Ep-5

2.8K 354 32
                                    

မလာချင်သောအိမ်ကိုလာရသဖြင့်
ယွန်းဂီတော်တော်လေးကိုစိတ်ရှုပ်
မိသည် ။

အမေဖြစ်သူက နောက်ယောက်ျား
ယူတာအကြောင်းမဟုတ်ပေမယ့်
နောက်‌ယောင်္ကျားက ဂျွန်ဂျောင်ကု
အဖေဖြစ်နေတာက အကြောင်းပင်
ဖြစ်သည် ။

ကျောင်းမှာစတွေ့ကတည်းက
ယွန်းဂီတို့ ၂ယောက်ဟာမတည့်ခဲ့ပေ ။

အမေပါအဖေပါတွေ
ဖြစ်ကုန်သည့်အခါမှာတော့
ပိုဆိုးသွားခဲ့သည် ။

အခုလည်းနေ့လည်စာ
အတူစားရန်ခေါ်ထားသည့်
အမေ့ကြောင့် ဂျွန်စံအိမ်ကို
ရောက်နေရခြင်းဖြစ်သည် ။

" အော .. ဘယ်သူများလဲလို့ ကျောင်းက
ကျောင်းဂုဏ်ဆောင် အတော်ဆုံးကျောင်းသားဘဲ "

ယွန်းဂီ အိမ်ထဲအဝင်
အနောက်က ရိသဲ့သဲ့အသံကြောင့်
လှည့်ကြည့်မိတော့ ဂျွန်ဂျောင်ကု ။

ယွန်းဂီလည်းပြန်ပြောမနေဘဲ
အိမ်ထဲဝင်မည်အလုပ် ..

" ဒါမှမဟုတ် အဖေမတူအမေကွဲညီအကိုလား ..??"

" ဂျွန်ဂျောင်ကု .. မင်းလမ်းမင်းသွားစမ်းပါ
ငါ စကားမများချင်ဘူး .! "

ဂျောင်ကုလည်း သော့လေးကို
ရမ်းလိုက်ပြီး ..

" ငါလည်းမင်းနဲ့စကားမများချင်ပါဘူး ...
မင်းကိုမြင်ရင် မင်းအမေက ငါ့အဖေကိုအတင်း
ယူထားတာဘဲ မြင်နေမိလို့ ..! "

" တောက်ခ် ..!! ဂျွန်ဂျောင်ကု ငါ့အမေက ငွေမမက်ဘူး
ကွ .. မင်းအဖေသာ ငါ့အမေကိုအတင်းယူထားတာ "

" အင်းနော် .. မိန်းမတွေပေါရဲ့သားနဲ့ မင်းအမေကိုမှ
ဒါမှမဟုတ် မင်းအမေက မြူဆွယ်တာက အားသာ
သွားလို့နေမှာပေါ့ "

" တောက်ခ်..! ဒီခွေး- "

* ခွပ် *

ယွန်းဂီ ခံနိုင်ရည်စွမ်းမဲ့ကာ
မဲ့ပြုံးပြုံးကာပြောနေသည့်
ဂျွန်ဂျောင်ကုကိုဆွဲထိုးမိတော့
သည် ။

" မင်းကများ - တောက်ခ် ..! "

* ခွပ် *

ဂျောင်ကုကလည်း ဒေါသထွက်ကာ
ပြန်လည်ထိုးလေသည် ။

သူတစ်ပြန်ကိုယ်တစ်ပြန်
အပြန်အလှန် ထိုးပွဲကြီးဟာ
တစ်ယောက်မှ မရပ်တန့်
သ၍ ပြီးဆုံးနိုင်မည်မဟုတ်ပေ ။

Equal√Where stories live. Discover now