Unicode
“ဂျောင်ကု ခင်ဗျား ကျွန်တော့်အနားမှာပဲ ကပ်တွယ်မနေပါနဲ့။
လူတစ်ယောက်အတွက်ပဲ ဘဝကိုပေးဆပ်ထားတာက တချိန်ချိန်မှာ ခင်ဗျားကို နောင်တရစေလိမ့်မယ်”“လူတစ်ယောက်အတွက်ပဲမဟုတ်ဘဲ အချစ်အတွက်ပါ”
“ခင်ဗျားကို နေ့တိုင်းမတွေ့ချင်ဘူး”
ထိုသို့ဆိုလိုက်တော့ နှစ်ယောက်အကြား အဆင်ပြေသယောင်အရိပ်အယောင်တို့က မြူခိုးမြူမှုန်များလို ကွယ်ပျောက်လို့သွားသည်။
ဂျီမင်က စကားတစ်ခွန်းမှလည်းထပ်၍မဆိုသလို မျက်စိရှေ့က ကိတ်မုန့်ချိုးလေးကိုသာ သေသပ်စွာစားနေခဲ့သည်။ အရင်အချိန်တွေက သူ လုပ်ချင်ခဲ့သော ကိစ္စရပ်တွေကို တဖြည်းချင်းလုပ်ဆောင်ရင်း အချစ်၊အမုန်း ခံစားချက်တွေမှလည်း ရုန်းထွက်လာခဲ့ပြီ။
ဂေဟာကပြန်လာကတည်းက ဂျောင်ကုရဲ့အပြုအမှုတွေကို မသိကျေးကျွံပြုကာသာ နေနေတော့သည်။ သူ နာကျင်ခဲ့ရသလိုမျိုး တပါးသူကို မနာကျင်စေချင်သလို သူ့အတွက် ဂျောင်ကုနှင့်ပတ်သက်လို့ ခေါင်းစဉ်တပ်စရာ ခံစားချက်မရှိတော့တာသာ ဖြစ်သည်။ ထာဝရ သိမ်းဆည်းထားလိုက်တာလည်း ဖြစ်နိုင်ပါသည်။
နေ့ရက်တိုင်း မနက်နှစ်နာရီလောက်အထိ အမိုးပြင်ပေါ်မှာ ညဘက်ကောင်းကင်ကြီးကို ဗလာသပ်သပ်ကြည့်ပြီးနောက်မှ အိပ်ယာဝင်ကာ မနက်ခင်းတွေမှာ သူ အိပ်စက်နေတတ်သည်။ ဂျောင်ကုက အရင်လို လေ့ကျင့်ခန်းမလုပ်တော့ပေမဲ့ မနက်တိုင်း သူ့အိမ်ရှေ့ကို ပန်းစီးလာချိတ်မြဲပါပဲ။
လူတစ်ယောက်အတွက် မျှော်လင့်ချက်ဆိုတာ ကြောက်စရာကောင်းလောက်အောင်စွမ်းအားရှိပြီး ကောင်းသည်ကိုရော၊ ဆိုးသည်ကိုပါ ဖြစ်စေနိုင်သည်မို့ ဂျောင်ကု ချိတ်ဆွဲထားလေ့ရှိတဲ့ ပန်းတို့ကို အိမ်ထဲသို့ယူလေ့မရှိတော့သည်မို့ သူ့အိမ်ရှေ့မှာ ကြိုးမျှင်များဖြင့် ဟိုဟိုဒီဒီ ချိတ်ဆွဲထားသည့် ပန်းမျိုးစုံက ညှိုးလျော်လျက်ရှိသည်။
နေ့လည်ခင်းတွေမှာ တခါတရံ အပြင်သွားတတ်သည်ကို ဂျောင်ကုက သိနေတတ်ပြီး သူ့နောက်ကို သော်လည်းကောင်း၊ သူ့ဘေးမှာလည်းကောင်း မျှော့တစ်ကောင်လို ကပ်တွယ်နေတတ်ပြန်သည်။ ဂျောင်ကုရဲ့ပုံစံက သူမှသူ တမ်းတမ်းစွဲရူးသွပ်နေသူပုံ ဖြစ်၍ပင်လာသည်။
DU LIEST GERADE
<< After loving you >>
Fanfiction"မင်းကိုချစ်ခဲ့ပြီးတဲ့နောက် မုန်းတီးခြင်းတွေနဲ့အတူ ကိုယ်ဟာနစ်မြှုပ်သွားရင်းပဲ ချစ်နေခဲ့ပြန်တယ်"