တစ်ယောက်ထဲနေပေမယ့်
ဖြစ်သလိုစားဖြစ်သလိုမနေ
တတ်သည့်ယွန်းဂီအတွက်
အချက်အပြုတ်ပိုင်းမှာလည်း
အခက်အခဲရှိမနေပါ။ကောင်ငယ်လေးအတွက်
ဆန်ပြုတ်ပြုတ်နေသည့်
ယွန်းဂီကကျောင်းအကျီ
မလဲရသေးတာမို့အကျီ
လက်ကိုခေါက်တင်ကာ
ချက်နေပုံကတကယ်ကို
ကြည့်ကောင်းလှသည်။ဖြူစွတ်နေသည့်လက်ထက်
သွေးကြောစိမ်းစိမ်းလေးတွေ
ကလည်းမြင်နေရသည်။ပန်းကန်ထဲထည့်လိုက်သည့်
အနံတစ်ထောင်းထောင်းနဲ့
ဆန်ပြုတ်လေးကကြက်သား
အပြင်ကောင်ငယ်လေးအတွက်
အချစ်တွေပါထည့်ပြုတ်ထား
သည်မို့စားချင်စဖွယ်။ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်
စားဖူးသလို၊မကြိုက်ဖူးသည့်
ယွန်းဂီအတွက်အချစ်ကဘာလဲ
မသိပေမယ့်ကောင်ငယ်လေးက
တော့သူ့အရာအားလုံးဆိုတာသူ
သိသည်။ကောင်ငယ်လေးကြောင့်ပြောင်း
လဲလာတယ့်သူကကောင်ငယ်လေး
ကြောင့်ဘဲချစ်တတ်လာပါသည်ဆို
ပါလျှင်..။ဗန်းတစ်ခုအပေါ်ဆန်ပြုတ်ပန်းကန်
လေးနှင့်ရေတစ်ဘူးအားတင်ကာ
အခန်းထဲပြန်ဝင်လာတော့ကုတင်
ပေါ်ကကောင်ငယ်လေးကသတိရ
နေခဲ့လေပြီ။"သတိရလာပြီလား ကောင်လေး..!
ဘယ်လိုနေသေးလဲ..?!ဆေးတော့ထိုး
ထားတာမို့သက်ကောသက်သာရဲ့လား""ဟုတ်..ကျတော်သက်သာပါတယ်
ယွန်းဂီ..!ကျတော့်ကြောင့်ယွန်းဂီ
လည်းပင်ပန်းရပြီ"ကုတင်ပေါ်ကကောင်ငယ်လေးက
အပြုံးတစ်ခုနဲ့အားနာစွာဆိုလာသည်။မင်းအပြုံးကိုသဘောကျပေမယ့်
အပြုံးကအသက်မဝင်တာကိုတော့
သဘောမကျလှဘူး။"အားနာစရာမလိုပါဘူး..
ဆန်ပြုတ်သောက်လိုက်ဦး..
ခုနကမင်းအမေဖုန်းဆက်တယ်
မင်းစာလုပ်ဖို့ငါ့အိမ်မှာအိပ်မယ့်
အကြောင်းပြောလိုက်တယ်""ကျေးဇူးပါယွန်းဂီ"
ကျေးဇူးတင်ခံချင်လို့လုပ်ပေးနေ
တာမဟုတ်ဘဲစိတ်ထဲကလုပ်ပေး
ချင်လို့လုပ်ပေးနေတာမင်းသိဖို့
ကောင်းတယ်ကောင်ငယ်လေးရယ်။
YOU ARE READING
Equal√
Fanfictionသုံးပွင့်ဆိုင်ဆိုတာ သုံးနားညီတြိဂံလိုဘဲ .. Jeon Jungkook x Kim Taehyung x Min Yoongi {Taekook x Taegi} //Completed//