အခန်း(၇) အခန္း(၇)

177 22 0
                                    

   Unicode Version

                             အခန်း(၇)

   ကာလင်္က တက္ကသိုလ်ရှေ့ ကွက်လပ်တွင်
ဝင်ခွင့်အောင်သော စာသင်သားများ ဟိုတစ်စု သည်တစ်စု
သွားလာနေသည်။ အဂ္ဂ တယောက်ကတော့ မိန်းကလေး
စာသင်သားများ စုဝေးရာဖက် ကြည့်ရင်း မျက်စိ အစာကျွေး
နေသည်။ သာမန်မိန်းကလေးအများစုတွင်စာပေလေ့လာသူ
ဟူ၍ သိပ်မရှိ အရွယ်ရောက်ကာ အိမ်မှုကိစ္စနိုင်နင်းသည်နှင့်
သင့်တော်သော ယောကျ်ားပျိုနှင့် ထိမ်းမြှားစေသည်။
မင်းမှုထမ်းများခန့်ထားရာတွင်လည်း ယောက်ျားလေးများ
သာခန့်ထားသည့် အတွက် သာမန်မိသားစုမှ
ပေါက်ဖွားသော မိန်းမပျိုလေးများသည် စာပေကို
အကျယ်တဝန်း မလေ့လာကြရပေ။ ဖတ်တတ် ရေးတတ်
ရုံသာ တတ်ကြသည်။ ချမ်းသာသော အသိုင်းအဝိုင်းနှင့်
မျိုးရိုးမြင့် မိသားစုမှ သခင်မလေးအနည်းစုသာ
စာပေလေ့လာကြသည်။ထို့ကြောင့် စာသင်သား၃ဝ ခန့်သာ
မိန်းကလေးများဖြစ်လေသည်။ သခင်မလေးများ ဖြစ်သဖြင့်
တယောက်ချင်းစီသည် နူးညံသိမ်မွေ့ကာ အလှတရား
ကိုယ်စီနှင့်။ အဂ္ဂ တယောက် မျက်နှာပေါ်တွင်အချိုသာဆုံး
အပြုံးတခု တင်ထားလေသည်။ မိန်းကလေးများကလည်း
တိုးတိုးတိတ်တိတ် ခိုးကြည့်ကြသည်။ အထူးသဖြင့်
သတိုးတေဇ၏ ထူးခြားသောရုပ်ရည်နှင့် စာပေထူးချွန်မှု
လေးပညာ၊ နဉ်သူရ၏ နူးညံသော သခင်လေးပုံစံ၊ အဂ္ဂ၏
အပြုံးချိုချိုများ၊ ဒေဝ၏ တောင့်တင်းသော ကြွက်သားများ
စသည် တို့သည် မိန်းကလေးများအကြား လူပြောအများဆုံး
ဖြစ်သည်။ ယံနီကတော့ ချီးကျူးလေ၊ ဒေါင်းလို
မြောက်ကြွကြွ ဖြစ်လေ ဖြစ်နေသော သူ့အကိုတော်ကို
မျက်ဖြူသာ လှန်ကြည့်နေမိတော့သည်။ ကျောင်းဝန်းထဲမှ
တောင့်တင်းသော ကြွက်သားများနှင့် လူသန်ကြီး
တယောက်နှင့် နတ်သမီးလိုမိန်းမပျို တယောက်
ထွက်လာသည်။ သားရေထည်ကိုပခုံးတစ်ဖက်ဖော်ကာ
ဝတ်ထားသော လူသန်ကြီး၏ ကြွက်သားများသည်
ဖုဖောင်းထွက်နေသည်မှာကျောက်တုံးကျောက်စိုင်အလား
အသားအရည်မှာ ကြေးနီရောင်ထနေသည်။ တင်းမာသော
မျက်နှာထက်တွင် ကြည့်ကောင်းသော မျက်နှာပိုင်ဆိုင်
သော်ငြား ဆံပင်ရှည်ကြမ်းကြမ်းများနှင့် မုတ်ဆိတ်မွေး
ရှည်များကကြမ်းတမ်းသည့် ဖက်ကိုဆောင်နေသည်။
၆ပေခွဲကျော်မြင့်မားသည့်အရပ် ကြောင့် ထင်းထွက်
နေသည်။ ဘေးမှ မိန်းမပျိုကမူ ထိုလူသန်ကြီးနှင့်
ဆန်ကျင့်ဖက်ပင်။ အနက်ရောင်ဆံနွယ်ရှည်များ၊ နှင်းလို
ဖြူဖွေးသော အသားအရည်၊နှုတ်ခမ်းရဲရဲကလေး နှင့်
နူးနူးညံညံပုံစံကြောင့် နတ်သမီးဆန်သော အလှကို
ပိုင်ဆိုင်ထားသည်။ စာသင်သားအားလုံးငေးမောသွားသည်။
   "မိန်းကလေးစာသင်သားတွေ ဆရာမနောက် လိုက်ခဲ့---။"
   မိန်းကလေး စာသင်သားများသာခေါ်သော်လည်း
ယောက်ျားလေးစာသင်သားများ၏ မျက်လုံးများပါ ပါသွား
လေသည်။ လေးညှင်းတိုက်သံလို ညင်သာသော
အသံလေးသည် ယောက်ျားလေးအားလုံး၏အာရုံကို
ဆွဲဆောင်သွားလေသည်။ လူသန်ကြီးသည်လည်း
စာသင်သားများကို အဆောင်တခုဆီ ခေါ်သွားသည်။
ဟောင်းနွမ်းမနေသော်လည်းဖုံတွေ အလိမ်းလိမ်း
တက်နေသည်။
   "ဆရာကတော့ မင်းတို့ကို စည်းကမ်းပိုင်းနဲ့
ကိုယ်ခံပညာပိုင်း သင်ပေးမယ့် ဆရာ ဂေါသ ပဲ မင်းတို့ ရဲ့
အဆောင်မှူးလည်းဖြစ်တဲ့ အတွက် အဆောင်မှူးဂေါသလို့
ခေါ်ရင်ရပြီ------ မင်းတို့အိမ်မှာ ဘယ်လိုပဲနေခဲ့ နေခဲ့
အခု ကာလင်္က ကိုဝင်မယ်ဆိုရင်တော့---စည်းကမ်းကို
လိုက်နာရမှာပဲ မလိုက်နာနိုင်ရင်တော့ အခုကတည်းက
လှည့်ပြန်ဖို့ အကြံပေးချင်တယ်----ဒါက မင်းတို့နေရမယ့်
အဆောင်ပဲ ကိုယ်နေရမယ့် အခန်းကိုယ် နေလယ်
ထမင်းစားချိန် မတိုင်ခင် သန့်ရှင်းရေးလုပ်ထားကြ ဝင်စစ်လို့
ဖုံတွေ မပြောင်ရင် အခန်းမှာနေတဲ့ လူအားလုံး
အပြစ်ပေးခံရမယ်----။"
   "ကျတော်တို့က စာသင်ဖို့လာတာ သန့်ရှင်းရေးက
အလုပ်သမားတွေအလုပ် မဟုတ်ဘူးလား----။"
   လူအုပ်ထဲမှ အသံတသံထွက်လာသည်။ အများစုလည်း
ထိုအကြောင်းကို မေးချင်နေသည်မို့ ထောက်ခံသံ
ခပ်တိုးတိုးများလည်းထွက်လာသည်။
   "ခုန စကားပြောလိုက်တဲ့ စာသင်သား ရှေ့ထွက်ခဲ့-----။"
   အဂ္ဂ မထီမဲ့မြင်ပြုံးရင်း လူအုပ်အပြင် ထွက်လိုက်သည်။
   "မင်း သန့်ရှင်းရေး လုပ်တတ်လား----။"
   "တတ်တာပေါ့-------။"
   "သန့်ရှင်းရေးရော လုပ်ဖူးလား----။"
   "မလုပ်ဖူးဘူး----။"
   "သန့်ရှင်းရေးလုပ်ကြည့်ဖို့ အခွင်ရေးရတယ်လို့
သတ်မှတ်ပြီး လုပ်ကြည့်လိုက်--- မင်းတို့အတွက်
လေ့ကျင့်ပြီးသားဖြစ်အောင် အဆောင်ရှေ့က
ခြံဝန်းကိုပါ တခါတည်းရှင်းလိုက်-----။"
   တော်တော်များများ မကျေနပ်ဖြစ်သံများ
ထွက်လာကြသည်။ အတော်များများသည် ချမ်းသာသည့်
မိသားစု များမှ သခင်လေးများမို့ မလုပ်ချင်ကြ။
   "ကာလင်္က ရဲ့စည်းကမ်းကို မလိုက်နာနိုင်ဘူး ဆိုရင်တော့
တံခါးကနေ အချိန်မရွေး ထွက်သွားလို့ရတယ်---
မင်းတို့ ၂ယောက် တခန်းနေရမှာ အဆောင် အဝင်ဝမှာ
အခန်းနံပတ်နဲ့ နာမည်စာရင်း ချိတ်ထားတယ်-----။"
   အားလုံး အသံများ တိတ်သွားကြသည်။ ကာလင်္က တွင်
သင်ယူပြီးပြန်လာသော စာသင်သားမှန်သမျှ တိုင်းပြည်
အသီးသီးတွင် မြင့်မားသော အဆင့်အတန်း ရကြသည်။
ထို့ကြောင့် အောင့်သက်သက်နှင့်ပင် သန့်ရှင်းရေး
လုပ်ကြရတော့မည်သာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
   အခန်း ၁ခုရှေ့တွင် အဂ္ဂ နှင့် ဝေဒ ၂ယောက်
အတူတူရပ်မိသွားသည်။
   "တိုက်ဆိုင်တယ်နော်-----။"
   ဝေဒ သက်ပြင်းချရင်း အခန်းတံခါးကို ဖွင့်ဝင်လိုက်သည်။
အဂ္ဂ ကတော့ ပြုံးရင်း နောက်မှ လိုက်သွားသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
သတိုးတေဇ နှင့် နဉ်သူရသည်လည်း တခန်းထဲ
ကျလေသည်။နဉ်သူရ ကသိကအောက်နိုင်သော
အပြုံးလေးဖြင့် ပြုံးပြလိုက်သည်။ နောက်ဆုံး တခေါက်
စျေးထဲမှာတွေ့ခဲ့သည့်အခြေနေက သိပ်မကောင်းခဲ့ပေ။
မည်သို့ စကားစ ပြောလျှင်ကောင်းမည်နည်း
စဉ်းစားမိသည်။
   "နောက်ကို တခန်းထဲ နေရမှာဆိုတော့ အပြန်အလှန်
ဂရုစိုက်ရင်း နေကြတာပေါ့----ကျတော့်နာမည် နဉ်သူရ
ဒီက နောင်ကြီးနာမည်ကရော----။"
   "တေဇ-----။"
နဉ်သူရ:-------။
   နဉ်သူရ တစ်ချက်ကြောင်သွားသည်။ 'တဖက်လူက
ချိုချိုသာသာလေး ပြောနေတဲ့ အချိန်မှာ တုံးတိကြီး
ဖြတ်ပြောမှ ဖြစ်မှာလား' ဟုစဉ်းစားမိသော်ငြား
တချို့လူများသည် မွေးဗီဇကိုက ထိုအတိုင်းပဲမို့
ဆက်မပြောတော့ဘဲ အပြုံးတုလေးသာပြုံးပြလိုက်ကာ
အခန်းတံခါးကိုသာဆွဲဖွင့်လိုက်သည်။ အခန်းထဲတွင်
ပရိဘောဂ ဟူ၍ ဗီဒို တလုံးနှင့် စားပွဲ ခပ်သေးသေး
တလုံးသာရှိသည်။ ပင့်ကူမျှင်နှင့် ဖုံတွေက နေရာအနှံပင်။
လူမနေတာဘယ်လောက်ကြာနေမှန်းမသိ။
ဖိနပ် ချွတ်ကာအခန်းထဲ ဝင်လိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
   နဉ်သူရ ကိုမြင်တော့ သတိုးတေဇ ဝမ်းသာသွားသည်။
အပြုံးလေး တချက်ပြုံးပြတော့ ငေးသွားသည်။ ပြီးမှ
သူ့စိတ်သူပြန်ထိန်းရင်း 'သတိုးတေဇမင်းယောကျ်ားချင်း
သတိထားစမ်း' ဟုပြန်ပြောနေရသည်။နာမည်မေးတော့
ကိုယ်နာမည်ကို သံပြတ်နှင့်သာ ပြန်ပြောလိုက်မိသည်။
ပထမဆုံး တရားဝင်တွေ့ဆုံမှုသည် မိမိကိုယ်ကို
အရိုင်းအစိုင်းကောင်ဟု ထင်စေသည်။ 'နေပါဦး
ယောက်ျားချင်းဆို ဘာတွေတွေးပူနေတာလဲ'
ကိုယ်ဖာသာ အားပေးရင်း အခန်းထဲ လိုက်ဝင်လိုက်သည်။
ဖုံတက်နေသော အခန်းကိုတံမြတ်စည်းလှဲ၊ကြမ်းတိုက်နှင့်
၂ယောက်သားအမြန်လုပ်ကြရ၍ စကားတောင်မပြော
ဖြစ်ကြတော့။ မြန်မြန်ရှင်း၍အခန်းပြင်ထွက်လာရန်
အဆောင်မှူး၏ ဆော်သြသံ ကြားရသည်မို့ နဉ်သူရ ဗီဒို
တံခါးကိုအမှုမဲအမှတ်မဲ့ အဖွင့် အထဲမှ မြွေတကောင်
လျှောခနဲ့ ခြေထောက်ပေါ်ကျလာသည်။အေးစက်စက်
အထိ အတွေ့ကြောင့် ခြေထောက်ကို ခါလိုက်ရာ
မြွေသည်လည်း ရန်ရှာသည် အထင်နှင့် ကိုက်လိုက်
လေတော့သည်။
  "အ-------။"
သတိပြန်ဝင်လာသည်မို့ မပြေးနိုင်သေးသောမြွေ၏
နှလုံးနေရာကို ညစ်၍ဖမ်းထားလိုက်သည်။
  "ဘာဖြစ်တာလဲ-----။"
သတိုးတေဇလည်း အော်သံကြားသဖြင့် လှည်ကြည့်
လိုက်တော့ မြွေကို လက်တဖက်ကဖမ်းရက်သား
နောက်တဖက်က အကိုက်ခံရသော ခြေဖမိုးကို
ဖိထားသော နဉ်သူရကိုတွေ့လိုက်ရသဖြင့် တချက်
ကြောင်သွားသည်။ ပြီးမှ ပုဝါ တထည်ကို ခြေကျင်းဝတ်
တွင် ခပ်လျော့လျော့စည်းပေးလိုက်သည်။ မြွေကိုက်ခံရလျှင်
လှုပ်လှုပ်ရှားရှား မလုပ်ရသည်မို့ နဉ်သူရကို ကောက်ပွေ့
လိုက်သည်။
   "ဘာလုပ်တာလည်း----ငါ လျှောက်နိုင်တယ်----။"
   "ငြိမ်ငြိမ်နေ----မြွေက အဆိပ်ရှိသလားမသိဘူး---။"
ဒူးအောက်မှ လက်လျှိုကာပွေ့ချီရင်း အပြင်ထွက်လိုက်သည်။
အများစု အပြင်ရောက်နေပြီ မို့ နဉ်သူရကို ပွေ့ချီရင်း
ထွက်လာသော သူ့ကို ဝိုင်းကြည့်သည်။ နဉ်သူရလည်း
ယောက်ျား တယောက်ဖြစ်ပါလျက် မိန်းကလေးလို
ပွေ့ချီခံရ သဖြင့် ရှက်စိတ်ပေါ်လာသည်။ ထိုအခိုက်
နဉ်သူရ သတိုးတေဇ၏လည်ပင်းရှိမှဲ့သေးသေးလေးကို
တွေ့လိုက်ရသည်။ နောက် နှာတံ ခပ်စင်းစင်း။ ဇာမဏီ
မျက်ဝန်း ခပ်လှလှ တစုံ။ နဉ်သူရ ယောက်ျားအချင်းချင်း
ဟူသောအတွေးဝင်လာ၍ မျက်နှာပူစွာ တဖက်သို့
လှည့်လိုက်သည်။
   "ဘာဖြစ်လာတာလဲ-----။"
အဆောင်မှူး ဂေါသ အနားရောက်လာတော့ သတိုးတေဇ
သည် နဉ်သူရကို မြေပြင်ပေါ် ညင်သာစွာချရင်း
   "မြွေ ကိုက်သွားလို့-----။"
ဂေါသ သည် နဉ်သူရ လက်ထဲမှ မြွေကို ဂရုတစိုက်ယူ
ကြည့်လိုက်သည်။
   "ဒီမြွေက အဆိပ်မရှိဘူး---ကာလင်္က ကမြွေအများစုက
အဆိပ်မရှိတတ်ကြဘူး---ဒါပေမဲ့ ဝေးဝေးတော့နေကြ
ကိုက်ရင် ဒဏ်ရာတော့ ရမှာပဲ-----။"
   ပြောရင်းမြွေကို ဘေးခပ်ဝေးဝေးသွားလွှတ်လိုက်သည်။
သတိုးတေဇ အခုမှ သက်ပြင်းချနိုင်တော့သည်။ နဉ်သူရ
အကိုက်ခံရချင်း စိတ်ပူသွားတာတော့ အမှန်ပင်။ မြွေကိုက်
ခံရပြီးတာတောင် မြွေ၏ အဓိကနေရာကို ကိုင်ကာဖမ်းနိုင်
သော ထိုကောင်လေးကိုလည်း အံ့သြသွားသည်။
အခုမှ စိတ်အေးရပုံ မောမောပန်းပန်းနှင့် ထိုင်ချလိုက်သော
တေဇ ပုံစံကြောင့် နဉ်သူရ အားနာဟန် ပြုံးပြလိုက်သည်။
သူ့ကို စိုးရိမ်တကြီး ပွေ့ချီပြေးပေးခဲ့သည် မဟုတ်လား၊
အရှက်တော့ ရပေမဲ့ပေါ့။ စကားပြောရင့်ပေမဲ့ သူတပါးကို
ဂရုတော့စိုက်တတ်သားပဲ ဟုတွေးမိလိုက်သည်း
   "ဟို ကလေး၂ယောက်က---အခန်းထဲ ပြန်နားတော့---
အဆိပ်မရှိပေမဲ့---ဒဏ်ရာနဲ့ဆိုတော့ နားလိုက်---တေဇက
ကူပေးလိုက်----သမားတော်ကြီးခေါ်ပေးဖို့လိုလား----။"
နဉ်သူရ အဆောင်မှူးဂေါသကို မလိုကြောင်းပြောကာ
မက်တပ်ရပ်လိုက်တော့ တေဇမှ လာတွဲသည်။ မျက်နှာ
ပူပူနှင့်ပင် မှီတွဲရင်း အခန်းပြန်ခဲ့လိုက်သည်။ပထမဆုံး
နေ့မှာပင် မိန်းကလေးလို ပွေ့ချီခံရကာ အရှက်ကွဲသော
အဖြစ်ကား ဆိုးလွန်းလှသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
   နဉ်သူရ ဒဏ်ရာကို ပတ်တီးစီးပေးပြီးနောက်
၂ယောက်သား မျက်နှာချင်းဆိုင်မိကြသည်။
   ''ငါ မင်းအပေါ် ကျေးဇူးတခု တင်သွားပြန်ပြီ----။"
   နဉ်သူရ မျက်စိလွှဲလိုက်ကာ ပြောလိုက်သည်။
   "အင်း-----။"
   ၂ယောက်လုံး စကားစ ရပ်သွားသည်။
   "စျေးထဲမှာတုန်းက----။"
   "ငါတို့ မိတ်ဆွေဖွဲ့မလား-----။"
၂ယောက်လုံး ပြိုင်တူ ပြောမိပြီး ကြောင်သွားသည်။
   "ငါအရင်ပြောမယ်----စျေးထဲမှာတုန်းက ငါလွန်သွားတာ
တောင်းပန်ပါတယ်---ငါမင်းကို မစွပ်စွဲသင့်ဘူး---
အသပြာအိတ်လည်း ငါပြန်ယူထားတယ်-----။"
   နဉ်သူရ အသပြာအိတ်ကို အဝတ်ထုပ်ထဲမှ
လှမ်းယူကာတေဇကို ကမ်းပေးလိုက်သည်။ ထို့နောက်
သူ့ ငယ်ဘဝ အကြောင်းမှလွဲ ထိုနေ့ကဖြစ်သမျှ အကုန်
ပြန်လိုက်သည်။ သတိုးတေဇ လှမ်းယူလိုက်ပြီးနောက်
'အင်း'တစ်လုံးသာပြောသည်။ နဉ်သူရအခုမှ
သက်ပြင်းချရင်း
   "ငါက မင်း စိတ်တိုနေမယ်ထင်တာ တော်သေးတာပေါ့
ခုနက မင်းပြောတာ ဘာ မိတ်ဆွေဖွဲ့ဖို့လား----။"
   "အင်း-----။"
   "ငါ့ ကို မိန်းကလေးတယောက်လို ပွေ့ချီပြီးပြီ ဆိုတော့
မင်း သေချာပေါက် တာဝန်ယူပေးရမှာပေါ့---။"
သတိုးတေဇ:------။
   နဉ်သူရ တယောက် တေဇ၏ နားမလည်ဟန်
ဖြစ်သွားသော မျက်နှာကို ကြည့်ရင်း ရယ်လိုက်ကာ
   "နောက်နေတာ --ငါက မိန်းကလေးမှ မဟုတ်တာ
မင်း စျေးထဲက ကိစ္စ နားလည်ပေးတာ နောက် ဒီနေ့ကိစ္စ
အားလုံးအတွက် မင်းကို ကျေးဇူးတင်တယ်---အာ့တော့
မိတ်ဆွေ သူငယ်ချင်း ညီအကို ကြိုက်တာလုပ်---။"
   နဉ်သူရ မက်မက်ရပ်ရင်း လက်ကမ်းပေးလိုက်သည်။
တေဇ ကြောင်ကြည့်နေသည်မို့ နဉ်သူရ သူ့လက်ကိုဆွဲကာ
ပခုံးချင်းတိုက်လိုက်သည်။ ပြုံးနေသော နဉ်သူရကို
ကြည့်ရင်း သူပါလိုက်ပြုံးမိသွားသည်။ ထိုကောင်လေးသည်
ခပ်လှလှပြုံးတတ်လေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လက်ထဲမှ စာလိပ်သေးသေးသေးလေး ကိုဖွင့်ကြည့်
ရင်း သူရိယောဝဘုရင် သတိုးရာဇာပြုံးနေသည်။ ယောဇ
သည် တံခါးဝမှ လျှောက်လာနေသည်။ သတိုးရာဇာ အနား
ရောက်သည်နှင့် ဒူးထောက်ထိုင်ချကာ ဂါရဝပြုလိုက်သည်။
သတိုးရာဇာ သည် ထရန်ပြောလိုက်ပြီးနောက်
  "ညီတော် အဆင့်၁နဲ့အောင်တယ်တဲ့ ယောဇ---။"
  "ညီတော်တေဇက တော်တဲ့ကလေးပဲ သူ ရသင့်ပါတယ်-။"
  "အိမ်နဲ့ အဝေးမှာနေချင်လွန်းလို့ ကြိုးစားတယ် ထင်ပါရဲ့
သူထင်သလို အဆင်ပြေရဲ့လားမသိပါဘူးကွာ----။"
  "ပြေမှာပါ အရှင်မင်းကြီး ကာလင်္က ထဲမှာ ရှိနေသမျှ
အဆင်ပြေနေမှာပါ---။"
   "မာလာမြိုင်ကို တော့ မသွားစေချင်ဘူး----တခုခုဖြစ်မှာ
စိုးရိမ်တယ်---။"
   "ရင့်ကျက်ဖို့က ဒုက္ခအနည်းငယ်တော့ကြုံတွေ့ဖို့လိုတယ်--
အဆင်ပြေနေမှာပါ---တေဇက အဆိပ်နဲ့တောင် အခုလို
ကောင်းကောင်းကြီးပျင်းလာသေးတာ---။"
   "အင်း---ကျန်းကျန်းမာမာနဲ့ ရင်ကျက်လာဖို့ပဲ မျှော်လင့်
ရတာပဲ--ဒါနဲ့---ခွန်းသ ကိုယ်တော့်ကို ခွင့်လွှတ်ပေးနိုင်ပြီ
ထင်လား အခုလောက်ဆိုရင်လေ----။"
   "ခွန်းသ စိတ်နဲ့ဆို ကျတော်မျိုး ထင်တာတော့----။"
ယောဇဆက်မပြောတော့ဘဲ ရပ်သွားသည်။
  "သူ ခေါင်းမာလွန်းတယ်ယောဇ---သို့ပေမဲ့ နောက်တခါ
ထပ်ရွေးခိုင်းခဲ့ရင်လည်း---ကိုယ်တော် ဒီလမ်းကိုပဲ ရွေးမှာပဲ
သူကိုတော့ တောင်းပန်ချင်သေးတယ်---။"
   ယောဇ တိတ်တဆိတ်သာနေလိုက်သည်။
'အရှင်မင်းကြီးလည်း မမှားသလို ခွန်းသလည်း မမှားပါဘူး
မှားနေတာက ကံတရားပဲထင်ပါတယ်' ဟုသာ
စိတ်ထဲမှရေရွတ်လိုက်သည်။ လွန်ခဲ့သော ၁၃နှစ်ဆီက
အဖြစ်များသည် မနေ့တနေ့ကလို မျက်လုံးထဲ ပြန်မြင်ယောင်
လာသည်။
  မင်းကြီးသတိုးမင်းခေါင်ရှေ့တွင် မင်းခွန်သ နှင့်သတိုးရာဇာ
၂ယောက်သားဒူးထောက်နေသည်။
"အာ့တော့ မင်းက မဒီ့ကို မဟုတ်ဘဲ--- သူ့ကို
ကြင်ယာတော် မြှောက်မယ်ပေါ့------။"
သတိုးရာဇာသည် မင်းခွန်းသ လက်ကို
ခပ်တင်းတင်းဆုတ်ရင်း
   "ဟုတ်ပါတယ်-----ခမည်းတော်သဘောမတူရင်
ကျတော်မျိုး---အိမ်ရှေ့စံအရာကို စွန့်လွှတ်ပါ့မယ်-----။"
ဘုရင် သတိုးမင်ခေါင်သည် သူ့ရှေ့စားပွဲပေါ်မှ
ပစ္စည်းအားလုံးကို ဒေါသတကြီး ပစ်ထုတ်ပစ်လိုက်သည်။
"သတိုးရာဇာ---မင်းကိုမင်းဟုတ်လှပြီပေါ့----ဘာ
အိမ်ရှေ့စံအရာကို စွန့်လွှတ်ပါ့မယ် ဟုတ်လား----
မင်းမယ်တော် နတ်ရွာမစံခင် မင်း ဘယ်လိုကတိပေးခဲ့လဲ---
အခုတော့ ၅နှစ်ပဲရှိသေးတဲ့ မင်းညီတော်ကို အိမ်ရှေ့စံ
ထားမယ်ပေါ့---မင်းခွန်းသ အတွက်နဲ့ မင်းညီတော်
ဘာဖြစ်ဖြစ်လား----။"
   သတိုးရာဇာ အောက်ငုံ့ရင်း စကားမဆိုဖြစ်တော့
   "သူရိယောဝ ထီးနန်းမှာယောကျ်ားလေးက မိဖုရားခေါင်
ဖြစ်တယ်ဆိုတာမရှိဘူး ရှိလာမှာလည်းမဟုတ်ဘူး----
မင်းတို့၂ယောက်ကိစ္စကို လက်ကိုမခံနိုင်ဘူး ---ဒါဟာ
သဘာဝကို ဖောက်ဖျတ်တဲ့ကိစ္စကြီး----။"
ခဏအကြာမှ ဘုရင်သတိုးမင်းခေါင်သည်
မျက်မှောင်ကြုပ်လိုက်ကာလေသံခပ်အေးအေးဖြင့်
   "ငါကိုယ်တော် မင်းခွန်းသကို နယ်နှင်ဒဏ်ပေးမယ်--
သားတော်ရာဇ မင်းစဉ်းစားပေါ့ မင်းခွန်းသနဲ့ အတူတူ
ထွက်သွားမလား သူရိယောဝမှာပဲ ဆက်နေချင်သေးလား-။"
   ထိုစဉ် အထိန်းတော်တယောက် ခပ်သုတ်သုတ်
ပြေးလာကာ
   "အရှင်မင်းကြီး မင်းသားငယ် သတိုးတေဇရဲ့အဆိပ်
ထပ် ထလာပါတယ်ဘုရား---အခု တင်သတိလစ်သွား
ပါတယ်---။"
   ၃ယောက်လုံး အလန့်တကြားဖြစ်သွားသည်။ မင်းကြီး
သတိုးမင်းခေါင်သည် သတိုးရာဇာကို ခပ်စူးစူးကြည့်ပြီး
ထွက်သွားတော့သည်။ သတိုးရာဇာ တွေတွေကြီး
ငြိမ်သက်သွားပြီးနောက် ဒူးထောက်လျက်မှ မင်းခွန်းသဖက်
လှည်ကာ တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။
ဆံပင်များထဲ ခေါင်နှစ်ဝင်ကာ နမ်းလိုက်ပြီး လူချင်းခွာ
လိုက်သည်။ ပြီးနောက် နဖူးပေါ်သို့ ထပ်နမ်းလိုက်သည်။
ပြီးမှ သက်ပြင်းချရင်း
"တောင်းပန်ပါတယ် မင်းမှာ ငါမရှိတော့ရင်--- နာကျင်
ခံစားရရုံပဲ သူရိယောဝမှာ ငါမရှိရင်တော့ရင်-- တိုင်းပြည်
အနာဂတ် ပျောက်လိမ့်မယ် ညီတော်မှာလည်း ငါမရှိလို့
မဖြစ်ဘူး---မင်းငါ့ကို မုန်းလိုက်ပါ---။"
   မင်းခွန်သ မျက်ရည်များကျလာရင်း
   "မင်းလည်း ငါ့အဖေနဲ့ အတူတူပဲ သတိုးရာဇာ---
တိုင်းပြည် ကောင်းစားရေး ဆိုပြီး---နောက်ဆုံးတော့
ငါကိုပစ်ပယ်ခဲ့တာချည်းပဲ--- ငါ့အပေါ် မတရားပေမဲ့
မင်းရွေးချယ်တာမှန်ပါတယ် မင်း မင်းကောင်းတပါး
ဖြစ်လာမှာပါ--- ငါမင်းကိုတော့ ထပ်မတွေ့ချင်တော့ဘူး
ဒါပေမဲ့--ငါမင်းကို မမုန်းနိုင်ဘူး ဘာလို့ဆို မင်းက
ငါ့ တစ်ဘဝလုံးစာအတွက် အချစ်ရဆုံးလူ မို့လို့ပဲ---။"
   မင်းခွန်းသ ပြောပြီးနောက် နှုတ်ဆက်သည့်အနေဖြင့်
သတိုးရာဇာကို ဖက်လိုက်သည်။ ထို့နောက် လူချင်းခွာကာ
သတိုးရာဇာလည်း သူ့ညီတော် အဆောင်ဖက်
ပြေးထွက်သွားတော့သည်။ မင်းခွန်းသ မျက်ရည်များ
သုတ်ပစ်ကာ မက်တပ်ရပ်လိုက်သည်။ အခန်းထဲမှ
ထွက်ကာ အပေါက်ဝတွင် ရပ်စောင့် နေသော
ယောဇအနား အရောက်ရပ်လိုက်ကာ
   "မင်း သူ့အနားမှာပဲ ရှိနေမှာမဟုတ်လား---။"
    ယောဇ ခေါင်းညိမ့်ပြလိုက်သည်။
   "ဂရုစိုက်မယ်ဆိုတာ သိပေမဲ့ ငါထပ်မှာမယ်--သူကို
ကောင်းကောင်းစောင့်ရှောက်ထား--ငါတက္ကသိုလ်ပြည်ကို
သွားမယ်------ဒါပေမဲ့ မင်းရော သူပါ လာမရှာနဲ့
ငါမတွေ့ချင်ဘူး----။"
   မင်းခွန်းသ ပြောပြီးသည်နှင့် ခြေလှမ်းခပ်မှန်မှန်ဖြင့်
ထွက်သွားတော့သည်။
   "ယောဇ---ငါကိုယ်တော်မေးနေတာ ကြားရဲ့လား--။"
   သတိုးရာဇာ စကားကြားမှ စိတ်သည် အခု လက်ရှိ အချိန်
ပြန်ရောက်တော့သည်။
   "ကျတော်မျိုး မကြားလိုက်လို့ပါ----။"
   "ဒီည စစ်တုရင် ထိုးရအောင်--- နှမတော် မိဖုရားကြီး
မဒီ ကိုပါခေါ်--သေရည်ပါပြင်ထားလိုက်--။"
  "ဟုတ်ကဲ့ပါ----။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
*သတိုးတေဇကို တေဇလို့ပဲ သုံးတာက သူရိယောဝက
မင်းသားမှန်းမသိအောင် သတိုး ဆိုတာကိုဖြုတ်ပြီး
တေဇ နာမည်နဲ့ ကာလင်္ကကို ဝင်ခဲ့လို့ပါ။ နဉ်သူရ POV
ဆိုရင် တေဇ ပဲသုံးပါမယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi Version

                           အခန္း(၇)

   ကာလကၤ တကၠသိုလ္ေရွ႕ ကြက္လပ္တြင္
ဝင္ခြင့္ေအာင္ေသာ စာသင္သားမ်ား ဟိုတစ္စု သည္တစ္စု
သြားလာေနသည္။ အဂၢ တေယာက္ကေတာ့ မိန္းကေလး
စာသင္သားမ်ား စုေဝးရာဖက္ ၾကည့္ရင္း မ်က္စိ အစာေကၽြး
ေနသည္။ သာမန္မိန္းကေလးအမ်ားစုတြင္စာေပေလ့လာသူ
ဟူ၍ သိပ္မရွိ အရြယ္ေရာက္ကာ အိမ္မွဳကိစၥနိုင္နင္းသည္နွင့္
သင့္ေတာ္ေသာ ေယာက်္ားပ်ိဳနွင့္ ထိမ္းျမွားေစသည္။
မင္းမွဳထမ္းမ်ားခန္႔ထားရာတြင္လည္း ေယာက္်ားေလးမ်ား
သာခန္႔ထားသည့္ အတြက္ သာမန္မိသားစုမွ
ေပါက္ဖြားေသာ မိန္းမပ်ိဳေလးမ်ားသည္ စာေပကို
အက်ယ္တဝန္း မေလ့လာၾကရေပ။ ဖတ္တတ္ ေရးတတ္
ရံုသာ တတ္ၾကသည္။ ခ်မ္းသာေသာ အသိုင္းအဝိုင္းနွင့္
မ်ိဳးရိုးျမင့္ မိသားစုမွ သခင္မေလးအနည္းစုသာ
စာေပေလ့လာၾကသည္။ထို႔ေၾကာင့္ စာသင္သား၃ဝ ခန္႔သာ
မိန္းကေလးမ်ားျဖစ္ေလသည္။ သခင္မေလးမ်ား ျဖစ္သျဖင့္
တေယာက္ခ်င္းစီသည္ ႏူးညံသိမ္ေမြ႔ကာ အလွတရား
ကိုယ္စီနွင့္။ အဂၢ တေယာက္ မ်က္နွာေပၚတြင္အခ်ိဳသာဆံုး
အၿပံဳးတခု တင္ထားေလသည္။ မိန္းကေလးမ်ားကလည္း
တိုးတိုးတိတ္တိတ္ ခိုးၾကည့္ၾကသည္။ အထူးသျဖင့္
သတိုးေတဇ၏ ထူးျခားေသာရုပ္ရည္နွင့္ စာေပထူးခၽြန္မွဳ
ေလးပညာ၊ နဥ္သူရ၏ ႏူးညံေသာ သခင္ေလးပံုစံ၊ အဂၢ၏
အၿပံဳးခ်ိဳခ်ိဳမ်ား၊ ေဒဝ၏ ေတာင့္တင္းေသာ ၾကြက္သားမ်ား
စသည္ တို႔သည္ မိန္းကေလးမ်ားအၾကား လူေျပာအမ်ားဆံုး
ျဖစ္သည္။ ယံနီကေတာ့ ခ်ီးက်ဴးေလ၊ ေဒါင္းလို
ေျမာက္ၾကြၾကြ ျဖစ္ေလ ျဖစ္ေနေသာ သူ႔အကိုေတာ္ကို
မ်က္ျဖဴသာ လွန္ၾကည့္ေနမိေတာ့သည္။ ေက်ာင္းဝန္းထဲမွ
ေတာင့္တင္းေသာ ၾကြက္သားမ်ားနွင့္
လူသန္ႀကီးတေယာက္နွင့္ နတ္သမီးလိုမိန္းမပ်ိဳ တေယာက္
ထြက္လာသည္။ သားေရထည္ကိုပခံုးတစ္ဖက္ေဖာ္ကာ
ဝတ္ထားေသာ လူသန္ႀကီး၏ ၾကြက္သားမ်ားသည္
ဖုေဖာင္းထြက္ေနသည္မွာေက်ာက္တံုးေက်ာက္စိုင္အလား
အသားအရည္မွာ ေၾကးနီေရာင္ထေနသည္။ တင္းမာေသာ
မ်က္နွာထက္တြင္ ၾကည့္ေကာင္းေသာ မ်က္နွာပိုင္ဆိုင္
ေသာ္ျငား ဆံပင္ရွည္ၾကမ္းၾကမ္းမ်ားနွင့္ မုတ္ဆိတ္ေမြး
ရွည္မ်ားကၾကမ္းတမ္းသည့္ ဖက္ကိုေဆာင္ေနသည္။
၆ေပခြဲေက်ာ္ျမင့္မားသည့္အရပ္ ေၾကာင့္ ထင္းထြက္
ေနသည္။ ေဘးမွ မိန္းမပ်ိဳကမူ ထိုလူသန္ႀကီးနွင့္
ဆန္က်င့္ဖက္ပင္။ အနက္ေရာင္ဆံႏြယ္ရွည္မ်ား၊ ႏွင္းလို
ျဖဴေဖြးေသာ အသားအရည္၊ႏွဳတ္ခမ္းရဲရဲကေလး နွင့္
ႏူးႏူးညံညံပံုစံေၾကာင့္ နတ္သမီးဆန္ေသာ အလွကို
ပိုင္ဆိုင္ထားသည္။ စာသင္သားအားလံုးေငးေမာသြားသည္။
   "မိန္းကေလးစာသင္သားေတြ ဆရာမေနာက္ လိုက္ခဲ့---။"
   မိန္းကေလး စာသင္သားမ်ားသာေခၚေသာ္လည္း
ေယာက္်ားေလးစာသင္သားမ်ား၏ မ်က္လံုးမ်ားပါ ပါသြား
ေလသည္။ ေလးညွင္းတိုက္သံလို ညင္သာေသာ
အသံေလးသည္ ေယာက္်ားေလးအားလံုး၏အာရံုက္ို
ဆြဲေဆာင္သြားေလသည္။ လူသန္ႀကီးသည္လည္း
စာသင္သားမ်ားကို အေဆာင္တခုဆီ ေခၚသြားသည္။
ေဟာင္းႏြမ္းမေနေသာ္လည္းဖံုေတြ အလိမ္းလိမ္း
တက္ေနသည္။
   "ဆရာကေတာ့ မင္းတို႔ကို စည္းကမ္းပိုင္းနဲ႔
ကိုယ္ခံပညာပိုင္း သင္ေပးမယ့္ ဆရာ ေဂါသ ပဲ မင္းတို႔ ရဲ႕
အေဆာင္မွဴးလည္းျဖစ္တဲ့ အတြက္ အေဆာင္မွဴးေဂါသလို႔
ေခၚရင္ရၿပီ------ မင္းတို႔အိမ္မွာ ဘယ္လိုပဲေနခဲ့ ေနခဲ့
အခု ကာလကၤ ကိုဝင္မယ္ဆိုရင္ေတာ့---စည္းကမ္းကို
လိုက္နာရမွာပဲ မလိုက္နာနိုင္ရင္ေတာ့ အခုကတည္းက
လွည့္ျပန္ဖို႔ အႀကံေပးခ်င္တယ္----ဒါက မင္းတို႔ေနရမယ့္
အေဆာင္ပဲ ကိုယ္ေနရမယ့္ အခန္းကိုယ္ ေနလယ္
ထမင္းစားခ်ိန္ မတိုင္ခင္ သန္႔ရွင္းေရးလုပ္ထားၾက ဝင္စစ္လို႔
ဖံုေတြ မေျပာင္ရင္ အခန္းမွာေနတဲ့ လူအားလံုး
အျပစ္ေပးခံရမယ္----။"
   "က်ေတာ္တို႔က စာသင္ဖို႔လာတာ သန္႔ရွင္းေရးက
အလုပ္သမားေတြအလုပ္ မဟုတ္ဘူးလား----။"
   လူအုပ္ထဲမွ အသံတသံထြက္လာသည္။ အမ်ားစုလည္း
ထိုအေၾကာင္းကို ေမးခ်င္ေနသည္မို႔ ေထာက္ခံသံ
ခပ္တိုးတိုးမ်ားလည္းထြက္လာသည္။
   "ခုန စကားေျပာလိုက္တဲ့ စာသင္သား ေရွ႕ထြက္ခဲ့-----။"
   အဂၢ မထီမဲ့ျမင္ၿပံဳးရင္း လူအုပ္အျပင္ ထြက္လိုက္သည္။
   "မင္း သန္႔ရွင္းေရး လုပ္တတ္လား----။"
   "တတ္တာေပါ့-------။"
   "သန္႔ရွင္းေရးေရာ လုပ္ဖူးလား----။"
   "မလုပ္ဖူးဘူး----။"
   "သန္႔ရွင္းေရးလုပ္ၾကည့္ဖို႔ အခြင္ေရးရတယ္လို႔
သတ္မွတ္ၿပီး လုပ္ၾကည့္လိုက္--- မင္းတို႔အတြက္
ေလ့က်င့္ၿပီးသားျဖစ္ေအာင္ အေဆာင္ေရွ႕က
ၿခံဝန္းကိုပါ တခါတည္းရွင္းလိုက္-----။"
   ေတာ္ေတာ္မ်ားမ်ား မေက်နပ္ျဖစ္သံမ်ား
ထြက္လာၾကသည္။ အေတာ္မ်ားမ်ားသည္ ခ်မ္းသာသည့္
မိသားစု မ်ားမွ သခင္ေလးမ်ားမို႔ မလုပ္ခ်င္ၾက။
   "ကာလကၤ ရဲ႕စည္းကမ္းကို မလိုက္နာနိုင္ဘူး ဆိုရင္ေတာ့
တံခါးကေန အခ်ိန္မေရြး ထြက္သြားလို႔ရတယ္---
မင္းတို႔ ၂ေယာက္ တခန္းေနရမွာ အေဆာင္ အဝင္ဝမွာ
အခန္းနံပတ္နဲ႔ နာမည္စာရင္း ခ်ိတ္ထားတယ္-----။"
   အားလံုး အသံမ်ား တိတ္သြားၾကသည္။ ကာလကၤ တြင္
သင္ယူၿပီးျပန္လာေသာ စာသင္သားမွန္သမွ် တိုင္းျပည္
အသီးသီးတြင္ ျမင့္မားေသာ အဆင့္အတန္း ရၾကသည္။
ထို႔ေၾကာင့္ ေအာင့္သက္သက္နွင့္ပင္ သန္႔ရွင္းေရး
လုပ္ၾကရေတာ့မည္သာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
   အခန္း ၁ခုေရွ႕တြင္ အဂၢ နွင့္ ေဝဒ ၂ေယာက္
အတူတူရပ္မိသြားသည္။
   "တိုက္ဆိုင္တယ္ေနာ္-----။"
   ေဝဒ သက္ျပင္းခ်ရင္း အခန္းတံခါးကို ဖြင့္ဝင္လိုက္သည္။
အဂၢ ကေတာ့ ၿပံဳးရင္း ေနာက္မွ လိုက္သြားသည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~
သတိုးေတဇ နွင့္ နဥ္သူရသည္လည္း တခန္းထဲ
က်ေလသည္။နဥ္သူရ ကသိကေအာက္နိုင္ေသာ
အၿပံဳးေလးျဖင့္ ၿပံဳးျပလိုက္သည္။ ေနာက္ဆံုး တေခါက္
ေစ်းထဲမွာေတြ႔ခဲ့သည့္အေျခေနက သိပ္မေကာင္းခဲ့ေပ။
မည္သို႔ စကားစ ေျပာလွ်င္ေကာင္းမည္နည္း
စဥ္းစားမိသည္။
   "ေနာက္ကို တခန္းထဲ ေနရမွာဆိုေတာ့ အျပန္အလွန္
ဂရုစိုက္ရင္း ေနၾကတာေပါ့----က်ေတာ့္နာမည္ နဥ္သူရ
ဒီက ေနာင္ႀကီးနာမည္ကေရာ----။"
   "ေတဇ-----။"
နဥ္သူရ:-------။
   နဥ္သူရ တစ္ခ်က္ေၾကာင္သြားသည္။ 'တဖက္လူက
ခ်ိဳခ်ိဳသာသာေလး ေျပာေနတဲ့ အခ်ိန္မွာ တံုးတိႀကီး
ျဖတ္ေျပာမွ ျဖစ္မွာလား' ဟုစဥ္းစားမိေသာ္ျငား
တခ်ိဳ႕လူမ်ားသည္ ေမြးဗီဇကိုက ထိုအတိုင္းပဲမို႔
ဆက္မေျပာေတာ့ဘဲ ၿပံဳးတုေလးသာၿပံဳးျပလိုက္ကာ
အခန္းတံခါးကိုသာဆြဲဖြင့္လိုက္သည္။ အခန္းထဲတြင္
ပရိေဘာဂ ဟူ၍ ဗီဒို တလံုးနွင့္ စားပြဲ ခပ္ေသးေသး
တလံုးသာရွိသည္။ ပင့္ကူမွ်င္နွင့္ ဖံုေတြက ေနရာအနွံပင္။
လူမေနတာဘယ္ေလာက္ၾကာေနမွန္းမသိ။
ဖိနပ္ ခၽြတ္ကာအခန္းထဲ ဝင္လိုက္ေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~
   နဥ္သူရ ကိုျမင္ေတာ့ သတိုးေတဇ ဝမ္းသာသြားသည္။
အၿပံဳးေလး တခ်က္ၿပံဳးျပေတာ့ ေငးသြားသည္။ ၿပီးမွ
သူ႔စိတ္သူျပန္ထိန္းရင္း 'သတိုးေတဇမင္းေယာက်္ားခ်င္း
သတိထားစမ္း' ဟုျပန္ေျပာေနရသည္။နာမည္ေမးေတာ့
ကိုယ္နာမည္ကို သံျပတ္နွင့္သာ ျပန္ေျပာလိုက္မိသည္။
ပထမဆံုး တရားဝင္ေတြ႔ဆံုမွဳသည္ မိမိကိုယ္ကို
အရိုင္းအစိုင္းေကာင္ဟု ထင္ေစသည္။ 'ေနပါဦး
ေယာက္်ားခ်င္းဆို ဘာေတြေတြးပူေနတာလဲ'
ကိုယ္ဖာသာ အားေပးရင္း အခန္းထဲ လိုက္ဝင္လိုက္သည္။
ဖံုတက္ေနေသာ အခန္းကိုတံျမတ္စည္းလွဲ၊ၾကမ္းတိုက္နွင့္
၂ေယာက္သားအျမန္လုပ္ၾကရ၍ စကားေတာင္မေျပာ
ျဖစ္ၾကေတာ့။ ျမန္ျမန္ရွင္း၍အခန္းျပင္ထြက္လာရန္
အေဆာင္မွဴး၏ ေဆာ္ၾသသံ ၾကားရသည္မို႔ နဥ္သူရ ဗီဒို
တံခါးကိုအမွဳမဲအမွတ္မဲ့ အဖြင့္ အထဲမွ ေျမြတေကာင္
ေလွ်ာခနဲ႔ ေျခေထာက္ေပၚက်လာသည္။ေအးစက္စက္
အထိ အေတြ႔ေၾကာင့္ ေျခေထာက္ကို ခါလိုက္ရာ
ေျမြသည္လည္း ရန္ရွာသည္ အထင္နွင့္ ကိုက္လိုက္
ေလေတာ့သည္။
  "အ-------။"
သတိျပန္ဝင္လာသည္မို႔ မေျပးနိုင္ေသးေသာေျမြ၏
နွလံုးေနရာကို ညစ္၍ဖမ္းထားလိုက္သည္။
  "ဘာျဖစ္တာလဲ-----။"
သတိုးေတဇလည္း ေအာ္သံၾကားသျဖင့္ လွည္ၾကည့္
လိုက္ေတာ့ ေျမြကို လက္တဖက္ကဖမ္းရက္သား
ေနာက္တဖက္က အကုိက္ခံရေသာ ေျခဖမိုးကို
ဖိထားေသာ နဥ္သူရကိုေတြ႕လိုက္ရသျဖင့္ တခ်က္
ေၾကာင္သြားသည္။ ၿပီးမွ ပုဝါ တထည္ကို ေျခက်င္းဝတ္
တြင္ ခပ္ေလ်ာ့ေလ်ာ့စည္းေပးလိုက္သည္။ ေျမြကိုက္ခံရလွ်င္
လွဳပ္လွဳပ္ရွားရွား မလုပ္ရသည္မို႔ နဥ္သူရကို ေကာက္ေပြ႔
လိုက္သည္။
   "ဘာလုပ္တာလည္း----ငါ ေလွ်ာက္နိုင္တယ္----။"
   "ၿငိမ္ၿငိမ္ေန----ေျမြက အဆိပ္ရွိသလားမသိဘူး---။"
ဒူးေအာက္မွ လက္လွ်ိဳကာေပြ႔ခ်ီရင္း အျပင္ထြက္လိုက္သည္။
အမ်ားစု အျပင္ေရာက္ေနၿပီ မို႔ နဥ္သူရကို ေပြ႔ခ်ီရင္း
ထြက္လာေသာ သူ႔ကို ဝိုင္းၾကည့္သည္။ နဥ္သူရလည္း
ေယာက္်ား တေယာက္ျဖစ္ပါလ်က္ မိန္းကေလးလို
ေပြ႔ခ်ီခံရ သျဖင့္ ရွက္စိတ္ေပၚလာသည္။ ထိုအခိုက္
နဥ္သူရ သတိုးေတဇ၏လည္ပင္းရွိမွဲ႔ေသးေသးေလးကို
ေတြ႔လိုက္ရသည္။ ေနာက္ ႏွာတံ ခပ္စင္းစင္း။ ဇာမဏီ
မ်က္ဝန္း ခပ္လွလွ တစံု။ နဥ္သူရ ေယာက္်ားအခ်င္းခ်င္း
ဟူေသာအေတြးဝင္လာ၍ မ်က္နွာပူစြာ တဖက္သို႔
လွည့္လိုက္သည္။
   "ဘာျဖစ္လာတာလဲ-----။"
အေဆာင္မွဴး ေဂါသ အနားေရာက္လာေတာ့ သတိုးေတဇ
သည္ နဥ္သူရကို ေျမျပင္ေပၚ ညင္သာစြာခ်ရင္း
   "ေျမြ ကိုက္သြားလို႔-----။"
ေဂါသ သည္ နဥ္သူရ လက္ထဲမွ ေျမြကို ဂရုတစိုက္ယူ
ၾကည့္လိုက္သည္။
   "ဒီေျမြက အဆိပ္မရွိဘူး---ကာလကၤ ကေျမြအမ်ားစုက
အဆိပ္မရွိတတ္ၾကဘူး---ဒါေပမဲ့ ေဝးေဝးေတာ့ေနၾက
ကိုက္ရင္ ဒဏ္ရာေတာ့ ရမွာပဲ-----။"
   ေျပာရင္းေျမြကို ေဘးခပ္ေဝးေဝးသြားလႊတ္လိုက္သည္။
သတိုးေတဇ အခုမွ သက္ျပင္းခ်နိုင္ေတာ့သည္။ နဥ္သူရ
အကိုက္ခံရခ်င္း စိတ္ပူသြားတာေတာ့ အမွန္ပင္။ ေျမြကိုက္
ခံရၿပီးတာေတာင္ ေျမြ၏ အဓိကေနရာကို ကိုင္ကာဖမ္းနိုင္
ေသာ ထိုေကာင္ေလးကိုလည္း အံ့ၾသသြားသည္။
အခုမွ စိတ္ေအးရပံု ေမာေမာပန္းပန္းနွင့္ ထိုင္ခ်လိုက္ေသာ
ေတဇ ပံုစံေၾကာင့္ နဥ္သူရ အားနာဟန္ ၿပံဳးျပလိုက္သည္။
သူ႔ကို စိုးရိမ္တႀကီး ေပြ႔ခ်ီေျပးေပးခဲ့သည္ မဟုတ္လား၊
အရွက္ေတာ့ ရေပမဲ့ေပါ့။ စကားေျပာရင့္ေပမဲ့ သူတပါးကို
ဂရုေတာ့စိုက္တတ္သားပဲ ဟုေတြးမိလိုက္သည္း
   "ဟို ကေလး၂ေယာက္က---အခန္းထဲ ျပန္နားေတာ့---
အဆိပ္မရွိေပမဲ့---ဒဏ္ရာနဲ႔ဆိုေတာ့ နားလိုက္---ေတဇက
ကူေပးလိုက္----သမားေတာ္ႀကီးေခၚေပးဖို႔လိုလား----။"
နဥ္သူရ အေဆာင္မွဴးေဂါသကို မလိုေၾကာင္းေျပာကာ
မက္တပ္ရပ္လိုက္ေတာ့ ေတဇမွ လာတြဲသည္။ မ်က္နွာ
ပူပူနွင့္ပင္ မွီတြဲရင္း အခန္းျပန္ခဲ့လိုက္သည္။ပထမဆံုး
ေန႔မွာပင္ မိန္းကေလးလို ေပြ႔ခ်ီခံရကာ အရွက္ကြဲေသာ
အျဖစ္ကား ဆိုးလြန္းလွသည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
   နဥ္သူရ ဒဏ္ရာကို ပတ္တီးစီးေပးၿပီးေနာက္
၂ေယာက္သား မ်က္နွာခ်င္းဆိုင္မိၾကသည္။
   ''ငါ မင္းအေပၚ ေက်းဇူးတခု တင္သြားျပန္ၿပီ----။"
   နဥ္သူရ မ်က္စိလႊဲလိုက္ကာ ေျပာလိုက္သည္။
   "အင္း-----။"
   ၂ေယာက္လံုး စကားစ ရပ္သြားသည္။
   "ေစ်းထဲမွာတုန္းက----။"
   "ငါတို႔ မိတ္ေဆြဖြဲ႔မလား-----။"
၂ေယာက္လံုး ၿပိဳင္တူ ေျပာမိၿပီး ေၾကာင္သြားသည္။
   "ငါအရင္ေျပာမယ္----ေစ်းထဲမွာတုန္းက ငါလြန္သြားတာ
ေတာင္းပန္ပါတယ္---ငါမင္းကို မစြပ္စြဲသင့္ဘူး---
အသျပာအိတ္လည္း ငါျပန္ယူထားတယ္-----။"
   နဥ္သူရ အသျပာအိတ္ကို အဝတ္ထုပ္ထဲမွ
လွမ္းယူကာေတဇကို ကမ္းေပးလိုက္သည္။ ထို႔ေနာက္
သူ႔ ငယ္ဘဝ အေၾကာင္းမွလြဲ ထိုေန႔ကျဖစ္သမွ် အကုန္
ျပန္လိုက္သည္။ သတိုးေတဇ လွမ္းယူလိုက္ၿပီးေနာက္
'အင္း'တစ္လံုးသာေျပာသည္။ နဥ္သူရအခုမွ
သက္ျပင္းခ်ရင္း
   "ငါက မင္း စိတ္တိုေနမယ္ထင္တာ ေတာ္ေသးတာေပါ့
ခုနက မင္းေျပာတာ ဘာ မိတ္ေဆြဖြဲ႔ဖို႔လား----။"
   "အင္း-----။"
   "ငါ့ ကို မိန္းကေလးတေယာက္လို ေပြ႔ခ်ီၿပီးၿပီ ဆိုေတာ့
မင္း ေသခ်ာေပါက္ တာဝန္ယူေပးရမွာေပါ့---။"
သတိုးေတဇ:------။
   နဥ္သူရ တေယာက္ ေတဇ၏ နားမလည္ဟန္
ျဖစ္သြားေသာ မ်က္ႏွာကို ၾကည့္ရင္း ရယ္လိုက္ကာ
   "ေနာက္ေနတာ --ငါက မိန္းကေလးမွ မဟုတ္တာ
မင္း ေစ်းထဲက ကိစၥ နားလည္ေပးတာ ေနာက္ ဒီေန႔ကိစၥ
အားလံုးအတြက္ မင္းကို ေက်းဇူးတင္တယ္---အာ့ေတာ့
မိတ္ေဆြ သူငယ္ခ်င္း ညီအကို ႀကိဳက္တာလုပ္---။"
   နဥ္သူရ မက္မက္ရပ္ရင္း လက္ကမ္းေပးလိုက္သည္။
ေတဇ ေၾကာင္ၾကည့္ေနသည္မို႔ နဥ္သူရ သူ႕လက္ကိုဆြဲကာ
ပခံုးခ်င္းတိုက္လိုက္သည္။ ၿပံဳးေနေသာ နဥ္သူရကို
ၾကည့္ရင္း သူပါလိုက္ၿပံဳးမိသြားသည္။ ထိုေကာင္ေလးသည္
ခပ္လွလွၿပံဳးတတ္ေလသည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လက္ထဲမွ စာလိပ္ေသးေသးေသးေလး ကိုဖြင့္ၾကည့္
ရင္း သူရိေယာဝဘုရင္ သတိုးရာဇာၿပံဳးေနသည္။ ေယာဇ
သည္ တံခါးဝမွ ေလွ်ာက္လာေနသည္။ သတိုးရာဇာ အနား
ေရာက္သည္နွင့္ ဒူးေထာက္ထိုင္ခ်ကာ ဂါရဝျပဳလိုက္သည္။
သတိုးရာဇာ သည္ ထရန္ေျပာလိုက္ၿပီးေနာက္
  "ညီေတာ္ အဆင့္၁နဲ႔ေအာင္တယ္တဲ့ ေယာဇ---။"
  "ညီေတာ္ေတဇက ေတာ္တဲ့ကေလးပဲ သူ ရသင့္ပါတယ္-။"
  "အိမ္နဲ႔ အေဝးမွာေနခ်င္လြန္းလို႔ ႀကိဳးစားတယ္ ထင္ပါရဲ႕
သူထင္သလို အဆင္ေျပရဲ႕လားမသိပါဘူးကြာ----။"
  "ေျပမွာပါ အရွင္မင္းႀကီး ကာလကၤ ထဲမွာ ရွိေနသမွ်
အဆင္ေျပေနမွာပါ---။"
   "မာလာၿမိဳင္ကို ေတာ့ မသြားေစခ်င္ဘူး----တခုခုျဖစ္မွာ
စိုးရိမ္တယ္---။"
   "ရင့္က်က္ဖို႔က ဒုကၡအနည္းငယ္ေတာ့ႀကံဳေတြ႔ဖို႔လိုတယ္--
အဆင္ေျပေနမွာပါ---ေတဇက အဆိပ္နဲ႔ေတာင္ အခုလို
ေကာင္းေကာင္းႀကီးပ်င္းလာေသးတာ---။"
   "အင္း---က်န္းက်န္းမာမာနဲ႔ ရင္က်က္လာဖို႔ပဲ ေမွ်ာ္လင့္
ရတာပဲ--ဒါနဲ႔---ခြန္းသ ကိုယ္ေတာ့္ကို ခြင့္လႊတ္ေပးနိုင္ၿပီ
ထင္လား အခုေလာက္ဆိုရင္ေလ----။"
   "ခြန္းသ စိတ္နဲ႔ဆို က်ေတာ္မ်ိဳး ထင္တာေတာ့----။"
ေယာဇဆက္မေျပာေတာ့ဘဲ ရပ္သြားသည္။
  "သူ ေခါင္းမာလြန္းတယ္ေယာဇ---သို႔ေပမဲ့ ေနာက္တခါ
ထပ္ေရြးခိုင္းခဲ့ရင္လည္း---ကိုယ္ေတာ္ ဒီလမ္းကိုပဲ ေရြးမွာပဲ
သူကိုေတာ့ ေတာင္းပန္ခ်င္ေသးတယ္---။"
   ေယာဇ တိတ္တဆိတ္သာေနလိုက္သည္။
'အရွင္မင္းႀကီးလည္း မမွားသလို ခြန္းသလည္း မမွားပါဘူး
မွားေနတာက ကံတရားပဲထင္ပါတယ္' ဟုသာ
စိတ္ထဲမွေရရြတ္လိုက္သည္။ လြန္ခဲ့ေသာ ၁၃နွစ္ဆီက
အျဖစ္မ်ားသည္ မေန႔တေန႔ကလို မ်က္လံုးထဲ ျပန္ျမင္ေယာင္
လာသည္။
  မင္းႀကီးသတိုးမင္းေခါင္ေရွ႕တြင္ မင္းခြန္သ နွင့္သတိုးရာဇာ
၂ေယာက္သားဒူးေထာက္ေနသည္။
"အာ့ေတာ့ မင္းက မဒီ့ကို မဟုတ္ဘဲ--- သူ႔ကို
ၾကင္ယာေတာ္ ေျမွာက္မယ္ေပါ့------။"
သတိုးရာဇာသည္ မင္းခြန္းသ လက္ကို
ခပ္တင္းတင္းဆုတ္ရင္း
   "ဟုတ္ပါတယ္-----ခမည္းေတာ္သေဘာမတူရင္
က်ေတာ္မ်ိဳး---အိမ္ေရွ႕စံအရာကို စြန့္လႊတ္ပါ့မယ္-----။"
ဘုရင္ သတိုးမင္ေခါင္သည္ သူ႔ေရွ႕စားပြဲေပၚမွ
ပစၥည္းအားလံုးကို ေဒါသတႀကီး ပစ္ထုတ္ပစ္လိုက္သည္။
"သတိုးရာဇာ---မင္းကိုမင္းဟုတ္လွၿပီေပါ့----ဘာ
အိမ္ေရွ႕စံအရာကို စြန့္လႊတ္ပါ့မယ္ ဟုတ္လား----
မင္းမယ္ေတာ္ နတ္ရြာမစံခင္ မင္း ဘယ္လိုကတိေပးခဲ့လဲ---
အခုေတာ့ ၅နွစ္ပဲရွိေသးတဲ့ မင္းညီေတာ္ကို အိမ္ေရွ႕စံ
ထားမယ္ေပါ့---မင္းခြန္းသ အတြက္နဲ႔ မင္းညီေတာ္
ဘာျဖစ္ျဖစ္လား----။"
   သတိုးရာဇာ ေအာက္ငံု႔ရင္း စကားမဆိုျဖစ္ေတာ့
   "သူရိေယာဝ ထီးနန္းမွာေယာက်္ားေလးက မိဖုရားေခါင္
ျဖစ္တယ္ဆိုတာမရွိဘူး ရွိလာမွာလည္းမဟုတ္ဘူး----
မင္းတို႔၂ေယာက္ကိစၥကို လက္ကိုမခံနုိင္ဘူး ---ဒါဟာ
သဘာဝကို ေဖာက္ဖ်တ္တဲ့ကိစၥႀကီး----။"
ခဏအၾကာမွ ဘုရင္သတိုးမင္းေခါင္သည္
မ်က္ေမွာင္ၾကဳပ္လိုက္ကာေလသံခပ္ေအးေအးျဖင့္
   "ငါကိုယ္ေတာ္ မင္းခြန္းသကို နယ္နွင္ဒဏ္ေပးမယ္--
သားေတာ္ရာဇ မင္းစဥ္းစားေပါ့ မင္းခြန္းသနဲ႔ အတူတူ
ထြက္သြားမလား သူရိေယာဝမွာပဲ ဆက္ေနခ်င္ေသးလား-။"
   ထိုစဥ္ အထိန္းေတာ္တေယာက္ ခပ္သုတ္သုတ္
ေျပးလာကာ
   "အရွင္မင္းႀကီး မင္းသားငယ္ သတိုးေတဇရဲ႕အဆိပ္
ထပ္ ထလာပါတယ္ဘုရား---အခု တင္သတိလစ္သြား
ပါတယ္---။"
   ၃ေယာက္လံုး အလန္႔တၾကားျဖစ္သြားသည္။ မင္းႀကီး
သတိုးမင္းေခါင္သည္ သတိုးရာဇာကို ခပ္စူးစူးၾကည့္ၿပီး
ထြက္သြားေတာ့သည္။ သတိုးရာဇာ ေတြေတြႀကီး
ၿငိမ္သက္သြားၿပီးေနာက္ ဒူးေထာက္လ်က္မွ မင္းခြန္းသဖက္
လွည္ကာ တင္းတင္းက်ပ္က်ပ္ ဖက္လိုက္သည္။
ဆံပင္မ်ားထဲ ေခါင္နွစ္ဝင္ကာ နမ္းလိုက္ၿပီး လူခ်င္းခြာ
လိုက္သည္။ ၿပီးေနာက္ နဖူးေပၚသို႔ ထပ္နမ္းလိုက္သည္။
ၿပီးမွ သက္ျပင္းခ်ရင္း
"ေတာင္းပန္ပါတယ္ မင္းမွာ ငါမရွိေတာ့ရင္--- နာက်င္
ခံစားရရံုပဲ သူရိေယာဝမွာ ငါမရွိရင္ေတာ့ရင္-- တုိင္းျပည္
အနာဂတ္ ေပ်ာက္လိမ့္မယ္ ညီေတာ္မွာလည္း ငါမရွိလို႔
မျဖစ္ဘူး---မင္းငါ့ကို မုန္းလိုက္ပါ---။"
   မင္းခြန္သ မ်က္ရည္မ်ားက်လာရင္း
   "မင္းလည္း ငါ့အေဖနဲ႔ အတူတူပဲ သတိုးရာဇာ---
တိုင္းျပည္ ေကာင္းစားေရး ဆိုၿပီး---ေနာက္ဆံုးေတာ့
ငါကိုပစ္ပယ္ခဲ့တာခ်ည္းပဲ--- ငါ့အေပၚ မတရားေပမဲ့
မင္းေရြးခ်ယ္တာမွန္ပါတယ္ မင္း မင္းေကာင္းတပါး
ျဖစ္လာမွာပါ--- ငါမင္းကိုေတာ့ ထပ္မေတြ႕ခ်င္ေတာ့ဘူး
ဒါေပမဲ့--ငါမင္းကို မမုန္းနိုင္ဘူး ဘာလို႔ဆို မင္းက
ငါ့ တစ္ဘဝလံုးစာအတြက္ အခ်စ္ရဆံုးလူ မို႔လို႔ပဲ---။"
   မင္းခြန္းသ ေျပာၿပီးေနာက္ နွဳတ္ဆက္သည့္အေနျဖင့္
သတိုးရာဇာကို ဖက္လိုက္သည္။ ထို႔ေနာက္ လူခ်င္းခြာကာ
သတိုးရာဇာလည္း သူ႔ညီေတာ္ အေဆာင္ဖက္
ေျပးထြက္သြားေတာ့သည္။ မင္းခြန္းသ မ်က္ရည္မ်ား
သုတ္ပစ္ကာ မက္တပ္ရပ္လိုက္သည္။ အခန္းထဲမွ
ထြက္ကာ အေပါက္ဝတြင္ ရပ္ေစာင့္ ေနေသာ
ေယာဇအနား အေရာက္ရပ္လိုက္ကာ
   "မင္း သူ႔အနားမွာပဲ ရွိေနမွာမဟုတ္လား---။"
    ေယာဇ ေခါင္းညိမ့္ျပလိုက္သည္။
   "ဂရုစိုက္မယ္ဆိုတာ သိေပမဲ့ ငါထပ္မွာမယ္--သူကို
ေကာင္းေကာင္းေစာင့္ေရွာက္ထား--ငါတကၠသိုလ္ျပည္ကို
သြားမယ္------ဒါေပမဲ့ မင္းေရာ သူပါ လာမရွာနဲ႔
ငါမေတြ႕ခ်င္ဘူး----။"
   မင္းခြန္းသ ေျပာၿပီးသည္နွင့္ ေျခလွမ္းခပ္မွန္မွန္ျဖင့္
ထြက္သြားေတာ့သည္။
   "ေယာဇ---ငါကိုယ္ေတာ္ေမးေနတာ ၾကားရဲ႕လား--။"
   သတိုးရာဇာ စကားၾကားမွ စိတ္သည္ အခု လက္ရွိ အခ်ိန္
ျပန္ေရာက္ေတာ့သည္။
   "က်ေတာ္မ်ိဳး မၾကားလိုက္လို႔ပါ----။"
   "ဒီည စစ္တုရင္ ထိုးရေအာင္--- နွမေတာ္ မိဖုရားႀကီး
မဒီ ကိုပါေခၚ--ေသရည္ပါျပင္ထားလိုက္--။"
  "ဟုတ္ကဲ့ပါ----။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
*သတိုးေတဇကို ေတဇလို႔ပဲ သံုးတာက သူရိေယာဝက
မင္းသားမွန္းမသိေအာင္ သတိုး ဆိုတာကိုျဖဳတ္ၿပီး
ေတဇ နာမည္နဲ႔ ကာလကၤကို ဝင္ခဲ့လို႔ပါ။ နဥ္သူရ POV
ဆိုရင္ ေတဇ ပဲသံုးပါမယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


သူရိယောဝ သူရိေယာဝ(Ongoing)Tahanan ng mga kuwento. Tumuklas ngayon