အပိုင်း ၂၂

140 20 2
                                    

Unicode

မှောင်မိုက်သော အခန်းငယ်အတွင်း မွန်းကြပ်တဲ့အနံ့အသက်တွေနှင့် ပြိုကျပျက်စီးနေသည့်ပစ္စည်းတွေက မြင်ရက်ဖွယ်ရာပင်မရှိ။ လူတချို့ရဲ့ ဆိုးဝါးတတ်သောဉာဉ်ကလေးတွေက ဖောက်ဖျက်ဖို့တော့ ခက်လှသည်သာ။

အော်ဟစ်လိုက် ပစ္စည်းတွေကို‌ပစ်ပေါက်လိုက်ဖြင့် စိတ်ဖြေနေသော်လည်း ဂျောင်ကုစိတ်တွေထဲက မလုံခြုံမှုတွေသည် လျော့ကျမသွားပါပဲ ကြောက်စိတ်ကိုပင် ဖြစ်ပေါ်လာစေသည်။

ကဖေးဆိုင်မှာ ဂျီမင်ကိုတွေ့ရာက ဂျောင်ကု၏စိတ်မလုံခြုံမှုတွေက အစပျိုးနေခဲ့တာဖြစ်သည်။ ဂျောင်ကုလိုတောရိုင်းကောင်လေးတွေက ကိုယ်တိုင်ကလည်း ချစ်ခင်ကြင်နာဖို့မကောင်းသလို သူတို့အစား တပါးသူကိုရွေးခြယ်သွားမှာကိုလည်း မနာလိုပေါက်ကွဲတတ်ကြသေးသည်။

သူနဲ့သာဆို အစဉ်အမြဲ ဝမ်းနည်းကြေကွဲနေရသော မျက်နှာကလေး၊ ရန်တွေ့ပူလောင်နေရသောမျက်နှာကလေးအား တပါးသူနှင့် ရယ်ရယ်မောမော တွေ့လိုက်ရတော့ ဂျောင်ကု၏ဉာဉ့်ဆိုးလေးတွေက လက်မခံနိုင်။ နောက်တစ်ကြိမ်ဆိုတာများ လောကကြီးမှာရှိသေးသလားမသိ။

ပြိုကျပျက်စီးနေသော ပစ္စည်းပစ္စယတွေကြား ဖြာကျနေ‌သည့် လအလင်းရောင်ကိုသာ အားကိုးပြီး အိပ်ယာနံဘေးက ဗီရိုလေးဆီလျောက်သွားလိုက်သည်။ တခါတရံမှာ ဖွာစရာလေးတွေက sexလိုမျိုး နာကျင်စရာတွေဖြစ်မလာနိုင်သည့် စိတ်ထွက်ပေါက်တွေဖြစ်သည်။ အပျော့စားဆေးပါဝင်သော ဆေးလိပ်တစ်ခုကပင် အခိုးအငွေ့တွေနဲ့အတူ မလုံခြုံမှုတွေကိုလွင့်ပြယ်သွားစေသည်။

အချိန်ပြည့် လောင်းကစား၊လိင်ကိစ္စ၊ ဆေးတွေသည် ဂျီမင်ကို နာကျင်စေဖို့ရာမဟုတ်ဘဲ အခုလိုပဲ သူ့စိတ်ထွက်ပေါက်တွေကို ရှာနေမိခဲ့တာဖြစ်သည်။ ယောက်ျားပိုင်းလုံး၊ အကြံသမား စသည့် ငွေ ငွေကြောင့်ပါပဲ အမြဲတမ်း သူ့ဘဝကိုချိုးနှိမ်နေကျဖြစ်တဲ့ ငွေက ဘာတွေများကောင်းနေလို့ပါလဲ။

ဆေးသမားတစ်ယောက်ရဲ့ဘဝက အရူးတွေထက်ပင်ပိုရူးသွပ်ပြီး အဲ့ရူးသွပ်ရတဲ့အကြောင်းတစ်ခုတည်းကြောင့်ပင် သူတို့အသက်ရှင်ချင်နေကြတာဖြစ်သည်။ ဒီဆွဲလမ်းမှုမှာ ပကတိရိုးစင်းပြီး နောင်တတို့ပြည့်နှက်နေတာမို့ မာန်တင်းပြီးမော်ကြွားမနေနိုင်သူမှာ အချစ်၏အရှုံးသမားတဖြစ် အပြစ်ရှိသူမို့သာ။

<< After loving you >>Where stories live. Discover now