Unicode
"ဟန်နီ! ဒါကဘာသဘောလဲ?"
ရုံးခန်းတံခါးကို ဝုန်းဒိုင်းကျဲဖွင့်ကာ ဝင်ရောက်လာသော တချိန်ကဘေဘီဟု နုနုရွရွ ချစ်မြတ်နိုးရသည့် ဂျောင်ကုသည် သူ့အား သားရဲတစ်ကောင်လို စူးရဲတဲ့အကြည့်တွေဖြင့် ဆိုလာသည်။
ဒါတွေဟာ ဂျောင်ကုကို မာကတ်တင်းဌာနဆီ နှင်ထုတ်လိုက်ဖို့ ကြံရွယ်တာကနေဖြစ်လာတာ။ တကယ်တော့ ဂျောင်ကုမရှိဘဲ ကုမ္ပဏီကို ဦးစီးဖို့ဆိုတာ ဂျီမင်အတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေဆဲမို့ စိုးရိမ်စိတ်ဝင်သွားစေရန်ပဲ ရည်ရွယ်ပြီး သတင်းလွှင့်ခဲ့တာဖြစ်သည်။ အခုတော့ ဂျောင်ကုဟာ ဒုဥက္ကဋ္ဌဆိုတဲ့ ရာထူးကို လျော့ချခံထားရပြီး အမြဲတမ်းနှိမ့်ချခံခဲ့ရတဲ့ သူ့ရဲ့လက်အောက်ကို တစ်မနက်အတွင်းရောက်ရှိသွားပြီ။
ဟန်နီ ဆိုပဲ? ရှူးရှူးရှားရှားဖြစ်နေတဲ့ ဂျောင်ကုရဲ့ပုံစံကိုကြည့်ကာ ဂျီမင်ရဲ့ နတ်ဆိုးဆန်ဆန် အပြုံးရေးရေးက လစ်ခနဲပေါ်ထွက်သွားသေးသည်။ ဂျောင်ကုဟာ ဂျီမင်ရဲ့အလုပ်စားပွဲရှေ့မှာ ရပ်နေရာကနေ အနားတိုးလာပြီး စုံလည်ခုံကို လှည့်လိုက်ကာ လက်ကိုင်တွေပေါ်ကို လက်ထောက်ထားလျက် ခန္ဓာကိုယ်တစ်ခုလုံးဖြင့် အမိုးသဖွယ် ဂျီမင်အား အုပ်မိုးထားလေသည်။
"ဟန်နီ သတိရစေဖို့ပြောပြရရင် ကိုယ်ကဂျောင်ကုပါ။
ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်စွမ်းတွေကိုယ့်မှာအပြည့်ရှိတယ်။
ပြီးတော့.......
မင်း ကိုယ်ကို မလွှမ်းမိုးနိုင်ပါဘူး..မင်း- ကိုယ့်ကိုချစ်နေဆဲမို့လေ""အရူးကောင်!"
တံခါးနားကိုရောက်သွားပြီဖြစ်တဲ့ဂျောင်ကုက သူ့ရဲ့စကားကို ပြီးလွယ်ပျက်လွယ် လက်မြှောက်ပြပြီး ထွက်သွားပြီဖြစ်သည်။
ဂျောင်ကုဟာလေ သူ့ကိုယ်သူအထင်ကြီးနေဆဲပဲ။ သူက ဂျောင်ကုကို တန်းတန်းဆွဲဖြစ်ရတဲ့အထိ ချစ်နေဆဲလို့ ထင်နေသေးတယ်။
အမုန်းကို အချစ်အဖြစ်ပြောင်းလဲဖို့က ဒုတ်ဆိုတဲ့ နှလုံးခုန်သံတစ်ချက်ကလည်း ဖြစ်လာနိုင်ပေမယ့် အချစ်မှအမုန်းကို ကူးပြောင်းဖို့၊ သူစိမ်းတစ်ယောက်ကြောင့် ဖြစ်ပေါ်နေတဲ့ နှလုံးခုန်သံတွေကို မခုန်စေဖို့ တားမြစ်ရန်က ထင်သလောက်လည်း လွယ်မနေပါဘူး။ ဂျောင်ကုအပေါ်ချစ်နေဆဲအခြေအနေမှာတော့ ရှိနေသေးပေမယ့် သူဟာ အရင်လို တုံးအတဲ့လူတစ်ယောက်အဖြစ်ကိုတော့ ဘယ်တော့မှ ပြန်သွားမှာမဟုတ်ဘူး။
YOU ARE READING
<< After loving you >>
Fanfiction"မင်းကိုချစ်ခဲ့ပြီးတဲ့နောက် မုန်းတီးခြင်းတွေနဲ့အတူ ကိုယ်ဟာနစ်မြှုပ်သွားရင်းပဲ ချစ်နေခဲ့ပြန်တယ်"