အပိုင်း ၂၅

157 18 2
                                    

          |   unicode|

“ဂျီမင်လား”

မနက်သုံးနာရီခန့်၌ တချွမ်ချွမ်မြည်လာတဲ့ အိမ်ဖုန်းကို အပြေးအလွှားကိုင်လိုက်တော့ တိုးညှင်းလွန်းတဲ့ ခေါ်သံလေးက ဖုန်းခွက်လေးမှ နားစည်ကို ရိုက်ခတ်၍လာပါသည်။

“ဟုတ်ကဲ့ ”

သူ့ရဲ့လှုပ်ရှားမှုတွေက ငြင်သာလွန်းနေပေမဲ့ မီးငယ်လေးက နိုးလာပြီး သူ့အနားကို တရွေ့ရွေ့ကပ်လို့ ရင်ခွင်အတွင်းတိုးဝင်လို့လာသည်။ မည်းမှောင်နေတဲ့ ပတ်ဝန်းကျင်မှာ မီးငယ်လေးရဲ့ မျက်ဝန်းလက်လက်ကလေးတွေနဲ့ ဖုန်းဒိုင်ခွက်ကလေးမှ အလင်းရောင်စိမ်းနုနုတို့ကသာ တောက်ပနေခဲ့ပါသည်။

“ကိုယ့်နှလုံးတွေကကိုက်လိုက်တာကွာ”

ဂျောင်ကုက ကလေးလေးတစ်ယောက်လို တိုင်ပြောနေခဲ့ပေမဲ့ သူ လုပ်နိုင်တာက ဘယ်ဆိုဘာမှရှိမနေခဲ့ပါ။ သူ  အများကြီးမသိပေမဲ့ ဒါဟာ ဆေးဖြတ်ခြင်းကဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေမှန်း ပညာပေးစာအုပ်တစ်ခုမှာ သူ ဖတ်ဖူးပါသည်။ ကျကျန်ခဲ့တဲ့ ဆေးလိပ်အကြွင်းအကျန်တို့ကို ဆေးရုံမှာ ပြကြည့်ရာကနေ ဆေးတွေသုံးနေဆဲမှန်း သူ သိခဲ့ရတာဖြစ်သည်။

ဖုန်းခေါ်ဆိုမှုက တိုတောင်းတဲ့ စကားစလေးတွေနဲ့တင် ပြီးပြတ်သွားခဲ့ပါသည်။ မူးယစ်ဆေးတွေရဲ့တရားခံဟာ သူများဖြစ်နေမလားလို့ တွေးမိတဲ့အခါ ထိုစိတ်ကပဲ သူ့ကို ရူးသွပ်စေပြန်ပါသည်။ တကြိမ်တခါမှ မမေးကြည့်ခဲ့ပေမဲ့ စိတ်ထွက်ပေါက်ရှာတတ်တဲ့ ဂျောင်ကုကြောင့် သူ ကြောက်ရွံ့နေခဲ့မိတာသာဖြစ်သည်။

ပြိုပျက်သွားတဲ့ဆက်ဆံရေးတွေကို ပြန်တည်ဆောက်ဖို့က ကွဲကျသွားတဲ့ ဖန်ခွက်တစ်လုံးကို ပြန်ဆက်တာနဲ့အတူတူပါပဲ။ လှပ‌လာမှာလည်းမဟုတ်သလို စူးရှနိုင်သည့် အန္တရာယ်လည်းရှိသေးကြောင်းကို အကြင်သူအား သိမြင်စေချင်လှပါသည် ။

နေရောင်ခြည် နွေးနွေးက အိမ်ထဲကို တိုးတိုက်ဝင်ရောက်လာမှ ပြန်မအိပ်ဖြစ်တော့ဘဲ မိုးလင်းသွားတာကို သူ သိလိုက်ရပြန်သည်။  တိတ်ဆိတ်ခြောက်ကပ်နေတဲ့ အိမ်ကျဉ်းကျဉ်းလေးထဲ မီးငယ်လေးရဲ့အစာတောင်းသံလေးတွေသာ ပျံ့လွှင့်လို့နေသည်။

<< After loving you >>Where stories live. Discover now