Ep-9

2.7K 333 53
                                    

ထယ်ယောင်းဆေးခန်းမှာထိုင်
စောင့်နေတုန်းပြန်ဝင်လာသည့်
ယွန်းဂီကထယ်ယောင်းလွယ်
အိတ်နဲ့သူ့လွယ်အိတ်လေးကို
အတူတူကိုင်ပြီးပြေးလာပုံရ
သည်မို့နဖူးထက်မှာချွေးလေး
တွေတောင်စို့နေသည်။

"ဘာလို့ပြေးလာတာလဲ..ယွန်းဂီ
ရယ်..ချွေးတွေချည်းဘဲ"

ထယ်ယောင်းလည်းထိုင်ရာမှ
ထကာယွန်းဂီနဖူးကိုဆောင်‌နေ
ကြလက်ကိုင်ပုဝါလေးနဲ့သုတ်
ပေးလိုက်သည်။

ထိုသို့နီးကပ်နေမှုကိုအသားမကျ
သေးသည့်ယွန်းဂီကတော့ဆူညံ
နေသည့်ရင်ခုန်သံကိုကောင်လေး
ကြားသွားမှာစိုးနေရသည်။

"ဟယ်..နှုတ်ခမ်းမှာလည်းသွေးစို့
နေတယ်..ဘာဖြစ်တာလဲယွန်းဂီ"

ကောင်‌လေးမေးလာသည့်မေးခွန်း
ကိုကြားပြီးဂျွန်ဂျောင်ကုပြောသည်
များကိုပြန်ကြားလာတော့သက်ပျင်း
ချမိသည်။

ယွန်းဂီကကောင်လေးကို
ဂျွန်ဂျောင်ကုထိမှာသာမကြိုက်
တာကောင်လေးနဲ့ယွန်းဂီက
ဘာမှမဟုတ်ကြ။

ကောင်လေးဘက်ကသူငယ်ချင်း
လိုသတ်မှတ်ထား‌ပေမယ့်ထို
သူငယ်ချင်းဆိုတာကြီးကိုသဘော
မကျပါ။

ဂျွန်ဂျောင်ကုလုမယ်ပြောတုန်းက
စိတ်ထဲတင်းကျပ်မှုတစ်ခုနဲ့အတူ
ဆုံးရှူံးမှာကြောက်သည့်စိတ်က
အလုံးအရင်းဝင်လာခဲ့သည်။

အချစ်လို့လည်းခေါင်းစဉ်တပ်ရ
‌အောင်မျိူးတူချင်းအချစ်ဖြစ်
ပေါ်နိုင်သလားခနခနပြန်ဆန်း
စစ်ကြည့်နေရသည်။

သို့ပေမယ့်ကောင်လေးကို
ဂျွန်ဂျောင်ကုယူသွားမှာ၊လုသွား
မှာလည်းမလိုလားပြန်။

ကောင်လေးနဲ့ကျမှအများကြီး
ပြောင်းလဲလာသည်ကိုယွန်းဂီ
လည်းသတိထားမိပါသည်။

စစတွေ့ကတည်းကအတန်း
ရှေ့မှာရပ်နေသည့်ကောင်
လေးကိုယွန်းဂီမသိစိတ်
ကစတင်သဘောကျခဲ့တာ
တော့ကိုယ်ကိုယ်တိုင်လျစ်လျု
ရူထားသည့်အရာဖြစ်သည်။

"ယွန်းဂီ..??ကျတော်မေးနေတာ
ကြားလား..?"

"အော..ချော်လဲတာ"

"ဟင်..ဘယ်မှာချော်လဲတာတုန်း
ကျတော်ဆေးလိမ်းပေးမယ်လေ"

မုသားသုံးလိုက်တာကိုကောင်လေး
ကတကယ်ထင်သွားပုံ။

Equal√Where stories live. Discover now