Ep-7

2.8K 359 71
                                    

"တောက်ခ်..!!မင်းကဘာလို့တားနေ
ရပြန်တာလဲ..?မင်ယွန်းဂီ..!!"

ထယ်ယောင်းကအလယ်မှာ
ညပ်နေပြီးယွန်းဂီကိုဒေါသတ
ကြီးပြောနေသည့်ဂျွန်ဂျောင်ကု
ကြောင့်ထယ်ယောင်းအနေရခက်
လာသည်။

"ကင်မ်ထယ်ယောင်းကမင်းလုပ်
ချင်တိုင်းလုပ်ရအောင်အရုပ်မဟုတ်
ဘူးကွ..!အရမ်းရမ်းကားလာရင်
ငါ့အနေနဲ့လုပ်စရာရှိတာလုပ်ရမှာ
ဘဲ..!"

ဂျွန်ဂျောင်ကုသူငယ်ချင်းတွေ
ကလည်းရပ်ကြည့်နေပြီးဝင်
မဆွဲကြ‌ပေ။

"အရင်ကကျငါဘယ်သူ့ကိုဘာ
လုပ်လုပ်စိတ်မဝင်စားဘဲအခုမှ
ဘာလို့တားပြီးဝင်ပါနေရတာလဲ
မဟုတ်မှ ငါပြောသလိုမင်းက
ကင်မ်ထယ်ယောင်းကြိုက်နေ
တာလား..?!"

"ဒီကောင်-"

"ဟိတ်...!ဘာရပ်လုပ်နေတာလဲ
ရန်ဖြစ်နေကြတာလားဟမ်..?!"

ယွန်းဂီထိုးရန်လက်ရွယ်လိုက်
သည့်အချိန်မှာဆရာကအပေါ်
ကလှမ်းအော်မှလူစုခွဲလိုက်
ကြသည်။

ဂျွန်ဂျောင်ကုကတော့တောက်ခ်
တစ်ချက်ခေါက်ပြီးသူ့သူငယ်ချင်း
တွေနဲ့ထွက်သွားသည်မို့ထယ်ယောင်း
တို့၂ယောက်သာကျန်ခဲ့သည်။

"ကျေးဇူးတင်ပါတယ်..ယွန်းဂီ
မင်းကျေးဇူးတွေငါ့အပေါ်အရမ်း
များနေပြီပဲ.."

"ကျေးဇူးတင်ရင်ပြန်ဆပ်လေ..
မင်းငါ့ကိုညနေကျမုန့်လိုက်ကျွေး
ရမယ်၊ကန်တင်းကျငါမျက်စိ
ရှုပ်လို့မသွားတတ်ဘူးကျွေးမယ်
ဟုတ်.."

ယွန်းဂီလွယ်အိတ်ကိုတစ်ချက်
ပြန်ပြင်လိုက်ရင်းလမ်းလျှောက်ကာ
ပြောလိုက်တော့လေးထောင့်အပြုံး
လေးပြန်ရလိုက်သည်။

ဂျွန်ဂျောင်ကုပြောသလိုမင်းအပေါ်
ကိုငါခံစားချက်ရှိနေတာလား။

"ကျွေးရမှာပေါ့..မင်းအပေါ်ကိုကျေးဇူး
ကြွေးတွေများနေပြီလေ..ပြီးတော့မင်း
ကငါ့ရဲ့ပထမဆုံးတစ်ဦးတည်းသော
သူငယ်ချင်းဘဲဟာ"

သူငယ်ချင်း..မင်းကတော့ဒီလို
သတ်မှတ်ထားပေမယ့်ငါ့ဘက်
ကအဆင့်တတ်ချင်လာရင်ဘယ်
လိုလုပ်ရပါ့ ကောင်လေးရယ်။

နှစ်ယောက်သားအတန်းထဲဝင်
လာတော့အတန်းသား‌တွေက
ထယ်ယောင်းကိုကွက်ကြည့်
ကွက်ကြည့်လုပ်နေကြပြီး
တစ်ချို့ကတော့အထင်သေး
သလိုအကြည့်တွေကြည့်နေကြ
သည်။

Equal√Where stories live. Discover now