အပိုင်း ၂၆

138 19 1
                                    

-What if we rewrite the Star?

"အုပ်ထိန်းသူအနေနဲ့ သင့်တော်တဲ့စီမံမှုတွေ လုပ်နိုင်အောင်လို့ပါ"

အခြေခံပညာသီးသန့်ကျောင်း၏ ရုံးခန်းအတွင်း ကျောင်းအုပ်ဖြစ်သူနှင့် မိဘဆရာဆွေးနွေးနေတာဖြစ်ပေမယ့် ကောင်းသောအကြောင်းအရာတို့တော့ မဟုတ်ခဲ့ချေ။ ဂျီမင်က ခပ်တန်းတန်းအနေအထားဖြင့် မည်သည့်တုံ့ပြန်မှုကိုမှ မပေးပေမယ့် တစ်ဖက်က ကျောင်းသားမိဘကတော့ မျက်စောင်းတဝင့်ဝင့်နှင့် သားသားထံကြည့်လို့‌နေသည်။

တစ်နှစ်ဆိုတဲ့ အချိန်တွေအတွင်း အသားကျရလောက်အောင်လည်း သူကြုံခဲ့ရတဲ့ကိစ္စတွေက အသေးအမွှားပြဿနာလေးတွေမဟုတ်ဘဲ သူ့ကမ္ဘာကြီး ပြိုပျက်သွားရပုံတွေသာဖြစ်သည်။ လိုတာထက်ပိုပြီး စကားတွေမပြောတတ်တော့ သူ့ပုံစံက အရင်အချိန်တွေလို ငြီးငွေ့ဖွယ်ရာပါပဲ။ သို့သော်ငြား မတူညီတော့သည်က သူ့အနား၌ကပ်တွယ်နေမည့် တစ်စုံတစ်ယောက်မရှိတော့ပြီဖြစ်သည်။

မည်သို့သောမှတ်ချက်မျှမပြုဘဲ တိတ်တဆိတ် နားထောင်၍သာ ရှိ‌ေနသည်မို့ တဖက်က ပို၍သွေးကြွလာကာ မြေနှိမ့်ရာလှံစိုက်ချင်ကြသည့် ဉာဉ်တို့က ပေါ်လို့လာပါသည်။

"ဒီလိုပါပဲ မိဘမရှိတဲ့ကလေးတွေက ဘယ်လိုပဲမွေးစားခံရပြီး အဆင့်အတန်းမြှင့်ပေးပါစေ စရိုက်ကတော့ကျတာပါပဲ"

ထိုစကားတွေကိုကြားတော့ ရင်ခွင်ထဲမှ သားသားက သူ့မျက်နှာကို မော့လို့ကြည့်လာသည်မှာ သနားစရာကောင်းလွန်းလှပါသည်။ တလက်လက်တောက်ပနေတဲ့ မျက်ဝန်းလေးတွေဟာ သိမ်ငယ်နေရချိန်ဆို သူ့ရင်ကိုကွဲစေပါသည်။ ဒီကလေးမှာ ဘာအပြစ်မှမရှိတာမို့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိပြီး လှပစွာကြီးပြင်းလာနိုင်ရမည်။

"ဒီမှာအုပ်ထိန်းသူ!"

ပထမဆုံးအကြိမ် ဂျီမင်းထံမှ အသံထွက်လာသည်မို့ ကျောင်းအုပ်ဖြစ်သူရော တဖက်မိခင်ကပါ တစူးတစိုက်ကြည့်လို့လာပါသည်။ ဒီရက်တွေမှာ လူတွေရဲ့အကြည့်တွေ၊အပြောတွေကို ခံရပါများလွန်းလို့များ ခံနိုင်ရည်ရှိသွားရသည်လည်းမသိပေမယ့် သူ အရင်လိုတုန်လှုပ်မနေတော့ပါ။

<< After loving you >>Donde viven las historias. Descúbrelo ahora