အပိုင်း ၁၂

370 52 10
                                    

|Unicode|

ပန်းဥယျာဉ်သဖွယ် အပြင်အဆင်များက မဂ်လာပွဲအတွက် အချိန်အများကြီးယူကာ အသေးစိတ်ကျကျစီစဉ်ထားမှန်း မြင်တွေ့နိုင်သည်။ အသိမိတ်ဆွေတချို့ကိုသာ ဖိတ်ကြားထားသော ဒီမင်္ဂလာခန်းမဆောင်လေးတွင်း တီးတိုးစကားသံအချို့သာရှိပြီး အထက်တန်းကျသည့် ခံစားချက်တွေက အပြည့်လွှမ်းခြုံလျက်။

သိပ်မကြာခင်အချိန်လေးမှာ ဂျွန်ဂျောင်ကုကို တွန်းချပြီး နန်းတက်လာတဲ့ အိမ့်ရှင်လေးပေါ်လာသည်နှင့် လူကြီးလူကောင်းဆိုသူတို့ကြား တီးတိုးစကားတို့က ပို၍ ညံစီစီလေးဖြစ်လာသည်။ လူတချို့ထံမှ စိမ်းဖန့်ဖန့်အကြည့်တွေက သူ့အပေါ် လာရောက်လွှမ်းခြုံတဲ့အခါ ဘောင်းဘီအိတ်ကပ်အတွင်း ထည့်ထားသော ဂျီမင်ရဲ့လက်သီးဆုပ်ကလေးဟာ ခပ်တင်းတင်းဖြစ်သွားတော့သည်။

လူမှု့ပတ်ဝန်းကျင်ထဲ တိုးဝင်ကြည့်ဖို့ကြိုးစားမိပေမယ့် သူဟာ ဂျောင်ကုပြောသလို ငတုံးငအလေးဖြစ်နေဆဲ၊ လူတွေကိုကြောက်တတ်တဲ့ ကောင်ကလေး ဖြစ်နေဆဲပါပဲ။ အခုချိန်သာ ဂျောင်ကုက သူ့ဘေးမှာရှိနေခဲ့ရင် နာကျင်မှုတွေခံစားရလည်း ကြောက်စိတ်တွေကိုတော့ တွန်းလှန်နိုင်လိမ့်မယ်ထင်တယ်။

"ဘော့စ် ကျွန်တော်တို့ ဟိုမှာထိုင်ရမှာပါ။
ဒီပွဲမှာ ဂျွန်လည်းတက်မှာ"

"အဲ့တော့?"

ဂျီမင်းဟာ တကယ်ကို စီးပွါးရေးခြေလှမ်းတွေကို မှီအောင်မလိုက်နိုင်သေး။ အချိန်ကြာကြီး အိမ်တွင်းအောင်းခဲ့သူအဖို့ အတွေးအခေါ်ပိုင်းမှာလည်း အမှီလိုက်နိုင်ဖို့ သူ အများကြီးကြိုးစားနေရဆဲဖြစ်သည်။ အူကြောင်ကြောင် မျက်ဆံလုံးဝန်းဝန်းလေးတွေနဲ့ လှည့်ကြည့်လိုက်တော့ အတွင်းရေးမှူးဖြစ်သူက အ,ရံကောဆိုသည့် သဘောနှင့် မျက်လုံးကို အပေါ်ဘက်ဆီ ဖျတ်ခနဲ လှန်ကြည့်လိုက်သည်။

အလျဉ်းသင့်စွာ စားပွဲဝိုင်းလေးဆီရောက်တော့ သူနှင့်အတူ ထိုနီဆွေးဆွေးဆံနွယ်ပိုင်ရှင်ကလည်း ဝင်ထိုင်သည်။ ပြီးနောက် သူ့ဘက်ဆီ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းချပြီး သူ နားလည်စေရန် ရှင်းပြလာသည်။

<< After loving you >>Onde histórias criam vida. Descubra agora