ဒီနေ့ထယ်ယောင်းတို့လေ့လာရေး
ခရီးသွားရမည့်နေ့ဖြစ်သည်။ညကတည်းကလိုအပ်တာတွေ
ကိုလွယ်အိတ်ထဲထည့်ထားပြီးပြီ
မို့ရေချိုးပြီးလို့ပြင်ဆင်ပြီးလျှင်
ကျောင်းစုရပ်သို့သွားရုံသာ။ထယ်ယောင်းကခရီးဆောင်အိတ်
နဲ့သွားရတာထက်လွယ်အိတ်နဲ့
ခရီးသွားရတာကိုပိုသဘောကျသည်။ထိုလွယ်အိတ်ထဲမှာပဲလိုအပ်မည့်
ပစ္စည်းများနဲ့ဖုန်းတို့ကိုထည့်လေ့
ရှိသည်။ဒီနေ့ကျောင်းအကျီနဲ့မဟုတ်ဘဲ
အပြင်အကျီနဲ့သွားလို့ရသည်မို့
ဟူဒီအပြာရောင်ကိုskinny
jeanအမဲနှင့်တွဲဝတ်လိုက်သည်။မှန်ထဲကကိုယ့်ပုံရိပ်လေးကိုမြင်
တော့ကြွေဆင်းသွားရသည်။အရောင်ပြောင်းထားသည့်
ဆံပင်ခဲရောင်လေးကိုလက်
နှင့်သပ်လိုက်ပြီးနှုတ်ခမ်း
ခြောက်နေသည်မို့lip bam
လေးကိုနှုတ်ခမ်းထက်ဆိုး
လိုက်သည်။Lip bamဆိုးနေရင်းအတွေးထဲ
ရောက်လာသည်ကဟိုနှစ်ယောက်။ဘဝမှာတစ်ခါမှယောကျာ်းလေး
တစ်ယောက်ဆီကဖွင့်ပြောခံရမည်
ဟုမတွေးဖူးခဲ့ပေ။အခုတော့ဖွင့်ပြောခံရတော့လည်း
တစ်ယောက်တောင်မဟုတ်ဘဲ
နှစ်ယောက်ဆီကဖြစ်နေသည်။ထယ်ယောင်းအနေနဲ့ဘယ်သူ့ကို
ဘာအဖြေပေးရမလဲဆိုတာစဉ်း
စားရသည်ကလည်းညတိုင်းသာ။သို့သော်လည်းညသာနက်သွားပေ
မယ့်အဖြေကမထွက်ခဲ့ပေ။ဒီနေ့ခရီးမှာလည်းဟိုနှစ်ယောက်နဲ့
တွေ့ရမည်မို့မဆိုသလောက်လေး
ရင်ခုန်နေမိသည်။သူတို့ကအဖြေမတောင်းပဲ
ဒီအတိုင်းလေးပဲမို့ထယ်ယောင်း
စိတ်သက်သာရာရပါသည်လေ။မဟုတ်ပါကဘယ်သူ့ကိုရွေးရမလဲ
တကယ်ဗျာများနေတော့မှာ။ယွန်းဂီကိုလည်းမနာကျင်စေချင်
သလို၊ဂျောင်ကုကိုလည်းထိုနည်း
လည်းကောင်းပင်ဖြစ်သည်။တွေးလက်စကိုခနရပ်ကာလွယ်အိတ်
ယူပြီးသာအောက်ဆင်းလာတော့သည်။
YOU ARE READING
Equal√
Fanfictionသုံးပွင့်ဆိုင်ဆိုတာ သုံးနားညီတြိဂံလိုဘဲ .. Jeon Jungkook x Kim Taehyung x Min Yoongi {Taekook x Taegi} //Completed//