Unicode Version
အခန်း(၁၇)
မနက်စောစော စီးစီး ရှေ့တွင် ဒူးထောက် ထိုင်ရင်း သူ့ခြံဝန်းထဲ ပြောင်းလာနေမည် ပြောနေသော ၃ယောက်ကြောင့် မင်းခွန်းသ ကြောင်သွားသည်။ မင်းခွန်းသ ဒေဝကိုကြည့်ရင်း
"ဝေဒ ပြောတော့ မင်းက အဂ္ဂရဲ့စံအိမ်မှာ လိုက်နေနေတယ်ဆို---အခုကျ ဘယ်လိုဖြစ်ပြီး ပြန်ပြောင်းလာတာလဲ---အဂ္ဂ တို့၂ယောက် ကရော ဘယ်လိုဖြစ်ပြီး ဒီကို ပြောင်းလာချင်ရတာလဲ----။"
"ဒီမှာနေချင်လို့ပါ----။"
ဒေဝ၏ တုံးတိ အဖြေ ကြောင့် သမားတော်ကြီးသာမက အဂ္ဂ နှင့် ဝေဒပါ ကြောင်သွားသည်။ 'နည်းနည်းပါးပါး ပြေပြေပြစ်ပြစ် တောင် မပြောတတ်ပါလား ဒေဝ ရယ်' ဟုသာ ၃ယောက်လုံး တွေးမိတော့သည်။
"ကျနော်တို့ လာနေတာ အဆင်မပြေလို့လား--- ဒီက ကာလင်္ကနဲ့ လည်း ပိုနီးလို့ပါ စံအိမ်က ဒီနဲ့စာရင် နည်းနည်း ဝေးလို့-- နောက် ကျတော်တို့ အသုံးစရိတ်ကို အိမ်က လျှော့မယ်ပြောလို့--။"
အဂ္ဂ စကားသည် ဆီလျှော်နေသည်မို့ မင်းခွန်းသ စဉ်းစားသွားသည်။ သို့သော်လည်း ကျောင်းဆောင်မှ ပြောင်းပြီး ၁ပတ်အကြာမှမို့ နည်းနည်းတော့ ထူးဆန်း နေတုန်းပင်။ အဂ္ဂတို့ပါ လာနေလည်း အဆင်မပြေတာ မရှိတာမို့ လက်ခံဖို့ပဲ ဆုံးဖြတ်လိုက်သည်။
"အာ့ဆိုလည်း ပြောင်းလာနေလေ---ဆရာကတော့ အဆင်မပြေတာ မရှိပါဘူး----။"
မင်းခွန်းသ၏ ခွင်ပြုချက်ရ အပြီးမှာတော့ ၃ယောက်လုံး ချက်ချင်းပင် ပြောင်းလာတော့သည်။ အဂ္ဂ တယောက် ဝေဒ နေသည့်အခန်းထဲ အထုတ်ဆွဲ ဝင်သွားသလို၊ ဒေဝနှင့် ယံနီသည်လည်း တခန်းထဲ နေနေသည်ကို တွေ့လိုက်ရသည့် အချိန်တွင်တော့ မင်းခွန်းသ တယောက် အဂ္ဂတို့ လာနေလိုသော တကယ် ရည်ရွယ်ချက်အမှန်ကို သိသွားတော့သည်။ ငယ်တုန်းရွယ်တုန်းမို့ အချစ်သည်းမှုက လတ်ဆတ်နေသည် မဟုတ်လား။ နေ့ရက်တိုင်း အချိန်တိုင်းကို အတူ ဖြတ်သန်းလိုသည် ထင်ပါရဲ့။ မင်းခွန်းသ ခေါင်းခါရင်း စာကြည့်ခန်းဆီသို့သာ လျှောက်သွားလိုက်တော့သည်။ တံခါးမှ အဝင် စာအုပ်စင် များအနီးတွင် အနက်ရောင် ဝတ် လူတယောက် နောက်ကျောခိုင်း ရပ်နေသည်ကို တွေ့လိုက်သည်။ နောက်ကျောပုံစံက တစုံတယောက်နှင့် ဆင်တူနေသည်မို့ မင်းခွန်းသ ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားသည်။ အချိန်တိုင်း မလွမ်းသော်ငြားတခုခု တွေးမိတိုင်း သူလွမ်းမိနေသော ထိုလူ။ နောက်မှ စိတ်ကို လျော့ချလိုက်သည်။ ထိုသူက သူရိယောဝ၏ ပြည်ရှင်မင်း ဖြစ်နေပြီ မဟုတ်ပါလား။ မင်းခွန်းသကို လာတွေ့ဖို့ထိ မအားလောက်ဘူး ထင်ပါသည်။ အလကား မျှော်လင့် နေမိသည်ပဲ။ မင်းခွန်းသ တံခါးကို သေချာပြန်စေ့ကာ
KAMU SEDANG MEMBACA
သူရိယောဝ သူရိေယာဝ(Ongoing)