အပိုင်း ၁၉

168 20 3
                                    

Unicode

"ဟယ်လို ဂျောင်ကု မင်း ဒီကိုအမြန်ပြန်လာမှဖြစ်မယ်"

ယောင်းဂျူ၏ခပ်လောလောအသံက တဖက်ကဂျောင်ကုကိုပင် ဒိတ်ကနဲရှိသွားစေသည်။ အမြဲသတ်ပုတ်နေတတ်ကြပေမဲ့ ယောင်းဂျူက ဂျီမင်းနဲ့ပတ်သက်တာကလွှဲရင် တည်ငြိမ်သူမို့ အကြောင်းရာကို ရိပ်စားမိသွားတာလဲပါသည်။

"ဂျီမင်း ဆေးရုံတင်ထားရတယ်-

ဒါပါပဲ။ နောက်ထပ်စကားတွေကို သူ မကြားလိုတော့သလို သူ၏အကြားအာရုံဆီကိုလဲ ဝင်မလာခဲ့ပါ။ အပြေးအလွှားထွက်လာခဲ့မိတဲ့အခါ သူဆီမှာ လိုင်းကားစီးဖို့ ပိုက်ဆံအကြွေလေးတောင် ပါမလာခဲ့တာမို့ ပြေးလွှား၍သာလာခဲ့ရသည်။ ထုတ်မပြောဖြစ်ပေမဲ့ နာမကျန်းဖြစ်မှာကိုလည်း စိုးရိမ်သလို အထီးကျန်နေရှာမှာကိုလည်း တွေးကြောက်ခဲ့ပါသည်။ သူကြောင့် ပူလောင်မှာကို ကြောက်မိသလို မေ့ပစ်လိုက်မှာကိုလည်း မတွေးရဲခဲ့ပါ။

မိုးအကုန်နွေအကူးရာသီဥတုမှာ တဖွဲဖွဲကျဆင်းလာတဲ့ မိုးဖွားတွေက ဂျောင်ကု၏မျက်ရည်တွေကို တပါးသူတွေမမြင်နိုင်အောင် ကွယ်ဝှက်ပေးသည့်အလား။

"မင်းလာတာကောင်းတယ်
ဒီအခါလည်း မင်းရဲ့အတွေးတွေနဲ့မင်း မလာလောက်ဘူးလို့ ထင်ခဲ့ပေမဲ့ ဒီတခါပေါ်မလာခဲ့ရင်တော့ ဂျီမင်းအနားကို မင်းကိုလာခွင့်မပြုတော့ဘူး။
ပြီးရင် မင်းကိုသတ်မိမလားတောင်မသိဘူး အရူးကောင်"

ဂျီမင်း၏ကျန်းမာရေးအတွက် ပြသလေ့ရှိသော ဆေးရုံဝန်းအတွင်းသို့ သူရောက်သွားသည်နှင့် ယောင်းဂျူက သူ့ကိုစီးဆူတော့သည်။ တရှုံ့ရှုံ့ငိုနေသောယောင်းဂျူ၏ကျောပြင်ကို ဆူဂျင်းက ပွတ်သပ်ပေးနေပြီး ဂျောင်ကုကို ရန်လိုသောအကြည့်တွေဖြင့် နှစ်ယောက်လုံးကြည့်နေကြသည်။ မူးယစ်ဆေးဖြတ်ထားသည့်လူတစ်ယောက်ဖြစ်သလို ကားမှတ်တိုင်သုံးခုစာလောက်‌ ပြေးခဲ့ရသည်မို့ မောပမ်းတုန်ရီနေသော သူ့ကို ဘာမှပြောမလာကြသည်မို့ ပို၍ပင် ပူလောင်မောပမ်းလာရသည်။

"ငါ တကယ်ကိုတောင်းပန်ပါတယ်
ငါ့ပါးစပ်ကလေ အကျင့်သိပ်မကောင်းဘူး ဂျီမင်ကလွှဲရင်ဘယ်သူ့ကိုမှမတောင်းပန်ချင်ပေမဲ့ ငါတကယ် စိတ်ရင်းနဲ့တောင်းပန်တာပါ။
ဂျီမင် သူ သူဘာဖြစ်တာလဲဟင်"

<< After loving you >>Where stories live. Discover now