အပိုင်း ၁၆

306 34 8
                                    

Unicode

လှောင်ရိပ်ဆန်သောချစ်ခြင်းများ...ညီလေးကို မျက်စိအောက်မှ အပျောက်မခံနိုင်ပါ

အထက်တန်းအရွယ်ကောင်လေးတစ်ယောက်တွင် ညီ‌ငယ်လေးနှင့် စည်းစိမ်တို့မှအပ မိဘဆွေမျိုးတို့ဟူသည် အလျဉ်းမရှိတော့။ ညီလေး ငယ်စဉ်မှပင် ဖခင်ဖြစ်သူ ဆုံးပါးသွားသည်မို့ မိခင်ရော၊ သူပါ ညီလေးအား ချစ်ခြင်းမေတ္တာတို့အလျှံပယ်ပေးမိကြသည်။ ဘယ်အရာမှာဆို ညီလေးအတွက်နှင့်စ,လျှက် ညီလေးအတွက်နှင့်အဆုံးသတ်သည်။ မိခင်၏ဆိုဆုံးမမှုတို့တွင်လည်း ညီလေးအတွက်တို့ဖြင့် ပြည့်နှက်နေခဲ့ပါသည်။ဂျီမင်' ဤအမည်နာမနှင့် လှပသောညီလေးသည် သူ့အတွက် ဘယ်သူ့ကိုမျှမပေးလိုက်နိုင်သည့် သက်ရှိပိုင်ဆိုင်မှုလေးသာဖြစ်သည်။

  မိခင်ပါမရှိတော့သော အချိန်တွင် သူဟာ အထက်တန်းအရွယ် လူငယ်တစ်ယောက်အဖြစ်သာ ရှိသေးပါလျက် စီးပွါးရေးလောကထဲသို့ ခြေစုံပစ်ဝင်ခဲ့သည်။

သူ့ရဲ့ဂရုစိုက်မှု၊စည်းမျဥ်းစည်းကမ်းတွေကြား ညီလေးဟာ ပြုံးပျော်နေခဲ့ပြီး တဖြည်းဖြည်းအရွယ်ရောက်လာသည်နှင့် ငြိမ်ကုပ်လာသည်မှာ ဘာကြောင့်မှန်းပင်မသိ။ ညီလေးဟာ အဖော်လည်းသိပ်မက်လာသည်မို့ သူ့အနား၌ချဉ်းကပ်လာသူတွေကိုလည်း သဘောရိုးဖြင့်ပေါင်းသင်းတတ်သည်။ သိပ်လည်းတုံအတဲ့ကောင်လေးပါပဲ။ သူဘယ်လိုစိတ်ချရပါ့။

အထက်တန်းရောက်လာတဲ့ညီလေးမှာ အပေါင်းအသင်းဟူ၍များများမရှိတော့။ အလယ်တန်းနောက်ဆုံးနှစ်မှာ ညီလေး၏သူငယ်ချင်းတစ်ယောက်ဟာ အကြီးတန်းများနှင့်ပေါင်းလျက် ညီလေး၏ဦးခေါင်းကို ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့ကြသည်။ ပြစ်ချက်မှာ ညီလေးဟာ အင်မတန်လှနေ၍ ယောက်ျားလေးမဖြစ်နိုင်ဘူးဟူ ငြင်းကန်ရာမှအစပြုကာ ထိုမှစညီလေးသည် အပေါင်းအသင်းသိပ်မထားတတ်တော့။ ထိုအချက်ကြောင့်ပင် ထိုကောင်လေးတစ်စုကို သူ ကျေးဇူးတင်မိသည်။ ညီလေး၌ အပေါင်းအသင်းအများကြီးမလို သူရှိရုံနှင့် လုံလောက်ပါသည်။

ညီလေးဟာ သူ့ကိုချစ်ခင်လေးစားသည်ထက် ကြောက်စိတ်များလာသည်မှာ ဘာကြောင့်မှန်းမသိ။ ယောင်းဂျူကိုတော့ဖြင့် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လို၊ အကိုတစ်ယောက်လိုမျိုး အားကိုးတတ်သည်ကို သူအလိုမကျမိ။ ဒီနေ့ ‌ညီလေးကို ကျောင်းပြောင်းလိုက်လို့ ညီလေးအရမ်းငိုနေရှာသည်။
ထိုသည်ကိုပင် သူ သဘောကျနေသလိုလို။ ညီလေးမှာ အခုဆို သူ့ကိုပဲ အားကိုးရတော့မည်။

<< After loving you >>Where stories live. Discover now