အပိုင်း ၂

454 63 8
                                    

|Unicode|

ဂျီမင်း၏ဘဝတွင် မိသားစုဆိုတာလည်း မရှိခဲ့ဖူးသလို သူ့အနားမှာ ယောင်းဂျူကလွှဲ၍ မည်သူတစ်ဦးတစ်ယောက်မျှလည်းမရှိခဲ့ပေ။ ငယ်စဉ်တည်းက သူ ဘယ်လိုကြီးပြင်းလာသည်ဆိုတာကို သူကိုယ်တိုင်ပင်မသိပါ။ ဟုတ်တယ် သူကနွေးထွေးမှုတွေ ကင်းမဲ့နေတဲ့ လူတစ်ယာက်ပဲ။ အမှတ်တရတွေ ပျောက်ဆုံးနေတဲ့ မှတ်တမ်းတစ်ခုနှင့်လည်း တူပြန်တယ်။ အဖြူအမဲ နှစ်မျိုးတည်းဖြင့် တည်‌ေဆာက်ထားသော အရောင်အသွေးမရှိသည့် သူ့ဘဝထဲတွင် ဂျောင်ကုဆိုသည့် အိုအေစစ်ကလေးက သူလက်မလွှတ်ချင်၍ ဆုတ်ကိုင်ထားသော ဆူးနွယ်နှင့်အလားသဏ္ဍာန်တူသည်။ အချိန်မရွေး လွှတ်ထွက်သွားနိုင်သည့် ထိုဆူးပင်လေးကို ဆူးဒဏ်ရာအပြည့်ဖြင့်ပင် သူဆုတ်ကိုင်ထားမြဲ။

သူကမှတ်ဉာဏ်တွေမရှိတဲ့ စက်ရုပ်တစ်ရုပ်လိုပါပဲ။ ဒါပေမယ့် ဂျောင်ကုကိုချစ်တဲ့ နှလုံးသားကကျရှိနေပြန်တယ်။ နှလုံးသားရှိတဲ့ စက်ရုပ်ဆို အရမ်းများထူးဆန်းနေမလား။ ဂျောင်ကုနဲ့မတွေ့ခင်က အချိန်တွေကို သူ ဘာတစ်ခုမှမမှတ်မိဘူး။ ‌ယောင်းဂျူဆီကသိရတာတော့ သူ့မိဘတွေက သူငယ်ငယ်ကတည်းက မရှိကြတော့တာတဲ့။ ကိုကိုတစ်ယောက်ကစောင့်ရှောက်တယ်လို့ ဆိုပေမယ့် ထိုကိုကိုသည် ဘယ်လိုဘယ်ပုံရှိစ သူ လုံးဝမှမမှတ်မိပါ။ ယခု ထိုကိုကိုကရော အဘယ်သို့ရောက်နေသနည်း။ သူ့အနားမှာဂျောင်ကုရှိနေသေးသ၍ မလိုအပ်တာမို့ စုံစမ်းကြည့်ဖို့လည်း သူ မတွေးမိ။

သူကလူတွေနဲ့ ပြောဆိုဆက်ဆံရတာတွေကို ပင်ပန်းတယ်လို့ ခံယူထားသူမို့ အပေါင်းအသင်းလည်းမရှိသလို လူမှုဆက်ဆံရေးလည်း ညံ့ဖျင်းသည်။ လူတွေကပြောလေ့ရှိတာက သူက ပျင်းဖို့ကောင်းတယ်တဲ့။ ဒါပေမယ့် သူ အရေးမလုပ်ပါဘူး ယောင်းဂျူနဲ့ဂျောင်ကု နှစ်ယောက်ကြီးများတောင် သူ့မှာရှိနေသေးတယ်။ သူက ရှုပ်ရှုပ်ရှက်ရှက် ငွေးရေးကြေးရေးစီမံကိန်းတွေ စီးပွါးရေးအတက်အကျတွေကိုလည်း မကျင်လည်ဘူး။ ဒါပေမယ့် အချိန်တန်ရင် သူလိုချင်တာလေးဝယ်ဖို့၊ သူစားချင်တာလေးစားနေရဖို့ ဂျောင်ကုဆီက မုန့်ဖိုးရနေကျမို့ ထို့အတွက်လည်း မပူပင်ဘူး။ သူ့မှာ တခြား အိမ်ခြံမြေ အမွေတွေကလည်း မနည်းမနှောရှိနေသေးတာမို့ သူက ထိုအရာကိုလည်း အလေးအနက်မထားဘူး။

<< After loving you >>Where stories live. Discover now