Ep-19

2.3K 289 82
                                    

အမှတ်မထင်တွေ့ဆုံမှုတစ်ခုဟာ
အမှတ်တရ အဖြစ်ရင်ထဲမှာထင်
ဟပ်နေခဲ့သည်။

ဘယ်အချိန်ကချစ်သွားတာလဲလို့
မေးရင် စတွေ့ကတည်းကချစ်သွား
ခဲ့တာပါလို့ဖြေမိမယ်ထင်တယ်။

ရည်းစားများကြီးထားပြီး မေ့အောင်
ကြိုးစားခဲ့ပေမယ့် နှလုံးသားကသူ့ပိုင်ရှင်
ကိုပြောင်းခွင့်မပေးတာကခက်တယ်။

အဲ့တော့ဆက်ချစ်နေရုံကလွဲပြီး
မတတ်နိုင်တဲ့ကိုယ့်အဖို့ တစ်ဖက်သတ်
ဆိုတဲ့ဝေါဟာရကိုရင်းနှီးလာခဲ့တယ်။

ဖုန်းgalleryက ပုံတစ်ဝက်လောက်က
မဟုတ်သေး ပုံတော်တော်များများက
တစ်ယောက်သောသူပြုံးရယ်နေတာ
တွေသာနေရာယူလို့ထားပြန်တော့
Galleryထဲဝင်တိုင်းစိတ်ချမ်းသာရ
ပြန်သည်။

အင်း.. ဒီနေ့လည်း ပက်ခ်ဂျီမင်းရဲ့
နေ့လေးကအရင်လိုပဲလှပ‌အုံးပေမပေါ့..။

____________

ခရီးကပြန်လာကတည်းက စာကိုသာတစ်
စိုက်မတ်မတ်လုပ်နေသည့်ထယ်ယောင်းမှာ
အပျော်အပါးအချိန်ဆိုတာမရှိသလောက်
ရှားလို့လာခဲ့သည်။

တက္ကသိုလ်ကောင်းကောင်းတက်ပြီး
အလုပ်ကောင်းကောင်း တစ်နေရာ
အတွက်သူကြိုးစားမှရမည်။

"သားရေ! သားသူငယ်ချင်းရောက်နေတယ်"

အောက်က မားအသံကြောင့်စာရေးနေရင်း
မှဘောပင်ချကာတွေးမိသည်။

ဂျောင်ကုလား??ယွန်းဂီလား??

သူငယ်ချင်းဆို အဲ့နှစ်ယောက်သာ
ရင်းနှီးပြီးခင်မင်သည်မို့ အိမ်လာ
လည်ရမည့်သူကလည်း သူတို့သာ
ရှိသည်လေ။

ရေးလက်စကို ခနရပ်ပြီး‌အခန်းအပြင်
ထွက်ကာ အောက်ထပ်ဆင်းလာတော့
ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ယွန်းဂီကို
တွေ့လိုက်ရသည်။

"ယွန်းဂီ!"

ထယ်ယောင်းခေါ်လိုက်‌တော့ သူ့မူပိုင်အပြုံး
လေးနှင့်အတူ ထယ်ယောင်းကိုကြည့်လို့
လာခဲ့သည်။

"အင်း..ငါမရှင်းတာလေးရှိလို့စာမေး
ရအောင်လာခဲ့တာ၊ အနှောင့်အယှက်
များဖြစ်သွားလား"

Equal√Where stories live. Discover now