အပိုင်း ၂၁

125 22 2
                                    

Unicode

နွေဦးရာသီ၏ နံနက်သုံးနာရီအချိန် အမိုးပြင်ပေါ် လဲလျောင်းရင်း မိုးသားပြာပြာနှင့် ကြယ်ကလေးတွေကို ကြည့်ကာ ဂျီမင်၏စိတ်တွေက တောင်စဉ်ရေမရ ထိန်းချုပ်မှုကင်းမဲ့စွာ ကူးလူးသွားလာနေသည်။ စိတ်ရောဂါတစ်မျိုးကို ခံစားနေရတဲ့ဂျီမင်ကို လူတွေက အရူးရယ်လို့ တိုးတိတ်ပြောဆိုကြပေမဲ့ တစ်စုံတစ်ယောက်ကြောင့်မှမဟုတ်ဘဲ သူ၏စိတ်ဓာတ်ပျော့ညံ့မှုကြောင့်ဆိုတာ သိသလို အဲ့ပျော့ညံ့မှုတွေရော၊ ရှုပ်ထွေးမှုတွေရော၊ ရှင်းလင်းမှုတွေရော မရှိပါဘဲ ဗလာကျင်းနေတဲ့ဤခံစားချက်တွေကို သူ မုန်းလှပါသည်။ ရှုပ်ထွေးတင်းကြပ်မှုကို စိတ်လိုလက်ရလက်ခံပြီး နေချင်မိပေမဲ့ အဲ့ဒီစိတ်ကဘာရယ်ဆိုတာကို သူ မတွေးတတ်ပြန်ပါ။

ယောင်းဂျူက မိန်းကလေးတစ်ယောက်နဲ့တွဲနေတာဟုတ်သလား'ဟူ၍ တနေ့က ဂျီမင်ကိုမေးခဲ့သည်။ မိန်းကလေးတစ်ယောက်ကို ချစ်ဖို့ဖြစ်နိုင်သေးသလားလို့ မေးခဲ့တော့ သူ ဒေါသထွက်စွာ ပြောခဲ့သည်က သူ့ဘဝမှာ အချစ်ဆိုတာ တစ်ကြိမ်ပဲရှိတဲ့ဖြစ်တည်မှုမျိုးလို့ ပြန်ဖြေခဲ့မိသည်။ ထိုအဖြေအတွက် လေးနက်တဲ့အတွေးတွေမရှိခဲ့သလို အခုချိန်မှာပြန်တွေးကြည့်တော့လဲ အဖြေကထွက်၍မလာ။ မိုးသောက်ယံအနံ့တွေပြည့်နေသော လေပြေတသုတ်က ဝေ့ဝိုက်တိုက်ခိုက်သွားတော့ သူ မျက်လုံးတွေကိုမှိတ်ချလိုက်ပြီး သဘာဝကို အပြည့်အဝခံစားနေလိုက်သည်။ လေစက်ကြာသံဝီဝီလေးရယ်၊ သူ့ရဲ့အသက်ရှုသံငွေ့ငွေ့ရယ်က ပတ်ဝန်းကျင်ရဲ့ ‌အကောင်ငယ်လေးတွေ အော်နေသံကြား ကူးလူးရိုက်ခတ်သွားသည်။

မနက်အလင်းရောင်လေးက တစ်ထပ်တိုက်လေးအပေါ်ကို အပြည့်အဝမရောက်သေးပေမဲ့ ကျရောက်လာတဲ့ နေပြောက်လေးတွေကြောင့် ဂျီမင်း အပျင်းတစ်နေရာကနေ ထလာရတော့သည်။ အိမ်ရှေ့လေးမှာတော့ ဂျောင်ကုက အရံသင့်စောင့်နေခဲ့ပြီဖြစ်သည်။ သူတို့တွေ လမ်းခွဲခဲ့ကြပြီးမှ ဘာကြောင့် လမ်းသစ်ကိုအတူလျှောက်ချင်နေသလဲ နားမလည်နိုင်ပါ။ ဂျောင်ကုနဲ့အတူရှိချင်တဲ့သူ့စိတ်တွေကလည်း မုန်းတယ်ပြောတိုင်းအသက်ဝင်နေတော့သည်။

<< After loving you >>Onde histórias criam vida. Descubra agora