
109 11 1
သူရိယောဝ က ကိုယ်ရဲ့ ပထမဆုံး ရေးဖြစ်တဲ့ အခန်းဆက် ဝတ္တုပါ။ ပထမဆုံး BL လည်းဖြစ်တယ်။ ကိုယ် အရမ်း မျှော်လင့်ထားသလို၊ စျေးဗန်းလည်း မကြာခဏ ခင်းဖြစ်ပါတယ်။ Update ကြာနေတာကတော့ ကိုယ်အရင်ကလောက် မအားတော့လို့ပါ။ အရင်က ကိုယ့်အလုပ်က အိပ်မယ်၊ စားမယ် ၊စာရေးမယ် ဒီလောက်ပါပဲ။ ညလုံးပေါက်လည်း စာထိုင်ရေးရင် ရေးနေတတ်တယ်။ မနက်လည်း လိုင်းသုံးမယ် စာရေးမယ်ကလွဲ ကျန်တာ ဘာမှမလုပ်သလို၊ စိတ်လည်းမဝင်စားပါဘူး။ အခု ကိုယ့် အမေ ဆုံးပြီးတော့ အိမ်မှာက အိမ်အလုပ်လုပ်ဖို့က ကိုယ်ကလွဲ တခြားလူ မရှိတော့ စာရေးဖို့က အချိန်မရဘူး ဖြစ်နေတာပါ။ အကြောင်းပြချက်ပေးတာ မဟုတ်ပေမဲ့၊ အရင်က အိမ်အလုပ်ဆိုတာ လုပ်ဖို့ စိတ်မကူးတဲ့ ကိုယ့်အတွက် အားလပ်ချိန် ဆွဲထုတ်ဖို့ မရဘူး ဖြစ်နေတယ်။ ဒီကြားထဲ Online Class တစ်ခုကလည်း ရှိနေတော့ အချိန်က မရဘူးဖြစ်နေတယ်။ ရတဲ့အချိန် ရေး ဆိုတော့လည်း၊ ကိုယ်က ဂျီးထူပြီး မရေးတတ်ပြန်ဘူး။ ဘာသာပြန်လည်း မဟုတ် OC ကျ စိတ်ကူးယဉ်ရေးရတော့ အဆင်မပြေပြန်ဘူး။ စာဖတ်သူ အားလုံးကို လေးစားသမှုနဲ့ ကိုယ် ပြီးအောင်တော့ရေးပါ့မယ်။ Unplubish လည်း လုံးဝမလုပ်ပါဘူး။ အချိန်တစ်ခုတော့ စောင့်ဖတ်ပေးဖို့ တောင်းဆိုချင်တယ်။ အရင်က သူရိယောဝ ကို Reading List ထဲအထည့်ခံရရင်ပဲ ဖြစ်ဖြစ်၊ Vote ပေးရင်ပဲ ဖြစ်ဖြစ် တအားပျော်တာပါ။ မျက်နှာက လုံးဝ ပြုံးပျော်နေသောပါပဲ။ အခုတော့ အားနာသလိုတောင် ခံစားမိပါတယ်။ ဒါပေမဲ့ မအားကြားက ရေးဖို့ Motivation လည်း အပြည့်ရပါတယ်။ အချိန်ရရင်ရသလို ရေးပေးပြီး အဆင်ပြေတာနဲ့ Up ပေးပါ့မယ်လို့ ကတိပေးပါတယ်။ တန်းလန်းကြီး ဖြစ်သွားတာတော့ တကယ်ကို တောင်းပန်ပါတယ်နော်။
သူရိယောဝ သူရိယောဝ(Ongoing)Where stories live. Discover now