အပိုင်း ၁၃

326 48 5
                                    

|Unicode|

‌အမှောင်အတိပြီး‌သောရေထုထည်ထဲမှာ သူ့ရဲ့ခန္ဓာကိုယ်ဟာ
ရေတွန်းအားတချို့နဲ့ ရွေ့လျားနေတယ်လို့ ‌ခံစားရတယ်။ ဆွဲမိဆွဲရာဆွဲကိုင်ကြည့်မိတော့ ရေထုထည်ပဲရှိပြီး အဝတ်စတစ်ခုရဲ့အဖျားသားက လက်ချောင်းတွေကြား ညှပ်နေခဲ့လေရဲ့။ တချိန်တည်းမှာပဲ ရေမျက်နှာပြင်ဟာ ကြည်လင်လာပြီး အလင်းရောင်စူးစူးနဲ့အတူ သူ့မျက်စိရှေ့ရောက်လာတာဟာ နက်ကတိုင်တစ်ခု။

နှလုံးသားဆီမှကုပ်တွယ်နေသော အမြစ်တွယ်မှုတချို့က တင်းကြပ်လာတော့ နာကျင်လိုက်တာ။ ဖြစ်ကတတ်ဆန်း ရေအောက်ထဲမှာ ‌ကိုယ်ကိုကွေးချပြီး ရင်ဘတ်ကို စုပ်ကိုင်လိုက်မိတော့ သူ့လက်ဖျားထဲ စုပ်ကိုင်မိထားတဲ့ နက်ကတိုင်စလေးဟာ လွှတ်ထွက်သွားပြီး ပို၍နိမ့်တဲ့ရေအောက်ကြမ်းပြင်ဆီ နစ်မြှုပ်သွားတော့တယ်။ ထိုအချိန်မှာပဲ မျက်စိရှေ့ကရေပြင်ဟာ တွန်းထိုးလှုပ်ရှားမှုများရှိလာပြီး လူတစ်ယောက်ပေါ်လာကာ သူ့ကို ပြုံးပြနေခဲ့တယ်။ ထိုအပြုံးတွေဟာ နာကျင်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ တဖက်စွန်းရောက် အပြုံးတွေ။ “ကိုကို..”

“ကိုကို‌ရယ် မေ့ထားခဲ့လို့တောင်းပန်ပါတယ်”

မဂ်လာပွဲမှပြန်လာပြီးတည်းက အတွေးလွန်ကာ စိတ်၏ဖိစီးမှုဒဏ်ကို အပြည့်အဝခံပြီးတဲ့နောက် ဂျီမင် အိပ်ပျော်သွားလိုက်တာ အပြာရောင်အလင်းမိုက်မိုက်တချို့နဲ့ မှောင်ရီပျို့ဖျ အချိန်က စီးလို့ကြိုနေသည်။ ဒီလိုအိပ်မက်တွေဟာ ဒီရက်ပိုင်းတွေမှာ အကြိမ်ရေစိပ်လာပြီး အိမ်တော်ကြီးထဲမှာ စကားသံတချို့ကိုလည်း သူ ကြားနေရသည်။ ဒါတွေဟာ အတိတ်တချိန်က ဖြစ်ပျက်ခဲ့တဲ့အမှတ်တရတွေပဲလား? ကိုကိုပဲသူ့ကိုခြောက်လှန့်နေသလား သူ မသိပေမဲ့ ကိုကို့ကိုမေ့ထားရက်တာတော့ သူ့ရဲ့အပြစ်တစ်ခုမို့ ထိုစိတ်က ပို၍များနေသည်။

အမိုးထိမှန်တံခါးချပ်ရှည်မှ မြင်နေရသည်က အေးချမ်းသော အပြာရောင်အလင်းမိုက်မိုက် လွှမ်းခြုံထားသော ဆိတ်ငြိမ်သည့် ရပ်ဝန်းလေးဖြစ်သည်။ သစ်ပင်ရိပ်မဲတချို့ကလည်း ခပ်သေးသေး လှုပ်ခတ်မှု့တချို့နှင့် ညဦးလေပြေတို့ရှိကြောင်း ပြောပြနေလျက်။ တိမ်စိုင်တိမ်သားတို့ကင်းမဲ့နေသည်က ဂျီမင်အတွက် ဒီညတော့ မိုးရွာပေးတော့မဲ့ပုံမပေါ်။ သို့ပေမဲ့ ဒီပုံရိပ်လေးကပဲ သူ သဘောကျတဲ့ အရိပ်ပြဇာတ်ငယ်လို အကြည့်မလွှဲပဲ ငုတ်တုတ်ထိုင်ကြည့်နေမိသည်အထိ။

<< After loving you >>Where stories live. Discover now