အပိုင်း ၆

298 61 7
                                    

|Unicode|

အပေါ်ထပ်ဆီတက်လာပြီး ဆူပူမယ့်လူကို ဂျီမင်မျှော်နေခဲ့မိပေမယ့် ဘေ့ရဲ့စကားပြောနေသံတွေကို ကြာနေရရင်းပင် သူ အိပ်ငိုက်လာပြန်ပြီ။ အိပ်စက်ခြင်းက စိတ်ခံစားချက်နဲ့လည်းသက်ဆိုင်တာမို့ အခုတလော သူ မကြာခဏ အိပ်ငိုက်လာတတ်တာက ဘာကြောင့်များလဲ? သူ ပျော်နေတာလား၊ ဝမ်းနည်းကြေကွဲနေလို့လား။ သေချာတာကတော့ အကုန်လုံက ဘေ့နဲ့ပတ်သက်နေမှာပဲ။

မနက်သုံးနာရီ...
မနေ့ကတစ်နေ့လုံးအိပ်စက်ထားပြီး အိမ်ကိုပြန်ရောက်တော့လည်း အိပ်ငိုက်သွားပြန်သည်မို့ ဒီအချိန်မှာတော့ သူ နိုးထလာတာမထူးဆန်း။ အောက်ထပ်ဆီက စကားပြောသံကိုကြားနေရသေးသည်မို့ ဂျီမင်းရဲ့မျက်ဝန်းအိမ်တွေက လပြည့်ဝန်းလေးသဖွယ် ဝိုင်းစက်သွားရသည်။ ဘာမှမဟုတ်သလိုမျက်နှာဘေးနှင့် ငူငူငိုင်ငိုင်ထိုင်နေသေးသည်က တဟီးဟီးရယ်သံတွေထပ်ကြားမှ လှုပ်မိတော့သည်အထိပင်။

တလျပ်လျပ်မြည်ကာ လေထဲ၌တဝေ့လည်လည်ဖြစ်နေသော ခန်ဆီးလိုက်ကာရှည်ကို စီးကြိုးဖြင့် သေချာ ချည်နှောင်လိုက်ပြီး ခြံဝန်းထဲဆီ ကြည့်မိလိုက်တော့ သူချစ်ရပါသော ဘေ့ရဲ့ပါးကို နမ်းပြီး ကားပေါ်မောင်းထွက်သွားတဲ့ အမျိုးသမီးကို မြင်လိုက်ရသည်။ ထိုကား,ခြံဝန်းထဲမှထွက်သွားပြီး အလိုအလျောက်စနစ်ခြံတံခါး ရွေ့လျားပိတ်ပြီးသွားမှ ဘေ့က အိမ်ဘက်ကိုပြန်လှည့်ကြည့်တော့သည်။ ပြီးနောက် အပေါ်ထပ်ဆီမော့ကြည့်လာတဲ့ဘေ့ရဲ့ မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံတော့တာပဲ။ ချက်ချင်းလက်ငင်းပင် သုတ်ခြေတင်ပြီး အိမ်ထဲဝင်သွားတဲ့ဘေ့က ‌သူ့ကိုတော့ မြင်သွားပြီဆိုတဲ့ ကြောက်စိတ်နဲ့ ကျောက်ရုပ်တစ်ရုပ်လိုရပ်နေရ‌ေအာင်လုပ်သည်။ ပြီးမှ သတိရလိုက်သည်က မှန်ပြတင်းက အရောင်ပြန်ဆိုတာပဲ.. အဲ့တော့မှ ထွက်သက်လေကို လေးလေးပင်ပင်ထုတ်မိတော့သည်။

မှန်ပြတင်းချပ်ကို တွန်းဖွင့်လိုက်တော့ လေပွေလေကြမ်းတစ်စုက ဂျီမင်းရဲ့မျက်နှာကို ခပ်ကြမ်းကြမ်းဝင်တိုးလာသည်ကြောင့် မျက်ဝန်းအစုံကို တင်းတင်းကြပ်ကြပ်မှိတ်ချလိုက်ရသည်။ ကောင်းကင်ယံကို မော့ကြည့်လိုက်တော့ မဲမဲနှင့်ရွေ့လျားနေသော တိမ်တိုက်ကြီးများကိုသာ မြင်ရတယ်။ လေပွေတို့ကလည်း တရစပ်ဝင်နေသည်မို့ မစီးနှောင်ရသေးသော တစ်ဖက်က ခန်းဆီးလိုက်ကာရှည်က လေထဲမှာ တဝီးဝီးနှင့်လည်နေသည်။

<< After loving you >>Hikayelerin yaşadığı yer. Şimdi keşfedin