Ep-10

3K 356 73
                                    

လမ်းမထက်အရှိန်နဲ့မောင်းနှင်နေသော
ကားတစ်စီး။

အမြင့်ဆုံးအရှိန်ဖြင့်သွားနေသော
ကြောင့်ထိုကားသည်သေချာပေါက်
ဒဏ်ငွေဆောင်ရပါလိမ့်မည်။

သို့သော်လည်းထိုကားပိုင်ရှင်မှာ
စိတ်မဝင်စားဘဲစတီယာတိုင်
ကိုသာတင်းကျပ်စွာကိုင်ထား
ပြီးမေးရိုးထင်းကားနေအောင်
အံကိုကျိတ်ထားသည်။

ကားကိုမောင်းနှင်နေသူကား
ဂျွန်ဂျောင်ကု။

လောလောလတ်လတ်အရိုက်ခံ
ထားရသည့်ပါးတစ်ဖက်က
လည်းအနည်းငယ်ရဲနေသည်။

ဂျောင်ကုဘဝတစ်လျှောက်မှာ
ပါးအရိုက်ခံရတယ်ဆိုတာ
မရှိဖူးခဲ့။

တွဲခဲ့သမျှရည်းစားတွေကိုဖြတ်
တုန်းကတောင်ထိုသို့အရိုက်မခံ
ရဖူးဘူး။

အခုတော့ပါးကိုအရိုက်ခံလိုက်ရ
သည်မို့ဒေါသကအမြင့်ဆုံးဒီဂရီ
သို့ရောက်နေသည်။

ထိုသို့ရိုက်သည့်သူကကင်မ်ထယ်
ယောင်းဖြစ်နေသည့်အတွက်မျက်
နှာကနာကျင်မှုထက်ရင်ထဲကနာ
ကျင်မှုကပိုအလေးသာနေသည်မို့
မိမိကိုယ်ကိုလည်းစိတ်ပျက်မိသည်။

ဘယ်သူသိမှာလဲစတွေ့တုန်းက
ဝင်တိုက်လိုက်တယ့်ကောင်လေး
ကမသိစိတ်ထဲစိုးမိုးထားမယ်ဆိုတာ။

ဂျောင်ကုပုံစံအစစ်အမှန်တွေ
ပေါ်လာမှာစိုးလို့ကင်မ်ထယ်
ယောင်းကိုနှိပ်စက်ပြီးအနိုင်
ကျင့်နေမိခဲ့တာ။

အရင်ကနူးညံ့ပြီးအချစ်အတွက်
အမြဲဦးညွတ်နေတယ့်ဂျွန်ဂျောင်ကု
ပြန်ဖြစ်မှာစိုးလို့ကင်မ်ထယ်ယောင်း
ကိုမုန်းဟန်ဆောင်ပြီးအနိုင်ကျင့်ခဲ့
တာ။

ထိုသို့အနိုင်ကျင့်တိုင်းလည်းဖြစ်
သွားသည့်မျက်နှာလေးကိုငေး
ကြည့်ပြီးတောင်းပန်ချင်နေခဲ့တာ။

ခေါင်မိုးထပ်မှာထိုးကြိတ်တုန်းက
‌ဂျောင်ကုအောက်မှာဒဏ်ရာတွေ
နဲ့မျက်နှာတွေကိုမျက်ရည်ကြား
ထဲကကြည့်ခဲ့ရတာဘယ်သူမှမသိ။

မင်ယွန်းဂီနဲ့အတူတွဲမြင်လိုက်တိုင်း
ရင်ဘတ်ထဲကတင်းကျပ်မှုနဲ့အတူ
စိတ်တိုမိတာဘယ်သူမှမသိ။

Equal√Hikayelerin yaşadığı yer. Şimdi keşfedin