အပိုင်း ၂၃

153 20 11
                                    

Unicode


လေထုထည်၏ညစ်ညမ်းမှုသော်လည်းကောင်း၊ လေတိုက်ခြင်း၏ပြပုဒ်တစ်ခုအဖြစ်လည်းကောင်း ညနေဆည်းဆာတွင် ကောင်းကင်ပြင်သည် အရောင်အသွေးအမျိုးမျိုးဖြစ်ပေါ်နေတတ်သည်။

ယနေ့ဆည်းဆာတွင်တော့ ပုဇွန်ဆီရောင် တိမ်တန်းရှည်တွေကြား ခရမ်းရောင် တိမ်အစုစုကနေရာယူလျက်ရှိသည်။ အမိုးပြင်ရဲ့နံဘေးတွေမှာ အဂ်ဒေအတားအဆီး နှစ်တန်းလောက်ရှိပေမဲ့ လူတကိုယ်ရဲ့ဒူးကျော်ကျော်လောက်သာ ရှိသည်မို့ အကာအကွယ်ပြည့်ဝလှသည်မဟုတ်တာမို့ ဂျီမင်က ထိုအနားထိကပ်နေလေ့မရှိ။

အခုခါမှာတော့ ဂျောင်ကုက ထိုအတန်းပေါ်ကိုထိုင်နေပြီး လမ်းမကြီးဘက်ကို ကျောပေးထားကာ သူ့ကို ကြည့်နေလေသည်။ ဂျီမင်းမှာသာ ထိတ်လန့်နေပေမဲ့ အနှီပိန်သွယ်သွယ် ဂျောင်ကုက လေတိုးလို့ သူပြုတ်ကျသွားမှာကို မှု့နေမည့်ပုံမရှိ။

လက်ထဲက ကြက်တောင်လုံးလေးကို ပစ်လိုက်သည်နှင့် မီးငယ်လေးက ပြေးကောက်လိုက် သူ့ဆီပြန်လာလိုက်ရှိသည်ကို လှပသောမိုးသားကောင်းကင်အောက်၌ ဂျောင်ကုက  ကြည့်နေခဲ့သည်မှာ ပကတိ အရောင်အစင်းကင်းမဲ့လျက်။

အစောပိုင်းနာရီအနည်းငယ်က အမိုးပြင်ပေါ်၌ အဝတ်လှန်းနေရင်း လမ်းမပေါ်မှာ ငုတ်တုတ်ထိုင်နေသော ဂျောင်ကုကို သူ လှမ်းမြင်လိုက်တာဖြစ်သည်။ ဂျောင်ကုရဲ့ ပွေ့ပိုက်ထားမှုတွေကြားမှာ ကြောင်လေးတစ်ကောင်ရှိနေခဲ့ပြီး ဂျောင်ကု့ရဲ့မေးဖျားကို လှမ်း၍လှမ်း၍ နမ်းနေသည်အား မှေးမှိန်စွာမြင်နေရသလို ခပ်ကျုံ့ကျုံ့ ကိုယ်နေဟန်ထားကလည်း လမ်းမကြီးအလယ် မှေးမှိန်စွာ ရှိနေခဲ့ပါသည်။

ဆန်တက်တိုက်ခိုက်လာသော လေပွေတစ်စုကြား ဂျောင်ကုရဲ့ဆံပင်ကောက်ကောက်တွေ ‌ရှုပ်ယှက်ခက်သွားမှုနှင့်အတူ ရှုပ်ထွေးလွန်းလှသော မျက်ဝန်းတစ်စုံက လေပွေကြောင့်လွင့်လူးနေသည့် အဝတ်တွေကြား ရပ်တန့်နေသူထံ ‌ကျရောက်လာခဲ့ပြန်သည်။

ထိုမျက်ဝန်းတွေနှင့် တွေ့ဆုံရခိုက် သူကိုယ်တိုင်နာကျင်ရသလို တပါးသူ၏ နှလုံးသားထံမှ ငိုကြွေးသံကို ကြားလိုက်ရပါသည်။ တွေ့ဆုံခြင်းတွေမှာ အကြောင်းမလှခဲ့ကြတဲ့အခါ ခွဲခွာခြင်းတွေမှာလည်း အကျည်းတန်ရုံသာရှိပေတော့မည်။

<< After loving you >>Where stories live. Discover now