||1||

826 59 0
                                    

Scroll down for zawgyi code users

Chen feiyu + Luo Yunxi
{By Emily} 2022

ကျေးဌက်သံတို့သာ ကြီးစိုးနေသည့် ဝါးတောကြားက လမ်းလေးထဲတွင် ဝေါယာဥ်တစ်စီးနှင့် လူအနည်းငယ်ပါဝင်သည့် လူတန်းက တိတ်ဆိတ်စွာ သွားလာနေသည်။မြင်းခွာသံက တိတ်ဆိတ်သည့် တောထဲမှာ စီးချက်ကျကျထွက်ပေါ်သည်။

'အားလုံး နားကြမယ်...'

ဦးဆောင်သူ တပ်သားရဲ့ အမိန့်သံအောက်မှာ အားလုံးက တိကနဲ ရပ်လိုက်ကြသည်။ရေသောက်သူသောက်နဲ့ အနားယူနေကြတဲ့ အချိန်မှာပဲ ဝေါယာဥ်ထဲက ဖြူဖွေးကာ သွယ်လျ၊လှပသည့် လက်ကလေးတစ်စုံက လိုက်ကာအား ဖယ်ရှားကာ ထွက်ပေါ်လာသည်။

'ဗိုက်ဆာနေကြတယ် မဟုတ်လား၊ကျွန်တော့်မှာ မုန့်အပိုတွေပါလာတယ် စားကြပါအုန်း၊ကျွန်တော် တစ်ယောက်ထဲ မကုန်နိုင်လို့ပါ..'

ဝေါယာဥ်အတွင်းက ထွက်လာသည့် ဝတ်ရုံအရှည်ဖြင့် ဖြူဖွေးသွယ်လျသော လူငယ်လေးသည် သစ်သားဗူး အကြီးကြီးအား မနိုင်မနင်း သယ်မ လို့ထားသည်။တပ်သားလေးတစ်ယောက်က အပြေးသွားကာ ထိုဗူးလေးအား သယ်ပေးတော့သည်။

'အပြင်က လေကြမ်းတွေတိုက်ပါတယ် သခင်လေးရယ် အထဲမှာပဲနေပါ၊ကျွန်တော်တို့အတွက် ဒါတွေမလိုပါပဲ..'

အဖြူရောင်ခေါင်းစည်းကြိုးသည် တစ်ခေါင်းလုံးက ဆံပင်တွေကို စုစည်းထားပြီး၊နဖူးပြင်က ဟိုတစ်စ ဒီတစ်စကျနေသည့် ဆံနွယ်ရှည်တို့က တိုက်ခက်သည့်လေတို့ကြောင့် လွင့်မျောလို့နေသည်။လှပကာ အချိုးကြသည့် မျက်နှာလေးထက်က နှုတ်ခမ်းပါးပါးလေးတွင် အပြုံးလေး ပွင့်လန်းလို့လာသည်။

'ကျွန်တော်နဲ့မရင်းနှီးတဲ့ အရပ်တစ်ခုမှာ ရှင်သန်ရတော့မှာဆိုတော့၊ ခဏပဲဖြစ်ဖြစ် ဒီနေရာလေးတွေကို မှတ်သားထားချင်လို့ပါ..'

တပ်သားတွေအားလုံးရဲ့ မျက်နှာတို့က ညိုးငယ်ကုန်သည်။ဒီသဘောကောင်းတဲ့ သခင်လေးက ကံဆိုးလွန်းလှသည်။သူတို့တွင်လည်း ကာကွယ်နိုင်ရန် အားအင်မရှိခဲ့ပါ။အခုတော့ အမျိုးသားတစ်ယောက် ဖြစ်ရဲ့နဲ့ အခြားအမျိုးသားတစ်ဦးနဲ့ လက်ထပ်ရန် သွားရောက်ရသည်။ထိုအမျိုးသားသည်လည်း မကြာသေးခင်က နယ်စပ်တပ်အား အာဏာရယူထားသည့် အင်အားကြီးသောနတ်ဆိုးဟု နာမည်ကျော်သူဖြစ်သည်။ထိုသူက ရုပ်ဆိုးပြီး၊ကြမ်းတမ်းကာ လူသားပင်စားသည်ဟု မြို့တော်တွင် ပါးစပ်စကားရှိသော်လည်း၊တစ်ဦးမှတော့ မတွေ့ဘူးကြပေ။ထိုမဂ်လာပွဲမှာလည်း ဧကရာဇ်က ချမှတ်သည့် အမိန့်ဖြစ်တာကြောင့် ရှောင်လွှဲလို့မရနိုင်ပေ။

Dandelion ||History||Where stories live. Discover now