Ep-20(Final)

4.6K 337 96
                                    

ခံစားချက်အသစ်တွေနဲ့ နိုးထလာရတဲ့
မနက်ခင်းဟာအရင်နေ့ကထက်ပိုပြီး
သာယာနေတာမို့ကြည်နူးမိသည်။

စာမေးပွဲဖြေရမည့်နေ့မို့ ထယ်ယောင်းအိပ်ယာ
ကထလိုက်ရင်း အိပ်ယာကိုသေချာပြန်ဖြန့်ပြီး
မှရေချိုးခန်းထဲသို့ရေချိုးရန်ဝင်သွားလိုက်
တော့သည်။

ရေချိုးပြီးတာနဲ့ ကျောင်းဝတ်စုံကိုသေချာ
ဝတ်ဆင်ရင်းမှန်ရှေ့ကကိုယ့်ပုံရိပ်ကိုသေချာ
ကြည့်နေမိသည်။

ခံစားချက်တွေပိုသေချာလာတဲ့အချိန်မှာ
ထယ်ယောင်းရဲ့အဖြေဟာလည်းတိကျစွာ
ပေါ်ထွက်လာသည်မို့ စာမေးပွဲပြီးရင်ဂျောင်
ကုတို့ကိုအဖြေပြန်ပေးရန်ညကစဉ်းစားခဲ့သည်။

(ဒေါက် ဒေါက် ဒေါက်)

"ဝင်ခဲ့ပါ"

ထယ်ယောင်း ကျောင်းနက်တိုင်ကိုချည်နေတုန်း
တံခါးခေါက်သံကြောင့်ဝင်လာရန်ပြောတော့
မေမေကနို့ခွက်လေးကိုင်ကာဝင်လာသည်။

"သားမနိုးသေးဘူးထင်လို့ လာနှိုးတော့မလို့
ဒီနေ့စာမေးပွဲဖြေနိုင်ပါစေမေ့သားလေး
နွားနို့လေးအရင်သောက်ဦး၊ အောက်မှာ
လည်းမနက်စာပြင်ပေးထားသေးတယ်
စားသွားနော်၊ မေမေ ကျောင်းဂျုတီသွား
ရမှာမို့"

‌မေမေကထယ်ယောင်းပါးကို မွှေးကြူရင်း
နွားနိုးခွက်အားထိုးပြကာပြောသည်။

"စိတ်ချပါမေမေရဲ့ သားစာလုပ်ထားတွေက
ဒီနေ့အတွက်အကျိူးဝင်တော့မှာပါ"

"အင်းအင်း စာမေးပွဲပြီးရင်လည်း
ဂျောင်ကုနဲ့ယွန်းဂီကိုအိမ်လည်ခေါ်ပါအုံး
ဒီကလေးတွေပျောက်ချက်သားကောင်း
နေတော့တာ"

ဂျောင်ကုနဲ့ ယွန်းဂီကိုသားသဖွယ် ချစ်သည့်
မေမေက ဂျောင်ကုတို့ကိုခင်တွယ်တာမို့
အိမ်လည်ခေါ်ရန်ခနခနပြော‌တတ်သည်။

ထယ်ယောင်းလည်း မေမေ့ကိုဟန်ဆောင်
ပြုံးလေးသာပြုံးပြလိုက်တော့သည်။

ထို့နောက်မေမေက ကျောင်းကိုအရင်ထွက်
သွားပြီး ထယ်ယောင်းကတော့ ဖေဖေနဲ့မနက်
စာအတူစားပြီးမှဖေဖေနဲ့အတူကျောင်းသို့ထွက်
ခဲ့ကြသည်။

You've reached the end of published parts.

⏰ Last updated: May 29, 2022 ⏰

Add this story to your Library to get notified about new parts!

Equal√Where stories live. Discover now