Lamborghini
အမဲရောင်ပေါ်မှ ဆင်းလာသော
ကောင်လေးတစ်ယောက် ။ထိုကောင်လေးဆင်းလာ
သည်နှင့်ကောင်မလေးတွေက
အော်ကုန်ကာကမ္ဘာပျက်သလောက်
ယောင်္ကျားလေးတွေကတော့
ဝေးဝေးကရှောင်ကြသည် ။ကျောင်း၏ the whole king
ဖြစ်သလို Bad boy လည်းဖြစ်သည့်
ဂျွန်ဂျောင်ကုကို ဘယ်သူမှ ရန်မစရဲသလို ၊
ထိပ်တိုက်မတွေ့အောင်လည်းနေကြသည် ။နောက်တစ်ခုအနေနဲ့ play boyဟူသော
ဘွဲ့ပါရရှိထားသူပီပီ
ကောင်မလေးတွေကိုလည်း
သဘောကျရင်တစ်ပတ်လောက်တွဲသလို
သဘောမကျရင် တစ်ရက်တည်းနဲ့
ဖြတ်တတ်သည် ။သို့သော် ဂျောင်ကုနှင့်တွဲချင်သည့်
မိန်းကလေးများက တစ်ရက်အတွဲခံ
ရရင်တောင်ကျေနပ်
သည်မို့ ဂျောင်ကုဘေးတွင်
ရှိတတ်ကြသည် ။" Heyy .. babe ကိုယ်နဲ့တွဲရအောင် "
ကားပေါ်ကဆင်းဆင်းချင်း
ဘေးနားက ကောင်မလေးခါး
အားဖက်ကာပြောလေတော့
ထိုကောင်မလေးကလည်း
ပျော်သွားကာ ခေါင်းငြိမ့်
လက်ခံလေသည် ။ကျောင်းဝင်းထဲ
ဂျောင်ကုဝင်လာသည်နှင့်
ယောင်္ကျားလေးတွေကအကုန်
ရှောင်ကုန်ကြသည် ။ဂျောင်ကုဆီက အနိုင်
ကျင့်ဖို့ ပစ်မှတ်ထားခံရရင်
ခံရသည့် လူဟာဂျောင်ကု
ကျေနပ်သည်အထိ နှိပ်စက်
အနိုင်ကျင့်ခံရပြီးမှ လွတ်လေ့ရှိ
သည်ဖြစ်၍ ဂျောင်ကုနှင့်
ထိပ်တိုက်မတွေ့အောင်ရှောင်
ကြခြင်းဖြစ်သည် ။ဂျောင်ကုလည်း
ကောင်မလေးခါးကိုဖက်ရင်း
ကန်တင်းထဲဝင်လာတော့ ဘော်ဒါ
တစ်သိုက်က စော်တွေကိုယ်စီနဲ့
ထိုင်နေကြသည် ။" ငါမင်းကို ဒီနေ့မလာတော့ဘူးတောင်ထင်ထားတာ "
ဂျီမင်းက ဝင်ထိုင်လာသော
ဂျောင်ကုကိုပြောလိုက်တော့
ဂျောင်ကုလည်း
ဂျီမင်းအအေးကို ယူသောက်လိုက်ရင်း .." အိမ်မှာမနေချင်တာနဲ့ ထွက်လာတာ .. အပျင်းပြေ
လေးလည်း ကောက်ရလာတယ်လေ "ဂျောင်ကုက ပြောရင်း
ဘေးနားကကောင်မလေးပါးအား
နမ်းလိုက်သည် ။

KAMU SEDANG MEMBACA
Equal√
Fiksi Penggemarသုံးပွင့်ဆိုင်ဆိုတာ သုံးနားညီတြိဂံလိုဘဲ .. Jeon Jungkook x Kim Taehyung x Min Yoongi {Taekook x Taegi} //Completed//