Ep-15

2.6K 319 82
                                    

"အားယိုး..ညောင်းလိုက်တာ!"

ထယ်ယောင်းကျောင်းကပြန်ရောက်
ကတည်းကထိုင်ခုံမှာထိုင်ပြီးစာလုပ်
နေတာအချိန်တောင်တော်တော်လင့်
သွားခဲ့ပြီ။

စာမေးပွဲကအတန်းတင်ဖြစ်ပြီး
ရလဒ်ကတက္ကသိုလ်အတွက်မို့
ထယ်ယောင်းပိုကြိုးစားဖြစ်သည်။

ထယ်ယောင်းကတော့စီးပွားရေးဘွဲ့
လေးတစ်ခုယူပြီးကုမ္ပဏီတစ်ခုမှာ
အလုပ်ဝင်ဖို့ရည်မှန်းထားသည်။

မှောင်ရိပ်ပျိုးနေသောကောင်းကင်
ကြောင့်ဖေဖေပြန်လာပြီလားတွေး
မိကာအောက်ထပ်သို့ထယ်ယောင်း
ဆင်းလာခဲ့သည်။

အောက်ထပ်ရောက်တော့ဖေဖေက
ဧည့်ခန်းထဲမှာစာထိုင်ဖတ်နေသည်။

"သားထယ်..!ခုနကဖေဖေလာသေး
တယ်၊သားစာလုပ်နေတာနဲ့ပြန်ထွက်
သွားတာ"

ထယ်ယောင်းကိုတွေ့တော့ဖေဖေက
စာအုပ်ကိုချကာပြောလာသည်။

"ဟုတ်တယ်ဖေဖေစာမေးပွဲအတွက်
ကြိုပြင်ဆင်ထားတာ၊မေမေကော"

"လာပါပြီရှင်ညစာအတွက်မေမေပြင်
နေလို့၊ကဲ..ဘာပြောမလို့လဲ"

ထယ်ယောင်းလည်းထိုင်ခုံမှာဝင်ထိုင်
လိုက်ပြီး..

"နောက်တစ်ပတ်ကျောင်းမှာလေ့လာ
ရေးသွားစရာရှိတာသားသွားလို့ရ
လားဟင် မေမေတို့မသွားခိုင်းရင်
မသွားပါဘူး"

ထယ်ယောင်းကမိဘတွေမသိအောင်
ဘာမှမလုပ်ဖူး၍ခွင့်ပြုချက်တောင်း
နေခြင်းဖြစ်သည်။

"သွားပါရှင်..သားဂျောင်ကုနဲ့သားယွန်းဂီ
လည်းပါတယ်မှတ်လားသူတို့နဲ့ဆိုရင်
မေမေစိတ်ချတယ်"

ဂျောင်ကုတို့ကိုအရမ်းသဘောကျနေ
သောမေမေကအိမ်ကိုခနခနခေါ်ခဲ့ဖို့
ပြောလေ့ရှိသည်။

သူငယ်ချင်းမထားသည့်ထယ်‌ယောင်း
ကသူငယ်ချင်းထားသည်မို့မိဘနှစ်ပါး
စလုံးကစစချင်းတုန်းကအံ့ဩနေကြ
သည်လေ။

"လေ့လာရေးကနေ့ချင်းပြန်လား
ညအိပ်လားသား"

ဖေဖေကမေးလာသောကြောင့်..

"ညအိပ်ဖြစ်ဖို့များမယ်ထင်တယ်
ဖေဖေ..ခရီးကနည်းနည်းလှမ်း‌တော့"

Equal√Where stories live. Discover now