အပိုင်းသစ် ၁၈

149 17 8
                                    

Unicode

"ကင်မရာတစ်လုံးနဲ့ ခရီးထွက်နေတာပဲ တွေ့နေရတယ်နော် "

"အင်း"

ကင်မရာကိုငုံ့ကြည့်ကာ စစ်ဆေးနေသူသည် မယုံကြည်နိုင်လောက်သော အေးဆေးတည်ငြိမ်ခြင်းနှင့် အဆွေးဓာတ်တို့ဖုံးလွှမ်းနေကာ သူ့ကိုပင် အရင်လိုအဖက်လုပ် ရန်မဖြစ်တော့ပေ။ လေပြေတို့ကိုခိုစီးလာသော ရေ‌ခိုးရေငွေ့တို့ကြောင့် ဟန်မြစ်တလျောက် လေထုက အစိုဓာတ်ပြည့်ဝလျက်ရှိသည်။ အာရုံဦးအချိန်ထွက်ပေါ်လာသော နေရောင်ခြည်အောက်၌ ထို‌ယောက်ျား၏ မျက်ခုံးဖန့်ဖန့်နှင့် ဆံနွယ်ကောက်ကွေးကွေးတို့ ပနံသင့်စွာရှိနေပုံက လွန်စွာလှပနေပြန်၏။

လွမ်းဆွေးဖွယ် ထိုယောက်ျား၏အသွင်အပြင်ကြောင့် ယောင်းဂျူ သက်မချမိပြန်သည်မှာ အခါခါ။ ဘယ်ကစမှားခဲ့သလဲမသိပေမယ့် ဒီလူသားကိုလည်း ပျော်ရွှင်စေချင်သည်။ အမြဲတမ်းသတ်ပုတ်နေပေမဲ့ ဒီအရူးကောင်ကိုလည်း သူ သံယောဇဉ်ရှိရပြန်ပါသည်။

"ဂျောင်ကု "

"ဟွမ်"

လှည့်ကြည့်လာတဲ့မျက်ဝန်းတွေက ကြေကွဲဖွယ်အတိ။ ဒါကိုမြင်အောင်ကြည့်နိုင်မှသာ နှလုံးသားထဲကနာကျင်မှုကို မြင်ရလိမ့်မည်။ ဒီလူ ပျော်မနေဘူး။ အနားမှာရှိနေတဲ့သူ့ကိုပါ တဆစ်ဆစ်နာကျင်ရစေသည်။ ထွေးပွေ့ချင်စရာကောင်းလောက်အောင် သနားလာရသော်လည်း ဂျောင်ကုက ထွေထူးပြီး ဘာကိုမှခံစားပြမနေပြန်။

"မင်း ဂျီမင်နားကိုပြန်မသွားတော့ဘူးလား?"

ယောင်းဂျူမေးလိုက်တော့ ဂျောင်ကုရဲ့မျက်နှာက တိတ်တဆိတ်ပြိုလဲကျသွားတဲ့ သဲအိမ်လေးတွေလို ဖမ်းလို့မမိနိုင်သော ညိုးငယ်ခြင်းတွေ ဖြတ်ပြေးသွားသည်။

ထိုအခြင်းအရာကို သူတို့တွေ အရမ်းကို သိချင်ကြပါသည်။ ဂျောင်ကုဟာ သူမှတဆင့် ဂျီမင်အကြောင်းတွေကို အမြဲမေးလေ့ရှိပေမဲ့ ဂျီမင်းအနားမှ ပျောက်ကွယ်သွားသည်မှာ နှစ်ကုန်ပိုင်းသို့ပင်ရောက်လာပြီဖြစ်သည်။ ဂျီမင်ကို ဆိုးပြနေသည်ဟုထင်ခဲ့မိပေမဲ့ ဂျောင်ကု အမှန်တကယ်ပင် ဆေးဆွဲသွားရခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ပုန်းရှောင်နေသည်ဟု ထင်မှတ်ခဲ့သော်လည်း ပုံမှန်ပြန်ဖြစ်လာသည့် ဒီလတွေအတွင်းမှာလည်း ဂျီမင်နားကို မချဉ်းကပ်ပြန်တာက သိပ်ထူးဆန်းနေသည်။

<< After loving you >>Where stories live. Discover now