Ep-8

2.8K 340 71
                                    

ကြမ်းပြင်ပေါ်မှာမျက်နှာတစ်ခုလုံး
ဖူးယောင်ကာလဲကျနေသည့်
ထယ်ယောင်း။

အကျီအဖြူယူနီဖောင်းလေးဟာ
လည်းညစ်‌ပေနေပြီးမျက်နှာနဲ့
နှုတ်ခမ်းမှာသွေးများထွက်ပြီး
လဲကျနေပုံကအရုပ်ကြိုးပျက်
နေသလိုပင်။

ထဖို့နေနေသာသာမျက်လုံးဖွင့်
ကြည့်ဖို့တောင်မနည်းအားစိုက်
နေရသည်။

အားနည်းသည့်မိမိကိုယ်ကိုဘဲ
ဒေါသထွက်ရမလား..။
အနိုင်ကျင့်ကာထိုးကြိတ်နေသည့်
ဂျောင်ကုကိုဘဲဒေါသထွက်ရမ
လားမသိတော့ချေ။

ယောင်္ကျားလေးဖြစ်ရက်နဲ့
ပြန်လည်မခုခံနိုင်သည့်
အားနည်းလှသည့်ခန္ဓာကိုယ်
ကိုလည်းထယ်ယောင်းသိပ်
စိတ်တိုမိပါသည်။

နောက်တစ်ခါရောက်ရှိ
လာမည့်ထိုးနှက်မှုများ
ကိုစိတ်လျော့ကာမျက်
လုံးမှိတ်ပြီးခံနေတုန်း
ထယ်ယောင်းကိုယ်
လေးကလေပေါ်မြှောက်
တက်သွားသည်။

ပွေ့ချီခံရသလိုခံစားမိတာ
ကြောင့်အားယူကာမျက်လုံး
ဖွင့်ကြည့်တော့ပွေ့ချီထား
သူကခုနကနတ်ဆိုးသဖွယ်
ထိုးကြိတ်နေသည့်ဂျွန်ဂျောင်ကု။

ထို့နောက်အမှောင်ကမ္ဘာထဲသို့
ထယ်ယောင်းရောက်ရှိသွား
လေတော့သည်။

"သူ့ကိုဘာလုပ်မလို့လဲဂျောင်ကု"

"ကျောင်းဆေးခန်းသွားပို့မလို့"

"ဘာ..!!"

ဂျီမင်းအပါအဝင်ယုဂွန်း၊အွန်ဝူး
မှာအံ့သြကာအော်ကုန်ကြသည်။

အရင်တုန်းကအနိုင်ကျင့်သူများ
ကိုဆေးခန်းပို့ဖို့နေနေသာသာ
သေ‌သေရှင်ရှင်လှည့်တောင်
ဂရုမစိုက်ခဲ့သည့်သူကအခု
ကင်မ်ထယ်ယောင်းအလှည့်
ကျမှဆေးခန်းပို့ပေးမည်တဲ့။

ထယ်ယောင်းကိုသေချာ
လေးပွေ့ချီထားသည့်
ဂျောင်ကုကခုနကထိုးကြိတ်
နေသည့်ဂျောင်ကုနဲ့နည်းနည်း
လေးမှမသက်ဆိုင်ပါ။

အံ့ဩနေကြသည့်သူငယ်ချင်း
တွေဘက်ဂျောင်ကုလှည့်ကာ..

"တစ်မျိုးမထင်နေကြနဲ့..
သူသေသွားရင်ငါအနိုင်ကျင့်
ရမယ့်သူမရှိတော့မှာစိုးလို့"

Equal√Where stories live. Discover now