Ep-18

2.5K 292 76
                                    

"ဘယ်နားဘာဖြစ်သွားသေးလဲ
မင်းကိုအဲ့ဟာမဘာလုပ်လိုက်
သေးလဲ..ဟမ်??ထိမိတာတွေ
ကောရှိလားပြစမ်း!"

ထယ်ယောင်းတစ်ကိုယ်လုံးကို
လှည့်ပတ်ကြည့်ရူနေသည့်
ဂျောင်ကုကြောင့်ထယ်ယောင်း
မှာခေါင်းပင်မူးချင်လာသလို
ဖြစ်လာရသည်။

"ဟို-သူမ မလုပ်ပဲမင်းလုပ်မှ
ငါမူးလဲတော့မယ်၊ငါဘာမှ
မဖြစ်ပါဘူးဂျောင်ကု"

ထယ်ယောင်းဖြေရှင်းမှလှည့်ပတ်
ကြည့်နေသည့်ဂျောင်ကုကရပ်သွား
သည်။

ခုနကနေရာကနေထယ်ယောင်းကို
‌ဆွဲခေါ်လာသည့်ဂျောင်ကုကြောင့်
ထယ်ယောင်းမှာရထားတွဲလေးလို
ပါလာရခြင်းဖြစ်သည်။

ယွန်းဂီနဲ့ဂျီမင်းဘယ်လိုကျန်ခဲ့လဲ
တောင်မသိတော့။

ဇွတ်တရွတ်ဆန်လှသည့်ဂျောင်ကု
ခေါ်ရာနောက်သို့သာပါလာရသည်။

"ငါလေစိတ်ရှိတိုင်းဆိုအဲ့ကောင်မ
ကိုပါးချည်းလှိမ့်ရိုက်ပစ်ချင်တာ
ဒါမှမဟုတ်ငါအခုသွားရိုက်လိုက်
ရမလားထယ်ယောင်း!"

ဒေါသအရှိန်မပြေသေးသည့်ဂျောင်ကု
ကခုနကနေရာသို့သွားဟန်ပြုနေသည်
မို့ထယ်ယောင်းမှာလက်ကိုအလျင်
အမြန်ဆွဲလိုက်ရသည်။

"ဂျောင်ကု! သူကမိန်းကလေးတစ်
ယောက်ပါ အင်အားချင်းမမျှတဲ့
သူကိုမလုပ်သင့်ဘူးလေ"

ထယ်ယောင်းစကားကြောင့်ဒေါသ
ထွက်နေသည့်ဂျောင်ကုမျက်နှာဟာ
အားနာစိတ်၊နောင်တရစိတ်တွေကိန်း
အောင်းလာခဲ့သည်။

ဆွဲထားသည့်ထယ်ယောင်းလက်
ကိုဖွဖွလေးပြန်ကိုင်ကာ..

"ငါမင်းကိုလည်းအဲ့လိုလုပ်ခဲ့မိတယ်
နော် မင်းနဲ့ငါကရန်ဖက်တွေမဟုတ်
ဘဲမင်းအပြစ်ကကြီးကြီးမားမား
လည်းမဟုတ်ဘဲငါအနိုင်ကျင့်ခဲ့
မိတယ် ပြန်စဉ်းစားကြည့်တိုင်းငါ့
ကိုယ်ငါခွင့်မလွှတ်နိုင်ဘူး"

"ဒါမယ့်ငါမင်းကိုခွင့်လွှတ်ပြီး
သူငယ်ချင်းတော်ခဲ့တယ်လေ
ငါသာမင်းကိုခွင့်မလွှတ်ရင်
မင်းကိုရုံးခန်းတိုင်ခဲ့တာကြာ
ရောပေါ့ မဟုတ်ဘူးလား"

ထယ်ယောင်းအပြောကိုဂျောင်ကုက
သဘောကျကာရယ်ရင်းထယ်‌ယောင်း
ပါးလေးကိုလက်ဖြင့်ဖွဖွလေးဆွဲသည်။

Equal√Where stories live. Discover now