Ep-12

2.8K 334 50
                                    

ဂျောင်ကုညကသောက်တာတွေ
များပြီးမထနိုင်ပေမယ့်တစ်ယောက်
သောသူ၏မျက်နှာလေးကိုမြင်ချင်
သောကြောင့်ခေါင်းကိုက်ပျောက်
ဆေးသောက်ကာထွက်လာခဲ့သည်။

ကျောင်းရောက်တော့ရောက်
မလာသေးတာမို့စားပွဲခုံပေါ်
မှောက်ကာအိပ်နေမိသည်။

ဘေးကဂျီမင်းတို့စကားဝိုင်း
ထဲလည်းဝင်မပါမိ။

စဉ်းစားစရာတွေကခေါင်းထဲ
ပြည့်နေသည်လေ။

မုန်းဖို့တွေးထားပေမယ့်
စိတ်ကမမုန်းရက်နိုင်။

ကြမ်းတမ်းချင်ပေမယ့်
နူးညံ့ချင်သည့်စိတ်ကြောင့်
ခက်နေပြန်သည်။

အရင်လိုဂျွန်ဂျောင်ကုပြန်
ဖြစ်ပြီးထပ်ထားခဲ့ခံရမယ်
ဆိုရင်တကယ်ရူးမှာ။

အချစ်ဦးမဟုတ်ပေမယ့်
အချစ်ဆုံးလေးမို့သူ့ဆီ
ကအမုန်းတွေမခံစားနိုင်ဘူး။

ဒါမယ့်သူ့ဘက်ကလည်းဂျောင်ကု
ကိုမချစ်သည့်အတွက်မချစ်ရင်
တောင်အမုန်းခံရရင်ကျေနပ်တယ်
ကင်မ်။

အချစ်ဆိုတယ့်စိတ္တဇနာမ်ကိုယ့်
အတွက်မရှိရင်တောင်အမုန်းဆို
တဲ့စိတ္တဇနာမ်ပိုင်ရလို့ကိုယ်ပျော်
တယ်..။

မှောက်အိပ်နေတုန်းဂျီမင်းလက်
တို့လို့မော့ကြည့်တော့မင်ယွန်းဂီ
နဲ့အတူဝင်လာတဲ့ကင်မ်။

လေးထောင့်အပြုံးလေးက
လည်းမင်ယွန်းဂီကိုဖောဖော
သီသီပြုံးပြနေပြန်သည်။

မကြိုက်ဘူး...တခြား
တစ်ယောက်အတွက်ဖြစ်တည်
နေတယ့်အပြုံးတွေကို...

မုန်းတယ်..တခြားတစ်ယောက်နဲ့
တွဲမြင်လိုက်တိုင်းပူလောင်နေတယ့်
ခံစားချက်ကို..

ခံပြင်းတယ်..အက်တစ်ခြားတစ်
ယောက်ကမင်ယွန်းဂီဖြစ်နေတယ့်
အတွက်...။

လက်ပိုက်ထိုင်နေပြီးအရုပ်
လေးကိုစိုက်ကြည့်နေလိုက်
သည်။

လမ်းလျှောက်လာတာ၊ခုံပေါ်
ထိုင်လိုက်တာ၊လွယ်အိတ်ထား
တာလှုပ်ရှားမှုသေးသေးလေး
ကအစမျက်တောင်မခတ်ဘဲ
ကြည့်နေမိတာကိုယ့်ကိုယ်တောင်
အလွန်ထူးဆန်းနေမိသည်။

Equal√Where stories live. Discover now