇ ေပ်ာ္ခဲ့ေသာ္လည္း
ဘယ္ခ်ိန္ သတိလြတ္ အိပ္ေပ်ာ္သြားလဲ မသိလိုက္။
၂ေယာက္လံုး မူးယစ္ေနခဲ့သည္မို႔ ထုိအနမ္းသည္
အတည္ယူမရဟုသာ ထင္လိုက္သည္။ အကိုေတာ္ ေဒဝ
ကိစၥ ေျပာတုန္းက နဥ္သူရ ထူးဆန္းသည္ဟု
ေျပာခဲ့ဖူးသည္မို႔ နဥ္သူရသည္ေယာက္်ားခ်င္း ႀကိဳက္သည့္
ကိစၥကို လက္မခံနိုင္ဟု သတိုးေတဇ ယူဆလိုက္သည္။
သူသာ မွတ္မိေၾကာင္းေျပာခဲ့ရင္ နဥ္သူရ သူ႔ကို
စိတ္ဆိုးမည္ကို စိုးရိမ္မိသည္။ နဥ္သူရေမးလာခဲ့လွ်င္လည္း
လိမ္ဖို႔ တနည္းသာ ရွိသည္။ထိုေန႔က အေၾကာင္း နဥ္သူရ
စကားစလာ၍ လန္႔သြားေသာ္လည္း တျခား အေၾကာင္းမို႔
စိတ္ေအးသြားသည္။ ေယာက္်ားေလး တေယာက္ကို
ခ်စ္ေၾကာင္း ဖြင့္ေျပာဖို႔ သတိုးေတဇ အေတာ္ေလး သတၱိေမြး
ရမည္ပင္။ သူငယ္ခ်င္း ဆက္ဆံေရးေတာင္ မရွိေတာ့ရင္
လြမ္းေနရမည့္သူမွာ သတိုးေတဇ သည္ပင္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကာလကၤ၏ အလွဆံုးေနရာထဲတြင္ ၾကာကန္သည္လည္း
အပါအဝင္ပင္။ ၾကာေပါင္းမ်ိဳးစံုက အၿပိဳင္အဆိုင္ဖူးပြင့္ေနၿပီး
ၾကာပန္းရနံ႔ ခပ္သင္းသင္းက ကန္ပတ္လည္ ေလထုထဲတြင္
ပ်ံေနေလ့ရွိသည္။ ေထာင့္မွန္ စတုဂံပံုစံရွိၿပီး ၁ဝဧက နီးပါး
က်ယ္ဝန္းသည္။ ကန္ပတ္လည္ကို အုတ္စီကာ ေဘာင္လုပ္
ထားသည္မို႔ ထိုင္ခ်င္စဖြယ္ ျဖစ္ေနသည္။ ကန္အလယ္တြင္
ဇရပ္တေဆာင္ ေဆာက္ထားကာ အနုပညာ ဘာသာရပ္ကို
သင္ယူလိုေသာ အမ်ိဳးသမီး စာသင္သားသည္ ထိုဇရပ္ရွိ
ဆရာမ အမရာ ထံတြင္ သြားေရာက္ သင္ယူရသည္။
အမ်ိဳးသား စာသင္သားမ်ား အတြက္မူ ထိုကန္လယ္
ဇရပ္တြင္ မသင္ယူရဘဲ၊ သမားေတာ္ႀကီး မင္းခြန္းသ ထံတြင္ သင္ယူရသည္။ အမ်ိဳးသား စာသင္သားမ်ား ကေတာ့
ၾကာကန္၏ အလွ ႏွင့္ တခါတရံ ပ်ံ႕လြင့္လာတတ္သည့္
သာယာေသာ ေတးဂီတသံ ကိုနားဆင္ဖို႔ရာ ကန္ပတ္လည္
အရိပ္ရ အပင္မ်ားေအာက္တြင္ ထိုင္ေနေလ့ရွိၾကသည္။
အဂၢတေယာက္ ကန္ပတ္လည္ လွည့္ပတ္ၾကည့္ၿပီးေနာက္
သူရွာေနေသာ ေဝဒကို ေတြ႔လိုက္ရသည္။ မယ္ဇယ္ပင္
တပင္ကိုမွီကာ စာအုပ္ကိုမ်က္နွာေပၚအုပ္ရင္း အိပ္ေနသည္။
ေဝဒရွိရာ အဂၢ ခပ္သုတ္သုတ္ေလွ်ာက္လာလိုက္သည္။
အဂၢ ေဝဒ အနားေရာက္ၿပီး ေဝဒ မ်က္နွာေပၚရွိ စာအုပ္ကို
အသာယာ ဖယ္လိုက္သည္ အထိ ေဝဒ မနိုးေသး။
ေဝဒ၏ မ်က္နွာပံုစံသည္ ကေလးဆန္ေသာ မ်က္နွာေပါက္
ျဖစ္သည္တြင္ ယခုမူ ႏွဳတ္ခမ္း အနည္းငယ္ ဆူေနသေယာင္ျဖစ္ေနသည္မို႔ အဂၢ တစိမ့္စိမ့္ၾကည့္ရင္း အသဲယားလာသည္။ေဝဒ မ်က္နွာကို အေပၚစီးမွ ငံု႔အၾကည့္ ေဝဒ မ်က္လံုးကို ျဖတ္ခနဲ ဖြင့္လိုက္သည္။ အဂၢ လန္႔ကာ ေဘးသို႔ ေနာက္ျပန္က်သြားသည္။
"မင္း ဘာလာလုပ္ျပန္တာလဲ----။"
အဂၢ တေယာက္ အလြမ္းေတြ တေပြ႕တပိုက္နွင့္အလာ
ေဝဒ စကားေၾကာင့္ ေျပာမည့္စကားမ်ားပင္ နင္သြားသည္။
မေတြ႔ခင္ကမူ ေျပာရန္စကားမ်ားပင္ စိတ္ထဲတြင္ ႀကိဳတင္
စာစီထားေသာ္လည္း ေဝဒနွင့္ ေတြ႔သည့္အခ်ိန္တြင္ေတာ့
ေျပာမထြက္လာေတာ့။ အရင္က အဂၢ အေျပာတေပါက္တြင္
က်ား၊မ မေရြးေမ်ာပါသြားေအာင္ အေျပာေကာင္းခဲ့ျခင္းသည္
ယခု သံုးမရေတာ့ေသာ အစြမ္းလိုပင္။
"ဟ အဂၢေရ ပင္းေနတာလား အေနတာလားကြာ---။"
ေဝဒ ေအာ္သံေၾကာင့္ အဂၢ သတိျပန္ဝင္လာကာ
"ျဖည္းျဖည္းေျပာပါကြ---ဒီအတိုင္း လာေတြ႔ရံုပဲ----။"
"ေၾသာ္ နဥ္သူရကို လာရွာတာ ဆိုရင္ေတာ့ သူနဲ႔ ေတဇ
စာၾကည့္တိုက္မွာ ရွိတယ္---။"
"ငါ မင္းကို လာေတြ႕တာ----မင္းအကိုေတာ္ ကိစၥ
မင္းငါ့ကို စိတ္ဆိုးေနသလားလို႔----။"
"အင္း---နည္းနည္းေတာ့ စိတ္ဆိုးေပမဲ့--မင္းအမွားမွ
မဟုတ္တာ---အကိုေတာ္လည္း အခ်ိန္လိုမယ္ထင္လို႔
ဒီအတိုင္းလႊတ္ေပးထားတာ---။"
"ေၾသာ္----။"
၂ေယာက္ၾကား ေျပာစရာစကား ေပ်ာက္သြားျပန္သည္။
ေဝဒ သက္ျပင္းတခ်က္ခ်ရင္း။
"မင္း ငါ့တို႔ရဲ႕ ေနာက္ေၾကာင္းေတြ သိၿပီးသားဆိုေတာ့
မင္းလည္းခန္႔မွန္းမိမွာပါ--ငါတို႔ ေနခ်င္သလို ေနမရဘူး အဂၢ အကိုေတာ္မင္းႀကီးသည္သာ နိုင္ငံ့ ဦးေသွ်ာင္ ဆိုေပမဲ့---
ညီေတာ္သတိုးေတဇေရာ ငါတို႔ ညီအကို၂ေယာက္လံုး
ပခံုးေပၚမွာေရာ တာဝန္ကိုယ္စီ ရွိၿပီးသား--သိတတ္စအရြယ္
ကတည္းက အကိုေတာ္ မင္းႀကီးက ငါတို႔ အုပ္ထိန္းသူ
ညီေတာ္ ေတဇက ငါတို႔ ေစာင့္ေရွာက္ရမယ့္ကေလး
ငါတို႔က ေနာင္ လူမ်ိဳးေတြရဲ႕ ေနာက္ဆံုး ေတာ္ဝင္မ်ိဳးဆက္
ေရြးခ်ယ္ခြင့္မရွိသလို နွဳတ္ထြက္ခြင့္ဆိုတာ ေဝးေသးတယ္
အကိုေဒဝလည္း ထြက္ေျပးနိုင္လွဒီမွာေနတုန္းခဏေပါ့--။"
"မင္းတို႔ဘဝေတြက သာယာမယ္လို႔ပဲ----ငါေတာ့
ထင္ခဲ့တာ---။"
အဂၢ အေျပာေၾကာင့္ ေဝဒ ေျခာက္ကပ္ကပ္ရယ္ရင္း
"ကာလကၤမွာ စည္းမ်ဥ္းေပါင္း ၅ဝဝရွိတယ္--သူရိေယာဝ
နန္းတြင္းမွာ စည္းမ်ဥ္းနဲ႔ ထံုးဓေလ့ ၁ဝဝဝ ေက်ာ္တယ္
မင္းသာယာမယ္ ထင္လား အဂၢ---။"
အဂၢ လည္းဘာေျပာရမွန္းပင္မသိေတာ့။ မိမိ ခမည္းေတာ္
သည္ေတာင္ညိဳ ဆက္ခံသူဆိုေပမဲ့၊ ေတာင္ညိဳသည္ နန္းၿမိဳ႕ မဟုတ္တာေၾကာင့္ စည္းကမ္း သိပ္မတင္းက်ပ္။ အဂၢ မိခင္
ဖက္က အဖိုးနွင့္ အေနမ်ားသည္ကတေၾကာင္း၊
ကုန္သည္မ်ိဳးရိုးျဖစ္သည္ တေၾကာင္းေၾကာင့္ လြတ္လပ္စြာ
ေနထိုင္ခဲ့ရသည္။ ေဝဒေျပာျပမွ အံၾသသြားသလို အဂၢ
ကိုယ္ကိုယ္ကို လူျဖစ္ ကံေကာင္းသည္ဟုလည္း
ယူဆလိုက္သည္။
"မင္း ဘာမွ ေျပာစရာမရွိေတာ့ရင္ ငါျပန္ေတာ့မယ္--
နဥ္သူရတို႔ ရွာေနေလာက္ၿပီ---။"
ေဝဒ ေျပာၿပီးသည္နွင့္ ထထြက္သြားေတာ့သည္။
အဂၢ တေယာက္ ေဝဒ ေက်ာျပင္ကိုၾကည့္ရင္း
ေငါင္စင္းစင္းႀကီး က်န္ခဲ့ေတာ့သည္။ လြမ္းတယ္ ဆိုသည့္
စကားေလးပင္ မေျပာ လိုက္ရေခ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခႏၶာကိုယ္ ႏြဲ႕ေႏွာင္းေပ်ာ့ေပ်ာင္းေသာ ကေခ်သည္ေလး
မ်ားသည္ စည္းခ်က္ သံစဥ္နွင့္ အညီ မာလာၿမိဳင္ ဘုရင္၏
ေရွ႕ေတာ္ေမွာက္တြင္ ကျပအသံုးေတာ္ခံေနသည္။
ကကြက္မ်ားသည္ စည္းခ်က္က်နကာ ညင္သာေသာ
ကဟန္ႏွင့္ ဝတ္ဆင္ထားေသာ ေရာင္စံု ဝတ္စံုမ်ား ေၾကာင့္
လိပ္ျပာေလးမ်ား ဝဲပ်ံေနသလိုပင္။
စစ္သူႀကီး နဥ္ယဥ္သည္လည္း မာလာၿမိဳင္ဘုရင္ မိုခမ္း
ေနာက္တြင္ရပ္ရင္း ကျပေဖ်ာ္ေျဖမွဳကို ၾကည့္ေနသည္။
သီခ်င္းသံ အဆံုးတြင္ေတာ့ ဘုရင္မိုခမ္းသည္ ေဖ်ာ္ေျဖသူ
အားလံုးကို ထြက္သြားရန္ လက္ျပလိုက္သည္။
"သမီးေတာ္ အမရာဆီက စာပို႔လာတယ္---သူရိေယာဝရဲ႕ မင္းသား သတိုးေတဇ ကာလကၤကို ေရာက္ေနတာ ျဖစ္နိုင္
တယ္တဲ့---ေစာင့္ၾကည့္ၿပီး ေသခ်ာရင္ အေၾကာင္းျပန္
မယ့္အေၾကာင္းလဲ ေျပာထားတယ္---ေမာင္းမင္း ဖက္က
အေျခေန ထူးျခားမွဳ တစံုတရာ ရွိေသးလား---။"
စစ္သူႀကီး နဥ္ယဥ္သည္ ဘုရင္ မိုခမ္း ေရွ႕ေမွာက္
တြင္ ဒူးေထာက္ အရိုေသျပဳရင္း
"မင္းသား သတိုးေတဇရဲ႕ ပံုတူကို အၾကမ္းဆြဲ နိုင္ဖို႔
ႀကိဳးစားေနေပမဲ့ ဖမ္းမိသမွ် သူရိေယာဝ နန္းတြင္း
အေစခံေတြက အေဝးကျမင္ဖူးတဲ့ လူေတြခ်ည္းဆိုေတာ့
ပံုေပၚဖို႔ေတာ့ အခ်ိန္ လိုေသးေၾကာင္းပါ----။"
"တျဖည္းျဖည္းနဲ႔ ေဆာင္းဝင္ေတာ့မယ္ နဥ္ယဥ္----
ဒီေဆာင္းမွာေတာ့ ငါကိုယ္ေတာ္ ၃ျပည္ေထာင္ကို
အေပၚစီးက ျမင္ခ်င္ပါရဲ႕---။"
စစ္သူႀကီး နဥ္ယဥ္လည္း ဘုရင္ ခမ္းမို ၾကည့္ေနေသာ
ေကာင္းကင္ထက္ကိုပဲ လိုက္ေမာ့ၾကည့္လိုက္သည္။
ပုစြန္ဆီေရာင္ သန္းေနေသာ ေကာင္းကင္ႀကီးေနာက္ခံတြင္
ဝါဂြမ္းလို ဆြတ္ဆြတ္ျဖဴေနေသာ တိမ္စိုင္တို႔ကအထပ္ထပ္။
မ်က္စိပေဒသာ ျဖစ္ဖြယ္ ျမင္ကြင္းပင္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိန္းမပ်ိဳေလး တေယာက္သည္ အဂၢ ရင္ခြင္တြင္ ရွိေနၿပီး
ေနာက္တေယာက္မွာမူ အဂၢ လက္ေမာင္းကို ခပ္ႏြဲ႕ႏြဲ႔
မွီတြယ္ရင္း သစ္သီးစိတ္ကေလးမ်ားကိုယူကာ ခြံေကၽြး
ေနသည္။ ေျပာရရင္ အဂၢ ေသရည္ ၂ပုလင္းထက္မနည္း
ေသာက္ၿပီးၿပီျဖစ္ၿပီး လက္ထဲတြင္လည္း ေသာက္လက္စ
တပုလင္းရွိေနသည္။ ရီေဝေဝ အေနအထားမွ တိုးတက္
မလာသလို ေမွာက္က်ဖို႔လည္း လမ္းမျမင္။ ရင္ခြင္ထဲမွ
ဖက္ထားေသာ ေကာင္မေလးကိုလည္း လွသည္ဆိုေသာ
စိတ္ထက္ ပိုေတြးၾကည့္လို႔မရ။ 'မင္းေတာ့ရူးေနၿပီ အဂၢေရ'
ဟုေတြးရင္း သစ္သီးခြံေနေသာ ေကာင္မေလးကို ဆြဲနမ္း
လိုက္သည္။ အေခ်ာတကာ့ အေခ်ာဆံုးကို ေရြးထားသည္မို႔
ထိုေကာင္မေလးသည္ ပထမတန္းစား အလွေလးျဖစ္သည္။
သို႔ေပမဲ႔ အနမ္းတခုသာ ၿပီးဆံုးသြားေသာ္လည္း အဂၢ
ကေတာ့ ဘာစိတ္မွ မဝင္လာ။ ေနာက္ဆံုး ေကာင္မေလး
၂ေယာက္လံုး အခန္းျပင္ ထြက္ခိုင္းလိုက္ရေတာ့သည္။
ကုတင္ေပၚမွ ဆင္းလိုက္ရာ ယိုင္တိ ယိုင္ထိုးနွင့္မို႔ လက္ထဲမွ
ေသရည္ ပုလင္းသည္ လြတ္က်ကာအခန္းဝဖက္
လိမ့္သြားသည္။
အဂၢ တေယာက္ ညေန တည္းက သူတို႔ ငွားထားေသာ
စံအိမ္မွ ထြက္သြားကာ ညနက္သည္အထိ ျပန္မလာေသး၍
ယံနီ လိုက္ရွာေနျခင္းပင္။ ေရႊခက္ ေဆာင္ၾကာၿမိဳင္မွ အဂၢ
ယူထားေသာ အခန္းထဲ ဝင္ဝင္ခ်င္းပင္ လိမ့္လာေသာ
ေသရည္ပုလင္းကိုေတြ႕လိုက္ရသည္။ ေကာက္ယူကာ
ေဘးနားရွိ စားပြဲေပၚသို႔ ယံနီတင္လိုက္သည္။
အဂၢ တေယာက္ကုတင္ အစြန္းတြင္ ကပဲ့ကရြဲ႕ ထိုင္ေနရာမွ
ယံနီကိုျမင္ေတာ့ ၿပံဳးျပရင္း
"ညီေတာ္ေလး ယံနီ အကိုေတာ္ကို လြမ္းလို႔လား---
လာလက္စနဲ႔ အေဖာ္ျပဳ အိပ္ေပးသြားပါလား---။"
အဂၢ သူ႔ေဘးနားေနရာကို ပုတ္ျပရင္းေျပာရာ ယံနီ
တေယာက္ မသတီသလို ၾကည့္လိုက္မိေတာ့သည္။
အဂၢ သည္ သူ႔အကိုမို႔ အဖက္ခံ အိပ္ေပးနိုင္ ေသာ္လည္း
ဒီေဆာင္ၾကာၿမိဳင္မွ အိပ္ယာကိုေတာ့ ယံနီသိပ္ မသတီခ်င္။
လူဘယ္နွေယာက္ေတာင္ ဒီအေပၚ ကိစၥၿပီးခဲ့မွန္းပင္မသိ။
ေျပာင္ေအာင္ေလွ်ာ္ေရာေလွ်ာ္ရဲ႕လားပင္။
"အိမ္ျပန္လိုက္ခဲ့ အဂၢ--ငါ ဖက္အအိပ္ခံေပးမယ္---။"
အဂၢ ဖြဖြ ၿပံဳးရင္း
"ဒီနားေလးကေျပာတယ္---မင္းက သူမဟုတ္ဘူးတဲ့--။"
အဂၢ တေယာက္ ဝမ္းနည္းေနဟန္ျဖင့္ ဘယ္ဖက္
ရင္ဘတ္ကို ပုတ္ရင္း ေျပာလာသည္။
"သူက နဥ္သူရလား ဒါမွ မဟုတ္ ေဝဒလား----။"
ယံနီ ထုတ္ေမးလိုက္ရာ အဂၢ စဥ္းစားၿပီးမွ
"အိမ္ျပန္ရေအာင္----။"
အဂၢ ထရပ္ၿပီး ယံနီ ေဘးမွ ျဖတ္အေလွ်ာက္ ယံနီ
အဂၢပခံုး ကို ဆြဲထားသည္။
"မင္း သူ႔ကို ခ်စ္ေနတယ္ ဆိုရင္ ထုတ္ေျပာလိုက္ အဂၢ
အရင္က မင္းရွာတဲ့ မိန္းကေလးျပႆနာ မွန္သမွ်
ငါလိုက္ရွင္းေနက်ပဲဟာ---အခုလည္း ငါရွင္းမယ္--မင္းသာ
အရင္လိုျပန္ေနေပးပါလား---အရင္လို ျပႆနာပဲ လိုက္ရွာ
ေနေပးပါလား---။"
အဂၢသည္ ယံနီ လက္ကို ဖယ္ခ်ရင္း ေရွ႔ဆက္သြား
လိုက္သည္။
"သူလည္း မင္းအေပၚ စိတ္ရွိေနတယ္ ဆိုရင္ေရာ---
သူစိမ္း ေယာက္်ားေလး တေယာက္ ဖက္တာခံၿပီး
အိပ္ေပးတယ္ ဆိုတာ သူလည္း ခံစားခ်က္ရွိေနလို႔ပဲ
မင္း ႀကိဳးစား ၾကည့္ပါလား---။"
အဂၢ အခုမွ အသက္ဝင္လာကာ ယံနီ ကိုလွည့္ၾကည့္ရင္း
"တကယ္လား----။"
ယံနီ ေခါင္းညိမ့္ျပလိုက္ေတာ့ အဂၢ အေျပးသြားရန္ျပင္
ေနသည္မို႔ ယံနီ တားလိုက္ရသည္။
"မင္းသာ ဒီအတိုင္းသြားရင္ မင္းဆီက ေရေမႊးနံ႔ေတြ
ေသရည္နံ႔ေတြနဲ႔ ေဝဒ ေဆာင့္ကန္တာ ခံရလိမ့္မယ္--
အိမ္ျပန္ေရခ်ိဳးၿပီးမွသြား---။"
"အင္း---ျမန္ျမန္လာ အာ့ဆို----။"
ခုနက လဒႀကီး လည္လိမ္ထားသလို ျဖစ္ေနသည့္ အဂၢမွာ ယခုမူ တက္ၾကြေသာ ၾကက္ဖႀကီး အသြင္ေျပာင္းသြား
ေလသည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ျပဴတင္းေပါက္မွ တဆင့္ျမင္ေနရေသာ လမင္းကို
ၾကည့္ရင္း အကိုေတာ္ေဒဝ နွင့္ ယံနီ ဘယ္လို
ခ်စ္ႀကိဳက္နိုင္သလဲ ေတြးကာ ေဝဒ စဥ္းစားခန္းဖြင့္ေနသည္။
မိန္းကေလးေတြလို ရင္ဖိုဖြယ္ အမို႔အေမာက္ ဘာညာလည္း မရွိ။ သူနဲ႔ကိုယ္ ရွိတာခ်င္း အတူတူပဲမဟုတ္လား။
ဘယ္လိုမ်ား ရင္ခုန္ၾကပါလိမ့္။
စဥ္းစားရင္း အဂၢ အေၾကာင္း ေခါင္းထဲ ဝင္လာသည္။
ေက်ာင္းေဆာင္မွ ေျပာင္းလာၿပီးကတည္းက ေဝဒ တခုခု
လိုေနသလိုပင္။ အဂၢ ကို ပစ္ပစ္နွစ္နွစ္ မဆဲရသည္ေၾကာင့္
ျဖစ္မည္ ထင္သည္။ ေဆာင္းဝင္စျပဳလာၿပီမို႔ေစာင္ကိုဆြဲကာ
ေႏြးေအာင္ ၿခံဳ လိုက္သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညသန္းေခါင္နား နီးၿပီမို႔ လူေျခ တိတ္ေနေလၿပီ။ အဂၢ
သမားေတာ္ႀကီး မင္းခြန္းသ ၿခံထဲ ေျခခ်ၿပီးမွ ေဝဒဆီ သြားဖို႔
မဝံမရဲ ျဖစ္ေနမိသည္။ အဂၢ အၿမဲလို ဇြတ္လုပ္သည့္ အက်င့္
ရွိေသာ္လည္း ဒီကိစၥမွာေတာ့ ဇြတ္လုပ္၍ ျဖစ္ပါ့မလားဟု
ေတြးေနမိသည္။ စိတ္ထဲ မာန္သြင္းရင္း ေဝဒ ကိုရွာရန္
၂ထပ္ေဆာင္ဖက္ ေလွ်ာက္ခဲ့လိုက္သည္။ ေဘးအစြန္ဆံုး
အခန္းသည္ ျပဴတင္းေပါက္ ခပ္ဟဟ ဖြင့္ထားသည္မို႔
ေခ်ာင္းၾကည့္လိုက္ေတာ့ ကုတင္ေပၚတြင္
ခပ္ေကြးေကြးေလး အိပ္ေနေသာ ေဝဒကို
ေတြ႕လိုက္ရသည္။ အဂၢ ေျခသံေဖာ့ေဖာ့ နင္းရင္း
ျပဴတင္းေပါက္မွ ေက်ာ္ဝင္လိုက္သည္။ ဝတ္ထားေသာ
အဆင္တန္ဆာ အခ်ိဳ႕ကို ခၽြတ္ကာ ေဝဒ ေဘး ဝင္လွဲလိုက္
ရာ ေဝဒ သည္ အဂၢ လွဲလိုက္ေၾကာင္း သိေနသေယာင္ပင္
အဂၢ ရင္ခြင္ထဲ လွိမ့္ဝင္လာသည္။ အဂၢ ပါးခ်ိဳင့္ေလးေပၚ
သည္အထိ အားပါးတရ ရယ္ၿပီး ရင္ခြင္ထဲမွ ေကာင္ေလး၏
ဆံပင္ခပ္ေပ်ာ့ေပ်ာ့ၾကားထဲ နွာေခါင္းျမဳတ္သည္အထိ
နမ္းလို္က္ေတာ့သည္။ အဂၢ က်ား၊မ မေရြး စားဖူးေသာ္ျငား
'ခ်စ္မဝ'ဟူေသာ ခံစားမွဳကိုေတာ့ ေဝဒနွင့္မွ ခံစားမိျခင္းပင္။
ေအးခ်မ္းစြာ အိပ္စက္ေနေသာ ေကာင္ေလး၂ေယာက္
အေပၚလျပည့္ရက္နီးၿပီ ျဖစ္ေသာ ထိန္လင္းေနသည့္
လဆန္းပိုင္းလေရာင္ သည္ျဖာက်ေနေလ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အာရံုတက္စမို႔ၾကက္တြန္သံ ကို ဟိုမွသည္မွ ၾကားေနရဆဲ။ နဥ္သူရ ေဆးပင္ထည့္ရန္ ေတာင္း အေသးေလးကို
ေက်ာတြင္ ပိုးလိုက္သည္။ ေခါင္းေပၚတြင္လည္း ခေမာက္
ေဆာင္းထားေသးမို႔ နဥ္သူရ ပံုစံသည္ ျမင္ေနက်ပံုစံႏွင့္
အနည္းငယ္ မတူျဖစ္ေနသည္။ ကိုယ္က်ပ္အက်ီ အေပၚတြင္
လက္ရွည္ ရင္ကြဲ အက်ီ တထည္ကိုလည္း ထပ္ဝတ္ထား
ေသးသည္မို႔ မသိလွ်င္ ေတာရြာဖက္မွ ေတာင္သူဦးႀကီးတို႔
လယ္ထဲ ေကာက္စိုက္ဆင္းဟန္နွင့္ တူေနေတာ့သည္။
နဥ္သူရ အေနာက္ဖက္မွ ေျခသံၾကား၍ လွည့္ၾကည့္လိုက္
သည္။ အနက္ေရာင္ ဝတ္စံုနွင့္ ေတဇ။ ဆံပင္မ်ားကို
ခပ္ျမင့္ျမင့္ထံုးကာ နဖူးစည္း အနက္ေရာင္ကို ေသသပ္စြာ
စည္းထားသည္။ ခါးတြင္ သေရ ခါးပတ္တခု ပတ္ထားၿပီး
ဓားရွည္ကို ထိုခါးပတ္တြင္ ခ်ိတ္ထားသည္။ ေက်ာတြင္
အနက္ေရာင္ ေလးႀကီးနွင့္ ျမွားအျပည့္ က်ည္ေတာက္
တခုကို လြယ္ထားသည္။ ေတဇ အနက္ေရာင္ ဝတ္တိုင္း
ေငးၾကည့္မိ သည္အထိ နဥ္သူရ သေဘာက်မိစၿမဲပင္။
"မင္းပံုက စုတ္ျပတ္ေနတာပဲ---။"
ေတဇ ရယ္ရင္းေျပာမွ နဥ္သူရ ကိုယ္ကိုယ္ကို ႏွင့္
ေတဇကို ႏွိဳင္းယွဥ္မိေတာ့သည္။ ေတဇ၏ ဝတ္ပံုစားပံုအရ
ေတာကစားထြက္သည့္ သခင္ေလးဟန္ ေပါက္ေနေလရာ
နဥ္သူရ တေယာက္ ငယ္ကၽြန္ဘဝ တန္းေရာက္သြား
ရွာသည္။ ေတာထဲသြားမည္မို႔ ခပ္ႏြမ္းႏြမ္း ေရြးဝတ္မိေသာ
ကိုယ္ကိုယ္ကိုပင္ အျပစ္တင္မိေတာ့သည္။
"အက်ီလဲဦးမလား----။"
"မလဲေတာ့ဘူး----ဒီေန႔ေတာ့ ဒီက ငယ္ကၽြန္ႀကီးက
မင္းကို သခင္ေလး လုပ္ခြင့္ေပးလိုက္ေတာ့မယ္----။"
၂ေယာက္လံုး ၿပိဳင္တူ ရယ္မိၾကေတာ့သည္။
"အကို ေဝဒေရာ ထြက္မလာေသးဘူးလား---။"
သတိုးေတဇ ေျပာရင္း အကိုေတာ္ ေဝဒ အခန္းဖက္
သြားၾကည့္ရန္ ျပင္လိုက္သည္။
"ဒီေန႔ေတာ့ ငါတို႔ ၂ေယာက္ပဲသြားရေအာင္----။"
"ဘာလို႔လဲ----။"
"ညက အဂၢ မင္းအကို အခန္းထဲ ဝင္သြားတာ
ျမင္လိုက္တယ္---အာ့နဲ႔ ငါ မေႏွာက္ယွက္ ခ်င္လို႔ ေဝဒကို
မႏွိဳးေတာ့တာ---။"
"ဘယ္လို ----။"
"မင္းအကို ေဝဒနဲ႔ အဂၢ ၾကားမွာ တခုခုရွိတယ္---
ဟိုတေခါက္က အဂၢ ေျခေထာက္ထိတုန္းက မင္းအကို
မ်က္ႏွာကို မျမင္ဘူးလား ေသခ်ာေပါက္ တခုခုရွိေနတယ္-။"
နဥ္သူရ စကားေျပာၾကားမွ ထိုေန႔က အကိုေတာ္ေဝဒ
မ်က္ႏွာကို ျပန္ေတြးမိသြားသည္။ ကူေလ့က်င့္ေပးရင္းက
အဂၢကို ထိေသာေၾကာင္ စိုးရိမ္သည့္ဟု ထင္ေသာ္လည္း
အနည္းငယ္ေတာ့ ထူးဆန္းေနခဲ့သည္။ ထို႔ေနာက္
အကိုေတာ္ ၂ေယာက္ စကားမ်ား ရန္ျဖစ္သည္မို႔ ထိုကိစၥကို
သတိမထားနိုင္ေတာ့ျခင္းျဖစ္သည္။ အခုမွျပန္ေတြးၾကည့္ရာ
နဥ္သူရ ေျပာသလို တခုခုေတာ့ ရွိပံုပင္။
"သြားရေအာင္---ငါ ေစ်းဝင္စရာလည္း
ရွိေသးတယ္----။"
၂ေယာက္သား ေဝလီေဝလင္းအခ်ိန္ ျမင္းကိုယ္စီဆြဲကာ
စထြက္ခဲ့ေတာ့ သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လယ္ယာသံုး ပစၥည္း ဆိုင္ထဲတြင္ နဥ္သူရ ပစၥည္းေရြး
ေနစဥ္ သတိုးေတဇ တေယာက္ ဆိုင္ေရွ႕တြင္ ျမင္း၂ေကာင္
နွင့္ရပ္ေစာင့္ ေနခဲ့ရသည္။နဥ္သူရ ပစၥည္းဝယ္ေသာ ဆိုင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ စားေသာက္ဆိုင္တြင္ လူတစုသည္
၂ေယာက္လံုးကို လိုက္ၾကည့္ေနသည္။
"မင္းတို႔ မ်က္ႏွာကို ေတြ႔လိုက္ရတယ္ေနာ္---။"
မိုခ ေမးလိုက္ရာ ေနာက္လိုက္ ၂ဝ ခန္႔၏ ေခါင္းေဆာင္
ျဖစ္သူသည္ ေခါင္းၿငိမ့္ျပကာအသံတိတ္ေျဖလိုက္သည္။
"ေသေအာင္ေတာ့ မလုပ္နဲ႔ ဒဏ္ရာ ရေအာင္ပဲလုပ္---
က်ိဳးရံု ပဲ့ရံုဆိုေတာ္ၿပီ---။"
"ဟုတ္---။"
မိုခ စကားကို ေျဖၿပီးေနာက္ ထိုလူတစုသည္ နဥ္သူရတို႔
၂ေယာက္ ေနာက္ကို ခပ္သုတ္သုတ္ လိုက္သြားေလသည္။
မိုခသည္ စစ္သူႀကီး နဥ္ယဥ္၏ ညီအရင္းမွ ေမြးေသာ
နဥ္ယဥ္ႏွင့္ တူေတာ္စပ္သူျဖစ္သည္။ စစ္သူႀကီးတြင္
သားေထာက္သမီးခံ မရွိသည့္အေလွ်ာက္ မိုခ တေယာက္
ငယ္စဥ္မွ စ၍ ဘႀကီးေတာ္ နဥ္ယဥ္ ဆီသို႔ အၿမဲသြားေရာက္
ေသာင္းက်န္းေလ့ရွိသည္။ မိုခ မိခင္သည္ မာလာၿမိဳင္
ေတာ္ဝင္မိသားစု အႏြယ္ဝင္မို႔ မိုခသည္ အၿမဲလို
ေမာက္ေမာက္မာမာ ေနတတ္သည္။ ေခါင္းမာ ေသာ
စရိုက္ႏွင့္ လိုက္ေလ်ာညီေထြ မေနတတ္မွဳေၾကာင့္ မိုခ
နဥ္သူရ ကို သိပ္ၾကည့္မရ။ နဥ္သူရ အဆိပ္ပညာတြင္
ထူးခၽြန္ၿပီးေနာက္ ဘႀကီးေတာ္ နဥ္ယဥ္သည္ အရင္ေလာက္ မိုခ ကို ဦးစား မေပးေတာ့။ ေနာက္တြင္ စစ္သူႀကီး
နဥ္ယဥ္သည္ နဥ္သူရကို ေမြးစားသား အျဖစ္ အသိအမွတ္
ျပဳလိုက္ေလရာ မိုခ နဥ္သူရ ကို အၿမဲမနာလိုျဖစ္
ေနေတာ့သည္။ မာလာၿမိဳင္တြင္ ရွိစဥ္က နဥ္သူရ သည္ မိုခ
မည္မွ် အႏိုင္က်င့္ပါေစ သည္းခံေလ့ရွိသည္။ ထို႔ေၾကာင့္
ေက်ာင္းတြင္လည္း ေျပာင္တင္းစြာပင္ နဥ္သူရကို
ျပႆနာရွာေလရာ သူကိုယ္တိုင္ အမ်ားအလည္တြင္
အျပစ္ေပးခံခဲ့ရသည္။ နဥ္သူရ အနည္းငယ္ ျပန္ခံရမွ မိုခ
စားဝင္ အိပ္ေပ်ာ္နိုင္မည္ ျဖစ္သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
YOU ARE READING
သူရိယောဝ သူရိေယာဝ(Ongoing)
Historical Fiction"နောင်ကြီး--နာမည်လေး သိခွင့်ရှိမလား---။" "မရှိဘူး----------။" "ေနာင္ႀကီး--နာမည္ေလး သိခြင့္ရွိမလား---။" "မရွိဘူး----------။"