Unicode
အမှောင်အတိပြီးသော အိပ်ခန်းငယ်အတွင်း သက်ပြင်းချသံများနှင့် ဆေးလိပ်ငွေ့များသည်သာ ရောပြွမ်းနေလျက် ကူကယ်ရာမဲ့လှသည်။ ဂျောင်ကုအတွက် ကံကောင်းခြင်းအဆောင်လေး မရှိတော့၍လားမသိ ဖြေရှင်းနိုင်ရန်လမ်းစမှာလည်း ရှာလို့မတွေ့နိုင်။
သူ သနားခဲ့မိတယ် ပစ်မထားရက်ခဲ့နိုင်။ ။ တုံးအလွန်းတဲ့ ငြီးငွေ့ရာလေးကိုပေါ့။ သူ ထွက်သွားတဲ့အခါ သူ့လိုလူနောက်တစ်ယောက်နဲ့များ တွေ့ခဲ့ရင်ဆိုတဲ့အတွေးတွေဟာ သူလို လူရမ်းကားတစ်ယောက်ကို ပျော့ညံ့စေခဲ့တယ်။ အရာအားလုံးအဆင်သင့်ဖြစ်တဲ့တချိန် ထွက်သွားမဲ့လူဟာ သူဖြစ်ရမယ်ဆိုပေမဲ့ ထားခဲ့ခံရသူသာ သူဖြစ်ခဲ့ရပြီ။ ကြွင်းကျန်ရစ်တဲ့ မာနအစုနဲ့ သောင်းကျန်းမိခဲ့ပေမဲ့ အမှန်တကယ်တော့ သူ သိပ်နာကျင်ခဲ့ရတာပါ။ ။
အရာအားလုံးအဆင်သင့်ဖြစ်တဲ့တနေ့ကိုရောက်လာပြီ။ တုံးအ,မနေတော့တဲ့လူတစ်ယောက်။။
သူ့ဘဝမှာအဖော်မလိုတော့တဲ့လူတစ်ယောက်။ ။
ရဲရင့်ပြတ်သားလာတဲ့လူတစ်ယောက်။ ။
သူ ထည့်သွင်းပေးလိုက်တဲ့သံသယစိတ်တွေနဲ့ လူတစ်ယောက်ကိုပေါ့ သူ ပြန်လိုချင်တယ်။ ဒါပေမဲ့ အဲ့ဒီလူဟာ သူ့ကို မလိုအပ်တော့ဘူးတဲ့လေ။မင်းရဲ့အချစ်တွေခမ်းကုန်သွားမှန်းသိပေမဲ့ ကိုယ့်ကို ဆက်ချစ်နေစေချင်သေးတာ။
ကျွန်တော်ဟာ ကိုယ့်အခွင့်နဲ့ကိုနေခွင့်မရှိသူမို့ သူ့ကိုလည်း ခွင့်တောင်းခွင့်မရှိပြန်တာမို့ ဘေးကျပ်နံကျပ်အခြေအနေနဲ့ပါ။ အချစ်လားဆိုတော့လည်း မဖြေနိုင်ပေမဲ့ သူမရှိရင် ကျွန်တော်ဟာ စိတ်ဝိဉာဉ်မဲ့ခန္ဓာသာသာ။ အဲ့အကြောင်းပြချက်ကလေးကို သူ မြင်လာအောင် ဘယ်လိုလုပ်ရပါ့။
ကျွန်တော့်ရဲ့အမှားတွေဟာ ဘယ်တစ်ခုလဲဆိုတာ တကယ်မသိရရိုးအမှန်ပါ။ စောင့်ရှောက်ပေးရမယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ကျွန်တော်ကိုယ်တိုင် လိုလိုချင်ချင် သက်မဲ့ကမ္ဘာလေးအနားမှာနေခဲ့တာ။ ဘာမှမသိတော့တဲ့ သူ့အဖြစ်မှာလည်း ကျွန်တော်ဆိုတဲ့ ပြစ်ချက်လေးက ပါခဲ့သေးတာမို့ အနားမှာရှိပေးရမှာ။ ကျွန်တော်ဟာ လိင်ကိစ္စတွေမှာ သားရဲတစ်ကောင်လိုအမဲဖြတ်တတ်ပေမဲ့ ဖြူစင်အေးချမ်းလွန်းတဲ့သူ့ကို မထိတွေ့ရက်ခဲ့ဘူး။ ။ ပါတနာတွေပေါများပေမဲ့ ချစ်ခြင်းကိုမထိတွေ့၊မခံစားဖူးသေးတဲ့ ကျွန်တော့်နှလုံးသားကလည်း လူတစ်ယောက်တည်းအတွက်ပဲ ကျရှူံးမှာတော့ ပျော့ညံ့လွန်းတဲ့နှလုံးသားကပြောပြဖူးပါရဲ့။ ။ ကျွန်တော်ဟာ ရှောင်ပြေးရင်းရှောင်ပြေးရင်းနဲ့ပဲ နီးကပ်ချင်မိပြန်တယ်။ နောက်ဆုံးတော့ ကျွန်တော်ဟာ အရူးကောင်ဆိုတဲ့ ပုတ်ခတ်မှုနဲ့ ညီမျှစွာ သူ့နဲ့ပတ်သတ်သမျှ အရူးတစ်ယောက်သာ။
YOU ARE READING
<< After loving you >>
Fanfiction"မင်းကိုချစ်ခဲ့ပြီးတဲ့နောက် မုန်းတီးခြင်းတွေနဲ့အတူ ကိုယ်ဟာနစ်မြှုပ်သွားရင်းပဲ ချစ်နေခဲ့ပြန်တယ်"