အခန်း(၁၆)အခန္း(၁၆)🚨🚨🚨🚨🚨

524 23 0
                                    

Unicode Version

🚨🚨🚨🚨🚨🚨🚨🚨🚨🚨

အခန်း(၁၆)

နဉ်သူရ ဆေးကြိုထားသော ပန်းကန် ကို ကိုင်ရင်းတေဇ အခန်းထဲကို ဝင်လာခဲ့သည်။ တေဇ တယောက်မနိုးသေး၍ ဆေးပန်းကန်ထည့်ထားသော ဗန်းငယ်ကို စားပွဲ ပေါ် တင်လိုက်ကာ တေဇ အိပ်နေရာ ကုတင်ဆီ လျှောက်လာခဲ့သည်။ တေဇ၏ တချို့သောဆံပင်များအနက်ရောင်ပြန်ပြောင်းသွားပြီဖြစ်သော်လည်း တချို့ဆံပင်များကတော့ ခဲရောင်ဖြစ်နေသေးသည်။ တေဇဘေး နေရာလွတ်တွင် နဉ်သူရ ဝင်ထိုင်လိုက်သည်။ ထိုနောက်ခဲရောင် ဆံပင်များကို ခပ်ဖွဖွ ကိုင်ရင်း စဉ်းစားနေသည်။ စိုးရိမ်သည်။ တေဇ ပြန်မနိုးလာတော့မှာ စိုးရိမ်သည်။ အခန်းထဲရောက်ပြီး တေဇကို ဆေးကုပေးပြီး၊ မစိုးရိမ်ရကြောင်း သေချာသည် အထိ နဉ်သူရ စိတ်ထဲတွင် မတည်ငြိမ်နိုင်သေး။ မည်၍မည်မျှချစ်ပါကြောင်း ပြောချင်သေးသည်။ ချစ်သူ ၂ဦးကြား ပြောလေ့ရှိသည့် ချစ်စကား ချိုချိုလေးများပြောချင်သေးသည်။ မူးမူးနှင့် နမ်းခဲ့တာက လွဲ၍ ကျန်အမှတ်တရ မရှိသေးသည်မို့၊ တေဇနှင့် အမှတ်တရ များစွာ ဖန်တီးချင် သေးသည်။ နဉ်သူရ လက်သည် တေဇ၏ နဖူး ပြေပြေဆီ ရောက်သွားသည်။ထို့နောက် မျက်ခုံးထူထူများ နှင့် မျက်တောင် ရှည်ရှည်များ၊ နောက် နှာတံ ချွန်ချွန်လေးဆီ ရောက်သွားပြန်သည်။ ထို့နောက်နှုတ်ခမ်းပါးဆီသို့။အချိုး ကျနလှသော မျက်နှာကို ပိုင်ဆိုင်သောနဉ်သူရချစ်ရသူပါလေ။

"ချစ်လို့တောင်မဝသေးတာ---မင်းက ဘယ်ကိုများ ပြေးချင်နေသေးလို့လဲ တေဇ----။"

နဉ်သူရ ပြောပြီးနောက်မှာတော့ ကိုယ့်စကားနှင့်ကိုယ် မျက်နှာတခုလုံး ပန်းရောင် သန်းသွားလေတော့သည်။နောက်ဆုံး တေဇ၏ ပါး၂ဖက်ပေါ်တွင် နဉ်သူရလက်တို့ အဆုံးသတ်သွားသည်။ သေရည် သောက်သည့်ညကဝေဒ တယောက် သူ့ညီ ပါး၂ဖက်ကို ဖြစ်ညှစ်ရင်း ပြခဲ့သည့် ချစ်စရာ ကောင်းလှသော တေဇ မျက်နှာကို သတိရသွားသည်။ သို့ပေမဲ့ တေဇများနာသွားလေမလား စိတ်ကြောင့် ပါး ၂ဖက်ကို ထိရုံ ထိထား လိုက်သည်။ ထိုစဉ် တေဇ မျက်လုံး ဖျတ်ခနဲ ပွင့်လာကာ ပါးပေါ်ရှိ နဉ်သူရ လက် ၂ဖက်ကို သူ့လက် ၂ဖက်ဖြင့် အုပ်ကိုင် လိုက်သည်။ တေဇ မျက်ဆံတို့သည် ခဲရောင်မို့ နဉ်သူရ ငေးသွားသည်။တေဇ၏ ဇာမဏီမျက်ဝန်းပုံသည် ခဲရောင်မျက်ဆံကြောင့် ထူးခြားသွား သယောင်ပင်။ လှပသည်ထက် မျက်လုံး မခွာနိုင်လောက်အောင် ထူးကဲနေသလိုမျိုး ခံစားချက်ပင်။ 'စွဲလန်းမှုက အလွန်အကျွံပါလား နဉ်သူရရေ' ဟုသာကိုယ့်ကိုယ်ကို ပြန်ပြောမိတော့သည်။

သူရိယောဝ သူရိေယာဝ(Ongoing)Where stories live. Discover now