Ep-17

2.4K 302 129
                                    

ထယ်ယောင်းကိုပြတင်း‌ပေါက်
ဘက်ထိုင်စေကာဂျီမင်းကဘေး
တွင်ထိုင်လေသည်။

ဂျောင်ကုနဲ့အဆင်ပြေပေမယ့်
ဂျီမင်းနဲ့ကသိပ်မရင်းနှီးသေးပေ။

တစ်ခါကလည်းသူ့ကိုခေါင်မိုးထပ်
ကိုအပျော့ဆွဲလေးနဲ့ခေါ်ခဲ့တာဆို
တော့ပိုလန့်မိသည်။

ထယ်ယောင်းအနေရခက်စွာ
ပြတင်းပေါက်ဘက်ကိုသာ
လှည့်ထားမိသည်။

"တောင်းပန်တယ် ထယ်ယောင်း"

ထယ်ယောင်းအပြင်ကိုကြည့်နေ
တုန်းတောင်းပန်စကားဆိုလာ
သောဂျီမင်းကြောင့်အံ့ဩကာ
လှည့်ကြည့်မိသည်။

"ဘာကိုလဲ ဂျီမင်း??"

"ငါအဲ့နေ့ကမင်းကိုခေါင်မိုးထပ်
ကိုခေါ်ခဲ့မိတယ်လေ ငါသာ
မခေါ်ခဲ့ရင်မင်းအဲ့နေ့ကဒဏ်ရာ
တွေရခဲ့မှာမဟုတ်ဘူး သိတဲ့
အတိုင်းဂျောင်ကုကငါ့သူငယ်
ချင်းဆိုတော့သူ့ဘက်ပါပြီး
မင်းကိုအနိုင်ကျင့်ခဲ့မိတယ်"

ခေါင်းငုံ့ကာပြောလာသည့်
ဂျီမင်းကြောင့်ထယ်ယောင်း
လည်းပြုံးမိသည်။

သူသာဂျီမင်းနေရာမှာဆိုလည်း
အဲ့လိုလုပ်မိမှာမို့ဂျီမင်းအပေါ်
စိတ်ခုနေတာမျိုးမရှိခဲ့ပေ။

ဂျောင်ကုနဲ့လည်းအဲ့နောက်ပိုင်း
မှအဆင်ပြေလာခဲ့သည်လေ။

"ရပါတယ်ကွာ ငါနားလည်ပါ
တယ်အခုလည်းဂျောင်ကုနဲ့
ငါသူငယ်ချင်းတွေဖြစ်နေပါပြီ"

လေးထောင့်အပြုံးလေးကိုပြုံးပြ
ကာပြောလာသည့်ကောင်လေးကို
ကြည့်ပြီးဂျီမင်းလည်းစိတ်သက်
သာရာရမိသည်။

ဟိုနှစ်ယောက်ကချစ်တာလည်း
မပြောနဲ့သူလေးကိုကချစ်စရာ
လေးဖြစ်နေတာကိုး။

"မင်းကသာသူငယ်ချင်းဆိုပေမယ့်
ဂျောင်ကုကတော့ချစ်သူအဆင့်
တက်ချင်နေတာထင်တယ်နော်"

ဂျီမင်းစကားကြောင့်ချစ်ခွင့်ပန်
သည့်ညကိုတွေးမိတော့ထယ်
ယောင်းမျက်နှာလေးဟာရဲတက်
လာခဲ့သည်။

"ဟို..သူကတော့ဖွင့်ပြောထား
ပါတယ်"

လက်အချင်းချင်းပွတ်ကာ
ထယ်ယောင်းပြန်ဖြေမိသည်။

Equal√Dove le storie prendono vita. Scoprilo ora