Ep-13

2.9K 347 135
                                    

"ယွန်းဂီ..ဒီနေ့ကန်တင်းလည်း
မလာဘူးရော်..ကျတော်ကစောင့်
နေသေးတာမစားရသေးဘူးထင်
လို့ပေါင်မုန့်လေးနဲ့နွားနို့ဘူးဝယ်
ခဲ့တယ်‌စားလိုက်နော်"

လက်ထဲထည့်ပေးလာသည့်
ပေါင်မုန့်နဲ့နို့ဘူးကိုကြည့်ပြီး
ယွန်းဂီပြုံးမိလိုက်သည်။

မျက်လုံးလက်လက်လေးနဲ့
တောင်းဆိုမှတော့ဒီလူဘယ်
ခံနိုင်ပါ့မလဲကောင်ငယ်လေးရယ်။

"ကောင်းကောင်းစားလိုက်ပါ့မယ်"

"ညနေကျကျတော်နဲ့အတူပြန်မယ်
မှတ်လားဟင်..?!ကျတော့်အိမ်ကို
လိုက်ပြောပေးဖို့လေ"

"အင်း..ငါလိုက်ပြောပေးပါ့မယ်"

ယွန်းဂီပြောလိုက်မှပြုံးသွားသည့်
အကောင်ပေါက်လေး။

မင်းကရှင်ဆိုရှင်သေဆိုသေ
မင်းသဘောအတိုင်းလုပ်ပေး
မှာမို့မင်းဆီကစွန့်ပစ်ခံရမှာကို
တော့ကြောက်မိတယ်။

ဂျောင်ကုမျက်လုံးထဲမှာလည်း
မင်းကိုသဘောကျနေတယ့်အရိပ်
ယောင်တွေတွေ့နေရတယ်။

ငါသဘောမကျလိုက်တာကောင်ငယ်
လေးရာ။

"ယွန်းဂီ..ဝင်ကြမယ်‌လေ"

"အော.."

ထိုနှစ်ယောက်အားအနောက်က
နေရပ်ကြည့်နေသောဂျောင်ကု။

မင်းနဲ့ငါတော့စကားပြောဖို့လိုပြီ
ထင်တယ်မင်ယွန်းဂီ။

"ဟျောင့်..အထဲဝင်မယ်လေ"

"အော်..အင်းဝင်မယ်"

စိတ်နဲ့လူနဲ့မကပ်သည့်ဂျောင်ကုကို
ကြည့်ရင်းဂျီမင်းလည်းသက်ပျင်း
သာချမိတော့သည်။

မချစ်တာလည်းမဟုတ်ဘဲ
ဟန်ဆောင်နေတာသူ့အချစ်
ကသူများလက်ထဲပါသွားမှ
ပုလင်းကိုင်ပြီးမူးနေအုံးရော့
မည်။

.
.
.

"ဟန်ဂျောင်..ငါ့နေရာသွားမင်းနေရာ
ငါထိုင်မယ်"

ထယ်ယောင်းပြတင်းပေါက်ဘက်လှည့်
နေတုန်းကြားလိုက်ရသည့်အသံကြောင့်
လှည့်ကြည့်မိတော့ဂျွန်ဂျောင်ကု။

ဘေးကတစ်ယောက်နဲ့နေရာလဲပြီး
ထယ်ယောင်းဘေးတွင်ဝင်ထိုင်နေ
သည်။

Equal√Where stories live. Discover now