Ep-2

3.2K 389 29
                                    


တစ်ယောက်နဲ့တစ်ယောက်
အကြည့်ချင်းစစ်ထိုးနေ
ကြသည့်၂ယောက်ကြားမှာ
ဘာလုပ်လို့လုပ်ရမှန်းမသိ ။

ဘေးနားက လူ၂ယောက်ကလည်း
ဝင်ဆွဲမည့်ပုံမပေါ် ။

ကျောင်းစစတက်ချင်း
ဒီလိုပြသနာတက်သည်ဆိုလျှင်
အဖေ့ဆီက ကျိန်းသေပေါက်
အဆူခံရမည်မို့ ပိုက်ဆံအိတ်ယူကာ
ထွက်သွားရန်အလုပ် ဂုတ်ကအကျီစ
အား ဆွဲခံလိုက်ရသည် ။

" မင်းကို ငါကသွားပါလို့ပြောမိလို့လား..?! "

မနက်ကတိုက်မိသည့်ထိုလူက
ထယ်ယောင်းကိုကမ္ဘာမကြေသည့်
ပုံပေါ်သည် ။

ထယ်ယောင်းဂုတ်ကအကျီ
စကိုဆွဲထားသည်မို့ ထယ်ယောင်း
မှာလည်ပင်းအစ်လာရသည် ။

" လွှတ် .. ငါ့ကို လွှတ် ! "

" မင်းအခုလွှတ်လိုက် ..! ဂျွန်ဂျောင်ကု ..!
ကျောင်းသားသစ်က အခုမှ ကျောင်းပြောင်းလာတာ
နော် ၊ ပြသနာမရှာချင်စမ်းနဲ့ "

ဟု ဆိုကာ
ထယ်ယောင်းကိုဆွဲထားသည့်
ဂျောင်ကုလက်အားဆွဲဖြုတ်လိုက်သော
ယွန်းဂီ ။

ထို့နောက် ထယ်
ယောင်းဘက်လှည့်ကာ ..

" ကန်တင်းသွားမလို့မလား ..?
သွားတော့ ...! "

ထယ်ယောင်းလည်း
ကြာကြာမနေချင်သည်မို့
ကျေးဇူးစကားဆိုကာ
ထွက်လာခဲ့တော့သည် ။

အနောက်ကနေ
ဟိုလူ့ဆီကတောက်ခ်ခေါက်သံတော့
ကြားလိုက်ရပါသေးသည် ။

" နေရာတကာမှာ ဝင်မပါတတ်တယ့် သူက အခုကျ
တော့ဝင်ပါနေပါလားဟမ် ..? မင်ယွန်းဂီ ဘာလည်း
မင်းက ကျောင်းဂုဏ်ဆောင်ကျောင်းသားဘွဲ့ကို
ဆက်ထိန်းချင်လို့အပိုအလုပ်တွေ လုပ်နေတာလား.?"

" ငါ့ဘာသာ ဘာကြောင့်ဘဲ ဝင်ပါပါ မင်းအပူမပါဘူး
‌ဂျွန်ဂျောင်ကု .. ကျောင်းသားသစ်က ဒီနေ့မှပြောင်း
လာတာမို့ ငါကဝင်ပါမိတာထက် ငါအိပ်နေတယ့်
အတန်းထဲမှာ အိပ်မရအောင်ဆူနေလို့ဝင်ပါတာ "

ဂျောင်ကုလည်း
တောက်ခ်တစ်ချက်သာခေါက်ကာ
အခန်းထဲက ထွက်သွားလေ
တော့သည် ။

အွန်ဝူးနှင့်ယုဂွန်းလည်း အက်ကျမှ
ဂျောင်ကုနောက်လိုက်ရ
သည် ။

Equal√Where stories live. Discover now