Ep-6

2.8K 365 42
                                    

မိုးရာသီမဟုတ်တာတောင်
မိုးတွေကရွာနေသည်မို့
အချမ်းဓာတ်ကပိုကဲနေသည်။

မိုးရေများကပြတင်းပေါက်
ကနေတစ်ဆင့်လာစင်လျှင်
ထယ်ယောင်းသဘောကျမိ
သည်။

စာလုပ်နေရင်းမှထကာ
ပြတင်းပေါက်အနားမှာ
ရပ်လိုက်ပြီးရေစက်လေး
တွေကိုလက်ဖြင့်ခံဆော့
ရသည်ကိုထယ်ယောင်း
အရမ်းနှစ်ခြိုက်သည်လေ။

မိုးရေထိလို့ရလာသည့်
မြေသင်းရနံ့ကလည်း
ထယ်ယောင်း၏အကြိုက်
ဆုံးရနံ့လေး။

ထယ်ယောင်းချစ်သူရလာ
ခဲ့ရင်မိုးရေထဲထီးမဆောင်းဘဲ
လျှောက်သွားမည်ဟုလည်း
ကြောင်တောင်တောင်စိတ်ကူး
ယဉ်ဖူးသည်။

မိုးရွာတာကိုခနကြည့်ပြီးမှ
စာအုပ်လေးတွေကိုစီပြီး
အိတ်ထဲထည့်နေတုန်း
တန်းမှာချိတ်ထားသည့်
ယူနီဖောင်းအကျီကိုမြင်တော့
မင်ယွန်းဂီကိုသတိရလာသည်။

မခြောက်သေးလို့ပြန်မပေး
ဖြစ်ဘဲကြန့်ကြာနေသည်မို့
ထယ်ယောင်းအားနာလာရ
သည်။

ထို့ကြောင့် အကျီလေးကို
သွားကိုင်ကြည့်တော့ခြောက်
နေပြီမို့ မီးပူတိုက်ရန်ယူလိုက်
သည်။

အကျီငှားပေးတာနဲ့တင်
ကျေးဇူးတင်ဖို့ကောင်းနေတာကို
ဆေးခန်းအထိပွေ့ချီပြီးပို့ပေးခဲ့
သည်မို့ကျေးဇူးပေါ်ကျေးဇူးဆင့်
နေတော့သည်။

ထို့ကြောင့်မနက်ဖန်ကျောင်း
မှာမုန့်တစ်ခုခုဝယ်ကျွေးရန်
လည်းဆုံးဖြတ်ထားလိုက်သည်။

မီးပူတိုက်ရင်းမှဟိုတစ်နေ့က
ဂျွန်ဂျောင်ကုအကြောင်းတွေး
မိတော့စိတ်တိုကာဒေါသထွက်
လာရသည်။

အက်နေ့ကထယ်ယောင်းလိုချင်
သည့်အကျီလည်းမရခဲ့ပါ။

အက်ကောင်နဲ့စကားဆက်‌မပြော
ချင်လို့အိမ်ကိုသာပြန်လာခဲ့ရတာ။

ဘာတဲ့ထယ်ယောင်းကဘဲ
သူ့စတိုင်မဟုတ်ဘူးတဲ့။

ထယ်ယောင်းလည်းစိတ်ထဲက
ပြန်ပြောလိုက်ပါသည်။

မင်းလည်းငါ့စတိုင်မဟုတ်ဘူးလို့။

ဂျွန်ဂျောင်ကုကိုစိတ်တိုပြီး
မီးပူကိုဖိတိုက်နေမိတာ
တော်သေးတယ်မင်ယွန်းဂီ
အကျီကျွမ်းတော့မလိုဖြစ်
သွားသည်။

Equal√Where stories live. Discover now