ထယ်ယောင်းကျောင်းတက်ရက်
တွေကအရင်လိုမဟုတ်တော့ပေ။အကြောင်းမှာကားအိမ်ရှေ့၌ရပ်
စောင့်နေသည့်ဂျောင်ကုနဲ့ယွန်းဂီ
ကြောင့်ဖြစ်သည်။ထယ်ယောင်းအိမ်ထဲကလွယ်အိတ်
လွယ်ကာထွက်လာတာကိုမြင်တာ
နဲ့ထယ်ယောင်းအနားသို့ရောက်လာ
သည့်နှစ်ယောက်။"ဟိုင်း..ထယ်ယောင်းကျောင်းအတူ
သွားဖို့လာခေါ်တာ..ဒီနေ့ဘတ်စ်နဲ့
သွားကြတာပေါ့"ယွန်းဂီကပြောတော့ထယ်ယောင်း
လည်းယွန်းဂီဘက်လှည့်ကာကြည့်
ပြီးပြန်ပြောဖို့ရှိသေး.."ကင်မ်ထယ်ယောင်း..!ငါနဲ့အတူတူ
ကျောင်းသွားမယ်..သူ့လိုဘဲဘတ်စ်
နဲ့သွားမှာ"ဂျောင်ကုကဖြတ်ပြောလာသော
ကြောင့်ထယ်ယောင်းလည်း
ဂျောင်ကုကိုတစ်လှည့်ယွန်းဂီကို
တစ်လှည့်ကြည့်လိုက်သည်။အခုအခြေအနေကအရင်ပုံစံ
အတိုင်းအလည်မှာညပ်နေသည်မို့
ထယ်ယောင်းမျက်နှာမှာအော်တို
ရှုံ့မဲ့လာရသည်။သူဘယ်တော့မှကြားညပ်တာက
လွတ်မှာလဲ..။"ထယ်ယောင်း..ဘယ်သူနဲ့သွား
မှာလဲ..??"နှစ်ယောက်စလုံးကမေးလာသည်
မို့ထယ်ယောင်းလည်းသက်ပျင်း
သာချကာ.."ငါတို့အတူတူသွားကြတာပေါ့"
ထယ်ယောင်းပြောလိုက်မှဂျောင်ကု
နဲ့ယွန်းဂီလည်းတစ်ယောက်နဲ့တစ်
ယောက်အကြည့်ချင်းစစ်ထိုးပြီးမှ
လက်ခံလိုက်သည်။
.
.
.လမ်းလျှောက်တော့လည်းထယ်
ယောင်းကိုအလယ်မှာထားကာ
ဘေးတစ်ဖက်တစ်ချက်စီမှာ
ဂျောင်ကုနဲ့ယွန်းဂီလျှောက်နေ
သည်။တစ်ချက်ချက်ထယ်ယောင်း
လက်လေးကိုနှစ်ယောက်စလုံး
လက်ကလာထိလျှင်ထယ်ယောင်း
မှာစိတ်လှုပ်ရှားကာရင်လေးခုန်
သွားရသည်။တစ်ယောက်ကနူးနူးညံ့ညံ့လေးနဲ့
ထယ်ယောင်းကိုဂရုစိုက်ပေးသ
လို၊တစ်ယောက်ကကျကြမ်းတမ်း
ပြီးကာမှနူးညံ့ကာဂရုစိုက်ပြနေ
သည်။အပေါင်းအသင်းမရှိသလို၊ရင်ခုန်
တာဘာမှန်းမသိခဲ့သည့်ထယ်
ယောင်းအတွက်ထိုကဲ့သို့ရင်ခုန်
နေသည့်ခံစားချက်ကိုလည်းနား
မလည်နိုင်ပေ။
![](https://img.wattpad.com/cover/284449731-288-k840467.jpg)
YOU ARE READING
Equal√
Fanfictionသုံးပွင့်ဆိုင်ဆိုတာ သုံးနားညီတြိဂံလိုဘဲ .. Jeon Jungkook x Kim Taehyung x Min Yoongi {Taekook x Taegi} //Completed//