Ep-4

2.8K 371 30
                                    

ကုတင်ထက်တွင်မေ့မြော
နေသည့် လူသားအား
ကြည့်ပြီး သက်ပျင်းချ
နေမိသော ယွန်းဂီ ။

ဂျောင်ကုပစ်မှတ်ထားခံ
ရရင် ကျောင်းပြောင်းသည်
အထိနှိပ်စက်တတ်တာ
ယွန်းဂီသိသည် ။

ဒီကောင်လေးအရှေ့က
ကောင်လေးတော်"များ"
လည်းကျောင်းပြောင်းသွား
ရသည်မှာ မရေမတွက်နိုင်ပင် ။

ဂျောင်ကုနဲ့မှ သွားညိသည့်
ထိုလူသားအား အပြစ်မဆို
ရက်သလို ၊ ထိုလူသားအား
ကူညီပေးချင်နေသည့်မိမိ
စိတ်အားလည်း နားမလည်ပေ ။

" အ့ .. "

ကုတင်ထက်မှ ကောင်လေး
အသံကြောင့် ယွန်းဂီလည်း
အနားလေးကိုသွားလိုက်ရင်း ..

" ဘယ်လိုနေသေးလဲ ...?! "

" ယွန်းဂီ ..? ကျတော်ဒီကိုဘယ်လို
ရောက်နေတာလဲဟင် "

ထရန်ကြိုးစားနေသည့်
ကောင်လေးအားထူပေးလိုက်ရင်း ..

" မင်းမေ့လဲသွားလို့ ငါ‌ခေါ်လာတာ
ဖျားနေတာကိုများ ကျောင်းလာရ
တယ်လို့ .. ရေစိုနေတယ့်အကျီကို
ငါလဲပေးထားတယ် "

" ခင်ဗျာ ..! "

အကျီလဲ‌ပေးထားတယ်ဆိုသည့်
စကားကြောင့် ထယ်ယောင်းမှာ
အဖျားပင်ပျောက်ချင်လာသလိုလို။

သူစိမ်းတစ်ယောက်က
သူ့ မမြင်အပ်တယ့်နေရာတွေကို
တွေ့သွားပြီပေါ့ ..။

" ဟေး ငါဘာမှမကြည့်ဘူးနော်
ဒီအတိုင်း အကျီလဲပေးခဲ့တာ အစိုကြီး
နဲ့ဆို ဆရာမက အဖျားပိုကြီးမှာစိုးလို့တဲ့ "

" အာ .. ဟုတ် ကျတော့်ကြောင့် အလုပ်
ရှုပ်သွားရပြီ အားနာလိုက်တာ ၊
ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်နော် "

" ရပါတယ် .. တစ်ခန်းတည်းသားချင်းဘဲဟာ "

" ဟုတ် "

ယွန်းဂီ အရှေ့က လေး‌ထောင့်အပြုံး
လေးဖြင့် ပြုံးပြနေသည့် ကောင်လေး
အား မျက်တောင်မခတ်ပဲငေးကြည့်
နေမိသည် ။

လူတစ်ယောက် အပြုံး မဟုတ်သေးဘူး
ကောင်လေးတစ်ယောက် အပြုံးက
အက်လောက်လှဖို့လိုလို့လား ..?!

" တောက်ခ် ..!! မင်ယွန်းဂီ ငါအနိုင်ကျင့်သမျှ
မျက်ကွယ်ပြုခဲ့ပြီးမှ ဒီကောင့်ကိုကျမှ ကောင်း
ပြနေတာ မင်းက ဘာလဲ ..?! "

Equal√Where stories live. Discover now