|Unicode|ခွေးတစ်ကောင်၊ ကြောင်တမြှီးပင်မရှိသော ထိုအိမ်ပတ်ဝန်းကျင်သည် သွေးလေခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။ ခြုံနွယ်ပိတ်ပေါင်းတွေဖြင့် ထူထပ်နေသော ထိုခြံဝန်းကျယ်သည် ပစ်ထားခံရသည့်နှစ်တွေအတွင်း၌ ပို၍သန်မာလာသယောင်။ နွယ်ပင်တွေတိုးတက်နေသော ထိုအိမ်အတွင်း၌ လူရိပ်လူယောင်မမြင်ရသည်မှာ တစ်နှစ်ပြီးတစ်နှစ်ကြာခဲ့ပြီဖြစ်သည်။
ပိုးမျှင်အိမ်များဖွဲ့နေသော အိမ်ခန်းအတွင်းဝယ် အိပ်စက်နေသူသည် ယခုမှ စိတ်ကိုဒုန်းဒုန်းချကာ အိပ်ပျော်သည်ထင်ပါရဲ့ အတော်ကြာအိပ်စက်နေသည်မှာ နောက်တနေ့ရဲ့နေဝင်ချိန်ကိုပင် ပြန်ရောက်နေပြီဖြစ်သည်။ teddy bearလေးနဲ့အလားသဏ္ဍာန်တူတဲ့ ဝတ်စုံလေးကြောင့် အမှုန်အမွှားတွေဖြင့်ပြည့်နက်နေသော အိပ်ယာပေါ်တွင် ဝက်ဝံပေါက်လေးတစ်ကောင် အိပ်ပျော်နေသလို။
အသံရှုသံပြင်းပြင်းလေးက တစ်အိမ်လုံးကိုကြီးစိုးနေသည်မှာ အချိန်အတော်ကြာသည်အထိ နိူးထလာဦးမည့်ဟန်မပေါ်သေး။
ဆူဆူညံညံပြုလုပ်မည့် ငှက်ငယ်တို့သည် မည်သည်ကိုကြောက်ရွံ၍လည်းမသိ အိမ်ခန်းဆီကိုဦးတည်ပျံသန်းပြီးကာမှ ကွေ့ပတ်ပြန်လှည့်သွားကြသည်။"ဘေ့?"
သူ နိူးလာတော့ မှောင်မိုက်နေမှုက စီးလို့ကြိုသည်။ လက်ထောက်မိထားတဲ့ မွှေ့ယာက ပလက်စတစ်အကြည်တစဖုံးအုပ်ထားသည်ကို အခုမှသတိထားမိသည်။ သူ အကြာကြီးအိပ်ပျော်သွားတယ်လို့ ခံစားရပေမယ့် ဘေ့ တောင်ပြန်မလာသေး။ ဒီအိပ်ခန်းက သူတို့နှစ်ယောက်ရဲ့အခန်းမဟုတ်ဘူးလို့ သူခံစားနေရတယ်။ ပြီးတော့ ဖုန်မှုန့်တို့ရဲ့အငွေ့အသက်ကိုလည်းခံစားနေမိသလို လုံခြုံခြင်းကိုလည်းခံစားရတယ်။
မှောင်ထဲမည်းထဲ၌အခန်းနံရံကို လက်ထောက်စမ်းကြည့်နေတော့ လက်ဖဝါးပြင်ကို ဖုန်မှုန့်တွေ လာရောက်ကပ်ငြိကုန်တာကို တဂျီ့ဂျီ့ဖြင့် ခံစားကြည့်လို့ရသည်။ တနေရာအရောက်မှာတော့ မီးခလုတ်ကိုစမ်းလိုက်မိလို့ ဝမ်းသာသွားရသည်။ မီးခလုတ်ကို ဖွင့်လိုက်သည်နှင့် အလင်းရောင်စူးစူးကစီးလို့ကြိုကာ တစ်ခန်းလုံးကိုလည်း အရှင်းအလင်းမြင်လိုက်ရပြီဖြစ်သည်။
YOU ARE READING
<< After loving you >>
Fanfiction"မင်းကိုချစ်ခဲ့ပြီးတဲ့နောက် မုန်းတီးခြင်းတွေနဲ့အတူ ကိုယ်ဟာနစ်မြှုပ်သွားရင်းပဲ ချစ်နေခဲ့ပြန်တယ်"