အခန်း(၁၁) အခန္း(၁၁)

170 21 3
                                    

Unicode Version

                      အခန်း(၁၁)

လေ့ကျင့်ရေးကွင်းထဲတွင် နဉ်သူရ တယောက်
လှံရေးကျင့်နေသည်။ သတိုးတေဇ မျက်လုံးထဲတွင်တော့
နဉ်သူရ လှံရေးကျင့်နေသည် ့မြင်ကွင်းသည် လှပလွန်း
နေသလိုပင်။ မြင့်မားသော အရပ်၊ သွယ်သယောင် ထင်ရ
သော်လည်း အချိုးကျနသော ခန္ဓာကိုယ်။ ခပ်ထင်းထင်း
မေးရိုး။ ချွေးများ နှင့်မို့ဝတ်ထားသော ကိုယ်ကျပ် လက်တို
အညိုရောင်သည်ကိုယ်တွင် ကပ်နေလေရာ ကျစ်လစ်သော
ကြွက်သားများကို တစွန်းတစ မြင်နေရသည်။ ညနေခင်း
နေရောင်အောက်တွင်နဉ်သူရ၏ ခပ်ဖြူဖြူ
အသားအရည်သည် နေရောင်ကြောင့် ဝင်းလတ်နေ
သယောင်ပင်။ ပန်းချီကား တချပ်လို လှပသည့် မြင်ကွင်းကို
သတိုးတေဇ ဘယ်လောက်ကြာကြာ ငေးကြည့် နေမိသလဲ
မသိတော့။
   "မင်းသရေတွေ သုတ်လိုက်ဦး--မျက်လုံးကြီးလဲ ကျွတ်ပြီး
နဉ်သူရ သွားမှန်နေဦးမယ်---။"
   အဂ္ဂ စကားကြောင့် သတိုးတေဇ သူခိုးလူမိဖြစ်သွားသလို
ရှက်လည်း ရှက်၊ ဒေါသလည်း ထွက်သွားသည်။
သတိုးတေဇ ပြန်ပြောမည် ဆဲဆဲမှာပင် လှံရေးကျင့်ရာမှ
နားရန် နဉ်သူရ သူတို့နားလျှောက်လာသည်မို့ ပြန်မပြော
ဖြစ်လိုက်တော့ချေ။ နဉ်သူရသည် တလံလောက်ခွာထိုင်
နေသော အဂ္ဂ နှင့် သတိုးတေဇကြားသို့ ဝင်ထိုင်လိုက်သည်။
သတိုးတေဇ အနီးရှိ ရေအိုးမှ ရေခပ်ကာ နဉ်သူရကို
ကမ်းပေးလိုက်သည်။ နဉ်သူရ လှမ်းယူရင်း
   "အမလေး လှံရေးလေး ဖြောင့်အောင်ကျင့်တာတောင်
ပင်ပန်းလိုက်တာကွာ---မင်းတို့ ၂ယောက်ကတော့
ဘယ်လိုတွေ လေ့ကျင့်လို့ ဆိုင်ရာဆိုင်ရာတွေမှာ
ဆရာကြီးတွေ ဖြစ်နေလဲမသိ----။"
   "မင်း သင်ချင်ရင် သင်ပေးမယ်လေ---။"
   "တကယ်လား---မင်းဆီက မြှားပစ် သင်ချင်တယ်--။"
   ပျော်ရွှင်နေသည့် အချိန်မျိုး၊တခုခုစိတ်အားထက်သန်
နေသည့် အချိန်မျိုးတွင် နဉ်သူရ၏မျက်ဆံ
နက်နက်ကလေးသည် ပုံမှန်ထက်အရောင်ကြည်ကာ
တောက်ပ လာတတ်သည်။ သတိုးတေဇ ထိုအကြည့်ကို
အနှစ်သက်ဆုံးဖြစ်သည်မို့ ငေးခနဲ ဖြစ်သွားသည်။
   နဉ်သူရလည်း တေဇ ဘာမှ ပြန်မပြောသည်မို့
ကြောင်သွားသည်။ စကားတခုခုများ မှားသွားသလား။
   "ငါသင်ပေးမယ်လို့ မြှားပစ်၊လှံပစ်၊ ဓားရှည် အားလုံး
ကျွမ်းတယ်---ငါသင်ပေးမယ်---။"
   အဂ္ဂ တယောက်သည်လည်း အခွင့်ကြုံသည်နှင့်
ဝင်ပြောတော့သည်။ အခုမှ သတိုးတေဇ သတိဝင်လာကာ
   "ငါ သင်ပေးမယ်---။"
   "ဟေ့ကောင် နဉ်သူရကို ငါသင်ပေးမယ် ပြောပြီးပြီ---
အခုမှ လာမပြောနဲ့ ခုနကတော့ သင်မပေးချင်သလိုလို
ဘာလိုလိုနဲ့-----။"
   "ငါ ဘယ်တုန်းက မသင်ပေးချင်ဘူး ပြောလို့လဲ---။"
   "သူရိယောဝသား မင်းဗြောင် မလိမ်နဲ့ ခုနက မင်း
အသံတိတ်သွားတာ နဉ်သူရ လည်းမြင်တယ်--မပူနဲ့
ငါက လက်နက် အကုန်ကျွမ်းတာ မြှားပစ်လောက်တော့
ငါသင်ပေးလည်း ရတယ်---။"
   "အဂ္ဂ မင်းဂုဏ်ဝင်ဖော်မနေနဲ့ နဉ်သူရက ငါ့ဆီက
သင်ချင်လို့ ခွင့်တောင်းတာ နဉ်သူရကို မြှားပစ်ရော
တခြား လက်နက်တွေရော ငါပဲ သင်ပေးမှာ---။"
   "ဟေ့ကောင် ငါပြောပြီးပြီ ငါသင်ပေးနိုင်တယ် လို့--မင်း
မသင်ပေးချင်လည်း ဝင်မရှုပ်နဲ့---။"
   "ငါ ဘယ်တုန်းက---။"
   သတိုးတေဇ စကားပင် မဆုံးလိုက် နဉ်သူရ 'တော်တော့'
အော်သံကြောင့် ၂ယောက်လုံး ပါးစပ် ပိတ်သွားသည်။
   "မင်းတို့ ၂ယောက်ကလေ အရင် ဘဝက လင်လုဖက်တွေ
များဖြစ်ခဲ့သလား---တွေ့တာနဲ့ ကိုက်တာပဲ---။"
   နဉ်သူရ ခဏတွေးနေပြီးမှ စကားစပြောရန် လည်ချောင်း
ရှင်းလိုက်ကာ
   "ဒီလိုလုပ် အဂ္ဂက ဓားရေးသင်ပေး တေဇက
မြှားပစ်သင်ပေး တယောက် သင်ပေးနေချိန်တယောက်က
ဝင်မသင်ရဘူး ဝင်မရှုပ်ရဘူး---။"
  နဉ်သူရ ပြောသည်မှာမျှတသည်မို့ ၂ယောက်လုံး လက်ခံ
လိုက်သည်။
   "ငါ့လည်း တပည့်ခံတာတောင် အချိန်ဇယားနဲ့--ဘယ်လိုပဲ
ဖြစ်ဖြစ် ကျေးဇူးပဲ ၂ယောက်လုံးကို----။"
   နဉ်သူရ ပြောပြီးနောက် ၂ယောက်လုံးကို ပခုံးအနောက်မှ
တဖက် တယောက် လှမ်းဖက်လိုက်သည်။ တေဇ နှင့် အဂ္ဂ
စကားများကြလျှင် အနည်းငယ် စိတ်ရှုပ်ရသော်လည်း
အမြဲလိုလို ဘေးတွင် သူငယ်ချင်း၂ယောက် ရှိနေသည်မို့
ပျော်သလိုတော့ ခံစားရသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
  ထနေကျ ဖြစ်သော အချိန်ထက် စောကာ အဂ္ဂ နိုးနေ
သော်လည်း မထသေးဘဲ ရင်ခွင်ထဲမှ ဝေဒကို
ကြည့်နေလိုက်သည်။ ဝေဒတယောက် နိုးချင်သလို
မျက်တောင်ပုတ်ခပ် ပုတ်ခပ် လုပ်လာသည်မို့ အဂ္ဂ
အိပ်ချင်ယောင် ပြန်ဆောင်နေလိုက်ရသည်။
   ၂လကြာပြီမို့ ဝေဒ တယောက် နိုးလာသည့်
မနက်ခင်းတိုင်း အဂ္ဂ ရင်ခွင်ထဲ ရောက်နေသည်ကို
နေသားကျ လာသည်။ ညောင်းလာလျှင်တော့ တခါတရံ
တွန်းလွှတ်ပစ်တတ်သော်လည်း တခါတခါ အဂ္ဂ ရင်ခွင်ထဲ
သူကိုယ်တိုင် တိုးဝင်နေလေ့ရှိသည်။ မိုးအကုန်
ဆောင်းအကူးမို့ အနည်းငယ် အေးသည် ကြောင့်လည်း
ပါမည် ထင်သည်။ သို့ပေမဲ့ အဂ္ဂ သူ့ကို မိန်းကလေး
တယောက်လို ဆက်ဆံသည် ဟုတော့ ထင်နေတုန်းပင်။
အဂ္ဂ သူ့ကိုများ ကြိုက်နေသလား ဟု တွေးလျှင်လည်း၊ အဂ္ဂ
သည် သိသိသာသာ ပင် နဉ်သူရ ကိုအရမ်းကပ်သည်မို့
သူနှင့်စာလျှင် နဉ်သူရကို ကြိုက်နေသည် ဆိုသည်ကမှ
ယုတ္တိတန်သေးသည်။ သူ့ကို အနောက်ဖက်မှ သိုင်းဖက်
ထားသည့် အဂ္ဂ ပုံစံကြောင့် အဂ္ဂ ရင်ဘတ်ကြွက်သားတို့
သူကျောပြင်နှင့် ထိနေသည်။ သူ ထင်လို့ပဲလားတော့မသိ
အဂ္ဂ နှလုံးခုန်သံသည် ပုံမှန်ထက်ပိုမြန်နေသလိုပင်။
အိပ်ယာမှ ထလိုက်ကာ ကိုယ်ပေါ်မှစောင်ကို အဂ္ဂ အပေါ်
တင်ပေး လိုက်သည်။ စောင်ခေါက်ရသက်သာ နည်းလား။
   အိပ်ချင်ယောင်ဆောင်နေသော အဂ္ဂ တယောက်ကတော့
သူ့ကို စောင်ခြုံပေးသွားသော ဝေဒ ကြောင့် ရင်ထဲတွင်
ပန်းတွေပွင့်ကာ ကျေနပ် ကျန်ခဲ့သည်။ ထိုကောင်လေး
သူ့ကို ဂရုစို်က်သည်ကို နှစ်သက်သည်။ မနက်နိုးလာတိုင်း
ထိုကောင်လေး မျက်နှာကို အရင်ဦးဆုံး မြင်နေရသည် ကို
သဘောကျသည်။ ဝေဒ သည်စိတ်ဆိုး ဒေါသထွက်
လွယ်သော်လည်း၊ သူ အဆင်မပြေသည့်ကြားက အဂ္ဂ ကို
ညတိုင်း ဖက်အိပ်ခွင့် ပေးသည့်ကြောင့် စိတ်သဘောထား
နူးညံမှန်း သိသာသည်။တဆိတ်ရှိ လက်ပါခြေပါ ကိစ္စသာ
ဖယ်လိုက်ရင် ဝေဒ သည်ကလေးဆန်သော မျက်နှာပေါက်
ဖြင့် ဖြူစင်သော ကောင်ချောလေးဖြစ်သည်။ ဝေဒသည်
ညီဖြစ်သူ သတိုးတေဇ အပေါ်အမြဲ နူးညံသလောက် အဂ္ဂကို
တွေ့လျှင်တော့ အမြဲ မာကျောသွားလေ့ရှိသည်။ ပုံမှန်
တခြားလူတွေထက်ကို အဂ္ဂအပေါ်တွင်ပို မာရေကျောရေဖြင့်
ဆက်ဆံလေ့ရှိသည်။ သုံးနှုန်းသည့် စကားများကပင်
ဆဲနေသည့် အတိုင်းပင်။
   "အဂ္ဂရေ မင်း ဆက်ပြီး သေနေရင် အဆောင်မှူး ဆဲတာ
ခံရလိမ်မယ်---အမြန် ထတော့---။"
အဂ္ဂ:------။
   ဝေဒ စကားကြောင့် အဂ္ဂ တယောက် အိပ်ယာမှ အမြန်
ထလိုက်ရတော့သည်။ ခုနက ဝေဒကို ချစ်ဖို့ကောင်းသည်
ဆိုသော အတွေးသည် ပျောက်လုနီးပါးပင်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
   အားလပ်ချိန် အတော်များများကို နဉ်သူရ လေကျင့်ရေး
ကွင်းထဲမှာပဲ ကုန်ဆုံးလေ့ရှိသည်။ မနက်ဖက် ပင်ပန်းသည်
ကြောင့်မအိပ်ခင် စာအုပ် အနည်းငယ် ဖတ်စဉ်တွင်ပင်
အိပ်ပျော်သွားတတ်သည်။ တေဇညတိုင်း အိပ်ယာခင်းသိပ်ရ
လေ့ရှိသည်။ တချို့ညမျိုးတွင် ဘယ်ချိန် အိပ်ယာထဲ
ရောက်သွားမှန်းပင် မသိ။ မနက်နိုးမှသိတော့သည်။
   အဂ္ဂ သူ့ကို ဓားရေးသင်ပေးနေကာ၊ တေဇ ကတော့
ခပ်လှမ်းလှမ်း ပွဲကြည့်စင်တွင် ထိုင်ရင်း စာအုပ် ဖတ်
နေသည်။ တချက်ချက်တော့ အဂ္ဂ နှင့် သူ လေ့ကျင့်နေသည်
ကိုလှမ်းကြည့်သည်။ သူပြောထားသည်ကြောင့်
ဝင်တော့မရှုပ်ရဲ။
   အဂ္ဂ တယောက် နဉ်သူရ ဘေးမှ မှားသည်များ ရှိပါက
ပြင်ပေးနေသည်။ နဉ်သူရ သည်ဓားကိုင် မကျွမ်းသည်အပြင်
ခြေလှမ်းလည်းခဏ ခဏ မှားနေလေရာအဂ္ဂ တချိန်လုံး
ပြင်ပေးနေရသည်။ အတော်ကြာ လေ့ကျင့်အပြီး
မြေပြင်ပေါ်ကိုသာ နဉ်သူရ ပစ်လှဲလိုက် တော့သည်။
   "တော်ပြီ---ဓားရှည်ထက် လှံပဲကောင်းတယ်---။"
   အဂ္ဂ လက်လျော့စကား ပြောစပြုလာသော နဉ်သူရ ကို
ပြုံးရင်းကြည့်ကာ ဘေးတွင် ထိုင်ချလိုက်ရင်း
   "လှံလည်း အတူတူပဲ ဟန်ချက်ညီဖို့ အဓိကပဲ--
ဟန်ချက်မထိန်းနိုင်ရင်  ဘယ်လက်နက်ပဲဖြစ်ဖြစ်
သုံးလို့ အဆင်မပြေနိုင်ဘူး--။"
   "အာ့ဆို ဒါပဲ သုံးတော့မယ်----။"
   နဉ်သူရ ပြောရင်း ထထိုင်ကာ လက်ထဲမှ အပ် ၃ချောင်းကို
ထောင်ပြလိုက်သည်။ ဘယ်ချိန် အပ်ကို ဆွဲယူလိုက်သနည်း
အဂ္ဂ မမြင်လိုက်ရ။
   "ဘယ်ချိန် ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ--။"
   "လက်နက်ပုန်းဆိုတာ အာ့လိုပဲလေ--မမြင်ရဘူး---။"
   အဂ္ဂ လှမ်းထိကြည့်ရန် လက်လှမ်းလိုက်ရာ နဉ်သူရ
တားလိုက်သည်။
   "မထိနဲ့ အဆိပ်စိမ်ထားတာအပ်တွေက ထိခိုက်မိရင်
အဆိပ်မိလိမ့်မယ်---။"
   "နောက်ထပ်ရော-----။"
   နဉ်သူရ အပ်တွေကို ဂရုတစိုက်သိမ်းလိုက်သည်။
ပြီးနောက် သူ၏ လက်နက်ပုန်း မျိုးစုံကို အဂ္ဂ ကို တခုပြီးတခု
ထုတ်ပြတော့သည်။ လက်ဖျံ တွင် ဝှတ်ထားသည့် ဒူးလေး
အသေးစားလေး၊ ခါးပတ် ထဲတွင် ထည့်ဝှတ်ထားသော
၅ဒေါင့်ကြယ်၊ ခြေနင်း ထိပ်တွင် တပ်ထားသော ထုတ်သွင်း
လိုသလိုရသည့် ဓားမြှောင်၊ နောက်ဆုံး ဆံပင်ထုံးထားသော
ဆံထိုးတံတွင်ပင်အဆိပ်သုတ်ထားလေသည်။ဝှတ်ထားသော
လက်နက်ပုန်းများသည် နဉ်သူရ ခန္ဓာကိုယ် အစိတ်အပိုင်း
အားလုံးလိုလို တွင်ရှိသည်။
အဂ္ဂ:----နဉ်သူရရေ-- မင်းကဖြူကောင်လေးများလား--။
   တေဇလည်း အနားရောက်လာကာ သူ့ လက်နက်ပုန်းတွေ
ကိုကြည့်ရင်း
     "တော်လိုက်တာ ဒါတွေအကုန် မင်းလုပ်ထားတာလား။"
     "အင်း--- ပုံကြမ်းဆွဲပြီး အကြမ်းထည်ကိုတော့ ပန်းပဲဖိုကို
အပ်တာများတယ် အသွား သွေးတာတို့ အဆိပ်ထည့်တာတို့
အချောထည်တွေကို တော့ ငါလုပ်တာ ။"
   "ငါ့ကိုဒါမျိုး တခုလုပ်ပေး---။"
  အဂ္ဂ လက်ဖျံတွင် ဝှတ်ကာသုံးရသည့် ဒူးလေး
အသေးစားလေးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
   "အဆိပ်တော့မထည့်နဲ့---သုံးတတ်အောင်
လေ့ကျင့်ရဦးမှာမို့လို------။"
   "နောက် အပတ် အပြင်ပြောင်းရင် လုပ်ပေးမယ်---။"
  အဂ္ဂ ပျော်သွားသည်ကိုကြည့်ရင်း တေဇ နှာခေါင်းရှုံ့ကာ
   "မသုံးတတ်ဘဲ ကိုယ့်ကိုယ်ကို ပြန်မှန်နေမှာတော့
မြင်ယောင်သေးတယ်---။"
   "မင်းလို ငတုံးမဟုတ်ဘူးကွ---။"
   ဆက်ပြောနေလျှင် စကားများတော့မည်ကို သိ၍ နဉ်သူရ
၂ယောက်ကြား ဝင်ခွဲရသည်။ တေဇ နှင့်အဂ္ဂ ဘယ်အခါမှ
တည့်မည်နည်း ဟု တခါတရံ နဉ်သူရ တွေးမိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တညနေတွင်တော့ ဒေဝနှင့် ယံနီ သည် စာကြမ်းပိုး
ဝေဒ ကို ဓားရှည်လေ့ကျင့်ပေးရန် ကြိုးစားနေသည်။
ဝေဒသည် လက်ရုံးရည် တက်ဖို့ ထက် စာအုပ်ကိုသာ
ပိုကြိုက်သူမို့ ၆ယောက်ထဲတွင် အညံဆုံးဖြစ်နေလေရာ
အကိုဖြစ်သူ ဒေဝသည် စာကြည့်တိုက်ထဲမှ ဆွဲထုတ်ကာ
အတင်းလေ့ကျင့်ခိုင်းတော့သည်။
   "မလုပ်တော့ဘူး--ပင်ပန်းတယ်---။"
   ဓားကို ပစ်ချလိုက်ကာ အော်ဟစ်နေသော ဝေဒ ခေါင်းကို
အကိုဖြစ်သူ ဒေဝ ခပ်နာနာ ခေါက်ချလိုက်သည်။
   "နာတယ် အကိုဒေဝရ သူ့ခေါင်းမဟုတ်တိုင်း--။"
   "ဓားရေး ကျင့်ခိုင်းနေတာကွ---မသိရင် မဟုတ်တာ
လုပ်ခိုင်းနေသလိုပဲ---။"
   "နောက်မှ လုပ်မယ်လို့----အခု စာသွားဖတ်မလို့---။"
   "မရဘူး---ဒီ သိုင်းကွက် ရမှ သွားရမယ်---။"
   ဝေဒ ပစ်ချထားသော သစ်သားဓားရှည်ကို ဆူဆောင့်ကာ
ပြန်ကောက်ကိုင်လိုက်သည်။ သူတို့ ညီအကို
၂ယောက်တည်း လွှတ်ထားလျှင် မဖြစ်တော့တာမို့
ယံနီ ဝင်ပါရတော့သည်။ ဝေဒသည် လက်ရုံးရည် ပိုင်း
စိတ်မဝင်စားသူမို့ သင်ရခက်သည်မှာ မဆန်း။ အခုလည်း
သူ့အကို ဒေဝ၏ ခြိမ်းခြောက်မှုများ ကြောင့်သာ
ဓားရေးကျင့်နေရခြင်း ဖြစ်သည်။ ဝင်ခွင့်ဖြေတုန်းက ဝေဒ
ဘယ်လိုတွေ အောင်လာလဲ ယံနီ စဉ်းစားမရ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
   အဂ္ဂ တယောက်ကတော့ နီးနီးကပ်ကပ် နေရင်း
မြှားပစ်သင်နေသော သတိုးတေဇနှင့် နဉ်သူရ ကို ကြည့်ရင်း
အူတိုနေသည်။ ယောက်ျားကြီးတန်မဲ့ သတိုးတေဇ ဆီသို့
မျက်စောင်းထိုးကြည့်နေမိ သည်မှာလည်း အခါခါ။ သူကြည့်
နေသည်ကို သိနေလို့ပဲ လားမသိ၊ သတိုးတေဇ
တယောက် နဉ်သူရ အနား တခြားနေ့ထက် ပိုနီးနီးကပ်ကပ်
နေနေ လေသည်။ အကျင့် တစက်မှ မကောင်းသော
သူရိယောဝသား ခွေးကောင် သတိုးတေဇပင်။
  "ပခုံးကို လျော့ထား လက်ကို ပခုံးနဲ့ တဖြောင့်တည်းထားဆွဲ
ခြေထောက်ကို နည်းနည်းချဲထား---။"
   သတိုးတေဇ ပြောရင်း နဉ်သူရ၏နောက်မှ နေ၍
လက်၂ဖက်ကို ထိန်းကိုင်ရင်း ပစ်မှတ်ရှိရာချိန်ပေး
လိုက်သည်။ အနောက်ဖက်မှ ထိန်းကိုင်ပေးသည့်
ပုံစံဖြစ်၍ နဉ်သူရ တကိုယ်လုံးသည် တေဇ ရင်ခွင်ထဲ
ရောက်နေသည့်ပုံမျိုးဖြစ်သွားသည်။ တေဇကတော့
သတိထားမိပုံမပေါ်ဘဲ ဆက်သင်နေလေသည်။
   "လေတိုက်နှုန်းကိုလည်း မေ့ထားလို့မရဘူး--
အခုဆို လေက ညာဖက်ကနေ ဘယ်ဖက်ကို တိုက်နေတာ
ဆိုတော့ ညာဖက်ကို ခပ်စောင်းစောင်း အနေအထားနဲ့
ယူရမယ်---တခါတလေ လေဟုန်ကို ခွင်းပစ်ရတဲ့
အခါတွေကျရင် လေတိုက်နှုန်းက တအားဂရုစိုက်ဖို့လိုတယ်
မျက်လုံးကို မှိတ်လိုက်----။"
   နဉ်သူရ မျက်လုံးမှိတ်လိုက်သည်။
   "စိတ်ကို ငြိမ်ငြိမ်ထားပြီး နားနဲ့ နားထောင်ကြည့်---
လေ ဘယ်ဖက်က တိုးနေလဲ သတိထားမိလိမ့်မယ်---
ပစ်မှတ်နေရာကို စိတ်နဲ့ မှန်းပြီးချိန်ထား----။"
   သတိုးတေဇ တယောက် ရင်ခွင်ထဲမှ နဉ်သူရကို
ကြည့်ရင်း အသံမတုန်အောင် သတိထားပြောနေရသည်။
ရင်ဘတ်ထဲမှ ရန်ခုန်သံ အကျယ်ကြီးကို နဉ်သူရ ကြားမှာ
စိုး၍ အသက်ရှူပင် အောင့်ထားမိသည်။
   တေဇ ဆီမှရနေကျဖြစ်သော ဆေးပင်ရနံ့ ခပ်မွှေးမွှေးက
နဉ်သူရ နှာခေါင်းဝရောက်လာသည်။ ရင်းနှီးသော အနံ့တခု
လို ထိုရနံ့ကို နဉ်သူရ သဘောကျမိသည်။
   "ပစ်မှတ်သေချာပြီဆို မျက်လုံးဖွင့်ပြီး ပစ်လိုက်တော့----။"
နဉ်သူရ လက်မှ ပစ်လွှတ်လိုက်သော မြှားတံသည်
ပစ်မှတ်၏ အလယ်တည့်တည့်ကိုပင် သွား မှန်လေသည်။
နဉ်သူရသည် တေဇကို ပြန်လှည်ကြည့်ကာ
   "တေဇ မင်းရဲ့လေးမြှား စွမ်းရည်က အကြမ်းကြီး--။"
   လေးစား အထင်ကြီးဟန် အပြည်ဖြင့် ပြောသော နဉ်သူရ
မျက်ဝန်းနက် ကလေးများသည် တဖျတ်ဖျတ်လတ်နေသည်။
သတိုးတေဇ တယောက်ကတော့ နဉ်သူရကိုသာ
ငေးကြည့်ရင်း ပြုံးနေသည်။
   "အာ့လောက်တော့ ငါလည်းသင်နိုင်သားပဲ---။"
  အဂ္ဂ မတိုးမကျယ် ရေရွတ်လိုက်သည်။ ပြုံးနေသော
နဉ်သူရ အပျော်တွေကို မဖျတ်ဆီးချင်တာမို့ အူတိုမှုတွေ
တပွေ့တပိုက်ဖြင့် ခပ်လှမ်းလှမ်းမှ ယံနီ တို့ ၃ယောက်ဆီသာ
လျှောက်လာခဲ့လိုက်တော့သည်။ နဉ်သူရ သည် အဂ္ဂနှင့်
သတိုးတေဇ အပေါ် တန်းတူ ထားဆက်ဆံတတ်သည်။
သတိုးတေဇသည် အခန်းဖော်မို့ နဉ်သူရနှင့် အတူရှိချိန်
ပိုကြာသော်လည်း အဂ္ဂ ကိုလည်း ပစ်မထားတတ်။
၃ယောက်တပူးတွဲတွဲ နေတတ်သည်။ နဉ်သူရ၏
သူငယ်ချင်းဆိုသော ဘောင်ထဲဆွဲသွင်းမှုကြီးက သူတို့
၂ယောက်လုံးကို လှုပ်မရ ဖြစ်စေသည်။ စည်းတခု
တားလိုက်သလိုပင်။ ၃ပြည်ထောင်တွင် ယောက်ျားချင်း
နှစ်သက်သည့်ကိစ္စသည် ထူးခြားနေသေးသည် တော့
အမှန်ပင်။ ထို့ကြောင့်ပဲ နဉ်သူရ ထိုကိစ္စကို လက်ခံဖို့
ငြင်းပယ်နေသည့် အကြောင်းအရင်းဖြစ်နိုင်သည်။
သူ မမြင်ချင်ပေမဲ့ ၃ယောက်အမြဲအတူ ရှိနေတတ်၍ နဉ်သူရ
မျက်လုံးထဲမှသတိုးတေဇ အပေါ်ထားသည့် စိတ်ထား
တစွန်းတစကို တခါတလေ မြင်ရတတ်သည်။ သို့သော်
အများအမြင်တွင် သူငယ်ချင်း ဆိုတာထက် လွန်သော
အပြုအမူမျိုး၂ယောက်လုံးအပေါ် နဉ်သူရ မလုပ်တတ်။
   အဂ္ဂ လျှောက်လာရင်း တိုင်ပတ်နေသော ယံနီနှင့် ဝေဒ
၂ယောက်အနား ရောက်လာသည်။ တဆိတ်ရှိ ဓားရှည်
ပြေးပြေးဆွဲတတ်သော ဝေဒကို ဓားရေး တော်မည်
ထင်ခဲ့သော်လည်း သာမန် အနေအထားသာမို့ အဂ္ဂ
အံ့သြသွားသည်။ ယံနီ သင်ပြပေးသည်ကိုခပ်တည်တည်နှင့်
ရပ်ကြည့်နေကာ ကိုယ်တိုင်လုပ် လျှင်တော့ ခြေလှမ်းမှား
နင်းကာ ဟန်ချက်ပျက်တော့သည်။ မသိမတတ်သည်ကို
အတတ်ကြီးဟန်ဆောင်နေသောဝေဒ တယောက်ကို ယံနီ
သင်မရသည်မှာ မဆန်း။ စိတ်မဝင်စားသည့် ကိစ္စ ပါ
ပေါင်းလိုက်လျှင် ဝေဒကိုဓားရေးသင်ရင်း တနေကုန်
ကုန်သွားနိုင်သည်။အဂ္ဂ ပြုံးရင်း ဘေးနားရှိ သစ်သားဓား
တစ်ခုကို ကောက်ယူလိုက်သည်။ ဘာရယ်တော့
မသိသော်လည်း ဝေဒကို ကူညီရန် ဆုံးဖြတ်လိုက်သည်။
သူ လာသည်နှင့် ယံနီသည်လည်း အလိုက်တသိ
နောက်ဆုတ်သွားကာ ခပ်လှမ်းလှမ်းတွင် ထိုင်နေသော
ဒေဝရှိရာသို့ သွားထိုင်နေတော့သည်။
အဂ္ဂသည် လက်ထဲမှ သစ်သားဓားဖြင့် ဝေဒလက်ထဲက
သစ်သားဓားကို ရိုက်ချလိုက်သည်မို့ ဝေဒ ဒေါသတကြီး
ကြည့်လာသည်။
  "မင်းဘာလာရှုပ်တာလဲ အဂ္ဂ---။"
  "မင်း နဲ့ ငါ  ပြိုင်မလား---ပြိုင်လို့ နိုင်ခဲ့ရင် အခန်းလဲဖို့
စဉ်းစားပေးမယ်---။"
  အခန်းလဲပေးရန် ပြောတိုင်း ဘူးခါငြင်းတတ်သော အဂ္ဂ
အခု လိုလိုလားလား ပြောလာ၍ ဝေဒ ထူးဆန်းနေသည်။
   "ဘယ်လိုပဲဖြစ်ဖြစ် နိုင်မှာမှ မဟုတ်တာ---။"
   အဂ္ဂ တယောက် ဝေဒ၏ဒေါသကို ဆွပေးလိုက်ရာ
  "အဂ္ဂ ဘဝင်မြင့်နေတဲ့ စောက်ရူးကောင်---။"
  ဝေဒ တယောက် သစ်သားဓားကို မြှောက်ရင်း အဂ္ဂ ကို
လိုက်ခုတ်တော့သည်။ ခုနက ခဏခဏ မှားနေသော
အကွက်များသည် အလိုလို မှန်ကုန်တော့သည်။
အကွက်ဆန်းများပင် ပါလာတတ်သေးသည်။ ဒေါသ၏
တွန်းအားကား အံ့မခမ်းပင်။
   "မင်းအကိုရဲ့ ဉာဏ်ကောင်းမှုက အံ့မခမ်းပဲ ယံနီ
အပျင်းတစ်နေတဲ့ ငါ့ညီဝေဒ ကိုတောင်---- လိုချင်သလို
ပုံသွင်းနိင်တယ်----။"
   "အင်း---။"
   ယံနီ ဓားရေးကျင့်နေသော အဂ္ဂနှင့် ဝေဒကို ငေးကြည့်မိ
သည်။ ဝေဒ တည်းခိုအိမ်တွင် အဂ္ဂ အခန်းမှားဝင်ပြီးနောက်
တယောက် ယောက်ကို ဖက်မအိပ်ရလျှင် မနေနိုင်သည့်
အဂ္ဂအကျင့် နောက်ပြီး အခုဝေဒကို ကူညီမှု။ အဂ္ဂ ဝေဒ
အပေါ်ရိုးသား နေသေးရဲ့လား ဟုယံနီ တွေးမိသွားသည်။
   "ဘာတွေ တွေးနေတာလဲ---။"
    ဒေဝ မေးပြီးနောက် ယံနီ ပါးကို ဖျတ်ခနဲ နမ်းလိုက်သည်။
အနောက်ဖက်မှ လေ့ကျင့်ပြီးနောက် လာထိုင်ရန်
ပြင်နေသည့် သတိုးတေဇ နှင့် နဉ်သူရ တို့ ၂ယောက်
ကတော့ ကြောင်အ သွားသည်။ ဘယ်တုန်းကနေ
ဘယ်လိုဖြစ်ပြီး ဒေဝနှင့် ယံနီ ကဒီလောက် ရင်းနှီးသွား
မှန်းသူတို့ မသိလိုက်။ နမ်းသည့်အဆင့်ဆိုလျှင်
သေချာပေါက် ချစ်သူဖြစ်နေသည့် အနေအထားပင်။
   ယံနီ ဒေဝ လက်ကိုခပ်နာနာ ရိုက်ရင်း
   "လူမြင်ကွင်းမှာ မနမ်းပါနဲ့ဆို-----။"
   သတိုးတေဇ၊နဉ်သူရ:-------။
   ယံနီ တို့ ၂ယောက်ကြား ဝင်ရှုပ်သလို ဖြစ်မှာစိုးသဖြင့်
သတိုးတေဇ နှင့် နဉ်သူရ ထိုနေရာမှ တိတ်တဆိတ်
ထွက်ခဲ့တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
   မိုးအကုန် ဆောင်းကူးစမို့ စာသင်သား အိပ်ဆောင်ဝန်း
ထဲရှိ မယ်ဇယ်ပင်တို့သည် ရွက်နု လေးများစတင်
ထွက်လာသော အချိန်လည်း ဖြစ်သည်။ နဉ်သူရ
မယ်ဇယ်ညွန့်လေး တခုကို ဆွဲခူးကာ လက်ထဲတွင်
လှည့်ကစားနေရင်း
   "မင်း တခုခု မထူးဆန်းနေဘူးလား---။"
   "ဘာကိုလဲ-----။"
   "မင်းအကို ယောကျ်ားလေးတယောက်နဲ့ နမ်းနေတာ
အခုလေးတင်မင်းမြင်ခဲ့တာလေ အာ့မထူးဆန်းဘူးလား---။"
   တေဇ သစ်ပင်ကိုမှီကာ စာဖတ်နေရာမှ ရပ်ရင်း
   "အကိုတော်ရော ယံနီရော ကလေးတွေမှ မဟုတ်တာပဲ--
စဉ်းစားပြီး ဆုံးဖြတ်မှာပေါ့--သူတို့ ချစ်နေကြပြီဆိုလဲ
ငါကတော့ လွှတ်ထားလိုက်မှာပဲ တယောက်ယောက်ကို
ချစ်ဖို့ဆိုတာက လွယ်တဲ့ကိစ္စမှ မဟုတ်တာ အခုလို
အကိုဒေဝ လက်တွဲဖော် စောစောရှာတွေ့တာ
ကောင်းတာပဲ--။"
   တေဇ စကားသည်လည်း မှန်နေသည်မို့ နဉ်သူရ
ဆက်မပြောဘဲငြိမ်နေလိုက်တော့သည်။ စိတ်ကူးထဲမှာတော့
အတွေးများနေတုန်းပင်။ ဒေဝ နှင့် ယံနီ တယောက်ယောက်
နေရာမှာ သူသာဆိုရင် ဟူသော အတွေးဝင်လာသည်။
ဂရုတစိုက်ကြည့်နေမိသည့်သူ၊ သူ့ အတွေးတွေထဲ အမြဲ
စိုးမိုးထားသူအပိုင် လိုချင်မိသောသူ၊ စသည့်အချက်များနှင့်
တွေးကြည့်ခဲ့လျှင် တေဇကိုနဉ်သူရ သဘောကျ နေကြောင်း
လက်ခံရ မလိုပင်။ ဆုံးရှုံးရမှာ ကြောက်သည့် အချက်ပါ
ထည့်တွက်ခဲ့လျှင်တေဇအပေါ် ချစ်မိနေသည်မှာ သေချာ
သလောက်ပင်။သို့ပေမဲ့ တေဇရော သူပါ နူးနူးညံညံ
ချွဲချွဲနွဲ့နွဲ့ပုံစံမျိုး မဟုတ်။၂ယောက်သား ဘယ်နည်းဘယ်ပုံ
ချစ်ကျွမ်းဝင်ကြမည်နည်း။ ဆေးကုပေးနေသော သူမို့သူ
အသိဆုံး ဖြစ်သော တေဇ၏ အချိန်မရွေး တခုခုဖြစ်နိုင်သည်
ဟူသော အနေအထားက တမျိုး တဖုံတော့ တွန်းအား
ပေးနေသည်။ ရုတ်တရက်ဆုံးရှုံးနိုင်သည် ဟူသော အတွေး
ဝင်လာသည့်အချိန်တွင် တေဇကို ပွေဖက်ရင်း မည်မျှ
ချစ်ကြောင်းဖွင့်ပြောချင်စိတ်ပေါက်သော်ညား။
ဖွင့်ပြောလိုက်လျှင်လည်း တေဇလက်ခံ၏ မခံ၏က
ရှိသေးသည်မို့ ငြိမ်နေရသည်။ နေ့ရက်တိုင်းကို တေဇ နှင့်
အတူတူ ဖြတ်သန်းနေရသည်မို့ အခုအတိုင်းလဲ
အဆင်ပြေနေသေးသည် မဟုတ်လား။ ဖွင့်ပြောလိုက်လျှင်
သူ တေဇ အနားမှာနေခွင့်ရပါဦးမလား။ ဒေဝ သည် သူ့
အကိုမို့ ယောက်ျားချင်းကြိုက်သည်ကို တေဇ တယောက်
လိုလိုလားလား လက်ခံသော်လည်း၊ တေဇ ကိုယ်တိုင် တော့
ယောကျ်ားချင်းကြိုက်သူ ဖြစ်ချင်မှ ဖြစ်မည်ပင်။ တေဇ
သူ့အပေါ် ထားသည့် ခံစားချက်တချို့ကို ခံစားမိသော်လည်း
ထို အရာက သူငယ်ချင်း သံယောဇဉ်လား၊
ချစ်ခင်နှစ်သက်မှုလား နဉ်သူရ မဝေခွဲနိုင်သေး။
အနောက်လှည့်ကြည့်လိုက်တော့ တေဇ တယောက်
ရင်ဘတ်ပေါ် စာအုပ်တင်ရင်း အိပ်ပျော်နေလေပြီ။
   မျက်လုံးကို ခပ်ဖွဖွ မှိတ်ရင်း အိပ်ပျော်နေသော
တေဇ ဆိုသော မြတ်နိုးရပါသော ကောင်လေးအနားတွင် နဉ်သူရ
ထိုင်ချရင်း ငေးကြည့်နေမိတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂နာရီကျော် ၃နာရီ နီးပါး ဝေဒကို ဓားရေး ကူကျင့်ပေး
ပြီးနောက် အဂ္ဂ ခြေကုန် လက်ပန်းကျ နေလေပြီ။ ဝေဒ
သစ်သားဓားဖြင့် လှမ်းအခုတ်၊ ရှောင်လိုက် သော်လည်း
အဖျားခတ်ကာ ခြေသလုံးကိုထိသွားသည်။ ဝေဒ ကို အနိုင်ပေးဖို့
မဖြစ်နိုင်တာကြောင့် ဆက်လေ့ကျင့် မပေးတော့ဘဲ အဂ္ဂ
အနိုင်ယူလိုက်တော့သည်။ ၂ယောက်လုံး မြေပြင်ပေါ်မှာပင်
ထိုင်ချလိုက်တော့သည်။
   "ကျေးဇူးပဲ----။"
   အဂ္ဂ အသက်လုရှူ နေရင်းမှ ကျေးဇူးတင်စကားကြား၍
ဝေဒဖက် လှည့်ကြည့်လိုက်သည်။ ညနေခင်း နေရောင်ခြည်
အောက်တွင် ဝေဒ ၏ဖြူဝင်းသော မျက်နှာ၊ နောက်ခပ်ဖြူဖြူ
လည်တိုင်။ ထိုလည်တိုင်ကို ကြည့်ရင်း အဂ္ဂ တယောက်
အငမ်းမရ နမ်းချင်စိတ်ပေါ်လာသည်။
"အဂ္ဂ မင်းသတိထားစမ်း"ဟု ကိုယ်ကိုယ်ကို ပြန်သတိပေး
နေရသည်။ ခဏ အမောဖြေပြီးနောက် မျက်နှာချင်းဆိုင်မှ
ဝေဒက သူကို ပြုံးပြရင်း။
   "ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲ--နောက်လ အပြင်ရောက်ရင်
သေရည် တိုက်မယ်---။"
   အဂ္ဂ ပြုံးရင်းပြောနေသော ဝေဒကို အသည်းယားလာ၍
ပါးကို လိမ်ဆွဲ လိုက်သည်။ ဝေဒ မျက်နှာ ချက်ချင်း
တည်သွားကာ
   "အဂ္ဂ မင်းတော့လား---။"
   ဝေဒ တယောက် ပစ်ချထားသော သစ်သားဓားကို
ကောက်ဆွဲကာ နေပြီမို့အဂ္ဂ ပြေးရန်အထ၊ ခြေထောက်မှ
စူးခနဲ နာကျင်သွားသည်။ရိုက်ရန်လာသော ဝေဒသည်လည်း
အဂ္ဂ နာကျင်နေသောပုံကြောင့် မရိုက်တော့ဘဲ အဂ္ဂကို
ထိန်းပေးရင်း။
   "ဘာဖြစ်တာလဲ---။"
   "နာတယ်------။"
   အဂ္ဂ လက်နှင့်ဖိထားသည့် ခြေသလုံးနေရာကို
ကြည့်လိုက်ရာ အဂ္ဂ အသားညိုညိုတွင်ပင် နီရဲနေသည်။
အဂ္ဂ သူ့ကို ကူကျင့်ပေးနေတုန်းက ထိသွားမှန်းသိလိုက်
သော်လည်း အရှိန်မပျက် ဆက်လေ့ကျင့်ပေးနေသည်မို့
ဒီလောက် ပြင်းထန်မယ်မှန်း မသိ။ ကိုယ်ပေါ်တွင် အသင့်
ဆောင်ထားလေ့ရှိသော ဒဏ်ကျေလိမ်းဆေးကို လိမ်းရင်း
အနည်းငယ် နှိပ့်ပေးလိုက်သည်။
   "သက်သာလား----။"
   အဂ္ဂ ခေါင်းငြိမ့်ပြသော်လည်း မျက်နှာက မသက်သာပုံ
ပေါက်နေသေးသည်မို့ ဝေဒ ဆက်နှိပ့်ပေးနေလိုက်သည်။
မှောင်စ ပျိုးလာကာ လေ့ကျင့်ရေး ကွင်းတွင်
လူသိပ်မရှိတော့။ ထိုင်ကြည့်နေသော ဒေဝ နှင့် ယံနီ
၂ယောက်ကိုလည်း ရှာမတွေ့။ ကွင်းတဖက်တွင်
စာသင်သားတချို့ ရှိနေသေးသော်လည်း ရင်းနှီးသူ မတွေ့။
   "မက်တပ်ရပ်နိုင်လား----။"
   "အင်း----။"
   ဝေဒသည်အဂ္ဂ လက်တဖက်ကို ပခုံးပေါ်တင်ကာ
ထူပေးပြီး မက်မက်ရပ်စေသည်။
   "အ---အ---နာတယ်---။"
   ချက်ချင်းရှုံမဲ့သွားသော အဂ္ဂ မျက်နှာကြောင့် ဝေဒ စိုးရိမ်
သွားသည်။ အရွတ် ဒါမှမဟုတ် အကြော တခုခုများထိသွား
သလား မသိ။ အဂ္ဂကိုလှုပ်လှုပ်ရှားရှား မလုပ်ခိုင်းတာ
အကောင်းဆုံးပင်။ သူ့ကို ကူလေ့ကျင့်ပေးရင်း ထိခိုက်သွား
သည်မို့ တခုခုတော့လုပ်ပေးမှ ဖြစ်မည်။အဂ္ဂထက် လူကောင်
မဆိုသလောက် သေးသော ဝေဒ သည် အဂ္ဂ ကိုချီမဖို့
မလွယ်ကူ။ ကျောပိုးသွားရန် တနည်းသာ ရှိတော့သည်။
   "ကျောပေါ်တက်----။"
   ဝေဒ နောက်ခိုင်းကာ ခါးကုန်းပေးရင်း ပြောလိုက်သည်။
ဆင်ထားသော အကွက်ထဲ ဝေဒ ဝင်လာပြီမို့ အဂ္ဂ စိတ်ထဲ
တွင် ကြိတ်ပြုံးရင်း ဝေဒ ကျောပေါ်တက်လိုက်သည်။
ခြေထောက် နာနေသော်လည်း လမ်းလျှောက်မရသည်
အထိတော့မဟုတ်ချေ။ သို့ပေမဲ့ ဝေဒကို အနည်းငယ်တော့
ဒုက္ခ ပေးချင်သေးသည် မို့ အရမ်းနာကျင်နေဟန်ဆောင်
လိုက်သည်။ စိတ်ထဲတွင်ကြိတ်ပြုံးနေသော်လည်း
အပြင်မှာတော့ မပြုံးရဲချေ။ ထို ဒေါသ ကုမ္မာရလေးသည်
မထင် မထင်သလိုမို့ ကျောပေါ်မှ ပစ်ချနေရင် မခက်ပါလား။
ခုနက အသဲအသန်နမ်းချင်စိတ် ဖြစ်နေသည့် ဝေဒ၏
ခပ်ကျော့ကျော့လည်တိုင်သည် မျက်စိရှေ့ အနီးဆုံးတွင်
ရောက်နေသည်မို့ အနောက်မှ မသိမသာနှင့် ခပ်ဖွဖွ
ခိုးနမ်းရင်း ဝေဒ ကျောပေါ်မှ လိုက်ပါလာခဲ့သည်။
ညနေခင်းသည် ယခင်ကထက် ပိုသာယာနေ
သယောင်ပင်။
   ကျောပေါ်တွင် ရွစိရွစိနှင့် လိုက်ပါလာသော အဂ္ဂကို
ပစ်ချချင်စိတ် ဝေဒ မနည်းသည်းခံထားရသည်။
ကိုယ်ကြောင့် ထိခိုက်သည်သာ မဟုတ်ခဲ့လျှင် ဝေဒ
ဂရုစိုက်မည် မဟုတ်ပေ။ ထင်လို့လားတော့မသိ
တချက်တချက် နူးညံသော အရာတခု ဝေဒ လည်ပင်းကို
လာလာထိနေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi Version

                   အခန္း(၁၁)

ေလ့က်င့္ေရးကြင္းထဲတြင္ နဥ္သူရ တေယာက္
လွံေရးက်င့္ေနသည္။ သတိုးေတဇ မ်က္လံုးထဲတြင္ေတာ့
နဥ္သူရ လွံေရးက်င့္ေနသည္ ့ျမင္ကြင္းသည္ လွပလြန္း
ေနသလိုပင္။ ျမင့္မားေသာ အရပ္၊ သြယ္သေယာင္ ထင္ရ
ေသာ္လည္း အခ်ိဳးက်နေသာ ခႏၶာကိုယ္။ ခပ္ထင္းထင္း
ေမးရိုး။ ေခၽြးမ်ား နွင့္မို႔ဝတ္ထားေသာ ကိုယ္က်ပ္ လက္တို
အညိဳေရာင္သည္ကိုယ္တြင္ ကပ္ေနေလရာ က်စ္လစ္ေသာ
ၾကြက္သားမ်ားကို တစြန္းတစ ျမင္ေနရသည္။ ညေနခင္း
ေနေရာင္ေအာက္တြင္နဥ္သူရ၏ ခပ္ျဖဴျဖဴ
အသားအရည္သည္ ေနေရာင္ေၾကာင့္ ဝင္းလတ္ေန
သေယာင္ပင္။ ပန္းခ်ီကား တခ်ပ္လို လွပသည့္ ျမင္ကြင္းကို
သတိုးေတဇ ဘယ္ေလာက္ၾကာၾကာ ေငးၾကည့္ ေနမိသလဲ
မသိေတာ့။
   "မင္းသေရေတြ သုတ္လိုက္ဦး--မ်က္လံုးႀကီးလဲ ကၽြတ္ၿပီး
နဥ္သူရ သြားမွန္ေနဦးမယ္---။"
   အဂၢ စကားေၾကာင့္ သတိုးေတဇ သူခိုးလူမိျဖစ္သြားသလို
ရွက္လည္း ရွက္၊ ေဒါသလည္း ထြက္သြားသည္။
သတိုးေတဇ ျပန္ေျပာမည္ ဆဲဆဲမွာပင္ လွံေရးက်င့္ရာမွ
နားရန္ နဥ္သူရ သူတို႔နားေလွ်ာက္လာသည္မို႔ ျပန္မေျပာ
ျဖစ္လိုက္ေတာ့ေခ်။ နဥ္သူရသည္ တလံေလာက္ခြာထိုင္
ေနေသာ အဂၢ နွင့္ သတိုးေတဇၾကားသို႔ ဝင္ထိုင္လိုက္သည္။
သတိုးေတဇ အနီးရွိ ေရအိုးမွ ေရခပ္ကာ နဥ္သူရကို
ကမ္းေပးလိုက္သည္။ နဥ္သူရ လွမ္းယူရင္း
   "အမေလး လွံေရးေလး ေျဖာင့္ေအာင္က်င့္တာေတာင္
ပင္ပန္းလိုက္တာကြာ---မင္းတို႔ ၂ေယာက္ကေတာ့
ဘယ္လိုေတြ ေလ့က်င့္လို႔ ဆိုင္ရာဆိုင္ရာေတြမွာ
ဆရာႀကီးေတြ ျဖစ္ေနလဲမသိ----။"
   "မင္း သင္ခ်င္ရင္ သင္ေပးမယ္ေလ---။"
   "တကယ္လား---မင္းဆီက ျမွားပစ္ သင္ခ်င္တယ္--။"
   ေပ်ာ္ရႊင္ေနသည့္ အခ်ိန္မ်ိဳး၊တခုခုစိတ္အားထက္သန္
ေနသည့္ အခ်ိန္မ်ိဳးတြင္ နဥ္သူရ၏မ်က္ဆံ
နက္နက္ကေလးသည္ ပံုမွန္ထက္အေရာင္ၾကည္ကာ
ေတာက္ပ လာတတ္သည္။ သတိုးေတဇ ထိုအၾကည့္ကို
အနွစ္သက္ဆံုးျဖစ္သည္မို႔ ေငးခနဲ ျဖစ္သြားသည္။
   နဥ္သူရလည္း ေတဇ ဘာမွ ျပန္မေျပာသည္မို႔
ေၾကာင္သြားသည္။ စကားတခုခုမ်ား မွားသြားသလား။
   "ငါသင္ေပးမယ္လို႔ ျမွားပစ္၊လွံပစ္၊ ဓားရွည္ အားလံုး
ကၽြမ္းတယ္---ငါသင္ေပးမယ္---။"
   အဂၢ တေယာက္သည္လည္း အခြင့္ႀကံဳသည္နွင့္
ဝင္ေျပာေတာ့သည္။ အခုမွ သတိုးေတဇ သတိဝင္လာကာ
   "ငါ သင္ေပးမယ္---။"
   "ေဟ့ေကာင္ နဥ္သူရကို ငါသင္ေပးမယ္ ေျပာၿပီးၿပီ---
အခုမွ လာမေျပာနဲ႔ ခုနကေတာ့ သင္မေပးခ်င္သလိုလို
ဘာလိုလိုနဲ႔-----။"
   "ငါ ဘယ္တုန္းက မသင္ေပးခ်င္ဘူး ေျပာလို႔လဲ---။"
   "သူရိေယာဝသား မင္းေျဗာင္ မလိမ္နဲ႔ ခုနက မင္း
အသံတိတ္သြားတာ နဥ္သူရ လည္းျမင္တယ္--မပူနဲ႔
ငါက လက္နက္ အကုန္ကၽြမ္းတာ ျမွားပစ္ေလာက္ေတာ့
ငါသင္ေပးလည္း ရတယ္---။"
   "အဂၢ မင္းဂုဏ္ဝင္ေဖာ္မေနနဲ႔ နဥ္သူရက ငါ့ဆီက
သင္ခ်င္လို႔ ခြင့္ေတာင္းတာ နဥ္သူရကို ျမွားပစ္ေရာ
တျခား လက္နက္ေတြေရာ ငါပဲ သင္ေပးမွာ---။"
   "ေဟ့ေကာင္ ငါေျပာၿပီးၿပီ ငါသင္ေပးနိုင္တယ္ လို႔--မင္း
မသင္ေပးခ်င္လည္း ဝင္မရွဳပ္နဲ႔---။"
   "ငါ ဘယ္တုန္းက---။"
   သတိုးေတဇ စကားပင္ မဆံုးလိုက္ နဥ္သူရ 'ေတာ္ေတာ့'
ေအာ္သံေၾကာင့္ ၂ေယာက္လံုး ပါးစပ္ ပိတ္သြားသည္။
   "မင္းတို႔ ၂ေယာက္ကေလ အရင္ ဘဝက လင္လုဖက္ေတြ
မ်ားျဖစ္ခဲ့သလား---ေတြ႔တာနဲ႔ ကိုက္တာပဲ---။"
   နဥ္သူရ ခဏေတြးေနၿပီးမွ စကားစေျပာရန္ လည္ေခ်ာင္း
ရွင္းလိုက္ကာ
   "ဒီလိုလုပ္ အဂၢက ဓားေရးသင္ေပး ေတဇက
ျမွားပစ္သင္ေပး တေယာက္ သင္ေပးေနခ်ိန္တေယာက္က
ဝင္မသင္ရဘူး ဝင္မရွဳပ္ရဘူး---။"
  နဥ္သူရ ေျပာသည္မွာမွ်တသည္မို႔ ၂ေယာက္လံုး လက္ခံ
လိုက္သည္။
   "ငါ့လည္း တပည့္ခံတာေတာင္ အခ်ိန္ဇယားနဲ႔--ဘယ္လိုပဲ
ျဖစ္ျဖစ္ ေက်းဇူးပဲ ၂ေယာက္လံုးကို----။"
   နဥ္သူရ ေျပာၿပီးေနာက္ ၂ေယာက္လံုးကို ပခံုးအေနာက္မွ
တဖက္ တေယာက္ လွမ္းဖက္လိုက္သည္။ ေတဇ နွင့္ အဂၢ
စကားမ်ားၾကလွ်င္ အနည္းငယ္ စိတ္ရွဳပ္ရေသာ္လည္း
အၿမဲလိုလို ေဘးတြင္ သူငယ္ခ်င္း၂ေယာက္ ရွိေနသည္မို႔
ေပ်ာ္သလိုေတာ့ ခံစားရသည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
  ထေနက် ျဖစ္ေသာ အခ်ိန္ထက္ ေစာကာ အဂၢ နိုးေန
ေသာ္လည္း မထေသးဘဲ ရင္ခြင္ထဲမွ ေဝဒကို
ၾကည့္ေနလိုက္သည္။ ေဝဒတေယာက္ နိုးခ်င္သလို
မ်က္ေတာင္ပုတ္ခပ္ ပုတ္ခပ္ လုပ္လာသည္မို႔ အဂၢ
အိပ္ခ်င္ေယာင္ ျပန္ေဆာင္ေနလိုက္ရသည္။
   ၂လၾကာၿပီမို႔ ေဝဒ တေယာက္ နိုးလာသည့္
မနက္ခင္းတုိင္း အဂၢ ရင္ခြင္ထဲ ေရာက္ေနသည္ကို
ေနသားက် လာသည္။ ေညာင္းလာလွ်င္ေတာ့ တခါတရံ
တြန္းလႊတ္ပစ္တတ္ေသာ္လည္း တခါတခါ အဂၢ ရင္ခြင္ထဲ
သူကိုယ္တိုင္ တိုးဝင္ေနေလ့ရွိသည္။ မိုးအကုန္
ေဆာင္းအကူးမို႔ အနည္းငယ္ ေအးသည္ ေၾကာင့္လည္း
ပါမည္ ထင္သည္။ သို႔ေပမဲ့ အဂၢ သူ႔ကို မိန္းကေလး
တေယာက္လို ဆက္ဆံသည္ ဟုေတာ့ ထင္ေနတုန္းပင္။
အဂၢ သူ႔ကိုမ်ား ႀကိဳက္ေနသလား ဟု ေတြးလွ်င္လည္း၊ အဂၢ
သည္ သိသိသာသာ ပင္ နဥ္သူရ ကိုအရမ္းကပ္သည္မို႔
သူနွင့္စာလွ်င္ နဥ္သူရကို ႀကိဳက္ေနသည္ ဆိုသည္ကမွ
ယုတိၱတန္ေသးသည္။ သူ႔ကို အေနာက္ဖက္မွ သိုင္းဖက္
ထားသည့္ အဂၢ ပံုစံေၾကာင့္ အဂၢ ရင္ဘတ္ၾကြက္သားတုိ႔
သူေက်ာျပင္နွင့္ ထိေနသည္။ သူ ထင္လို႔ပဲလားေတာ့မသိ
အဂၢ နွလုံးခုန္သံသည္ ပံုမွန္ထက္ပိုျမန္ေနသလိုပင္။
အိပ္ယာမွ ထလိုက္ကာ ကိုယ္ေပၚမွေစာင္ကို အဂၢ အေပၚ
တင္ေပး လိုက္သည္။ ေစာင္ေခါက္ရသက္သာ နည္းလား။
   အိပ္ခ်င္ေယာင္ေဆာင္ေနေသာ အဂၢ တေယာက္ကေတာ့
သူ႔ကို ေစာင္ၿခံဳေပးသြားေသာ ေဝဒ ေၾကာင့္ ရင္ထဲတြင္
ပန္းေတြပြင့္ကာ ေက်နပ္ က်န္ခဲ့သည္။ ထိုေကာင္ေလး
သူ႔ကို ဂရုစို္က္သည္ကို နွစ္သက္သည္။ မနက္နိုးလာတိုင္း
ထိုေကာင္ေလး မ်က္နွာကို အရင္ဦးဆံုး ျမင္ေနရသည္ ကို
သေဘာက်သည္။ ေဝဒ သည္စိတ္ဆိုး ေဒါသထြက္
လြယ္ေသာ္လည္း၊ သူ အဆင္မေျပသည့္ၾကားက အဂၢ ကို
ညတိုင္း ဖက္အိပ္ခြင့္ ေပးသည့္ေၾကာင့္ စိတ္သေဘာထား
ႏူးညံမွန္း သိသာသည္။တဆိတ္ရွိ လက္ပါေျခပါ ကိစၥသာ
ဖယ္လိုက္ရင္ ေဝဒ သည္ကေလးဆန္ေသာ မ်က္နွာေပါက္
ျဖင့္ ျဖဴစင္ေသာ ေကာင္ေခ်ာေလးျဖစ္သည္။ ေဝဒသည္
ညီျဖစ္သူ သတိုးေတဇ အေပၚအၿမဲ ႏူးညံသေလာက္ အဂၢကို
ေတြ႕လွ်င္ေတာ့ အၿမဲ မာေက်ာသြားေလ့ရွိသည္။ ပံုမွန္
တျခားလူေတြထက္ကို အဂၢအေပၚတြင္ပို မာေရေက်ာေရျဖင့္
ဆက္ဆံေလ့ရွိသည္။ သံုးႏွဳန္းသည့္ စကားမ်ားကပင္
ဆဲေနသည့္ အတိုင္းပင္။
   "အဂၢေရ မင္း ဆက္ၿပီး ေသေနရင္ အေဆာင္မွဴး ဆဲတာ
ခံရလိမ္မယ္---အျမန္ ထေတာ့---။"
အဂၢ:------။
   ေဝဒ စကားေၾကာင့္ အဂၢ တေယာက္ အိပ္ယာမွ အျမန္
ထလိုက္ရေတာ့သည္။ ခုနက ေဝဒကို ခ်စ္ဖို႔ေကာင္းသည္
ဆိုေသာ အေတြးသည္ ေပ်ာက္လုနီးပါးပင္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
   အားလပ္ခ်ိန္ အေတာ္မ်ားမ်ားကို နဥ္သူရ ေလက်င့္ေရး
ကြင္းထဲမွာပဲ ကုန္ဆံုးေလ့ရွိသည္။ မနက္ဖက္ ပင္ပန္းသည္
ေၾကာင့္မအိပ္ခင္ စာအုပ္ အနည္းငယ္ ဖတ္စဥ္တြင္ပင္
အိပ္ေပ်ာ္သြားတတ္သည္။ ေတဇညတိုင္း အိပ္ယာခင္းသိပ္ရ
ေလ့ရွိသည္။ တခ်ိဳ႕ညမ်ိဳးတြင္ ဘယ္ခ်ိန္ အိပ္ယာထဲ
ေရာက္သြားမွန္းပင္ မသိ။ မနက္နိုးမွသိေတာ့သည္။
   အဂၢ သူ႔ကို ဓားေရးသင္ေပးေနကာ၊ ေတဇ ကေတာ့
ခပ္လွမ္းလွမ္း ပြဲၾကည့္စင္တြင္ ထိုင္ရင္း စာအုပ္ ဖတ္
ေနသည္။ တခ်က္ခ်က္ေတာ့ အဂၢ နွင့္ သူ ေလ့က်င့္ေနသည္
ကိုလွမ္းၾကည့္သည္။ သူေျပာထားသည္ေၾကာင့္
ဝင္ေတာ့မရွဳပ္ရဲ။
   အဂၢ တေယာက္ နဥ္သူရ ေဘးမွ မွားသည္မ်ား ရွိပါက
ျပင္ေပးေနသည္။ နဥ္သူရ သည္ဓားကိုင္ မကၽြမ္းသည္အျပင္
ေျခလွမ္းလည္းခဏ ခဏ မွားေနေလရာအဂၢ တခ်ိန္လံုး
ျပင္ေပးေနရသည္။ အေတာ္ၾကာ ေလ့က်င့္အၿပီး
ေျမျပင္ေပၚကိုသာ နဥ္သူရ ပစ္လွဲလိုက္ ေတာ့သည္။
   "ေတာ္ၿပီ---ဓားရွည္ထက္ လွံပဲေကာင္းတယ္---။"
   အဂၢ လက္ေလ်ာ့စကား ေျပာစျပဳလာေသာ နဥ္သူရ ကို
ၿပံဳးရင္းၾကည့္ကာ ေဘးတြင္ ထိုင္ခ်လိုက္ရင္း
   "လွံလည္း အတူတူပဲ ဟန္ခ်က္ညီဖို႔ အဓိကပဲ--
ဟန္ခ်က္မထိန္းနိုင္ရင္  ဘယ္လက္နက္ပဲျဖစ္ျဖစ္
သံုးလို႔ အဆင္မေျပနိုင္ဘူး--။"
   "အာ့ဆို ဒါပဲ သံုးေတာ့မယ္----။"
   နဥ္သူရ ေျပာရင္း ထထိုင္ကာ လက္ထဲမွ အပ္ ၃ေခ်ာင္းကို
ေထာင္ျပလိုက္သည္။ ဘယ္ခ်ိန္ အပ္ကို ဆြဲယူလိုက္သနည္း
အဂၢ မျမင္လိုက္ရ။
   "ဘယ္ခ်ိန္ ဘယ္ကေန ဘယ္လိုေရာက္လာတာလဲ--။"
   "လက္နက္ပုန္းဆိုတာ အာ့လိုပဲေလ--မျမင္ရဘူး---။"
   အဂၢ လွမ္းထိၾကည့္ရန္ လက္လွမ္းလိုက္ရာ နဥ္သူရ
တားလိုက္သည္။
   "မထိနဲ႔ အဆိပ္စိမ္ထားတာအပ္ေတြက ထိခိုက္မိရင္
အဆိပ္မိလိမ့္မယ္---။"
   "ေနာက္ထပ္ေရာ-----။"
   နဥ္သူရ အပ္ေတြကို ဂရုတစိုက္သိမ္းလိုက္သည္။
ၿပီးေနာက္ သူ၏ လက္နက္ပုန္း မ်ိဳးစံုကို အဂၢ ကို တခုၿပီးတခု
ထုတ္ျပေတာ့သည္။ လက္ဖ်ံ တြင္ ဝွတ္ထားသည့္ ဒူးေလး
အေသးစားေလး၊ ခါးပတ္ ထဲတြင္ ထည့္ဝွတ္ထားေသာ
၅ေဒါင့္ၾကယ္၊ ေျခနင္း ထိပ္တြင္ တပ္ထားေသာ ထုတ္သြင္း
လိုသလိုရသည့္ ဓားေျမွာင္၊ ေနာက္ဆံုး ဆံပင္ထံုးထားေသာ
ဆံထိုးတံတြင္ပင္အဆိပ္သုတ္ထားေလသည္။ဝွတ္ထားေသာ
လက္နက္ပုန္းမ်ားသည္ နဥ္သူရ ခႏၶာကိုယ္ အစိတ္အပိုင္း
အားလံုးလိုလို တြင္ရွိသည္။
အဂၢ:----နဥ္သူရေရ-- မင္းကျဖဴေကာင္ေလးမ်ားလား--။
   ေတဇလည္း အနားေရာက္လာကာ သူ႔ လက္နက္ပုန္းေတြ
ကိုၾကည့္ရင္း
     "ေတာ္လိုက္တာ ဒါေတြအကုန္ မင္းလုပ္ထားတာလား။"
     "အင္း--- ပံုၾကမ္းဆြဲၿပီး အၾကမ္းထည္ကိုေတာ့ ပန္းပဲဖိုကို
အပ္တာမ်ားတယ္ အသြား ေသြးတာတို႔ အဆိပ္ထည့္တာတို႔
အေခ်ာထည္ေတြကို ေတာ့ ငါလုပ္တာ ။"
   "ငါ့ကိုဒါမ်ိဳး တခုလုပ္ေပး---။"
  အဂၢ လက္ဖ်ံတြင္ ဝွတ္ကာသံုးရသည့္ ဒူးေလး
အေသးစားေလးကို လက္ညွိဳးထိုးျပကာ ေျပာလိုက္သည္။
   "အဆိပ္ေတာ့မထည့္နဲ႔---သံုးတတ္ေအာင္
ေလ့က်င့္ရဦးမွာမို႔လို------။"
   "ေနာက္ အပတ္ အျပင္ေျပာင္းရင္ လုပ္ေပးမယ္---။"
  အဂၢ ေပ်ာ္သြားသည္ကိုၾကည့္ရင္း ေတဇ နွာေခါင္းရွံဳ႕ကာ
   "မသံုးတတ္ဘဲ ကိုယ့္ကိုယ္ကို ျပန္မွန္ေနမွာေတာ့
ျမင္ေယာင္ေသးတယ္---။"
   "မင္းလို ငတံုးမဟုတ္ဘူးကြ---။"
   ဆက္ေျပာေနလွ်င္ စကားမ်ားေတာ့မည္ကို သိ၍ နဥ္သူရ
၂ေယာက္ၾကား ဝင္ခြဲရသည္။ ေတဇ နွင့္အဂၢ ဘယ္အခါမွ
တည့္မည္နည္း ဟု တခါတရံ နဥ္သူရ ေတြးမိသည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တညေနတြင္ေတာ့ ေဒဝနွင့္ ယံနီ သည္ စာၾကမ္းပိုး
ေဝဒ ကို ဓားရွည္ေလ့က်င့္ေပးရန္ ႀကိဳးစားေနသည္။
ေဝဒသည္ လက္ရံုးရည္ တက္ဖို႔ ထက္ စာအုပ္ကိုသာ
ပိုႀကိဳက္သူမို႔ ၆ေယာက္ထဲတြင္ အညံဆံုးျဖစ္ေနေလရာ
အကိုျဖစ္သူ ေဒဝသည္ စာၾကည့္တိုက္ထဲမွ ဆြဲထုတ္ကာ
အတင္းေလ့က်င့္ခိုင္းေတာ့သည္။
   "မလုပ္ေတာ့ဘူး--ပင္ပန္းတယ္---။"
   ဓားကို ပစ္ခ်လိုက္ကာ ေအာ္ဟစ္ေနေသာ ေဝဒ ေခါင္းကို
အကိုျဖစ္သူ ေဒဝ ခပ္နာနာ ေခါက္ခ်လိုက္သည္။
   "နာတယ္ အကိုေဒဝရ သူ႔ေခါင္းမဟုတ္တိုင္း--။"
   "ဓားေရး က်င့္ခိုင္းေနတာကြ---မသိရင္ မဟုတ္တာ
လုပ္ခိုင္းေနသလိုပဲ---။"
   "ေနာက္မွ လုပ္မယ္လို႔----အခု စာသြားဖတ္မလို႔---။"
   "မရဘူး---ဒီ သိုင္းကြက္ ရမွ သြားရမယ္---။"
   ေဝဒ ပစ္ခ်ထားေသာ သစ္သားဓားရွည္ကို ဆူေဆာင့္ကာ
ျပန္ေကာက္ကိုင္လိုက္သည္။ သူတို႔ ညီအကို
၂ေယာက္တည္း လႊတ္ထားလွ်င္ မျဖစ္ေတာ့တာမို႔
ယံနီ ဝင္ပါရေတာ့သည္။ ေဝဒသည္ လက္ရံုးရည္ ပိုင္း
စိတ္မဝင္စားသူမို႔ သင္ရခက္သည္မွာ မဆန္း။ အခုလည္း
သူ႕အကို ေဒဝ၏ ၿခိမ္းေျခာက္မွဳမ်ား ေၾကာင့္သာ
ဓားေရးက်င့္ေနရျခင္း ျဖစ္သည္။ ဝင္ခြင့္ေျဖတုန္းက ေဝဒ
ဘယ္လိုေတြ ေအာင္လာလဲ ယံနီ စဥ္းစားမရ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
   အဂၢ တေယာက္ကေတာ့ နီးနီးကပ္ကပ္ ေနရင္း
ျမွားပစ္သင္ေနေသာ သတိုးေတဇနွင့္ နဥ္သူရ ကို ၾကည့္ရင္း
အူတိုေနသည္။ ေယာက္်ားႀကီးတန္မဲ့ သတိုးေတဇ ဆီသို႔
မ်က္ေစာင္းထိုးၾကည့္ေနမိ သည္မွာလည္း အခါခါ။ သူၾကည့္
ေနသည္ကို သိေနလို႔ပဲ လားမသိ၊ သတိုးေတဇ
တေယာက္ နဥ္သူရ အနား တျခားေန႔ထက္ ပိုနီးနီးကပ္ကပ္
ေနေန ေလသည္။ အက်င့္ တစက္မွ မေကာင္းေသာ
သူရိေယာဝသား ေခြးေကာင္ သတိုးေတဇပင္။
  "ပခံုးကို ေလ်ာ့ထား လက္ကို ပခံုးနဲ႔ တေျဖာင့္တည္းထားဆြဲ
ေျခေထာက္ကို နည္းနည္းခ်ဲထား---။"
   သတိုးေတဇ ေျပာရင္း နဥ္သူရ၏ေနာက္မွ ေန၍
လက္၂ဖက္ကို ထိန္းကိုင္ရင္း ပစ္မွတ္ရွိရာခ်ိန္ေပး
လိုက္သည္။ အေနာက္ဖက္မွ ထိန္းကိုင္ေပးသည့္
ပံုစံျဖစ္၍ နဥ္သူရ တကိုယ္လံုးသည္ ေတဇ ရင္ခြင္ထဲ
ေရာက္ေနသည့္ပံုမ်ိဳးျဖစ္သြားသည္။ ေတဇကေတာ့
သတိထားမိပံုမေပၚဘဲ ဆက္သင္ေနေလသည္။
   "ေလတိုက္ႏွဳန္းကိုလည္း ေမ့ထားလို႔မရဘူး--
အခုဆို ေလက ညာဖက္ကေန ဘယ္ဖက္ကို တိုက္ေနတာ
ဆိုေတာ့ ညာဖက္ကို ခပ္ေစာင္းေစာင္း အေနအထားနဲ႔
ယူရမယ္---တခါတေလ ေလဟုန္ကို ခြင္းပစ္ရတဲ့
အခါေတြက်ရင္ ေလတိုက္ႏွဳန္းက တအားဂရုစိုက္ဖို႔လိုတယ္
မ်က္လံုးကို မွိတ္လိုက္----။"
   နဥ္သူရ မ်က္လံုးမွိတ္လိုက္သည္။
   "စိတ္ကို ၿငိမ္ၿငိမ္ထားၿပီး နားနဲ႔ နားေထာင္ၾကည့္---
ေလ ဘယ္ဖက္က တိုးေနလဲ သတိထားမိလိမ့္မယ္---
ပစ္မွတ္ေနရာကို စိတ္နဲ႔ မွန္းၿပီးခ်ိန္ထား----။"
   သတိုးေတဇ တေယာက္ ရင္ခြင္ထဲမွ နဥ္သူရကို
ၾကည့္ရင္း အသံမတုန္ေအာင္ သတိထားေျပာေနရသည္။
ရင္ဘတ္ထဲမွ ရန္ခုန္သံ အက်ယ္ႀကီးကို နဥ္သူရ ၾကားမွာ
စိုး၍ အသက္ရွဴပင္ ေအာင့္ထားမိသည္။
   ေတဇ ဆီမွရေနက်ျဖစ္ေသာ ေဆးပင္ရနံ႔ ခပ္ေမႊးေမႊးက
နဥ္သူရ နွာေခါင္းဝေရာက္လာသည္။ ရင္းႏွီးေသာ အနံ႔တခု
လို ထို ရနံ႔ကို နဥ္သူရ သေဘာက်မိသည္။
   "ပစ္မွတ္ေသခ်ာၿပီဆို မ်က္လံုးဖြင့္ၿပီး ပစ္လိုက္ေတာ့----။"
နဥ္သူရ လက္မွ ပစ္လႊတ္လိုက္ေသာ ျမွားတံသည္
ပစ္မွတ္၏ အလယ္တည့္တည့္ကိုပင္ သြား မွန္ေလသည္။
နဥ္သူရသည္ ေတဇကို ျပန္လွည္ၾကည့္ကာ
   "ေတဇ မင္းရဲ႕ေလးျမွား စြမ္းရည္က အၾကမ္းႀကီး--။"
   ေလးစား အထင္ႀကီးဟန္ အျပည္ျဖင့္ ေျပာေသာ နဥ္သူရ
မ်က္ဝန္းနက္ ကေလးမ်ားသည္ တဖ်တ္ဖ်တ္လတ္ေနသည္။
သတိုးေတဇ တေယာက္ကေတာ့ နဥ္သူရကိုသာ
ေငးၾကည့္ရင္း ၿပံဳးေနသည္။
   "အာ့ေလာက္ေတာ့ ငါလည္းသင္နိုင္သားပဲ---။"
  အဂၢ မတိုးမက်ယ္ ေရရြတ္လိုက္သည္။ ၿပံဳးေနေသာ
နဥ္သူရ အေပ်ာ္ေတြကို မဖ်တ္ဆီးခ်င္တာမို႔ အူတိုမွဳေတြ
တေပြ႕တပိုက္ျဖင့္ ခပ္လွမ္းလွမ္းမွ ယံနီ တို႔ ၃ေယာက္ဆီသာ
ေလွ်ာက္လာခဲ့လိုက္ေတာ့သည္။ နဥ္သူရ သည္ အဂၢနွင့္
သတိုးေတဇ အေပၚ တန္းတူ ထားဆက္ဆံတတ္သည္။
သတိုးေတဇသည္ အခန္းေဖာ္မို႔ နဥ္သူရနွင့္ အတူရွိခ်ိန္
ပိုၾကာေသာ္လည္း အဂၢ ကိုလည္း ပစ္မထားတတ္။
၃ေယာက္တပူးတြဲတြဲ ေနတတ္သည္။ နဥ္သူရ၏
သူငယ္ခ်င္းဆိုေသာ ေဘာင္ထဲဆြဲသြင္းမွဳႀကီးက သူတို႔
၂ေယာက္လံုးကို လွဳပ္မရ ျဖစ္ေစသည္။ စည္းတခု
တားလိုက္သလိုပင္။ ၃ျပည္ေထာင္တြင္ ေယာက္်ားခ်င္း
နွစ္သက္သည့္ကိစၥသည္ ထူးျခားေနေသးသည္ ေတာ့
အမွန္ပင္။ ထို႔ေၾကာင့္ပဲ နဥ္သူရ ထိုကိစၥကို လက္ခံဖို႔
ျငင္းပယ္ေနသည့္ အေၾကာင္းအရင္းျဖစ္နိုင္သည္။
သူ မျမင္ခ်င္ေပမဲ့ ၃ေယာက္အၿမဲအတူ ရွိေနတတ္၍ နဥ္သူရ
မ်က္လံုးထဲမွသတိုးေတဇ အေပၚထားသည့္ စိတ္ထား
တစြန္းတစကို တခါတေလ ျမင္ရတတ္သည္။ သို႔ေသာ္
အမ်ားအျမင္တြင္ သူငယ္ခ်င္း ဆိုတာထက္ လြန္ေသာ
အျပဳအမူမ်ိဳး၂ေယာက္လံုးအေပၚ နဥ္သူရ မလုပ္တတ္။
   အဂၢ ေလွ်ာက္လာရင္း တိုင္ပတ္ေနေသာ ယံနီနွင့္ ေဝဒ
၂ေယာက္အနား ေရာက္လာသည္။ တဆိတ္ရွိ ဓားရွည္
ေျပးေျပးဆြဲတတ္ေသာ ေဝဒကို ဓားေရး ေတာ္မည္
ထင္ခဲ့ေသာ္လည္း သာမန္ အေနအထားသာမို႔ အဂၢ
အံ့ၾသသြားသည္။ ယံနီ သင္ျပေပးသည္ကိုခပ္တည္တည္နွင့္
ရပ္ၾကည့္ေနကာ ကိုယ္တိုင္လုပ္ လွ်င္ေတာ့ ေျခလွမ္းမွား
နင္းကာ ဟန္ခ်က္ပ်က္ေတာ့သည္။ မသိမတတ္သည္ကို
အတတ္ႀကီးဟန္ေဆာင္ေနေသာေဝဒ တေယာက္ကို ယံနီ
သင္မရသည္မွာ မဆန္း။ စိတ္မဝင္စားသည့္ ကိစၥ ပါ
ေပါင္းလိုက္လွ်င္ ေဝဒကိုဓားေရးသင္ရင္း တေနကုန္
ကုန္သြားနိုင္သည္။အဂၢ ၿပံဳးရင္း ေဘးနားရွိ သစ္သားဓား
တစ္ခုကို ေကာက္ယူလိုက္သည္။ ဘာရယ္ေတာ့
မသိေသာ္လည္း ေဝဒကို ကူညီရန္ ဆံုးျဖတ္လိုက္သည္။
သူ လာသည္နွင့္ ယံနီသည္လည္း အလိုက္တသိ
ေနာက္ဆုတ္သြားကာ ခပ္လွမ္းလွမ္းတြင္ ထိုင္ေနေသာ
ေဒဝရွိရာသို႔ သြားထိုင္ေနေတာ့သည္။
အဂၢသည္ လက္ထဲမွ သစ္သားဓားျဖင့္ ေဝဒလက္ထဲက
သစ္သားဓားကို ရိုက္ခ်လိုက္သည္မို႔ ေဝဒ ေဒါသတႀကီး
ၾကည့္လာသည္။
  "မင္းဘာလာရွဳပ္တာလဲ အဂၢ---။"
  "မင္း နဲ႔ ငါ  ၿပိဳင္မလား---ၿပိဳင္လို႔ နိုင္ခဲ့ရင္ အခန္းလဲဖို႔
စဥ္းစားေပးမယ္---။"
  အခန္းလဲေပးရန္ ေျပာတိုင္း ဘူးခါျငင္းတတ္ေသာ အဂၢ
အခု လိုလိုလားလား ေျပာလာ၍ ေဝဒ ထူးဆန္းေနသည္။
   "ဘယ္လိုပဲျဖစ္ျဖစ္ နိုင္မွာမွ မဟုတ္တာ---။"
   အဂၢ တေယာက္ ေဝဒ၏ေဒါသကို ဆြေပးလိုက္ရာ
  "အဂၢ ဘဝင္ျမင့္ေနတဲ့ ေစာက္ရူးေကာင္---။"
  ေဝဒ တေယာက္ သစ္သားဓားကို ေျမွာက္ရင္း အဂၢ ကို
လိုက္ခုတ္ေတာ့သည္။ ခုနက ခဏခဏ မွားေနေသာ
အကြက္မ်ားသည္ အလိုလို မွန္ကုန္ေတာ့သည္။
အကြက္ဆန္းမ်ားပင္ ပါလာတတ္ေသးသည္။ ေဒါသ၏
တြန္းအားကား အံ့မခမ္းပင္။
   "မင္းအကိုရဲ႕ ဥာဏ္ေကာင္းမွဳက အံ့မခမ္းပဲ ယံနီ
အပ်င္းတစ္ေနတဲ့ ငါ့ညီေဝဒ ကိုေတာင္---- လိုခ်င္သလို
ပံုသြင္းနိင္တယ္----။"
   "အင္း---။"
   ယံနီ ဓားေရးက်င့္ေနေသာ အဂၢနွင့္ ေဝဒကို ေငးၾကည့္မိ
သည္။ ေဝဒ တည္းခိုအိမ္တြင္ အဂၢ အခန္းမွားဝင္ၿပီးေနာက္
တေယာက္ ေယာက္ကို ဖက္မအိပ္ရလွ်င္ မေနနိုင္သည့္
အဂၢအက်င့္ ေနာက္ၿပီး အခုေဝဒကို ကူညီမွဳ။ အဂၢ ေဝဒ
အေပၚရိုးသား ေနေသးရဲ႕လား ဟုယံနီ ေတြးမိသြားသည္။
   "ဘာေတြ ေတြးေနတာလဲ---။"
    ေဒဝ ေမးၿပီးေနာက္ ယံနီ ပါးကို ဖ်တ္ခနဲ နမ္းလိုက္သည္။
အေနာက္ဖက္မွ ေလ့က်င့္ၿပီးေနာက္ လာထိုင္ရန္
ျပင္ေနသည့္ သတိုးေတဇ နွင့္ နဥ္သူရ တို႔ ၂ေယာက္
ကေတာ့ ေၾကာင္အ သြားသည္။ ဘယ္တုန္းကေန
ဘယ္လိုျဖစ္ၿပီး ေဒဝနွင့္ ယံနီ ကဒီေလာက္ ရင္းနွီးသြား
မွန္းသူတု႔ိ မသိလိုက္။ နမ္းသည့္အဆင့္ဆိုလွ်င္
ေသခ်ာေပါက္ ခ်စ္သူျဖစ္ေနသည့္ အေနအထားပင္။
   ယံနီ ေဒဝ လက္ကိုခပ္နာနာ ရိုက္ရင္း
   "လူျမင္ကြင္းမွာ မနမ္းပါနဲ႔ဆို-----။"
   သတိုးေတဇ၊နဥ္သူရ:-------။
   ယံနီ တို႔ ၂ေယာက္ၾကား ဝင္ရွဳပ္သလို ျဖစ္မွာစိုးသျဖင့္
သတိုးေတဇ နွင့္ နဥ္သူရ ထိုေနရာမွ တိတ္တဆိတ္
ထြက္ခဲ့ေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
   မိုးအကုန္ ေဆာင္းကူးစမို႔ စာသင္သား အိပ္ေဆာင္ဝန္း
ထဲရွိ မယ္ဇယ္ပင္တို႔သည္ ရြက္နု ေလးမ်ားစတင္
ထြက္လာေသာ အခ်ိန္လည္း ျဖစ္သည္။ နဥ္သူရ
မယ္ဇယ္ညြန္႔ေလး တခုကို ဆြဲခူးကာ လက္ထဲတြင္
လွည့္ကစားေနရင္း
   "မင္း တခုခု မထူးဆန္းေနဘူးလား---။"
   "ဘာကိုလဲ-----။"
   "မင္းအကို္ ေယာက်္ားေလးတေယာက္နဲ႔ နမ္းေနတာ
အခုေလးတင္မင္းျမင္ခဲ့တာေလ အာ့မထူးဆန္းဘူးလား---။"
   ေတဇ သစ္ပင္ကိုမွီကာ စာဖတ္ေနရာမွ ရပ္ရင္း
   "အကိုေတာ္ေရာ ယံနီေရာ ကေလးေတြမွ မဟုတ္တာပဲ--
စဥ္းစားၿပီး ဆံုးျဖတ္မွာေပါ့--သူတို႔ ခ်စ္ေနၾကၿပီဆိုလဲ
ငါကေတာ့ လႊတ္ထားလိုက္မွာပဲ တေယာက္ေယာက္ကို
ခ်စ္ဖို႔ဆိုတာက လြယ္တဲ့ကိစၥမွ မဟုတ္တာ အခုလို
အကိုေဒဝ လက္တြဲေဖာ္ ေစာေစာရွာေတြ႔တာ
ေကာင္းတာပဲ--။"
   ေတဇ စကားသည္လည္း မွန္ေနသည္မို႔ နဥ္သူရ
ဆက္မေျပာဘဲၿငိမ္ေနလိုက္ေတာ့သည္။ စိတ္ကူးထဲမွာေတာ့
အေတြးမ်ားေနတုန္းပင္။ ေဒဝ နွင့္ ယံနီ တေယာက္ေယာက္
ေနရာမွာ သူသာဆိုရင္ ဟူေသာ အေတြးဝင္လာသည္။
ဂရုတစိုက္ၾကည့္ေနမိသည့္သူ၊ သူ႔ အေတြးေတြထဲ အၿမဲ
စိုးမိုးထားသူအပိုင္ လိုခ်င္မိေသာသူ၊ စသည့္အခ်က္မ်ားနွင့္
ေတြးၾကည့္ခဲ့လွ်င္ ေတဇကိုနဥ္သူရ သေဘာက် ေနေၾကာင္း
လက္ခံရ မလိုပင္။ ဆံုးရွံဳးရမွာ ေၾကာက္သည့္ အခ်က္ပါ
ထည့္တြက္ခဲ့လွ်င္ေတဇအေပၚ ခ်စ္မိေနသည္မွာ ေသခ်ာ
သေလာက္ပင္။သို႔ေပမဲ့ ေတဇေရာ သူပါ ႏူးႏူးညံညံ
ခၽြဲခၽြဲႏြဲ႕ႏြဲ႕ပံုစံမ်ိဳး မဟုတ္။၂ေယာက္သား ဘယ္နည္းဘယ္ပံု
ခ်စ္ကၽြမ္းဝင္ၾကမည္နည္း။ ေဆးကုေပးေနေသာ သူမို႔သူ
အသိဆံုး ျဖစ္ေသာ ေတဇ၏ အခ်ိန္မေရြး တခုခုျဖစ္နိုင္သည္
ဟူေသာ အေနအထားက တမ်ိဳး တဖံုေတာ့ တြန္းအား
ေပးေနသည္။ ရုတ္တရက္ဆံုးရွံဳးနိုင္သည္ ဟူေသာ အေတြး
ဝင္လာသည့္အခ်ိန္တြင္ ေတဇကို ေပြဖက္ရင္း မည္မွ်
ခ်စ္ေၾကာင္းဖြင့္ေျပာခ်င္စိတ္ေပါက္ေသာ္ညား။
ဖြင့္ေျပာလိုက္လွ်င္လည္း ေတဇလက္ခံ၏ မခံ၏က
ရွိေသးသည္မို႔ ၿငိမ္ေနရသည္။ ေန႔ရက္တိုင္းကို ေတဇ ႏွင့္
အတူတူ ျဖတ္သန္းေနရသည္မို႔ အခုအတုိင္းလဲ
အဆင္ေျပေနေသးသည္ မဟုတ္လား။ ဖြင့္ေျပာလိုက္လွ်င္
သူ ေတဇ အနားမွာေနခြင့္ရပါဦးမလား။ ေဒဝ သည္ သူ႔
အကိုမို႔ ေယာက္်ားခ်င္းႀကိဳက္သည္ကို ေတဇ တေယာက္
လိုလိုလားလား လက္ခံေသာ္လည္း၊ ေတဇ ကိုယ္တိုင္ ေတာ့
ေယာက်္ားခ်င္းႀကိဳက္သူ ျဖစ္ခ်င္မွ ျဖစ္မည္ပင္။ ေတဇ
သူ႔အေပၚ ထားသည့္ ခံစားခ်က္တခ်ဳိ႕ကို ခံစားမိေသာ္လည္း
ထို အရာက သူငယ္ခ်င္း သံေယာဇဥ္လား၊
ခ်စ္ခင္ႏွစ္သက္မွဳလား နဥ္သူရ မေဝခြဲနိုင္ေသး။
အေနာက္လွည့္ၾကည့္လိုက္ေတာ့ ေတဇ တေယာက္
ရင္ဘတ္ေပၚ စာအုပ္တင္ရင္း အိပ္ေပ်ာ္ေနေလၿပီ။
   မ်က္လံုးကို ခပ္ဖြဖြ မွိတ္ရင္း အိပ္ေပ်ာ္ေနေသာ
ေတဇ ဆိုေသာ ျမတ္နိုးရပါေသာ ေကာင္ေလးအနားတြင္ နဥ္သူရ
ထိုင္ခ်ရင္း ေငးၾကည့္ေနမိေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂နာရီေက်ာ္ ၃နာရီ နီးပါး ေဝဒကို ဓားေရး ကူက်င့္ေပး
ၿပီးေနာက္ အဂၢ ေျခကုန္ လက္ပန္းက် ေနေလၿပီ။ ေဝဒ
သစ္သားဓားျဖင့္ လွမ္းအခုတ္၊ ေရွာင္လိုက္ ေသာ္လည္း
အဖ်ားခတ္ကာ ေျခသလံုးကိုထိသြားသည္။ ေဝဒ ကို အနိုင္ေပးဖို႔
မျဖစ္နိုင္တာေၾကာင့္ ဆက္ေလ့က်င့္ မေပးေတာ့ဘဲ အဂၢ
အနိုင္ယူလိုက္ေတာ့သည္။ ၂ေယာက္လံုး ေျမျပင္ေပၚမွာပင္
ထိုင္ခ်လိုက္ေတာ့သည္။
   "ေက်းဇူးပဲ----။"
   အဂၢ အသက္လုရွဴ ေနရင္းမွ ေက်းဇူးတင္စကားၾကား၍
ေဝဒဖက္ လွည့္ၾကည့္လိုက္သည္။ ညေနခင္း ေနေရာင္ျခည္
ေအာက္တြင္ ေဝဒ ၏ျဖဴဝင္းေသာ မ်က္နွာ၊ ေနာက္ခပ္ျဖဴျဖဴ
လည္တိုင္။ ထိုလည္တိုင္ကို ၾကည့္ရင္း အဂၢ တေယာက္
အငမ္းမရ နမ္းခ်င္စိတ္ေပၚလာသည္။
"အဂၢ မင္းသတိထားစမ္း"ဟု ကိုယ္ကိုယ္ကို ျပန္သတိေပး
ေနရသည္။ ခဏ အေမာေျဖၿပီးေနာက္ မ်က္နွာခ်င္းဆိုင္မွ
ေဝဒက သူကို ၿပံဳးျပရင္း။
   "ဘာပဲျဖစ္ျဖစ္ ေက်းဇူးပဲ--ေနာက္လ အျပင္ေရာက္ရင္
ေသရည္ တိုက္မယ္---။"
   အဂၢ ၿပံဳးရင္းေျပာေနေသာ ေဝဒကို အသည္းယားလာ၍
ပါးကို လိမ္ဆြဲ လိုက္သည္။ ေဝဒ မ်က္နွာ ခ်က္ခ်င္း
တည္သြားကာ
   "အဂၢ မင္းေတာ့လား---။"
   ေဝဒ တေယာက္ ပစ္ခ်ထားေသာ သစ္သားဓားကို
ေကာက္ဆြဲကာ ေနၿပီမို႔အဂၢ ေျပးရန္အထ၊ ေျခေထာက္မွ
စူးခနဲ နာက်င္သြားသည္။ရိုက္ရန္လာေသာ ေဝဒသည္လည္း
အဂၢ နာက်င္ေနေသာပံုေၾကာင့္ မရိုက္ေတာ့ဘဲ အဂၢကို
ထိန္းေပးရင္း။
   "ဘာျဖစ္တာလဲ---။"
   "နာတယ္------။"
   အဂၢ လက္နွင့္ဖိထားသည့္ ေျခသလံုးေနရာကို
ၾကည့္လိုက္ရာ အဂၢ အသားညိဳညိဳတြင္ပင္ နီရဲေနသည္။
အဂၢ သူ႔ကို ကူက်င့္ေပးေနတုန္းက ထိသြားမွန္းသိလိုက္
ေသာ္လည္း အရွိန္မပ်က္ ဆက္ေလ့က်င့္ေပးေနသည္မို႔
ဒီေလာက္ ျပင္းထန္မယ္မွန္း မသိ။ ကိုယ္ေပၚတြင္ အသင့္
ေဆာင္ထားေလ့ရွိေသာ ဒဏ္ေက်လိမ္းေဆးကို လိမ္းရင္း
အနည္းငယ္ နွိပ့္ေပးလိုက္သည္။
   "သက္သာလား----။"
   အဂၢ ေခါင္းၿငိမ့္ျပေသာ္လည္း မ်က္နွာက မသက္သာပံု
ေပါက္ေနေသးသည္မို႔ ေဝဒ ဆက္နွိပ့္ေပးေနလိုက္သည္။
ေမွာင္စ ပ်ိဳးလာကာ ေလ့က်င့္ေရး ကြင္းတြင္
လူသိပ္မရွိေတာ့။ ထိုင္ၾကည့္ေနေသာ ေဒဝ နွင့္ ယံနီ
၂ေယာက္ကိုလည္း ရွာမေတြ႔။ ကြင္းတဖက္တြင္
စာသင္သားတခ်ိဳ႕ ရွိေနေသးေသာ္လည္း ရင္းနွီးသူ မေတြ႔။
   "မက္တပ္ရပ္နိုင္လား----။"
   "အင္း----။"
   ေဝဒသည္အဂၢ လက္တဖက္ကို ပခံုးေပၚတင္ကာ
ထူေပးၿပီး မက္မက္ရပ္ေစသည္။
   "အ---အ---နာတယ္---။"
   ခ်က္ခ်င္းရွံဳမဲ့သြားေသာ အဂၢ မ်က္နွာေၾကာင့္ ေဝဒ စိုးရိမ္
သြားသည္။ အရြတ္ ဒါမွမဟုတ္ အေၾကာ တခုခုမ်ားထိသြား
သလား မသိ။ အဂၢကိုလွဳပ္လွဳပ္ရွားရွား မလုပ္ခိုင္းတာ
အေကာင္းဆံုးပင္။ သူ႔ကို ကူေလ့က်င့္ေပးရင္း ထိခိုက္သြား
သည္မို႔ တခုခုေတာ့လုပ္ေပးမွ ျဖစ္မည္။အဂၢထက္ လူေကာင္
မဆိုသေလာက္ ေသးေသာ ေဝဒ သည္ အဂၢ ကိုခ်ီမဖို႔
မလြယ္ကူ။ ေက်ာပိုးသြားရန္ တနည္းသာ ရွိေတာ့သည္။
   "ေက်ာေပၚတက္----။"
   ေဝဒ ေနာက္ခိုင္းကာ ခါးကုန္းေပးရင္း ေျပာလိုက္သည္။
ဆင္ထားေသာ အကြက္ထဲ ေဝဒ ဝင္လာၿပီမို႔ အဂၢ စိတ္ထဲ
တြင္ ႀကိတ္ၿပံဳးရင္း ေဝဒ ေက်ာေပၚတက္လိုက္သည္။
ေျခေထာက္ နာေနေသာ္လည္း လမ္းေလွ်ာက္မရသည္
အထိေတာ့မဟုတ္ေခ်။ သို႔ေပမဲ့ ေဝဒကို အနည္းငယ္ေတာ့
ဒုကၡ ေပးခ်င္ေသးသည္ မို႔ အရမ္းနာက်င္ေနဟန္ေဆာင္
လိုက္သည္။ စိတ္ထဲတြင္ႀကိတ္ၿပံဳးေနေသာ္လည္း
အျပင္မွာေတာ့ မၿပံဳးရဲေခ်။ ထို ေဒါသ ကုမၼာရေလးသည္
မထင္ မထင္သလိုမို႔ ေက်ာေပၚမွ ပစ္ခ်ေနရင္ မခက္ပါလား။
ခုနက အသဲအသန္နမ္းခ်င္စိတ္ ျဖစ္ေနသည့္ ေဝဒ၏
ခပ္ေက်ာ့ေက်ာ့လည္တိုင္သည္ မ်က္စိေရွ႕ အနီးဆံုးတြင္
ေရာက္ေနသည္မို႔ အေနာက္မွ မသိမသာနွင့္ ခပ္ဖြဖြ
ခိုးနမ္းရင္း ေဝဒ ေက်ာေပၚမွ လိုက္ပါလာခဲ့သည္။
ညေနခင္းသည္ ယခင္ကထက္ ပိုသာယာေန
သေယာင္ပင္။
   ေက်ာေပၚတြင္ ရြစိရြစိႏွင့္ လိုက္ပါလာေသာ အဂၢကို
ပစ္ခ်ခ်င္စိတ္ ေဝဒ မနည္းသည္းခံထားရသည္။
ကိုယ္ေၾကာင့္ ထိခိုက္သည္သာ မဟုတ္ခဲ့လွ်င္ ေဝဒ
ဂရုစိုက္မည္ မဟုတ္ေပ။ ထင္လို႔လားေတာ့မသိ
တခ်က္တခ်က္ ႏူးညံေသာ အရာတခု ေဝဒ လည္ပင္းကို
လာလာထိေနသည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~



သူရိယောဝ သူရိေယာဝ(Ongoing)Donde viven las historias. Descúbrelo ahora