(Unicode Version)
အခန်း(၂)
"မောင်မင်းတို့က ကိုယ်တော့်ကိုဘယ်လိုလုပ်ခိုင်း ချင်နေကြတာလဲ---။''
သူရိယောဝ၏ မနက်ခင်းညီလာခံမှာ ထုံးစံအတိုင်း ဆူညံနေသည်။ကြမ်းပြင်တွင်လည်း ပစ်ပေါက်ထားသော စာလိပ်များက ပြန့်ကျဲလျက်။ ထီးနန်းသက် ၁၂နှစ်ကျော် ပြီဖြစ်သော်လည်း ငယ်ရွယ်သော မင်းတပါးဖြစ်သော သတိုးရာဇာသည် လွန်စွာဒေါသကြီးကာ စိတ်အလွန် မြန်သည်။
''စစ်ဖြစ်တာမကောင်းဘူးဟုတ်စ သည်တော့ ကိုယ်တော်ကအာ့ဒီသက်ကြားအိုကြီးရဲ့သဘောအတိုင်း လိုက်လျောပေးရမယ်ပေါ့-----မလျော်ကန်လိုက်ထာများ ပထမ အခွန်တော်ပဏ္ဏာတွေ လျော့ချတယ် အခု ညီတော်ကိုပါ သံတမန်အဖြစ် စေလွှတ်ခိုင်းတယ် ဒီသက်ကြားအိုကြီးတော့လား။"
သူရိယောဝ၏ ဘုရင်မင်းမြတ် သတိုးရာဇာ၏ ဒေါသသည်ကား ပေါက်ကွဲနေသောမီးတောင်ပမာပင်။ အမြဲလို ဘေးနားရှိပစ္စည်း အကုန်ပစ်ပေါက်တတ်သည်မှာ လက်ထဲမှ သံလျက်ပင်မချန်။ မှူးမက်အပေါင်းတို့သည် ညီလာခံတက်တိုင်း ထိမိခိုက်မိ အနာတရများ ဖြစ်တတ်သည်။ ထို့ကြောင့် မော့မကြည့်ရ ရှာသော်ငြား ဂရုတစိုက် ရှောင်ရှားရသည်။ တခါကမူ ယောက္ခထီးဖြစ်သူ လက်ဝဲရံအမက်ကြီးပင် ပစ်ပေါက်လိုက်သော ပေစာလိပ်ကြောင့်ခေါင်းပေါက်သွားရှာသည်။ယခုတွင်လည်း တဖက်အိမ်နီးချင်းနိုင်ငံတဖြစ်လည်း၊လက်အောက်ခံ နိုင်ငံဖြစ်သော 'မာလာမြိုင်' သည်အခွန်တော်ပဏ္ဏာများ ထက်ဝက်ခန့် လျော့ချမည့်အပြင် ညီတော်ဖြစ်သူ သတိုးတေဇကို ငြိမ်းချမ်းသံတမန်အဖြစ် စေလွှတ်ရန်အကြောင်းကြားသဖြင့် မီးကုန်ယမ်းကုန်ပေါက်ကွဲနေသည်မှာ မွန်းလွဲချိန်ပင် ရောက်နေလေပြီ။ မာလာမြိုင်နှင့် မနီးမဝေးတွင် မင်းညီမင်းသားတိုင်း တက်ရောက်ရာ တက္ကသိုလ်ပြည်ရှိသည်။ မာလာမြိုင်၏ လက်အောက်ခံ နိုင်ငံတစ်ခုဆိုလည်း မမှား။ အကြောင်းကြားစာတွင် မင်းသားသတိုးတေဇအား ငြိမ်းချမ်းရေး သံတမန်အဖြစ်တက္ကသိုလ်ပြည်တွင် လာရောက်ပညာသင်ကြားရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ ဓားစာခံ အဖြစ်ထားရန်ဟူသော ရည်ရွယ်ချက်က ပေါ်လွင်လှသည်။ သတိုးရာဇာ၏
ESTÁS LEYENDO
သူရိယောဝ သူရိေယာဝ(Ongoing)